< ဟေဗြဲ 7 >

1 မင်းကြီး များကို လုပ်ကြံ ရာမှ ပြန်လာ သော အာဗြဟံ ကို ခရီးဦးကြိုပြု ၍ ကောင်းကြီး ပေးပြီးလျှင် ၊
FOR this Melchisedec, king of Salem, a priest of God most high, who met Abraham returning from the slaughter of the kings, and blessed him;
2 အာဗြဟံ လှူ သောလက်ရဥစ္စာရှိသမျှ ကို ဆယ်ဘို့တဘို့ ခံယူသော ထိုရှာလင် မင်းကြီး တည်းဟူသောအမြင့်ဆုံး သော ဘုရားသခင် ၏ ယဇ် ပုရောဟိတ်မေလခိဇေဒက် သည်၊ နာမရင်းအနက် အားဖြင့်တရား မင်း ၊ ထိုမှတစ်ပါး၊ ငြိမ်သက် ခြင်းမင်း ဟုဆိုလို သော ရှာလင် မင်း ဖြစ် လျက်၊
to whom also Abraham gave a tenth share of all the spoil: being, as the interpretation of his name imports, first, King of righteousness, and then also King of Salem, that is, King of peace:
3 အဘ မရှိ၊ အမိ မရှိ၊ ရှေး မျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင် ၏ သား တော်နှင့် တူ ၍၊ ယဇ် ပုရောဟိတ်အရာ၌ အစဉ်အမြဲ တည် ၏
without father, without mother, without genealogy, having neither beginning of days nor end of life, but in exact resemblance with the Son of God, abideth a priest for ever.
4 အမျိုး၏အဘ အာဗြဟံ သည်၊ လက်ရ ဥစ္စာများကို ဆယ်ဘို့တဘို့ လှူ ၍ အလှူခံသောထို မင်း သည် အဘယ်မျှလောက် ကြီးမြတ်သည်ကို ဆင်ခြင် ကြလော့
Now observe how great is this Melchisedec, to whom even Abraham the patriarch gave the tenth of the spoils.
5 ယဇ် ပုရောဟိတ်အရာကိုခံ သော လေဝိ သား တို့သည် အာဗြဟံ အမျိုး ဖြစ်သောသူတည်းဟူသော၊ မိမိ တို့ညီအစ်ကို များလက်မှ ပညတ် တရားအတိုင်း ဆယ်ဘို့တဘို့ ကို ခံရသော အခွင့် ရှိ ကြ၏
For they indeed of the sons of Levi, who are admitted to priesthood, have an order to receive tithes from the people according to the law, that is, of their brethren, though also sprung from the loins of Abraham.
6 သူ တို့ အမျိုး မ ဟုတ်သော ထိုမင်း မူကား ၊ အာဗြဟံ ၏ လက်မှ ဆယ်ဘို့တစ်ဘို့ ကို ခံလေ၏။ ဂတိ တော်တို့ကိုခံရ သော သူ ကိုလည်း ကောင်းချီး ပေးလေ၏
But he who derived not his genealogy from them, received tithes from Abraham, and blessed him who had the promises;
7 ကြီး သောသူသည် ငယ် သောသူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံ ဘွယ်မ ရှိ
but without all dispute the inferior receives benediction from the superior.
8 ထိုမှတစ်ပါး ၊ သေ တတ်သောသူ တို့သည် ယခုအခါ ဆယ်ဘို့တစ်ဘို့ ကို ခံ လေ့ရှိ၏။ ထိုအခါမူကား အသက် ရှင် သည်ဟု သက်သေခံ ခြင်းကို ရသောသူသည် ဆယ်ဘို့တစ်ဘို့ကိုခံရ၏
And here indeed dying men receive the tithes, but there he hath a testimony borne to him that he liveth.
9 ထိုမှတစ်ပါး ၊ ဆယ်ဘို့တဘို့ ကိုခံ တတ်သော လေဝိ သည် အာဗြဟံ အားဖြင့် ဆယ်ဘို့တဘို့ ကို ပေးပြီဟု ဆို စရာ အခွင့် ရှိ၏
And, if I may so say, through Abraham even Levi, who receiveth tithes, paid tithes.
10 ၁၀ အကြောင်းမူကား ၊ မေလခိဇေဒက် သည် အာဗြဟံ ကိုတွေ့ သောအခါ ၊ လေဝိသည် မိမိအဘ ၏ ကိုယ် ၌ ရှိ သတည်း
For he was as yet in the loins of his father when Melchisedec met him.
11 ၁၁ တနည်းကား၊ လေဝိ မှဆင်းသက်သော ယဇ် ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူ များတို့သည် ပညတ် တရားတော်ကို ခံကြသောကြောင့် ၊ ထိုအမျိုးအားဖြင့် စုံလင် ခြင်းသို့ ရောက် နိုင်သည်မှန် လျှင် ၊ အခြား သော ယဇ် ပုရောဟိတ်သည်၊ အာရုန် နည်းတူ မ ခေါ်ဝေါ် ဘဲ၊ မေလခိဇေဒက် နည်းတူ ပေါ်ထွန်း စရာအကြောင်း အဘယ်သို့ ရှိ သေး သနည်း
If therefore there was perfection by the Levitical priesthood (for under that the people had the law given to them), what farther need was there that another priest should arise after the order of Melchisedec, and not be called after the order of Aaron?
12 ၁၂ ယဇ် ပုရောဟိတ်အမျိုးသည် ပြောင်းလဲ လျှင်၊ ပညတ် တရားသည် မပြောင်းလဲ ဘဲမနေနိုင်ရာ
For the priesthood being transferred, there is of necessity an abrogation of the law also.
13 ၁၃ ထို ဗျာဒိတ်တော်ကို ခံရသောသူ သည်၊ ယဇ်ပလ္လင် ဝတ် ကို တစ် ယောက်မျှမပြုရသောအမျိုး နှင့် စပ်ဆိုင် ပေ၏
For he to whom these things are spoken belonged to another tribe, in which no man approached the altar.
14 ၁၄ အကြောင်းမူကား ၊ ငါ တို့သခင် သည် ယုဒ အမျိုးထဲ၌ ပေါ်ထွန်း သည်ဟု ထင်ရှား လျက်ရှိ၏။ ထို အမျိုး သည် ယဇ် ပုရောဟိတ်အရာနှင့် စပ်ဆိုင် သည်ဟု မောရှေ သည် တစ်ခွန်းကို မျှမပြော
For it is evident that our Lord sprang from Judah; to which tribe Moses spake nothing concerning the priesthood;
15 ၁၅ ထိုမှတစ်ပါး ၊ မေလခိဇေဒက် နည်းတူ အခြား သော ယဇ် ပုရောဟိတ်သည် ပေါ်ထွန်း သည်မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ ထင်ရှား ၏
and it is yet more abundantly evident, that there should arise another priest after the likeness of Melchisedec,
16 ၁၆ ထိုယဇ် ပုရောဟိတ်သည် ကိုယ်ခန္ဓာ နှင့် စပ်ဆိုင် သော တရား အတိုင်း ခန့်ထား လျက်ရှိသည်မ ဟုတ်။ ထာဝရ အသက် ၏ တန်ခိုး အာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း
who was not made such by the law of a carnal commandment, but by the power of a life indissoluble.
17 ၁၇ အကြောင်းမူကား ၊ သင် သည် မေလခိဇေဒက် နည်းတူ ၊ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံ တော်မူသတည်း (aiōn g165)
For the testimony is, Thou art a priest for ever after the order of Melchisedec. (aiōn g165)
18 ၁၈ ပညတ် တရားသည် အဘယ်သူ ကိုမျှ စုံလင် ခြင်းသို့ မပို့ နိုင်သည် ဖြစ်၍
For there is indeed an abrogation of the preceding command, because of its weakness and inutility.
19 ၁၉ ရှေး ပညတ် တရားဟောင်းသည်၊ အား မရှိ၊ အကျိုး ကိုမပေးနိုင်သောကြောင့် ၊ ပယ်ရှင်း ခြင်းသို့ ရောက် ရ၏။ သို့သော်လည်း ၊ သာ၍ မြတ်သော မြော်လင့် ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့် အထံတော်သို့ တိုးဝင် ချဉ်းကပ်ရကြ၏
For the law led to no perfection, but was an introduction to a better hope, by which we draw nigh unto God.
20 ၂၀ ထိုသူ တို့သည် အကျိန် တော်မ ရှိဘဲယဇ် ပုရောဟိတ်အရာကို ရ ကြ၏
Moreover, forasmuch as he was not made priest without an oath,
21 ၂၁ ယေရှုမူကား၊ အကျိန် တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုမရ၊ ထာဝရ ဘုရားက၊ သင် သည် မေလခိဇေဒက်နည်းတူထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန်စိတ် ပြောင်းလဲခြင်းရှိတော် မ မူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊ (aiōn g165)
(for they indeed were made priests without an oath; but he with an oath, by him who said unto him, “The Lord hath sworn, and will not repent, Thou art a priest for ever after the order of Melchisedec:”) (aiōn g165)
22 ၂၂ သာ၍ မြတ်သော ပဋိညာဉ် တရား၏ အာမခံ ဖြစ် ၏
by so much is Jesus become the surety of a better testament.
23 ၂၃ ထိုသူ တို့သည်လည်း သေ ရသောကြောင့် အစဉ် မ တည်နိုင်သည် ဖြစ်၍အများ ရှိ ရကြ၏
And they indeed are many who were made priests, because by death they were prevented from abiding in their office:
24 ၂၄ ယေရှု မူကား ၊ နိစ္စ ထာဝရတည် သောကြောင့် မ ပြောင်းမလဲသော ယဇ် ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏ (aiōn g165)
but this person, because he abideth for ever, hath a priesthood that passeth not over to another. (aiōn g165)
25 ၂၅ ထိုကြောင့် ၊ အကြင်သူတို့သည် ယေရှု အားဖြင့် ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် ကြ၏၊ ထိုသူ တို့၏ အမှုကို ကိုယ်တော်သည် စောင့် လျက်၊ ကာလအစဉ် အသက် ရှင်သောကြောင့် ၊ သူတို့ကို အစဉ် ကယ်တင် ခြင်းငှာ တတ်နိုင် တော်မူ၏
Wherefore also he is able to save to the uttermost those who come unto God by him, seeing he ever liveth to make intercession for them.
26 ၂၆ ထိုသို့သောယဇ်ပုရောဟိတ် မင်းသည် သန့်ရှင်း စင်ကြယ်၍ အညစ်အကြေး နှင့် ကင်းလွတ်လျက် အပြစ် ရှိသော သူတို့နှင့် မ ဆက်ဆံ၊ ကောင်းကင် သားအပေါင်းတို့ထက် မြင့်မြတ် သောသူဖြစ် ၍၊ ငါ တို့နှင့် တော် သင့်တော်မူ၏
For such an high-priest was suitable to us, holy, inoffensive, spotless, separate from sinners, and made higher than the heavens:
27 ၂၇ အခြားသော ယဇ်ပုရောဟိတ် မင်းတို့သည် ကိုယ် အပြစ် ကြောင့် ၎င်း၊ လူ များအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ် ပူဇော် ရသကဲ့သို့ ၊ ထိုသခင် သည် ယဇ်ပူဇော်စရာအကြောင်း မ ရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိ ကိုယ်ကိုတစ်ခါ တည်း ယဇ် ပူဇော်၍ ထိုအမှုကို ပြီးစီး တော်မူပြီ
who hath not daily need, as the high-priests, first, to offer sacrifice for their own sins, afterwards, for those of the people: for this he did once for all, when he offered up himself.
28 ၂၈ ပညတ် တရားသည် အပြစ် ရှိ သောသူ တို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား ၏။ ပညတ်တရား နောက် ၌ ကျိန်ဆို တော်မူသော ဗျာဒိတ် တော်မူကား ၊ အစဉ်အမြဲ စုံလင် ခြင်းသို့ရောက်သော သား တော်ကို ခန့်ထား သတည်း။ (aiōn g165)
For the law constitutes men high-priests, though they have infirmity; but the word of the oath, which is since the law, constitutes the Son, unto eternity completely perfect. (aiōn g165)

< ဟေဗြဲ 7 >