< ဟေဗြဲ 12 >

1 ထိုကြောင့် ၊ ဤမျှလောက် များစွာသော သက်သေ အပေါင်းတို့သည် ငါ တို့ကို ဝိုင်းရံ လျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်း သော ဝန် တို့ကို၎င်း ၊ နှောင့်ရှက် တတ်သောဒုစရိုက် ကို၎င်း ပယ်ရှား ၍၊ ငါ တို့ မျက်မှောက် ၌ ထားသောပန်းတုံးတိုင် သို့ရောက်ခြင်းငှာ၊ အားမလျော့ ဘဲ ပြေး ကြကုန်အံ့
Therefore seeing we also are surrounded with so great a cloud of witnesses, let us lay aside every weight, and the sin which doth so easily beset us, and let us run with patience the race that is set before us,
2 ယုံကြည် ခြင်းကို အစအဦး စီရင်၍ စုံလင် စေတော်မူသော သခင်ယေရှု ကို စေ့စေ့ထောက်ရှု ကြကုန်အံ့။ ထိုသခင် သည် မိမိ ရှေ့ ၌ ထားသော ဝမ်းမြောက် ခြင်းအကြောင်းကြောင့် ၊ ရှက်ကြောက် သောအရာ ကိုမ မှတ်ဘဲ လက်ဝါးကပ်တိုင် ၌ခံ ပြီးမှ၊ ဘုရားသခင် ၏ ပလ္လင် တော် လက်ျာဘက် ၌ ထိုင် နေတော်မူ၏
Looking to Jesus the author and finisher of our faith; who for the joy that was set before him endured the cross, despising the shame, and is set down at the right hand of the throne of God.
3 အပြစ် ရှိသောသူတို့လက်တွင်၊ ထိုမျှလောက် ကြီးစွာသော ဆီးတား နှောင့်ရှက်ခြင်းကို ခံ တော်မူသော သခင် ကို ထောက်ရှု ဆင်ခြင်သောအားဖြင့် ၊ အားလျော့ စိတ်ပျက် ခြင်းနှင့် ကင်းလွတ် အံ့သောငှာ ကြိုးစားလော့
For consider him that endured such hostility by sinners against himself, lest ye be wearied and faint in your minds.
4 သင်တို့သည် ဒုစရိုက် အပြစ်ကို ဆိုင်ပြိုင် တိုက်လှန် ၍ ကိုယ်အသွေး ထွက်သည်တိုင်အောင် မ ခံရကြ သေး
Ye have not yet resisted to blood, striving against sin.
5 ထိုမှတစ်ပါး ၊ ငါ့ သား ၊ ထာဝရ ဘုရား ဆုံးမ တော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေး တော်မူသောအခါစိတ် မ ပျက်နှင့်
And ye have forgotten the exhortation which speaketh to you as to children, My son, despise not thou the chastening of the Lord, nor faint when thou art rebuked by him:
6 ထာဝရ ဘုရားသည် ချစ် တော်မူသောသူ ကို ဆုံးမ တော်မူတတ်၏။ လက်ခံ တော်မူသမျှ သော သား တို့ ကို ဒဏ်ခတ် တော်မူတတ်၏ဟု သူငယ် တို့ကို ဆို သကဲ့သို့ ၊ သင် တို့ကို ပြောဆိုသောဩဝါဒစကား ကို မေ့လျော့ ကြ သလော
For whom the Lord loveth he chasteneth, and scourgeth every son whom he receiveth.
7 သင်တို့သည် ဆုံးမ တော်မူခြင်းကို ခံ လျှင် ၊ သား တို့ကိုပြုသကဲ့သို့ ၊ ဘုရားသခင် သည်သင် တို့ကို ပြု တော်မူ၏။ အကြောင်းမူကား ၊ အဘ မ ဆုံးမ သောသား တစ်စုံတစ်ယောက်ရှိသလော
If ye endure chastening, God dealeth with you as with sons; for what son is he whom the father chasteneth not?
8 သားအပေါင်း တို့သည် ခံ တတ်သောဆုံးမ ခြင်းကို သင် တို့သည် မ ခံဘဲနေလျှင် ၊ သား ရင်းမ ဟုတ်၊ မင်းဦးမင်းလွင်ရသော သား ဖြစ် ကြ၏
But if ye are without chastisement, of which all are partakers, then are ye bastards, and not sons.
9 တနည်း ကား၊ ကိုယ် ကာယနှင့်စပ်ဆိုင်သော အဘ တို့လက်ဖြင့် ငါတို့သည် ဆုံးမ ခြင်းကို ခံရ သောအခါ၊ သူတို့ကို ရိုသေ ကြ၏။ ထိုမျှမက ၊ စိတ် ဝိညာဉ်တို့၏ အဘ အလိုသို့လိုက် ၍၊ အသက် ချမ်းသာရကြမည် မဟုတ်လော
Furthermore we have had fathers of our flesh who corrected us, and we gave them reverence: shall we not much rather be in subjection to the Father of spirits, and live?
10 ၁၀ အကြောင်းမူကား ၊ ထိုအဘတို့သည် မိမိ အလို သို့လိုက် ၍ တခဏ သာဆုံးမ ပေးကြ၏။ ကိုယ်တော် မူကား ၊ မိမိ သန့်ရှင်း ခြင်းပါရမီတော်ကိုငါတို့သည် ဆက်ဆံစေခြင်းငှာ ၊ ငါတို့အကျိုး ကိုထောက် ၍သာ ဆုံးမပေးတော်မူ၏
For they verily for a few days chastened us after their own pleasure; but he for our profit, that we might be partakers of his holiness.
11 ၁၁ ဆုံးမ ခြင်းမည်သည်ကား၊ ခံရ စဉ်အခါဝမ်းမြောက် စရာမ ထင် ၊ ဝမ်းနည်း စရာထင် တတ်၏။ သို့သော်လည်း ၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက် ခြင်းနှင့် စပ်ဆိုင် သော ဖြောင့်မတ် ခြင်းအကျိုး ကို ခံရ ကြ၏
Now no chastening for the present seemeth to be joyous, but grievous: nevertheless afterward it yieldeth the peaceable fruit of righteousness to them who are exercised by it.
12 ၁၂ ထိုကြောင့် ၊ တွဲလွဲ နေသောလက် တို့နှင့် အား မရှိသောဒူး တို့ကို ခိုင်ခံ့ စေကြလော့
Therefore lift up the hands which hang down, and the feeble knees;
13 ၁၃ ခြေမစွမ်း သောသူ တို့သည် အဆစ်မ ပြုတ် သည် သာမက ၊ ချမ်းသာ ရစေခြင်းငှာ ၊ သင် တို့သွားဘို့ရာဖြောင့် သောလမ်း တို့ကို ပြင်ဆင် ကြလော့
And make straight paths for your feet, lest that which is lame be turned out of the way; but let it rather be healed.
14 ၁၄ လူအပေါင်း တို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက် ခြင်းကို၎င်း၊ သန့်ရှင်း ခြင်းပါရမီကို၎င်း၊ မှီအောင် လိုက် ကြလော့။ သန့်ရှင်းခြင်းပါရမီမ ရှိလျှင်၊ အဘယ်သူ မျှ ထာဝရ ဘုရားကို မဖူး မမြင်ရ
Follow peace with all men, and holiness, without which no man shall see the Lord:
15 ၁၅ သင်တို့တွင် တစ်စုံတစ်ယောက်မျှ ဘုရားသခင် ၏ ကျေးဇူး တော်ကို မ ရဘဲမနေစေခြင်းငှာ၎င်း ၊ ခါး စွာသော ပင် မြစ်ပေါက် ၍ သင်တို့နှောင့်ရှက် သဖြင့်၊ လူအများ တို့သည် အပြစ်နှင့်မညစ်ညူး စေခြင်းငှာ၎င်း
Looking diligently lest any man fail of the grace of God; lest any root of bitterness springing up trouble you, and by it many be defiled;
16 ၁၆ မတရား သော မေထုန်မှီဝဲသောသူမ ရှိစေခြင်းငှာ၎င်း ၊ တနပ်စာ အဘိုးနှင့်သားဦး အရာကို ရောင်း သော ဧသော ကဲ့သို့ ဘုရားတရားကို မရိုမသေ ပြုသောသူ မ ရှိစေခြင်းငှာ၎င်း၊ သတိနှင့်ကြည့်ရှု ကြလော့
Lest there be any immoral, or profane person, as Esau, who for one meal sold his birthright.
17 ၁၇ သင်တို့သိ သည်အတိုင်း ၊ ဧသောသည်နောက်မှ ကောင်းကြီး မင်္ဂလာကိုအမွေခံ ခြင်းငှာအလိုရှိ သောအခါ ၊ ငြင်းပယ် ခြင်းကိုခံရ၏။ မျက်ရည် ကျ၍ ကောင်းကြီး မင်္ဂလာကိုအလွန်ရှာ သော်လည်း ၊ မိမိအဘ၏ စိတ် ပြောင်းလဲခြင်းအခွင့် ကို မ တွေ့ မရ
For ye know that afterward, when he would have inherited the blessing, he was rejected: for he found no place of repentance, though he sought it carefully with tears.
18 ၁၈ ထိုမှတစ်ပါး၊ သင်တို့သည် လက်နှင့်တွေ့ နိုင်သော တောင်သို့၎င်း၊ လောင် သောမီး သို့၎င်း၊ မည်း သော တိမ်တိုက်၊ မှောင်မိုက် ၊ မိုဃ်းသက်မုန်တိုင်း သို့၎င်း
For ye are not come to the mount that might be touched, and that burned with fire, nor to blackness, and to darkness, and tempest,
19 ၁၉ တံပိုး မှုတ်ခြင်းအသံ သို့၎င်း ၊ နှုတ်ကပတ် တော် အသံ သို့၎င်း၊ ရောက် ကြသည်မ ဟုတ်။ ထိုအသံ တော်ကို ကြား သောသူတို့သည်၊ ထပ် ၍ မိန့် တော်မ မူမည်အကြောင်းတောင်းပန် ကြ၏
And the sound of a trumpet, and the voice of words; which voice they that heard entreated that the word should not be spoken to them any more:
20 ၂၀ အဘယ်ကြောင့် နည်းဟူမူကား၊ တိရစ္ဆာန် သော်လည်း ထိုတောင် ကို ထိမိ လျှင်၊ ကျောက်ခဲ နှင့်ပစ်၍ သေစေဟုပညတ် တော်မူသံကို လူတို့သည်နား မ ခံနိုင်ကြ
( For they could not endure that which was commanded, And if so much as a beast touch the mountain, it shall be stoned, or thrust through with an arrow:
21 ၂၁ ထိုသို့ ထင်ရှား ကြသောအရာသည် အလွန်ကြောက်မက် ဘွယ်ဖြစ် ၍၊ မောရှေ က၊ ငါ သည် ကြောက်ရွံ့ တုန်လှုပ် ခြင်းရှိသည်ဟုဆို ၏
And so terrible was the sight, that Moses said, I exceedingly fear and tremble: )
22 ၂၂ သင်တို့သည် ဇိအုန် တောင် သို့၎င်း ၊ အသက် ရှင်တော်မူသော ဘုရားသခင် ၏ မြို့ တော်တည်းဟူသောကောင်းကင် ယေရုရှလင် မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင် တမန်တို့၏ စည်းဝေး ခြင်းသို့၎င်း၊
But ye are come to mount Zion, and to the city of the living God, the heavenly Jerusalem, and to an innumerable company of angels,
23 ၂၃ ကောင်းကင် စာရင်း ၌ ဝင်သော သားဦး တို့၏ အသင်းတော် သို့၎င်း ၊ ခပ်သိမ်း သောသူတို့ကို တရား စီရင် တော်မူသော ဘုရားသခင် အထံတော်သို့၎င်း ၊ စုံလင် ခြင်းသို့ရောက်သောသူတော်ကောင်း တို့၏ စိတ် ဝိညာဉ်တို့ ထံသို့၎င်း ၊
To the general assembly and church of the firstborn, who are written in heaven, and to God the Judge of all, and to the spirits of just men made perfect,
24 ၂၄ ပဋိညာဉ် တရားသစ် ၏ အာမခံ တည်းဟူသောယေရှု ထံတော်သို့၎င်း ၊ အာဗေလ ၏ အသွေး ပြောဆို သောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ် ခြင်း၏ အသွေးထံသို့၎င်း ရောက် ကြ၏
And to Jesus the mediator of the new covenant, and to the blood of sprinkling, that speaketh better things than that of Abel.
25 ၂၅ သင်တို့သည် မိန့် တော်မူသော သူ ၏စကားတော်ကို မ ငြင်း မပယ်မည်အကြောင်း သတိပြု ကြလော့။ မြေကြီး ပေါ်မှာ ဗျာဒိတ် တော်ကို ဆင့်ဆိုသောသူ ၏စကားကို ငြင်းပယ် သောသူတို့သည် အပြစ်မ လွတ် ရသည်မှန်လျှင် ၊ ထိုမျှမက ၊ ကောင်းကင် ဘုံက မိန့်တော်မူသော သူ ၏စကားကို ငါ တို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ကင်းလွတ်နိုင်မည်နည်း
See that ye refuse not him that speaketh. For if they escaped not who refused him that spoke on earth, much more shall not we escape, if we turn away from him that speaketh from heaven:
26 ၂၆ အထက် ကဗျာဒိတ်တော်အသံ သည် မြေကြီး ကိုလှုပ် သည် ဖြစ်၍၊ ယခု တဖန် ငါ သည် မြေကြီး နှင့် ကောင်းကင် ကိုလှုပ် ဦးမည်ဟု ဂတိ တော်ရှိ ၏
Whose voice then shook the earth: but now he hath promised, saying, Yet once more I shake not the earth only, but also heaven.
27 ၂၇ တဖန် ဟူသောစကား၏အဓိပ္ပါယ်ကား၊ မ လှုပ် သောအရာ တို့ကို တည် စေခြင်းငှာ ၊ လှုပ် သောအရာ တို့ကို လောကီအရာကဲ့သို့ ပယ်ဖျက် လိမ့်မည်ဟု ဆိုလို သတည်း
And this word, Yet once more, signifieth the removing of those things that are shaken, as of things that are made, that those things which cannot be shaken may remain.
28 ၂၈ ထိုကြောင့် ၊ ငါတို့သည်မ လှုပ်နိုင်သောနိုင်ငံ ကိုရ သည်ဖြစ်၍၊ ခန့်ညား ကြောက်ရွံ့ သောသဘောနှင့် ဘုရားသခင် ကို လျောက်ပတ် စွာ ဝတ်ပြု နိုင်မည်အကြောင်း ၊ ကျေးဇူး တော်ကို စွဲလမ်း ကြကုန်အံ့
Therefore we receiving a kingdom which cannot be moved, let us have grace, by which we may serve God acceptably with reverence and godly fear:
29 ၂၉ ငါ တို့ဘုရားသခင် သည် လောင် သောမီး ဖြစ် တော်မူ၏။
For our God is a consuming fire.

< ဟေဗြဲ 12 >