< ဟေဗြဲ 3 >
1 ၁ ထိုသို့ဖြစ်လျှင် ၊ ကောင်းကင် ဘုံနှင့်စပ်ဆိုင် သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်း သော ညီအစ်ကို တို့၊ ငါ တို့ဝန်ခံ သောတမန်တော် နှင့် ယဇ်ပုရောဟိတ် မင်းတည်းဟူသောယေရှု ၏ အကြောင်းကို စေ့စေ့ဆင်ခြင် ကြလော့
οθεν αδελφοι αγιοι κλησεως επουρανιου μετοχοι κατανοησατε τον αποστολον και αρχιερεα της ομολογιας ημων χριστον ιησουν
2 ၂ မောရှေ သည် ဘုရားသခင် ၏ အိမ် တော်တစ် အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့ ၊ ယေရှုသည် မိမိ ကိုခန့်ထား တော်မူသောသူ ၏ အမှုတော်၌ သစ္စာစောင့် တော်မူ၏
πιστον οντα τω ποιησαντι αυτον ως και μωσης εν ολω τω οικω αυτου
3 ၃ အိမ် ကိုဆောက် သောသူ သည် အိမ် ထက် သာ၍ကြီးသောအသရေ ရှိ သကဲ့သို့ ၊ ယေရှု သည် မောရှေ ထက် သာ၍ ကြီးသော အသရေ ကိုခံထိုက် သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်း ရှိ၏
πλειονος γαρ δοξης ουτος παρα μωσην ηξιωται καθ οσον πλειονα τιμην εχει του οικου ο κατασκευασας αυτον
4 ၄ အိမ် မည်သည်ကား၊ တစ်စုံတစ်ယောက် သောသူ ဆောက် သောကြောင့် ဖြစ်၏။ အလုံးစုံ တို့ကို တည်ဆောက် သောသူ ကား ၊ ဘုရားသခင် ပေတည်း
πας γαρ οικος κατασκευαζεται υπο τινος ο δε τα παντα κατασκευασας θεος
5 ၅ မောရှေ သည်၊ နောက်ဟောပြော လတံ့သော အရာ တို့ကို သက်သေခံ ခြင်းအလိုငှာ ၊ အစေခံ ကဲ့သို့ အိမ် တော်တစ်အိမ်လုံး ၌ သစ္စာစောင့် ၏
και μωσης μεν πιστος εν ολω τω οικω αυτου ως θεραπων εις μαρτυριον των λαληθησομενων
6 ၆ ခရစ်တော် မူကား ၊ သား ကဲ့သို့ အိမ် တော်ကို အုပ်စိုး ၍ သစ္စာစောင့်တော်မူ၏။ ငါ တို့သည်ကား၊ ရဲရင့် ခြင်း၌၎င်း ၊ မြော်လင့် ခြင်းနှင့်စပ်ဆိုင်သောဝါကြွား ဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင်တည်ကြည် လျှင်၊ ထို အိမ် တော်ဖြစ် သတည်း
χριστος δε ως υιος επι τον οικον αυτου ου οικος εσμεν ημεις εανπερ την παρρησιαν και το καυχημα της ελπιδος μεχρι τελους βεβαιαν κατασχωμεν
7 ၇ ထိုကြောင့် ၊ သန့်ရှင်း သောဝိညာဉ် တော် မိန့် တော်မူသည်ကား၊ ယနေ့ တွင် သင်တို့သည် ဗျာဒိတ် တော်အသံ ကို ကြား လျက်ရှိသည် ဖြစ်၍၊
διο καθως λεγει το πνευμα το αγιον σημερον εαν της φωνης αυτου ακουσητε
8 ၈ ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်။ သင် တို့အဘ များသည် အနှစ် လေးဆယ် ပတ်လုံးငါ့ ကို အနည်းနည်းစုံစမ်း ၍ ၊
μη σκληρυνητε τας καρδιας υμων ως εν τω παραπικρασμω κατα την ημεραν του πειρασμου εν τη ερημω
9 ၉ ငါ ၏အမှု တို့ကို မြင် ရသော တော တွင် ငါ့ကိုဆန့်ကျင်ဘက် ပြု၍ စုံစမ်း ရာကာလ ၌ ရှိသကဲ့သို့ မရှိစေကြနှင့်
ου επειρασαν με οι πατερες υμων εδοκιμασαν με και ειδον τα εργα μου τεσσαρακοντα ετη
10 ၁၀ ထို လူမျိုး ကို ငါရွံ သည်ဖြစ်၍ ၊ သူတို့သည် အစဉ် စိတ် သဘော မှားယွင်း တတ်ကြ၏။ ငါ ၏ အလေ့အလာ တို့ကို နား မ လည်ကြဟု ငါဆို ရ၏
διο προσωχθισα τη γενεα εκεινη και ειπον αει πλανωνται τη καρδια αυτοι δε ουκ εγνωσαν τας οδους μου
11 ၁၁ ထိုကြောင့်၊ သူတို့သည် ငါ ၏ချမ်းသာ ထဲသို့ မဝင်ရ ကြဟု အမျက်ထွက် ၍ ငါကျိန်ဆို သည်ဟု မိန့်တော်မူချက်ရှိသည်နှင့်အညီ
ως ωμοσα εν τη οργη μου ει εισελευσονται εις την καταπαυσιν μου
12 ၁၂ ညီအစ်ကို တို့၊ သင် တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ထံ တော်မှ ထွက်သွား သောအားဖြင့် မယုံကြည် တတ်၊ ဆိုးညစ် သော စိတ် နှလုံးမ ရှိ စေခြင်းငှာသတိပြု ကြလော့
βλεπετε αδελφοι μηποτε εσται εν τινι υμων καρδια πονηρα απιστιας εν τω αποστηναι απο θεου ζωντος
13 ၁၃ ဒုစရိုက် ၏ လှည့်ဖြား ခြင်းအားဖြင့်သင် တို့ စိတ်နှလုံးမ ခိုင်မာ စေခြင်းငှာ ၊ ယနေ့ ဟူ၍ခေါ်ဝေါ် သော အချိန်၊ နေ့ တိုင်း အစဉ် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်း နှိုးဆော်ကြလော့
αλλα παρακαλειτε εαυτους καθ εκαστην ημεραν αχρις ου το σημερον καλειται ινα μη σκληρυνθη τις εξ υμων απατη της αμαρτιας
14 ၁၄ ငါတို့သည် စိတ်စွဲလမ်း ခြင်းကို အစ ပြုသကဲ့သို့အဆုံး တိုင်အောင် တည်ကြည် လျှင် ၊ ခရစ်တော် နှင့် ဆက်ဆံ သောသူ ဖြစ်ကြ၏
μετοχοι γαρ γεγοναμεν του χριστου εανπερ την αρχην της υποστασεως μεχρι τελους βεβαιαν κατασχωμεν
15 ၁၅ ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော်အသံ ကို ကြား လျက် ရှိသည်ဖြစ်၍ ၊ ဆန့်ကျင်ဘက် ပြုရာကာလ၌ ရှိသကဲ့သို့ ၊ ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်ဟု ကျမ်းစာလာသည်အရာမှာ
εν τω λεγεσθαι σημερον εαν της φωνης αυτου ακουσητε μη σκληρυνητε τας καρδιας υμων ως εν τω παραπικρασμω
16 ၁၆ ကြား ပြီးမှဆန့်ကျင်ဘက် ပြုသော သူတို့ကား၊ အဘယ်သူ နည်း၊ မောရှေ နောက်သို့လိုက်၍ အဲဂုတ္တု ပြည်မှ ထွက်လာ သော သူ အပေါင်း တို့သည် ထိုသို့ပြုကြသည် မ ဟုတ်လော
τινες γαρ ακουσαντες παρεπικραναν αλλ ου παντες οι εξελθοντες εξ αιγυπτου δια μωσεως
17 ၁၇ အနှစ် လေးဆယ် ပတ်လုံးနှစ်သက် တော်မမူသော သူတို့ကား၊ အဘယ်သူ နည်း။ ဒုစရိုက် အပြစ်ကို ပြုသောကြောင့် တော ၌ လဲ ၍ သေ သောသူ ပင် မ ဟုတ်လော
τισιν δε προσωχθισεν τεσσαρακοντα ετη ουχι τοις αμαρτησασιν ων τα κωλα επεσεν εν τη ερημω
18 ၁၈ သင်တို့သည် ငါ၏ချမ်းသာ ထဲသို့ မ ဝင် ရကြဟု ကျိန်ဆို တော်မူသော သူ တို့ကား၊ မယုံကြည် သော သူ မှတစ်ပါး အဘယ်သူနည်း
τισιν δε ωμοσεν μη εισελευσεσθαι εις την καταπαυσιν αυτου ει μη τοις απειθησασιν
19 ၁၉ သို့ဖြစ်၍ ၊ သူတို့သည် မယုံကြည် သောကြောင့် သာ မ ဝင် နိုင် သည်ကို ငါတို့သိမြင် ကြ၏။
και βλεπομεν οτι ουκ ηδυνηθησαν εισελθειν δι απιστιαν