< ဟေဗြဲ 6 >

1 ထိုကြောင့် ၊ သေ ခြင်းနှင့်စပ်ဆိုင်သော အကျင့် ကို နောင်တရ ခြင်း၊
သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​ဆိုင်​သော အ​ခြေ​ခံ​သွန်​သင်​ချက်​ကို​ချန်​ထား​၍ ရင့်​ကျက် သည့်​ခံ​ယူ​ယုံ​ကြည်​ချက်​သို့​တက်​လှမ်း​ကြ​ကုန် အံ့။ ထို​မူ​လ​အ​ခြေ​ခံ​တ​ရား​များ​ကို​သင်​တို့ အား ငါ​တို့​သွန်​သင်​ပေး​ပြီး​ဖြစ်​သ​ဖြင့်​ထပ်​မံ သွန်​သင်​ပေး​ရန်​မ​သင့်။ အ​ကျိုး​မ​ပေး​တတ်​သည့် အ​ကျင့်​အ​ကြံ​များ​ကို​စွန့်​လွှတ်​ကာ ဘု​ရား သ​ခင်​အား​ယုံ​ကြည်​ရန်​လို​အပ်​ကြောင်း​သင် တို့​သိ​ရှိ​ကြ​ပြီး​ဖြစ်​ပေ​သည်။-
2 ဘုရားသခင် ကို ယုံကြည် ခြင်း၊ ဗတ္တိဇံ တရားကိုသွန်သင် ခြင်း၊ လက် ကိုတင် ခြင်း၊ သေ လွန်သော သူတို့၏ထမြောက် ခြင်း၊ ထာဝရ စီရင် ဆုံးဖြတ်ခြင်းတည်းဟူသောမူလ အမြစ်ကို ငါတို့သည် ပြန် ၍ မ တည် ဘဲ၊ ခရစ်တော် ၏ဘာသာ၌ အစအဦး ဖြစ် သော အကြောင်း အရာတို့ကိုထား ၍၊ စုံလင် သောအဖြစ်သို့ တက် ကြကုန်အံ့ (aiōnios g166)
ငါ​တို့​သည်​ဗတ္တိ​ဇံ​မင်္ဂ​လာ၊ သိက္ခာ​တင်​မင်္ဂ​လာ၊ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​နှင့် ထာ​ဝ​ရ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို သင်​တို့​အား​သင်​ကြား​ပြီး​ဖြစ်​သည်။- (aiōnios g166)
3 ဘုရားသခင် အခွင့် ပေးတော်မူလျှင် ၊ ငါတို့သည် ထိုသို့ ပြုကြ မည်
ဘု​ရား​သခင်​ခွင့်​ပြု​တော်​မူ​လျှင် ယ​ခု​ငါ တို့​သည်​ရှေ့​သို့​တက်​ကြ​ကုန်​စို့။
4 အလင်းသို့တစ်ခါ ရောက်၍ ကောင်းကင် ဆုကျေးဇူး ကို မြည်းစမ်း ခြင်း၊ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံယူ ခြင်း၊
မိ​မိ​ဘာ​သာ​တ​ရား​ကို​စွန့်​သူ​တို့​အား​နောက် တစ်​ဖန်​အ​ဘယ်​သို့​လျှင်​နောင်​တ​ရ​စေ​နိုင်​မည် နည်း။ အ​ခါ​တစ်​ပါး​က​ထို​သူ​တို့​သည်​ဘု​ရား သ​ခင်​၏​အ​လင်း​တွင်​ကျင်​လည်​၍ ကောင်း​ကင် ဆု​ကျေး​ဇူး​ကို​မြည်း​စမ်း​ရ​ပြီး​လျှင် သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ခဲ့​ကြ​ဖူး​လေ​ပြီ။-
5 ဘုရားသခင် ၏ ကောင်းမြတ် သော တရား စကားကို၎င်း ၊ နောင် ကပ် ကာလ၏ တန်ခိုး များကို၎င်း ၊ မြည်းစမ်း ခြင်းရှိပြီးမှ၊ (aiōn g165)
ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကောင်း​မြတ်​ပုံ ကို​လည်း​ကောင်း၊ နောင်​ကပ်​ကာ​လ​နှင့်​ဆိုင်​သော တန်​ခိုး​များ​ကို​လည်း​ကောင်း​ကိုယ်​တွေ့​ခံ​စား ခဲ့​ရ​သူ​များ​ဖြစ်​ကြ​၏။- (aiōn g165)
6 ရွေ့လျော့ဖောက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင် ၏သား တော်ကို လက်ဝါးကပ်တိုင် မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချ သောသူဖြစ်သောကြောင့်၊ နောက် တဖန်နောင်တရ အံ့သောငှာ အသစ် ပြုပြင်ခြင်းသို့ မ ရောက်နိုင်ကြ
ထို့​နောက်​သူ​တို့​သည်​ဖောက်​ပြန်​ကြ​လေ​သည်။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​တွင် တစ်​ဖန်​တင်​၍​သတ်​လျက် လူ​တို့​ရှေ့​ကဲ့​ရဲ့​ရှုတ်​ချ​သည်​ဖြစ်​၍ သူ​တို့​အား နောက်​တစ်​ဖန်​အ​ဘယ်​သို့​မျှ​နောင်​တ​မ​ရ စေ​နိုင်။
7 ဥပမာကား၊ အကြင်မြေ သည် မိမိ အပေါ်သို့ အဖန်ဖန် ကျ သော မိုဃ်းရေ ကိုသောက် ၍၊ လုပ် သော သူ သုံး ဘို့ ဟင်းသီး ဟင်းရွက်ကို ဖြစ် စေတတ်၏။ ထိုမြေ သည်ဘုရားသခင် ၏ ကောင်းကြီး မင်္ဂလာကိုခံ တတ်၏
ရွာ​သွန်း​သည့်​မိုး​ရေ​ကို​ခံ​ယူ​လျက်​လယ်​သ​မား တို့​အ​ဖို့ အ​သုံး​ဝင်​သော​အ​သီး​အ​နှံ​များ​ကို ဖြစ်​ထွန်း​စေ​သည့်​မြေ​ဆီ​လွှာ​ကို ဘု​ရား​သ​ခင် သည်​ကောင်း​ချီး​ပေး​တော်​မူ​၏။-
8 အကြင်မြေသည် ဆူးပင် အမျိုးမျိုးကိုဖြစ် စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန် ခြင်းကို ခံရသော အချိန်နီး သည် ဖြစ်၍၊ နောက်ဆုံး ၌ မီးရှို့ ခြင်းသို့ ရောက်တတ်၏
သို့​ရာ​တွင်​အ​ကယ်​၍​ထို​မြေ​ဆီ​လွှာ​သည် ဆူး ပင်​နှင့်​ချုံ​နွယ်​ပိတ်​ပေါင်း​တို့​ကို​သာ​လျှင်​ဖြစ် ထွန်း​စေ​ပါ​မူ လုံး​ဝ​တန်​ဖိုး​မ​ရှိ​တော့​ဘဲ ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​၍​မီး​ရှို့ ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ပေ​အံ့။
9 ထိုသို့ ပြော သော်လည်း ၊ ချစ်သူ တို့၊ သင်တို့သည် ကယ်တင် ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ ကောင်းသောအရာ တို့နှင့်ဆိုင် သည်ကို၊ ငါတို့သည် သဘောကျ လျက်ရှိကြ၏
သို့​ရာ​တွင်​ချစ်​မိတ်​ဆွေ​တို့၊ ငါ​တို့​သည်​ဤ သို့​ပြော​ဆို​သော်​လည်း သင်​တို့​အ​တွက်​စိတ် ချ​ပါ​၏။ သင်​တို့​သည်​သာ​၍​ကောင်း​မွန်​သည့် ကယ်​တင်​ခြင်း​ဆိုင်​ရာ​ကောင်း​ချီး​များ​ကို သင်​တို့​ရ​ရှိ​ကြ​သည်​ကို​ငါ​တို့​သိ​၏။-
10 ၁၀ အကြောင်းမူကား ၊ သင်တို့သည် သန့်ရှင်း သူတို့ကို အထက်က လုပ်ကျွေး သည်သာမက၊ ယခုပင်လုပ်ကျွေး ခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့်နာမ တော်ကိုထောက်၍ ပြ သောမေတ္တာ ကို၎င်း၊ ဘုရားသခင် သည် မေ့လျော့ သည်တိုင်အောင်အဓမ္မ အမှုကို ပြုတော်မူသည်မ ဟုတ်
၁၀ဘု​ရား​သ​ခင်​သည်​တ​ရား​မျှ​တ​မှု​မ​ရှိ သော​အ​ရှင်​မ​ဟုတ်။ သင်​တို့​ဆောင်​ရွက်​ခဲ့ သည့်​အ​မှု​အ​ရာ​များ​ကို​လည်း​ကောင်း၊ ကိုယ် တော်​အား​ချစ်​ကြောင်း​သက်​သေ​ပြ​ရန်​ယ​ခင် အ​ခါ​မှ ယ​ခု​အ​ခါ​တိုင်​အောင်​ခ​ရစ်​ယာန် အ​ချင်း​ချင်း​အား​ကူ​ညီ​မ​စ​ကြ​သည်​ကို လည်း​ကောင်း​မေ့​လျော့​တော်​မူ​မည်​မ​ဟုတ်။-
11 ၁၁ သင် တို့ရှိသမျှ သည် ပျင်းရိ ခြင်းနှင့် ကင်းလွတ် ၍၊ ယုံကြည် ခြင်းနှင့် သည်းခံ ခြင်းအားဖြင့် ဂတိ တော် တို့ကို အမွေခံ ရသောသူ တို့နည်းတူကျင့် နိုင်မည်အကြောင်း
၁၁သင်​တို့​ရှိ​သ​မျှ​သည်​နောက်​ဆုံး​၌​မိ​မိ​တို့ ၏​မျှော်​လင့်​ချက်​ပြည့်​စုံ​လာ​သည့်​တိုင်​အောင် ယ​ခု​အ​တိုင်း​ဆက်​လက်​၍​နိုး​ကြား​တက် ကြွ​ကြ​စေ​ရန်​ငါ​တို့​အ​လို​ရှိ​ကြ​၏။-
12 ၁၂ ထိုသို့သောလုံ့လ ဝိရိယကို ထုတ် ၍၊ အဆုံး တိုင်အောင် ယုံမှား ခြင်းနှင့်ကင်းသော မြော်လင့် ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည် အလိုရှိ ကြ၏
၁၂အ​ဘယ်​အ​ခါ​၌​မျှ​ပျင်း​ရိ​သူ​များ​မ​ဖြစ် စေ​လို။ ယုံ​ကြည်​၍​သည်း​ခံ​နိုင်​မှု​ရှိ​သ​ဖြင့် ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော ကျေး​ဇူး​များ​ကို​ခံ​ယူ​ကြ​သူ​များ​နည်း တူ​ပြု​မူ​ကျင့်​ကြံ​စေ​လို​၏။
13 ၁၃ ဘုရားသခင် သည် အာဗြဟံ ၌ ဂတိ ထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ကြီးမြတ် သောသူကို တိုင်တည် ၍ ကျိန်ဆိုရန် မ ရှိ သောကြောင့် ၊ ကိုယ်တော် ကို တိုင်တည် ၍
၁၃ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​က​တိ ထား​တော်​မူ​သော​အ​ခါ​တိုင်​တည်​ကျိန်​ဆို​ရန် မိ​မိ​ထက်​ကြီး​မြတ်​သူ​မ​ရှိ​သ​ဖြင့် မိ​မိ​ကိုယ် ကို​ပင်​လျှင်​တိုင်​တည်​ကျိန်​ဆို​တော်​မူ​ပေ​သည်။-
14 ၁၄ ငါသည်သင့် အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင့် ကို အစဉ်အမြဲပွားများ စေမည်ဟု ကျိန်ဆို တော်မူ၏
၁၄ကိုယ်​တော်​က``ငါ​သည်​သင့်​ကို​အ​မှန်​ပင်​ကောင်း ချီး​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို တိုး​ပွား​များ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-
15 ၁၅ ထိုသို့ နှင့်အညီအာဗြဟံသည် သည်းခံ လျက် စောင့်နေပြီးမှ ၊ ဂတိ တော်ကိုဝင်စား လေ၏
၁၅အာ​ဗြ​ဟံ​သည်​စိတ်​ရှည်​စွာ​စောင့်​ဆိုင်း​နေ​ခဲ့ သ​ဖြင့် က​တိ​တော်​အ​တိုင်း​ခံ​စား​ရ​လေ​သည်။-
16 ၁၆ လူ တို့သည် မိမိထက်ကြီးမြတ် သောသူ ကို တိုင်တည် ၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံ စေတတ်သော အကျိန် သည် ငြင်းခုံ ခြင်းရှိသမျှ ကို ဖြေ တတ်၏
၁၆လူ​တို့​သည်​မိ​မိ​တို့​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​ကို​တိုင်​တည်​ကျိန်​ဆို​တတ်​ကြ​၏။ ယင်း​သို့​တိုင်​တည်​ကျိန်​ဆို​ခြင်း​သည်​လူ​အ​ချင်း ချင်း​အ​ငြင်း​ပွား​မှု​ကို​ငြိမ်း​စေ​တတ်​လေ​သည်။-
17 ၁၇ ထိုကြောင့်၊ ဂတိ တော်ကို အမွေခံ ရသောသူတို့သည်၊ ဘုရားသခင် ၏ အကြံအစည် တော်မ ဖောက်ပြန်နိုင် ကြောင်းကို အတပ် သိစေခြင်းငှာ၊ ဘုရားသခင်သည် အကျိန် အားဖြင့်အာမခံ တော်မူ၏
၁၇ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ​အ​စည်​တော် ကို​ပြောင်း​လဲ​တော်​မူ​မည်​မ​ဟုတ်​ကြောင်း​ကို က​တိ​တော်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​များ​ခံ​ယူ​ရ မည့်​သူ​တို့​အား​ပွင့်​လင်း​ထင်​ရှား​စွာ​ဖော်​ပြ တော်​မူ​လို​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​တိုင် တည်​ကျိန်​ဆို​ခြင်း​အား​ဖြင့်​က​တိ​ပြု​တော် မူ​ခြင်း​ဖြစ်​ပေ​သည်။-
18 ၁၈ အကြောင်းမူကား ၊ ဘုရားသခင် သည် မုသာ မ သုံးနိုင်သော အရာတည်းဟူသောမ ဖောက်ပြန်မပြောင်းလဲနိုင်သော အရာ နှစ် ပါးကို အမှီပြု ၍၊ ကိုယ် ရှေ့၌ထားသော မြော်လင့် ရာကို ခိုလှုံ ခြင်းငှာပြေး သော ငါတို့သည် သက်သာ အားကြီး ကြမည်အကြောင်းတည်း
၁၈ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​နှင့် ကျိန်​ဆို​တော်​မူ​ခြင်း​တို့​သည် ပြန်​လည်​ရုပ်​သိမ်း ၍​မ​ရ​နိုင်​သော​အ​ရာ​နှစ်​ပါး​ဖြစ်​ကြ​၏။ ထို အ​ရာ​နှစ်​ပါး​နှင့်​ပတ်​သက်​၍​လည်း​ကိုယ်​တော် သည်​မု​သား​စ​ကား​ကို​သုံး​တော်​မ​မူ​နိုင်။ ထို့ ကြောင့်​အ​ထံ​တော်​၌​ခို​လှုံ​လျက်​ရှိ​ကြ​သော ငါ​တို့​သည်​မိ​မိ​တို့​အား​ကိုယ်​တော်​ပေး​တော် မူ​သည့်​မျှော်​လင့်​ချက်​ကို စွဲ​မြဲ​စွာ​ခံ​ယူ ထား​ရန်​စိတ်​အား​တက်​ကြွ​၍​လာ​ကြ​၏။-
19 ၁၉ ထိုမြော်လင့်ခြင်းမူကား၊ ကုလားကာ အတွင်း ၌ ချ ၍ မြဲမြံ ခိုင်ခံ့ သော စိတ် နှလုံး၏ကျောက်ဆူး ကဲ့သို့ ငါတို့၌ရှိ သတည်း
၁၉ထို​မျှော်​လင့်​ချက်​သည်​ငါ​တို့​ဘ​ဝ​အ​တွက် ချ​ထား​သည့်​လုံ​ခြုံ​ခိုင်​ခန့်​သော​ကျောက်​ဆူး အ​ဖြစ် ကောင်း​ကင်​ဗိ​မာန်​တော်​ကန့်​လန့်​ကာ ကို​ထိုး​ဖောက်​ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​သို့​ဝင်​လေ​သည်။-
20 ၂၀ မေလခိဇေဒက် နည်းတူ ထာဝရ ယဇ်ပုရောဟိတ် မင်း ဖြစ် သော ယေရှု သည်၊ ငါ တို့အတွက် ၊ ထိုအတွင်း အရပ်ထဲသို့ရှေ့ဆောင် ၍ ဝင် သောသူဖြစ်တော်မူ၏။ (aiōn g165)
၂၀ယဇ်​ပု​ရော​ဟိတ်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဖြစ် ဆက်​ခံ​သူ​သ​ခင်​ယေ​ရှု​သည်​ထို ဌာ​န​တော်​သို့​ငါ​တို့​အ​တွက်​ဝင်​တော်​မူ​ပြီ။ (aiōn g165)

< ဟေဗြဲ 6 >