< ဟေဗြဲ 11 >
1 ၁ ယုံကြည် ခြင်းသည် မြော်လင့် သောအရာတို့ကို မျက်မှောက် ပြု ခြင်းဖြစ် ၏။ မ မြင် သေးသော အရာ တို့ကို သိမှတ် စွဲလမ်းခြင်းအကြောင်းဖြစ်၏
၁ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။
2 ၂ ထို ပါရမီကြောင့် ၊ ရှေး လူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏
၂ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။
3 ၃ ယခုမြင် ရသောအရာ တို့သည်၊ အရင်ထင်ရှား သော အရာထဲက မ ဖြစ် ဘဲ၊ လောက ဓါတ်တို့သည် ဘုရားသခင် ၏အမိန့် တော်ကြောင့်သာ တည် သည်ကို ငါတို့သည် ယုံကြည် ခြင်းအားဖြင့်သိကြ ၏ (aiōn )
၃ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။ (aiōn )
4 ၄ အာဗေလ သည်၊ ကာဣန ပူဇော် သော ယဇ်ထက် သာ၍ မြတ်သောယဇ်ကို၊ ယုံကြည် ခြင်းအားဖြင့်ဘုရားသခင် အားပူဇော် ၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ် သည်ဟု သက်သေခံ တော်မူခြင်းကို ရ လေ၏။ အဘယ်သို့နည်းဟူမူကား၊ သူ လှူသောအလှူ ကို ဘုရားသခင် သည် လက်ခံ တော်မူ၏။ သို့ဖြစ်၍ ၊ အာဗေလသည် သေ လွန်သော်လည်း ယခုပင်တရားဟော သေး ၏
၄အာဇေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။
5 ၅ ဧနောက် သည် ယုံကြည် ခြင်းအားဖြင့်သေ ခြင်းနှင့်လွတ် ၍ ဘဝပြောင်း ရ၏။ ဘုရားသခင် သည် သူ့ ကို ဘဝပြောင်း စေတော်မူသောကြောင့် ၊ သူသည် နောက်တစ်ဖန်မ ပေါ် မရှိ။ သူသည်ဘဝမ ပြောင်း မှီ ဘုရားသခင် ၏ စိတ်တော်နှင့်တွေ့ သောသူဖြစ်သည်ဟု သက်သေခံ ခြင်းကို ရလေ၏
၅ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန် မပေါ်မရှိ။ သူသည်ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။
6 ၆ ယုံကြည် ခြင်းမ ရှိလျှင်၊ ဘုရားသခင်၏ စိတ် တော်နှင့်မ တွေ့နိုင်။ အကြောင်းမူကား ၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် သောသူ သည်၊ ဘုရားသခင်ရှိ တော်မူသည်ကို၎င်း ၊ ကိုယ်တော် ကို ရှာ သောသူ အား အကျိုးပေး တော်မူသည်ကို၎င်း၊ ယုံကြည် ရ မည်
၆ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။
7 ၇ နောဧ သည်မ မြင် သေးသော အမှုအရာ တို့ကို ဖော်ပြ သော ဗျာဒိတ် တော်ကိုခံရပြီးမှ၊ ယုံကြည် ခြင်းအားဖြင့်ကြောက်ရွံ့ လာသောစိတ်ရှိ၍၊ မိမိ အိမ်သူ အိမ်သားတို့ကို ကယ်တင် ခြင်းငှာ သင်္ဘော ကိုတည် လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသား တို့ကို အပြစ်တင် ၍ ယုံကြည် ခြင်းနှင့် ယှဉ် သော ဖြောင့်မတ် ခြင်းကိုလည်း အမွေ ခံရ၏
၇နောဧသည်မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်း အားဖြင့် ကြောက်ရွံ့လာသောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။
8 ၈ အာဗြဟံ သည် အမွေ ခံရ လတံ့သောပြည် သို့ ထွက်သွား မည်အကြောင်း၊ ဘုရားသခင်ခေါ် တော်မူသောအခါ၊ သူသည်အဘယ် အရပ်သို့သွားသည် ကို ကိုယ်တိုင်မ သိ ဘဲလျက်၊ ယုံကြည် ခြင်းအားဖြင့်နားထောင် ၍ ထွက်သွား လေ၏
၈အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူ သောအခါ၊ သူသည်အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင် ၍ ထွက်သွားလေ၏။
9 ၉ သူတစ်ပါး ပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့ ၊ ဂတိ တော်နှင့် စပ်ဆိုင်သော ပြည် ၌ယုံကြည် ခြင်းအားဖြင့်ဧည့်သည် ဖြစ်၍နေ၏။ ထိုဂတိ တော်ကို အမွေ ခံရသော အဖော်အဖက်တည်းဟူသောဣဇာက် ၊ ယာကုပ် တို့နှင့်အတူ တဲ ၌ နေ လေ၏
၉သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဘော်အဘက်တည်းဟူသော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။
10 ၁၀ အကြောင်းမူကား ၊ ဘုရားသခင် တည်ထောင် ပြုစု တော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ ကိုမြော်လင့် သတည်း
၁၀အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကိုမြော်လင့် သတည်း။
11 ၁၁ သူ ၏ခင်ပွန်းစာရာ သည်လည်း အရွယ် လွန် သောအခါ ၊ ပဋိသန္ဓေ ယူ နိုင်သော အခွင့် တန်ခိုးကို ယုံကြည် ခြင်းအားဖြင့်ခံရလေ၏။ အကြောင်းမူကား ၊ ဂတိ ထားတော်မူသောသူ သည် သစ္စာရှိ သည်ဟု စိတ် စွဲလမ်းခြင်းရှိ၏
၁၁သူ၏ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏။
12 ၁၂ သို့ဖြစ်၍ ၊ ထိုအမှုအရာ၌ လူသေ နှင့်တူသော သူတစ်ယောက်သည်၊ အရေအတွက်အားဖြင့်ကောင်းကင် ကြယ် ကဲ့သို့ ၎င်း ၊ သမုဒ္ဒရာ ကမ်း နား၌မ ရေတွက်နိုင်သောသဲလုံး ကဲ့သို့ ၎င်း၊ များစွာ သောသူတို့၏ အဘ ဖြစ် သတည်း
၁၂သို့ဖြစ်၍၊ ထိုအမှုအရာ၌ လူသေနှင့်တူသော သူတယောက်သည်၊ အရေအတွက်အားဖြင့် ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာကမ်းနား၌မရေတွက်နိုင်သောသဲလုံးကဲ့သို့၎င်း၊ များစွာသောသူတို့၏ အဘဖြစ် သတည်း။
13 ၁၃ ယခုဆိုခဲ့ပြီးသောသူ အပေါင်း တို့သည်၊ ဂတိ တော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမ ခံရ ဘဲ၊ အဝေး ကမြော်မြင် လျက်၊ စိတ်နှလုံးနှင့် ဖက်ယမ်း လျက်၊ မိမိတို့သည် မြေကြီး ပေါ်မှာ တစ်ကျွန်း သူတစ်နိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည် ကို ထင်ရှားစွာဝန်ခံ လျက်၊ ယုံကြည် ခြင်းစိတ်နှင့်သေ လွန်ကြ၏
၁၃ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်၊ ဂတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမခံရဘဲ၊ အဝေး ကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့်သေလွန်ကြ၏။
14 ၁၄ ထိုသို့ ဝန်ခံသောသူတို့သည် မိမိတို့အဘ ပြည်ကို ရှာ ကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏
၁၄ထိုသို့ဝန်ခံသောသူတို့သည် မိမိတို့အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်းပြောဆိုကြ၏။
15 ၁၅ ထိုသူတို့သည် အထက်ကထွက်သွား သော ပြည် ကို အောက်မေ့ သည်မှန် လျှင် ၊ ထိုပြည်သို့ ပြန် ရသော အခွင့် ရှိ ကြ၏
၁၅ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။
16 ၁၆ ထိုပြည်ကိုမအောက်မေ့ဘဲ၊ ကောင်းကင် ပြည် တည်းဟူသောသာ၍ မြတ်သောပြည်ကို တောင့်တ ခြင်း ရှိကြ၏။ ထိုကြောင့် ၊ ဘုရားသခင် သည် သူ တို့၏ ဘုရား ဟူ၍ခေါ်ဝေါ် ခြင်းကိုရှက် တော်မ မူ၊ သူ တို့နေစရာဘို့ မြို့ ကို တည်ထောင် တော်မူပြီ
၁၆ထိုပြည်ကိုမအောက့်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်း ရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ၊ သူတို့နေစရာ ဘို့မြို့ ကို တည်ထောင်တော်မူပြီ။
17 ၁၇ အာဗြဟံ သည် စုံစမ်း တော်မူခြင်းကို ခံရသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ဣဇာက် ကိုပူဇော် ၏
၁၇အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။
18 ၁၈ ဣဇာက် ၌ သာသင် ၏ အမျိုး တည်လိမ့်မည်ဟူသောဗျာဒိတ် တော်မှစ၍ ဂတိ တော်များကို ခံရ သော သူ သည်၊ မိမိ၌ တစ်ယောက်တည်းသောထိုသားကို ပူဇော် ၏
၁၈ဣဇာက်၌သာသင်၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ဂတိတော်များကို ခံရသော သူသည်၊ မိမိ၌ တယောက်တည်းသော ထိုသားကို ပူဇော်၏။
19 ၁၉ ထိုသို့ပူဇော်သောအခါသေ ခြင်းမှ ထမြောက် စေခြင်းငှာ ၊ ဘုရားသခင် တတ်နိုင် တော်မူသည်ကို သူသည် အောက်မေ့ ၏။ ထိုသား ကို ပုံ စကားအားဖြင့် သေခြင်းထဲက ရ ၏
၁၉ထိုသို့ပူဇော်သောအခါ သေခြင်းမှ ထမြောက်စေခြင်းငှါ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည် အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။
20 ၂၀ ဣဇာက် သည်လည်း၊ ယုံကြည် ခြင်းအားဖြင့်အနာဂတ် အရာတို့ ကိုအမှတ် ပြု၍ ယာကုပ် နှင့် ဧသော ကို ကောင်းကြီး ပေး၏
၂၀ဣဇာက်သည်လည်း၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ ကိုအမှတ်ပြု၍ ယာကုပ်နှင့်ဧသောကို ကောင်းကြီးပေး၏။
21 ၂၁ ယာကုပ် သည်လည်း၊ သေ ချိန်နီးသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ယောသပ် ၏ သား နှစ်ယောက်ကို ကောင်းကြီး ပေး၍ ၊ တောင်ဝေး ထိပ် အပေါ်မှာ ကိုးကွယ် လေ၏
၂၁ယာကုပ်သည်လည်း၊ သေချိန်နီးသောအခါ၊ ယုံကြည်ခြင်း အားဖြင့်ယောသပ်၏ သားနှစ်ယောက်ကို ကောင်းကြီးပေး၍၊ တောင်ဝေးထိပ်အပေါ်မှာ ကိုးကွယ်လေ၏။
22 ၂၂ ယောသပ် သည်သေ ဆဲရှိသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ဣသရေလ အမျိုးသား တို့၏ ထွက်မြောက် ခြင်းအရာ ကိုပြ ၍ ၊ မိမိ အရိုး တို့၏ အကြောင်း ကိုမှာထား လေ၏
၂၂ယောသပ်သည်သေဆဲရှိသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးသားတို့၏ ထွက်မြောက် ခြင်းအရာကိုပြ၍၊ မိမိအရိုးတို့၏ အကြောင်းကိုမှာ ထားလေ၏။
23 ၂၃ မောရှေ ကို ဘွားမြင် ပြီးမှအဆင်းလှ သော သူငယ် ဖြစ်သည်ကို မိဘတို့သည်မြင် လျှင်၊ ယုံကြည် ခြင်းအားဖြင့်ရှင်ဘုရင် အမိန့် တော်ကို မ ကြောက် ဘဲ သုံး လပတ်လုံးသူ့ကို ဝှက်ထား လေ၏
၂၃မောရှေကို ဘွားမြင်ပြီးမှ အဆင်းလှသော သူငယ်ဖြစ်သည်ကို မိဘတို့သည်မြင်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံးသူ့ကို ဝှက်ထားလေ၏။
24 ၂၄ မောရှေ သည် အသက်အရွယ်ကြီး သောအခါအပြစ် ရှိသော ကာမဂုဏ် ကို ခဏ ခံစား ခြင်းထက် ၊ ဘုရားသခင် ၏လူ တို့နှင့်အတူညှဉ်းဆဲ ခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊
၂၄မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊
25 ၂၅ အဲဂုတ္တု ပြည်၏ စည်းစိမ်ထက် ခရစ်တော် ကြောင့် ကဲ့ရဲ့ ခြင်းဒုက္ခသည် သာ၍ မြတ်သော စည်းစိမ် ဖြစ်သည်ကို စိတ်ထင် သဖြင့်၎င်း၊ ယုံကြည် ခြင်းစိတ်ရှိ၍ ဖာရော ဘုရင်သမီး ၏သား ဟူ၍ခေါ်ဝေါ် ခြင်းအခွင့်ကိုပယ် ၏
၂၅အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖါရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်၏။
26 ၂၆ အကြောင်းမူကား ၊ နောက် ရလတံ့သောအကျိုး ကို ထောက်စာ မြော်လင့်လျက်နေ၏
၂၆အကြောင်းမူကား၊ နောက် ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။
27 ၂၇ ယုံကြည် ခြင်းအားဖြင့်ရှင်ဘုရင် အမျက် ကို မ ကြောက် ဘဲ၊ အဲဂုတ္တု ပြည်ကိုစွန့်သွား ၏။ အကြောင်းမူကား ၊ မျက်မြင် မရသော ဘုရားသခင်ကို မြင် ရဘိသကဲ့သို့ တည်ကြည် ခြင်းရှိ၏
၂၇ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူ ကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။
28 ၂၈ သားဦး များကို ဖျက်ဆီး သောသူ သည် ဣသရေလ လူတို့ကို ဒဏ် မ ခတ်စေခြင်းငှာ ၊ ယုံကြည် ခြင်းအားဖြင့်ပသခါ ပွဲကို၎င်း ၊ အသွေး ဖြန်းဆွတ် ခြင်းကို၎င်း စောင့် လေ၏
၂၈သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကို၎င်း၊ အသွေးဖြန်းဆွတ်ခြင်းကို၎င်း စောင့်လေ၏။
29 ၂၉ ဣသရေလလူတို့သည် ကုန်းကြောင်း သွား သကဲ့သို့ ၊ ယုံကြည် ခြင်းအားဖြင့်ဧဒုံ ပင်လယ် အလယ်၌ ရှောက်သွား ရကြ၏။ ထို သူတို့ နည်းတူအဲဂုတ္တု လူတို့သည် သွား မည်အားထုတ် သောအခါ နစ်မြုပ် ကြ၏
၂၉ဣသရေလလူတို့သည် ကုန်းကြောင်းသွား သကဲ့သို့၊ ယုံကြည်ခြင်းအားဖြင့် ဧဒုံပင်လယ်အလယ်၌ ရှောက်သွားရကြ၏။ ထိုသူတို့ နည်းတူအဲကုတ္တုလူတို့သည် သွားမည်အားထုတ်သောအခါ နစ်မြုပ်ကြ၏။
30 ၃၀ ယေရိခေါ မြို့ကို ခုနစ် ရက် ပတ်လုံး ဝိုင်း ၍ လှည့်ပြီးမှ၊ ယုံကြည် ခြင်းအားဖြင့်မြို့ရိုး သည် ပြိုလဲ ၏
၃၀ယေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံးဝိုင်း၍ လှည့်ပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ၏။
31 ၃၁ ပြည်တန်ဆာ ရာခပ် သည် သူလျှို တို့ကို အဆွေ ဖွဲ့၍ လက်ခံ သောကြောင့်၊ မယုံကြည် သောသူ တို့နှင့်အတူမ ပျက်စီး ဘဲ၊ ယုံကြည် ခြင်းအားဖြင့်ချမ်းသာရ၏
၃၁ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့် အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။
32 ၃၂ ထိုမှတစ်ပါး ၊ အဘယ်သို့ ပြော စရာရှိသေး သနည်း။ ဂိဒေါင် ၊ ဗာရက် ၊ ရှံဆုန် ၊ ယေဖသ ၊ ဒါဝိဒ် ၊ ရှမွေလ မှစ၍ ပရောဖက် တို့အကြောင်း များကို ပြော ၍မကုန်နိုင်
၃၂ထိုမှတပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေ လမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။
33 ၃၃ ထိုသူ တို့သည် ယုံကြည် ခြင်းအားဖြင့် အခြားသောတိုင်း နိုင်ငံကိုအောင် ခြင်း၊ တရား သဖြင့် စီရင် ခြင်း၊ ဂတိ တော်ကိုဝင်စား ခြင်း၊ ခြင်္သေ့ နှုတ် ကိုပိတ် ခြင်း၊
၃၃ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံကိုအောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကိုဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊
34 ၃၄ မီး အရှိန် ကိုငြိမ်း စေခြင်း ဓား လက်နက်ဘေး နှင့်ကင်းလွတ် ခြင်း၊ အနာ မှ ထမြောက်၍ကျန်းမာ ခြင်း၊ စစ်တိုက် သောအခါ ခွန်အား နှင့်ပြည့်စုံ ခြင်း၊ တစ်ပါး အမျိုးသားတို့၏ တပ် များကို ဖျက်ဆီး ခြင်းအမှုများကို ပြုကြ၏
၃၄မီးအရှိန်ကိုငြိမ်းစေခြင်း တားလက်နက်ဘေးနှင့်ကင်းလွတ်ခြင်း၊ အနာမှထမြောက်၍ကျန်းမာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံခြင်း၊ တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ၏။
35 ၃၅ မိန်းမ တို့သည်လည်း၊ သေ ခြင်းမှ ထမြောက် သော မိမိ တို့သားကို ရ ပြန်ကြ၏။ အချို့ သောသူတို့သည်၊ သာ၍ မြတ်သော ထမြောက် ခြင်းသို့ ရောက် လိုသောငှာ၊ လွှတ် ခြင်းကိုမ ခံ မယူဘဲ ပြင်းစွာ သောညှဉ်းဆဲခြင်းကို ခံကြ၏
၃၅မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။
36 ၃၆ အချို့ သောသူတို့သည် ကဲ့ရဲ့ ရိုက်ပုတ် ခြင်း၊ ချည်နှောင် ခြင်းကိုခံ၍ ထောင် ထဲမှာနေရသဖြင့်၊ စုံစမ်း ခြင်း ကို ခံရ ကြ၏
၃၆အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်း ကို ခံရကြ၏။
37 ၃၇ ကျောက်ခဲ နှင့်ပစ်ခြင်း၊ လွှ နှင့်အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ စုံစမ်း နှောင့်ရှက်ခြင်း၊ ဓား လက်နက်နှင့် ကွပ်မျက် ခြင်းခံရကြ၏။ အလွန်ဆင်းရဲ လျက် ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ ၊ ဆိတ် ရေ ကို ဝတ်၍ လှည့်လည် ရကြ၏
၃၇ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ် မျက်ခြင်းခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည် ရကြ၏။
38 ၃၈ ဤလောက သည် ထိုသူ တို့နှင့် မ ထိုက် မတန်။ သူတို့သည် တော ကြိုတောင် ကြား၊ ဥမင် မြေ တွင်း ထဲမှာ အပြောင်းပြောင်း အလည်လည်နေရကြ၏
၃၈ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်း အလည်လည်နေရကြ၏။
39 ၃၉ ထိုသူ အပေါင်း တို့သည် ယုံကြည် ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိ တော်အတိုင်း အကျိုးကျေးဇူးကို မ ခံရ ကြ
၃၉ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။
40 ၄၀ အဘယ်ကြောင့်နည်း ဟူမူကား၊ ထိုသူတို့သည် ငါ တို့မ ပါဘဲ စုံလင် ခြင်းသို့မ ရောက်ရမည်အကြောင်း ၊ ဘုရားသခင် သည် ငါ တို့အဘို့ အလိုငှာသာ၍ မြတ်သော ကျေးဇူး ကိုကြံစည် တော်မူ၏။
၄၀အဘယ်ကြောင့်နည်း ဟူမူကား၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့မရောက်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့အဘို့ အလိုငှါ သာ၍မြတ်သော ကျေးဇူးကိုကြံစည်တော်မူ၏။