< ဟေဗြဲ 2 >

1 ထို့ကြောင့် ၊ ငါ တို့သည် ကြား ရသော ဒေသနာတော်ကို မ မေ့ မလျော့မည်အကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိ စွဲလမ်းခြင်းရှိရကြမည်
అందుచేత మనం విన్న సంగతుల నుండి కొట్టుకుని పోకుండా వాటి మీద ఎక్కువ దృష్టి పెట్టాలి.
2 ကောင်းကင် တမန်များအားဖြင့် ထား တော်မူသော ဗျာဒိတ် တော်သည် တည် ၍ ပြစ်မှား လွန်ကျူး ခြင်း အမှု အမျိုးမျိုး တို့သည် ခံထိုက် သော အပြစ် ဒဏ်ကို ခံရ သည်မှန်လျှင် ၊
ఎందుకంటే దేవదూతలు పలికిన సందేశం నమ్మదగినదైతే, ప్రతి అతిక్రమానికీ అవిధేయతకూ న్యాయమైన శిక్ష కలిగితే,
3 အစအဦး ၌ သခင် ဘုရားဟော တော်မူ၍ ဒေသနာစကားတော်ကို ကြား ရသောသူ တို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါ တို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက်ကြီးစွာ သော ကယ်တင် တော်မူခြင်းတရားကို ငါ တို့သည် နား မထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ် ကြလိမ့်မည်နည်း
ఇంత గొప్ప రక్షణను మనం నిర్లక్ష్యం చేసి ఎలా తప్పించుకుంటాం? ఆ రక్షణను మొదటిగా ప్రభువే ప్రకటించాడు, దాన్ని విన్న వారి ద్వారా అది మనకు రుజువు అయింది.
4 ထိုသက်သေခံသောသူတို့နှင့်အတူဘုရားသခင် သည် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုအားဖြင့် ၎င်း၊ ထူးဆန်းသောတန်ခိုး အထူးထူး အပြားပြားအားဖြင့်၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်သည် မိမိ အလို တော်အတိုင်း ဝေငှ သော ဆုကျေးဇူးအားဖြင့်၎င်း သက်သေခံ တော်မူပြီ
దేవుడు తన సూచకక్రియలు, అద్భుతాలు, అనేక రకాల గొప్ప గొప్ప కార్యాలు చేయడం ద్వారానూ, తన ఇష్ట ప్రకారం పంచి ఇచ్చిన పరిశుద్ధాత్మ వరాల ద్వారానూ దాన్ని నిర్ధారణ చేశాడు.
5 ငါတို့ပြောဆို သော နောင် ကပ်ကမ္ဘာ ကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန် တို့၌ အပ်ပေး တော်မူသည်မ ဟုတ်၊
మేము మాట్లాడుతున్న ఆ రాబోయే లోకాన్ని దేవుడు దేవదూతల ఆధీనంలో ఉంచలేదు.
6 ကျမ်းစာတစ် ချက်၌ တစ် ယောက်သောသူက၊ လူ သည် အဘယ်သို့ သောသူ ဖြစ် ၍ ကိုယ်တော်သည် အောက်မေ့ တော်မူရသနည်း။ လူ သား သည် အဘယ်သို့သောသူ ဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း
దీనికి ప్రతిగా ఒక వ్యక్తి ఒక చోట సాక్షమిస్తూ ఇలా అన్నాడు. “నువ్వు తలచుకోడానికి నరుడు ఎంతటి వాడు? నువ్వు పట్టించుకోడానికి నరపుత్రుడెవడు?
7 သူ့ ကို ကောင်းကင် တမန်တို့အောက်၌ အနည်းငယ် နှိမ့် တော်မူပြီ။ သူ ၏ခေါင်းကို ဘုန်း အသရေ နှင့် ပတ်ရစ် တော်မူပြီ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊
నువ్వు అతణ్ణి దేవదూతల కంటే కొంచెం తక్కువగా చేశావు. ఘనతా యశస్సులతో అతనికి కిరీటం పెట్టావు.
8 ခပ်သိမ်း သောအရာတို့ကို သူ ၏ခြေ အောက် ၌ ချထား တော်မူပြီဟု သက်သေခံ သတည်း။ ခပ်သိမ်း သော အရာတို့ကို ချထား တော်မူ၏ဟုဆိုသော်၊ မချမထား ဘဲ ကျန်ရစ် သောအရာတစ်စုံတစ်ခု မျှ မရှိရ။ ယခု မူကား ၊ ခပ်သိမ်း သောအရာတို့သည် ချထား လျက်ရှိသည်ကို ငါတို့ မ မြင် ရကြသေး
నువ్వు సమస్తాన్నీ అతనికి లోబరచి అతని పాదాల కింద ఉంచావు.” ఆయన సమస్తాన్నీ మానవాళి వశం చేశాడు. అతనికి వశం చేయకుండా దేన్నీ విడిచిపెట్టలేదు. కానీ ఇప్పుడు అన్నీ పూర్తిగా అతనికి వశం కావడం మనం ఇంకా చూడలేదు.
9 ယေရှု သည် ဘုရားသခင် ၏ ကျေးဇူး တော်အားဖြင့်လူအပေါင်း တို့အတွက် ကြောင့် အသေခံ ရသော အခွင့်ရှိစေခြင်းငှာ ၊ ကောင်းကင်တမန် တို့အောက် ၌ အနည်းငယ် နှိမ့် ပြီးမှ၊ အသေ ခံရသောကြောင့် ခေါင်းတော်၌ ဘုန်း အသရေ ပတ်ရစ် လျက်ရှိသည်ကို ငါတို့ မြင် ကြ၏
అయితే దేవదూతలకంటే కొంచెం తక్కువగా చేయబడిన యేసును చూస్తున్నాం. ఆయన తాను పొందిన హింసల ద్వారా మరణం ద్వారా ఘనతా యశస్సులతో కిరీటం పొందాడు. కాబట్టి ఇప్పుడు యేసు దేవుని కృప వలన ప్రతి మనిషి కోసమూ మరణాన్ని రుచి చూశాడు.
10 ၁၀ အကြောင်းမူကား ၊ များစွာ သော သား တို့ကို ကယ်တင် ၍၊ ဘုန်း စည်းစိမ်စံစားရာသို့ ပို့ဆောင် သော အရှင် သည်၊ ဒုက္ခ ဝေဒနာအားဖြင့် စုံလင် ခြင်းသို့ ရောက် ရမည်အကြောင်း၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏
౧౦ఎందుకంటే ఎవరి కోసం అన్నీ ఉనికిలో ఉన్నాయో, ఎవరి వలన సమస్తమూ కలుగుతున్నాయో ఆయన అనేకమంది కుమారులను మహిమకు తీసుకురావడం కోసం వారి రక్షణ కర్తను తాను పొందే బాధల ద్వారా సంపూర్ణుణ్ణి చేయడం దేవునికి సమంజసమే.
11 ၁၁ သန့်ရှင်း စေတတ်သောသူနှင့် သန့်ရှင်း စေအပ်သောသူ များတို့သည် တစ်ပါးတည်းသော ပကတိရှိ ကြ၏။ ထိုကြောင့် ၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူ တို့ကို ညီအစ်ကို ဟူ၍ခေါ် ခြင်းငှာရှက်ကြောက် တော်မ မူ။ ထိုသို့ ခေါ်သောအချက် ဟူမူကား
౧౧పరిశుద్ధులుగా అయ్యేవారికీ, వారిని పరిశుద్ధపరిచే వానికీ దేవుడే మూలం. కాబట్టి పరిశుద్ధ పరిచేవాడు తాను పరిశుద్ధపరిచే వారిని సోదరులని పిలవడానికి సంకోచించడు.
12 ၁၂ သိတင်း တော်ကို အကျွန်ုပ် ညီအစ်ကို တို့အား အကျွန်ုပ်ကြားပြော ပါမည်။ ပရိသတ် အလယ် မှာ ကိုယ်တော် ကို ချီးမွမ်း ၍ သီချင်းဆိုပါမည်ဟု လာ သတည်း
౧౨ఆయన, “నీ నామాన్ని నా సోదరులకు ప్రకటిస్తాను. సమాజం మధ్యలో నీ గురించి గానం చేస్తాను” అన్నాడు.
13 ၁၃ တ ချက်ကား၊ ငါ သည်ဘုရားသခင် ကို ကိုးစား မည်ဟု လာသတည်း။ တဖန် ကား၊ ငါ မှစ၍ ငါ့ အား ဘုရားသခင် ပေး တော်မူသောသူငယ် တို့သည် ရှိ ကြ၏ဟု လာသတည်း
౧౩ఇంకా, “నేను ఆయనలో నమ్మకముంచుతాను” అన్నాడు. ఇంకా “చూడు. నేనూ, దేవుడు నాకిచ్చిన పిల్లలూ” అనీ అన్నాడు.
14 ၁၄ ထိုသူငယ် တို့သည် အသွေး အသား နှင့် ဆက်ဆံ ကြသောကြောင့် ၊ ခရစ်တော်သည် အသေခံ တော်မူသောအားဖြင့် ၊ သေ ခြင်းတရားကို အစိုးရ သော သူတည်းဟူသောမာရ်နတ် ၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီးခြင်းငှာ ၎င်း
౧౪కనుక దేవుని పిల్లలందరూ రక్తమాంసాలున్న వారు కాబట్టి యేసు కూడా ఆ రక్తమాంసాలు పంచుకున్నాడు. తద్వారా తన మరణం మూలంగా మరణ బలం ఉన్నవాణ్ణి అంటే సాతానును శక్తిహీనుడుగా చేసాడు.
15 ၁၅ သေ ဘေးကိုကြောက် ၍ တစ်သက်လုံး ကျွန် ခံရ သော သူ တို့ကို ကယ်လွှတ် ခြင်းငှာ၎င်း ၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူ တော်မူ၏
౧౫మరణ భయంతో జీవిత కాలమంతా బానిసత్వంలో జీవిస్తున్న వారిని విడిపించడానికి ఆయన ఆ విధంగా చేశాడు.
16 ၁၆ အကြောင်းမူကား ၊ ခရစ်တော်သည် ကောင်းကင်တမန် တို့ကို မစ တော်မူသည်မ ဟုတ်၊ အာဗြဟံ အမျိုး ကို မစ တော်မူ၏
౧౬ఆయన కచ్చితంగా దేవదూతలకు సహాయం చేయడం లేదు. అబ్రాహాము సంతతి వారికే ఆయన సహాయం చేస్తూ ఉన్నాడు.
17 ၁၇ ထိုကြောင့် ၊ ခရစ်တော်သည် လူ တို့၏ အပြစ် ဖြေစရာအကြောင်း ကို စီရင်၍၊ ဘုရားသခင် နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာ နှင့်၎င်း ၊ သစ္စာ နှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ် အကြီးဖြစ် အံ့သောငှာ ၊ မိမိညီအစ်ကို တို့နှင့် လုံးလုံး တူ ရသော အကြောင်း ရှိ၏
౧౭దైవ సంబంధమైన విషయాలపై నమ్మకమైన, కరుణ కలిగిన ప్రధాన యాజకుడిగా ఉండడానికీ, ప్రజల పాపాలకు క్షమాపణ సాధించడానికీ ఆయన తన సోదరుల్లో ఒకడిగా కావాల్సిన అవసరం వచ్చింది.
18 ၁၈ ထိုသို့စုံစမ်း နှောင့်ရှက်ခြင်းကို ကိုယ်တော် တိုင်ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်း နှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူ တို့ကို မစ ခြင်းငှာတတ်နိုင် တော်မူ၏။
౧౮ఆయన తానే బాధలు పొంది, శోధనల గుండా వెళ్ళాడు కాబట్టి శోధనలనెదుర్కొంటున్న వారికి సహాయం చేయడానికి సామర్ధ్యం కలిగి ఉన్నాడు.

< ဟေဗြဲ 2 >