< ဟေဗြဲ 5 >
1 ၁ လူတို့ တွင် ရွေးကောက်သော ယဇ်ပုရောဟိတ် မင်း မည်သည်ကား ၊ ပူဇော် သက္ကာကို၎င်း ၊ အပြစ် ဖြေ ရာ ယဇ် ကို၎င်း ပူဇော် ၍၊ လူတို့ အတွက် ဘုရား ဝတ်ပြု စေခြင်းငှာခန့်ထား တော်မူသောသူဖြစ်၏
For every high priest taken from men is appointed for men in things toward God, so that he may offer both gifts and sacrifices for sins.
2 ၂ သူ သည် ကိုယ်တိုင်နွမ်းရိ အားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက် သောသူ၊ မှားယွင်း သောသူတို့ကို သည်းခံ ခြင်းငှာတတ်နိုင် ၏
Who can be gentle to those who are ignorant and led astray, since he himself is also encompassed with weakness.
3 ၃ ထို အကြောင်း ကြောင့်လည်း ၊ လူ များအပြစ်နှင့် မိမိ အပြစ် ကို ဖြေခြင်းငှာပူဇော် ရ၏
And because of this he is obligated, as for the people, so also for himself, to offer for sins.
4 ၄ ဘုရားသခင် သည် အာရုန် ကိုခေါ်တော်မူသကဲ့သို့ ခေါ် တော်မူသောသူမှတစ်ပါး၊ အဘယ်သူ မျှ ထိုအရာ မြတ်ကို မ သိမ်း မယူရ
And not any man takes the honor to himself, but being called by God, just as also Aaron.
5 ၅ ထိုနည်းတူ ၊ ခရစ်တော် သည် ယဇ်ပုရောဟိတ် မင်းအရာ၌ မိမိ ကို မိမိချီးမြှောက် သည်မ ဟုတ်။ သင် သည် ငါ့ သား ဖြစ် ၏။ ယနေ့ ပင် သင့် ကို ငါ ဖြစ်ဘွား စေပြီဟု မိန့် တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက်တော်မူ၏
So also Christ did not glorify himself to become a high priest, but it was he who said to him, Thou are my Son, today I have begotten thee.
6 ၆ ထိုသို့နှင့်အညီကျမ်းစာတ ချက်လာ သည်ကား၊ သင် သည် မေလခိဇေဒက် နည်းတူ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု လာသတည်း (aiōn )
(And just as he says in another, Thou are a priest into the age according to the order of Melchizedek.) (aiōn )
7 ၇ ထိုခရစ်တော် သည် လူ ဇာတိအဖြစ်၌ နေစဉ်ကာလ ၊ သေ ခြင်းမှ ကယ်လွှတ် နိုင် တော်မူသောသူ ကို၊ ကြီးစွာ သော ကြွေးကြော် ခြင်း၊ မျက်ရည် ကျခြင်းနှင့် ဆုတောင်း ပဌနာပြုသဖြင့်၊ ကြောက်ရွံ ရာအမှု၌ ချမ်းသာ ရသည်ဖြစ်၍၊
Who, in the days of his flesh, having offered up both prayers and supplications with strong shouting and tears to him who was able to save him from death, and who was heard because of his reverence,
8 ၈ ဘုရားသခင်၏ သား တော်မှန် သော်လည်း ၊ ဆင်းရဲ ဒုက္ခကို ခံသောအားဖြင့် နားထောင် ခြင်း အကျိုး အကြောင်းကို သင် တော်မူ၏
although being a Son, he learned obedience from the things that he suffered.
9 ၉ ထိုသို့စုံလင် ခြင်းသို့ရောက်ပြီးမှ ၊ ယုံကြည်နားထောင် သော သူ အပေါင်း တို့အား ထာဝရ ကယ်တင် ခြင်း ကျေးဇူးကို ပြု သောသူဖြစ် တော်မူ၍ (aiōnios )
And having been fully perfected, he became the source of eternal salvation to all those who obey him, (aiōnios )
10 ၁၀ မေလခိဇေဒက် ကဲ့သို့သောယဇ်ပုရောဟိတ် မင်းဟု ဘုရားသခင် သမုတ် တော်မူခြင်းကို ခံရ၏
having been designated by God a high priest according to the order of Melchizedek.
11 ၁၁ ထိုမေလခိဇေဒက် ၏အကြောင်း ကို ငါ တို့ ပြော စရာစကား အများ ရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဉာဏ် နုန့်သောကြောင့် အပြော ခက်လှ၏
About whom, much subject matter from us is also difficult to explain, since ye have become sluggish in hearing.
12 ၁၂ သင်တို့သည် ကာလ ကြာသောကြောင့် ဆရာ အဖြစ် သို့ ရောက် သင့်သော်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ် တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတစ်ပါးထံ၌တဖန် သင် ရသော အကြောင်း ရှိ သည် ဖြစ်၍၊ ကြေခဲ သောအစာ ကို မ သုံးဆောင်၊ နို့ ကိုသာ သုံးဆောင် ရသောသူဖြစ် ကြ၏
For also men who ought to be teachers because of the time, ye have need again for some man to teach you the rudiments of the beginning of the oracles of God, and have become men who have need of milk, and not of solid food.
13 ၁၃ နို့ ကိုသာသုံးဆောင် သောသူ မည်သည်ကား၊ သူငယ် ဖြစ် သောကြောင့် ဖြောင့်မတ် ခြင်းတရား ၌ လေ့လာ ခြင်းမရှိ
For every man partaking of milk is unskilled in the word of righteousness, for he is childlike.
14 ၁၄ ကောင်းကျိုး မ ကောင်းကျိုးကို ပိုင်းခြား ၍ သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင် အတွေ့အစမ်း များသော သူတည်းဟူသော၊ စုံလင် သော အရွယ်ရှိသော သူတို့မူကား ၊ ကြေခဲ သော အစာ အာဟာရကို သုံးဆောင် ရကြ၏။
But solid food is for mature men, those having their sensibilities trained through practice for the discernment of both good and evil.