< ဟေဗြဲ 10 >

1 တနည်းကား၊ ပညတ် တရားသည် နောက်ဖြစ် လတံ့သော မင်္ဂလာ အကျိုးတို့၏ သေချာသော ပုံ သဏ္ဌာန် ကိုမ ပြ၊ အရိပ် ကိုသာပြ သည်ဖြစ်၍၊ နှစ် စဉ်မပြတ်ပူဇော် သောယဇ် အားဖြင့် အထံတော်သို့ ချဉ်းကပ် သောသူ တို့ကို စုံလင် ခြင်းအဖြစ်၌ မ တည် စေနိုင် ရာ
For the law is only a shadow of the good things to come, not the realities themselves. It can never, by the same sacrifices offered year after year, make perfect those who draw near to worship.
2 တည်စေနိုင်လျှင်၊ ဝတ်ပြု သောသူ တို့သည် တစ်ခါ တည်းနှင့် စင်ကြယ် ခြင်းသို့ ရောက်ပြီးမှ၊ နောက်တဖန်သံဝေဂ တရားရ စရာအကြောင်း အလျှင်းမ ရှိသည်ဖြစ်သောကြောင့် ၊ ထိုယဇ်တို့ကို တစ်ခါတည်းသာပူဇော်၍၊ နောက်တဖန်မ ပူဇော် ဘဲနေ ရကြမည်မဟုတ်လော
If it could, would not the offerings have ceased? For the worshipers would have been cleansed once for all, and would no longer have felt the guilt of their sins.
3 ယခုမူကား ယဇ် ပူဇော်သည်တွင် အပြစ် များကို နှစ် တိုင်းအောက်မေ့ ခြင်းရှိ၏
Instead, those sacrifices are an annual reminder of sins,
4 အကြောင်းမူကား ၊ နွား ၊ ဆိတ် ၏အသွေး သည် အပြစ် ကို မ ပယ် နိုင်ရာ
because it is impossible for the blood of bulls and goats to take away sins.
5 ထိုကြောင့် ၊ ခရစ်တော်သည် ဤလောက သို့ ကြွလာ သောအခါ၊ အိုဘုရားသခင် ၊ ကိုယ်တော်သည် ယဇ် နှင့် ပူဇော်သက္ကာ ကို အလို တော်မ ရှိ သည်ဖြစ်၍၊ အကျွန်ုပ် အဘို့ကိုယ်ခန္ဓာ ကို ပြင်ဆင် တော်မူပြီ
Therefore, when Christ came into the world, He said: “Sacrifice and offering You did not desire, but a body You prepared for Me.
6 မီးရှို့ ရာယဇ်နှင့် အပြစ် ဖြေရာ ယဇ်များကို အားရနှစ်သက် တော် မ မူသောအခါ၊ ကျမ်းစာ လိပ် ၌ အကျွန်ုပ် ကို အမှတ် ပြု၍ ရေး ထားသည်နှင့်အညီ၊
In burnt offerings and sin offerings You took no delight.
7 အကျွန်ုပ်သည် ကိုယ်တော် ၏အလို ကို ဆောင် အံ့သောငှာသွား ပါမည်ဟု အကျွန်ုပ်ဝန်ခံ ပါသည်ဟု လျှောက်ဆို ၏
Then I said, ‘Here I am, it is written about Me in the scroll: I have come to do Your will, O God.’”
8 ပညတ် တရားအတိုင်း ပြုရသော ဝတ် ကိုရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ ရာယဇ်၊ အပြစ် ဖြေရာ ယဇ်အစ ရှိသောယဇ် များနှင့် ပူဇော် သက္ကာများတို့ကို ကိုယ်တော်သည် အလို တော်မ ရှိ၊ အားရနှစ်သက် တော် မ မူဟု အထက် ကဆို နှင့်ပြီးမှ၊
In the passage above He says, “Sacrifices and offerings, burnt offerings and sin offerings You did not desire, nor did You delight in them” (although they are offered according to the law).
9 တဖန်တုံ ၊ အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော် ၏ အလို ကို ဆောင် အံ့သောငှာသွား ပါမည်ဟု ဆို သည်တွင်၊ ဒုတိယ ဝတ်ကို တည် စေခြင်းငှာ ပဌမ ဝတ်ကို ပယ် ၏
Then He adds, “Here I am, I have come to do Your will.” He takes away the first to establish the second.
10 ၁၀ ထို အလို တော်နှင့်အညီ ယေရှု ခရစ် ၏ ကိုယ် တော်ကို တစ်ခါ တည်း ပူဇော် သောအားဖြင့် ၊ ငါတို့သည် စင်ကြယ် ခြင်းသို့ ရောက် ကြ၏
And by that will, we have been sanctified through the sacrifice of the body of Jesus Christ once for all.
11 ၁၁ ယဇ် ပုရောဟိတ်မည်သည်ကား ၊ နေ့တိုင်း ဝတ်ပြု လျက်၊ အပြစ် ကို မ ဖြေ နိုင် သော ယဇ် ကို အထပ်ထပ် အဖန်ဖန်ပူဇော် လျက်ရပ် နေရ၏
Day after day every priest stands to minister and to offer again and again the same sacrifices, which can never take away sins.
12 ၁၂ ထိုသခင် မူကား ၊ အပြစ် ကိုဖြေခြင်းငှာ ယဇ် တစ်ခု တည်းကို ပူဇော် ပြီးမှစ၍၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ အစဉ်အမြဲ ထိုင် ၍
But when this Priest had offered for all time one sacrifice for sins, He sat down at the right hand of God.
13 ၁၃ မိမိ ရန်သူ တို့ကို မိမိ ခြေ တင် ရာမ ချ မထားမှီတိုင်အောင်မြော်လင့် လျက် နေ တော်မူ၏
Since that time, He waits for His enemies to be made a footstool for His feet,
14 ၁၄ အကြောင်းမူကား ၊ စင်ကြယ် သောသူ တို့သည် ထာဝရ စုံလင် ခြင်းငှာ၊ တစ်ခါ တည်းပူဇော် ခြင်းအားဖြင့် ပြုတော်မူ၏
because by a single offering He has made perfect for all time those who are being sanctified.
15 ၁၅ ထိုသို့နှင့်အညီ၊ သန့်ရှင်း သောဝိညာဉ် တော်သည် ငါ တို့အား သက်သေ ပေးတော်မူသည်မှာ
The Holy Spirit also testifies to us about this. First He says:
16 ၁၆ နောင် ကာလ အခါသူ တို့၌ ငါပေး သော ပဋိညာဉ် တရား ဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ ပညတ် တို့ကို သူ တို့နှလုံး ထဲမှာ ပေးသွင်း မည်။ သူ တို့စိတ် ဝိညာဉ်၏အပေါ်မှာ ရေး ထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ
“This is the covenant I will make with them after those days, declares the Lord. I will put My laws in their hearts and inscribe them on their minds.”
17 ၁၇ တဖန်တုံ ၊ သူ တို့ပြစ်မှား ခြင်း၊ လွန်ကျူး ခြင်း အမျိုးမျိုးကို ငါမ အောက်မေ့ဘဲ နေ မည်ဟု လာ သတည်း
Then He adds: “Their sins and lawless acts I will remember no more.”
18 ၁၈ ထိုအပြစ် တို့ကို လွှတ် ပြီးလျှင် နောက်တစ်ဖန်အပြစ် ဖြေသော ပူဇော်သက္ကာ ကို ပြုစရာအကြောင်း မရှိ
And where these have been forgiven, an offering for sin is no longer needed.
19 ၁၉ ထိုကြောင့် ညီအစ်ကို တို့၊ ယေရှု ၏ကိုယ်ခန္ဓာ တော်တည်းဟူသော ကုလားကာ အားဖြင့် ထိုသခင် ပြင်ဆင် တော်မူသော အသက် လမ်း သစ် တွင်၊
Therefore, brothers, since we have confidence to enter the Most Holy Place by the blood of Jesus,
20 ၂၀ ငါတို့သည် သန့်ရှင်း ရာဌာနထဲသို့၊ အသွေး တော်ကိုအမှီပြု၍ အဆီးအတား မရှိ၊ ဝင် ရသောအခွင့်ရှိသဖြင့်၎င်း၊
by the new and living way opened for us through the curtain of His body,
21 ၂၁ ဘုရားသခင် ၏အိမ် တော်ကို အုပ်စိုးသော ယဇ် ပုရောဟိတ်မင်း ရှိ သဖြင့်၎င်း၊
and since we have a great priest over the house of God,
22 ၂၂ ငါတို့သည် သစ္စာ နှင့် ပြည့်စုံသော သဘော ရှိ၍၊ ဝိစိကိစ္ဆာ နှင့် ကင်းသောယုံကြည် ခြင်း၌ တည်လျက်၊ စိတ်နှလုံး ကို သံဝေဂ တရားနှင့်လွတ်အောင်ဖြန်း ခြင်း၊ ကိုယ် ကာယကိုလည်း ကြည်သာ ရေ ဖြင့် ဆေးကြော ခြင်း ရှိပြီးမှ ၊ အထံတော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့
let us draw near with a sincere heart in full assurance of faith, having our hearts sprinkled to cleanse us from a guilty conscience and our bodies washed with pure water.
23 ၂၃ မြော်လင့် ခြင်းအကြောင်းကို ဝန်ခံ ၍ မတိမ်းယိမ်း မရွေ့လျော့ဘဲ တည်ကြည် ကြကုန်အံ့အကြောင်းမူကား ၊ ဂတိ ထားတော်မူသော သူ သည် သစ္စာ နှင့်ပြည့်စုံတော်မူ၏
Let us hold resolutely to the hope we profess, for He who promised is faithful.
24 ၂၄ ထိုမှတစ်ပါး မေတ္တာ စိတ် ရှိစေခြင်းငှာ၎င်း၊ ကောင်း သောအကျင့် ကို ကျင့်စေခြင်းငှာ၎င်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ထောက်စာ ကြည့်ရှုကြကုန်အံ့
And let us consider how to spur one another on to love and good deeds.
25 ၂၅ လူအချို့ တို့၏ ထုံးစံ ရှိသည်အတိုင်း ၊ အချင်းချင်း စည်းဝေး ခြင်းအမှုကို မ ရှောင် မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်း နှိုးဆော်ကြလော့။ ကာလ အချိန် ရောက် လုနီးသည်ကို ထောက် သဖြင့်၊ သာ၍ ကြိုစား ကြလော့
Let us not neglect meeting together, as some have made a habit, but let us encourage one another, and all the more as you see the Day approaching.
26 ၂၆ အကြောင်းမူကား ၊ သမ္မာတရား ကို သိ ပြီးမှ ကိုယ် အလိုသို့လိုက်၍ပြစ်မှား ပြန်လျှင်၊ နောက်တဖန်အပြစ် ဖြေသောယဇ်ကို ပူဇော် ရာအခွင့် မ ရှိ ဘဲ၊
If we deliberately go on sinning after we have received the knowledge of the truth, no further sacrifice for sins remains,
27 ၂၇ ဒဏ် စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက် ဘွယ်သော မြော်လင့် ရသောအကြောင်း၊ ငြင်းဆန် သော သူတို့ကို ဖျက်ဆီး ဘို့ရာအမျက် တော် မီး လောင်ခြင်းကို ခံရ သောအကြောင်းရှိ၏
but only a fearful expectation of judgment and of raging fire that will consume all adversaries.
28 ၂၈ မောရှေ ၏ တရား ကိုပယ် သော သူမည်သည်ကား၊ သက်သေခံ နှစ် ဦးသုံး ဦးရှိလျှင်၊ သနား ခြင်းကို မ ခံရဘဲ သေ ရ၏
Anyone who rejected the law of Moses died without mercy on the testimony of two or three witnesses.
29 ၂၉ ထိုမျှမက၊ ဘုရားသခင် ၏ သား တော်ကို ခြေဖြင့်ကျော်နင်း လျက်၊ မိမိကိုစင်ကြယ် စေသော ပဋိညာဉ် တရား၏ သွေး ကိုအပြစ်တင်လျက်၊ ဆု ကျေးဇူးကိုပေးသော ဝိညာဉ် တော်ကို မထီမဲ့မြင် ပြုလျက်ရှိသော သူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒဏ် ဖြင့် ခံထိုက် သည်ကို သင်တို့ ထင် ကြသနည်း
How much more severely do you think one deserves to be punished who has trampled on the Son of God, profaned the blood of the covenant that sanctified him, and insulted the Spirit of grace?
30 ၃၀ ငါ သည်အပြစ်တရားကိုစီရင် ပိုင်၏။ အပြစ်နှင့်အလျောက် ငါ ဆပ်ပေး မည်ဟူ၍၎င်း၊ ထာဝရ ဘုရားသည် မိမိ လူ တို့အဘို့ တရား စီရင်မည်ဟူ၍၎င်း မိန့် တော်မူသောသူ ကို ငါတို့သည် အမှန်သိ ကြ၏
For we know Him who said, “Vengeance is Mine; I will repay,” and again, “The Lord will judge His people.”
31 ၃၁ အသက် ရှင်တော်မူသော ဘုရားသခင် ၏လက် တော်သို့ ကျရောက် ခြင်း အမှုသည် ကြောက်မက် ဘွယ်သောအမှုဖြစ်သတည်း
It is a fearful thing to fall into the hands of the living God.
32 ၃၂ သင်တို့သည် အလင်း သို့ ရောက်ပြီးသည်နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ ညှဉ်းဆဲ ခြင်းကို ခံရသဖြင့်၎င်း၊ ထိုသို့ ခံရသောသူ တို့နှင့် ဆက်ဆံ သော အပေါင်းအဖော်ဖြစ် သဖြင့်၎င်း၊
Remember the early days that you were in the light. In those days, you endured a great conflict in the face of suffering.
33 ၃၃ ကြီးစွာသော ဆင်းရဲ ဒုက္ခဝေဒနာ များကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက် ကာလ အချိန်ကို အောက်မေ့ ကြလော့
Sometimes you were publicly exposed to ridicule and persecution; at other times you were partners with those who were so treated.
34 ၃၄ ထိုအခါသင်တို့သည် အကျဉ်း ခံရသော သူ တို့အတွက် ကြောင့် ကြင်နာ သော စိတ်ရှိရသည်သာမက ၊ ကိုယ် ပစ္စည်း ဥစ္စာများကို သူတစ်ပါးလုယူ ဖျက်ဆီးသော်လည်း ၊ ကိုယ် သုံးစရာဘို့ ကောင်းကင်ဘုံ၌သာ၍ မြတ်သော အမြဲ တည်သောဘဏ္ဍာ ရှိ သည်ကိုသိ ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက် သောစိတ်နှင့် ဝန်ခံ ကြ၏
You sympathized with those in prison and joyfully accepted the confiscation of your property, knowing that you yourselves had a better and permanent possession.
35 ၃၅ ထိုကြောင့် ၊ ကြီးစွာ သောအကျိုး နှင့်ယှဉ်သော သင် တို့၏ ရဲရင့် ခြင်းစိတ်ကို မ စွန့် ကြနှင့်
So do not throw away your confidence; it holds a great reward.
36 ၃၆ ဘုရားသခင် ၏အလို တော်ကိုဆောင် ပြီးမှ၊ ဂတိ တော်အတိုင်း အကျိုးကိုရ မည်အကြောင်း သည်းခံ ခြင်းစိတ်ရှိ ရမည်
You need to persevere, so that after you have done the will of God, you will receive what He has promised.
37 ၃၇ အဘယ်ကြောင့် နည်းဟူမူကား၊ ကြွလာ လတံ့သောသူ သည် မ ဆိုင်း မလင့်ဘဲ၊ မ ကြာမမြင့်မှီ ရောက် တော်မူလိမ့်မည်
For, “In just a little while, He who is coming will come and will not delay.
38 ၃၈ ဖြောင့်မတ် သောသူသည် ယုံကြည် ခြင်းအားဖြင့် အသက်ရှင် လိမ့်မည်။ သို့သော်လည်း ၊ ရွေ့လျော့ လျှင် ၊ ငါ့ စိတ် ဝိညာဉ်သည် ထိုသူ ကို အားရ နှစ်သက်ခြင်းမ ရှိဟုဘုရားသခင် အမိန့်တော်ရှိ ၏
But My righteous one will live by faith; and if he shrinks back, I will take no pleasure in him.”
39 ၃၉ ငါ တို့မူကား ၊ ပျက်စီး ခြင်းသို့ ရောက် အံ့သောငှာရွေ့လျော့ သော သူမ ဟုတ်။ စိတ် ဝိညာဉ်သည် ကယ်တင် ခြင်းသို့ ရောက်အံ့သောငှာယုံကြည် သောသူ ဖြစ်ကြ၏။
But we are not of those who shrink back and are destroyed, but of those who have faith and preserve their souls.

< ဟေဗြဲ 10 >