< ဟေဗြဲ 1 >
1 ၁ ရှေး လွန်လေပြီး သောအခါ ပရောဖက် များအားဖြင့် ဘိုးဘေး တို့အား အထပ်ထပ် အနည်းနည်းဗျာဒိတ် ပေးတော်မူသော ဘုရားသခင် သည်၊ ဤ နောက်ဆုံး ကာလ အခါ မိမိသား တော်အားဖြင့် ငါ တို့အား ဗျာဒိတ် ပေးတော်မူပြီ
In many parts and many ways, God, having spoken long ago to the fathers by the prophets,
2 ၂ ထိုသား တော်ကို အလုံးစုံ တို့၏ အမွေခံ သခင် အရာ၌ ခန့်ထား တော်မူ၏။ သား တော်အားဖြင့် လည်း လောက ဓါတ်တို့ကို တည် တော်မူ၏ (aiōn )
in these last days speaks to us in [His] Son, whom He appointed heir of all things, through whom He also made the ages; (aiōn )
3 ၃ ထိုသား တော်သည် ဘုရားသခင်၏ ဘုန်း တော် ရောင်ခြည် နှင့် ဇာတိ အဖြစ်တော်၏ ပုံ သဏ္ဌာန်ဖြစ် ၍၊ တန်ခိုး နှင့်ပြည့်စုံသော မိမိ အမိန့် တော်အားဖြင့်ခပ်သိမ်း သော အရာတို့ကို မစ တော်မူသောသူဖြစ် လျက်၊ ၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့်သုတ်သင် ပယ်ရှင်းပြီးလျှင်၊ မြင့် သောအရပ်မှာ တန်ခိုး အာနုဘော်တော်၏ လက်ျာဘက် ၌ ထိုင် တော်မူ၏
who being the brightness of the glory, and the impress of His subsistence, bearing up also all things by the saying of His might—having made a cleansing of our sins through Himself, sat down at the right hand of the Greatness in the highest,
4 ၄ ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ် သော ဘွဲ့နာမ တော်ကို ခံရ သည်နှင့်အညီ၊ ကောင်းကင်တမန် တို့ထက် ကြီးမြတ် သော သူဖြစ် တော်မူ၏
having become so much better than the messengers, as He inherited a more excellent name than them.
5 ၅ အကြောင်းမူကား ၊ သင် သည်ငါ့ သား ဖြစ် ၏။ ယနေ့ ပင်သင့် ကို ငါ ဖြစ်ဘွား စေပြီဟူ၍၎င်း၊ ငါ သည်သူ ၏ အဘ ဖြစ် မည်၊ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်ဟူ၍၎င်း၊ အဘယ် မည်သော ကောင်းကင် တမန်ကို တစ်ခါမျှ မိန့် တော်မူသနည်း
For to which of the messengers did He ever say, “You are My Son—today I have begotten You?” And again, “I will be to Him for a Father, and He will be to Me for a Son?”
6 ၆ တနည်း ကား၊ သားဦး ကို ဤလောက သို့ သွင်း တော်မူသောအခါ ၊ ဘုရားသခင် ၏ ကောင်းကင်တမန် အပေါင်း တို့သည် ထိုသူ ကို ပြပ်ဝပ် ကိုးကွယ်ကြစေဟု လာ သတည်း
And when again He may bring the firstborn into the world, He says, “And let them worship Him—all messengers of God”;
7 ၇ တနည်း ကား၊ မိမိ တမန် တို့ကို လေ ကဲ့သို့၎င်း ၊ မိမိ အစေအပါး တို့ကို မီးလျှံ ကဲ့သို့၎င်း၊ ဖြစ် စေတော်မူထ သောဟု ကောင်းကင်တမန် တို့ကို ရည်ဆောင်၍ ဆို သတည်း
and to the messengers, indeed, He says, “The [One] who is making His messengers spirits, and His ministers a flame of fire”;
8 ၈ သား တော်ကိုကား၊ အိုဘုရားသခင် ၊ ကိုယ်တော် ၏ ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် နိုင်ငံ သည် တရား သဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏ (aiōn )
but to the Son: “Your throne, O God, [is] throughout the age of the age; The scepter of righteousness [is the] scepter of Your kingdom; (aiōn )
9 ၉ ကိုယ်တော်သည် ဖြောင့်မတ် ခြင်းတရားကို နှစ်သက် ၍၊ မတရား သောအမှုကို မုန်း တော်မူ၏။ ထိုကြောင့် အိုဘုရားသခင် ၊ ကိုယ်တော် ၏ ဘုရားသခင် သည် ကိုယ်တော် ၏ အပေါင်းအဖော် တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက် ခြင်းဆီ နှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း
You loved righteousness, and hated lawlessness; Because of this He anointed You—God, Your God—With oil of gladness above Your partners”;
10 ၁၀ တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော် သည် ရှေးဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်း ကောင်းကင်သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာ ဖြစ် ပါ၏
and, “You, LORD, founded the earth at the beginning, And the heavens are a work of Your hands.
11 ၁၁ ထိုအရာ တို့သည် ပျက်စီး ခြင်းသို့ ရောက်သော်လည်း ကိုယ်တော် သည် အမြဲတည် တော်မူ၏။ ထိုအရာရှိသမျှ တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ရောက်၍ ၊ ကိုယ်တော်သည် ဝတ်လုံ ကို လိပ် သကဲ့သို့ လိပ် တော်မူသဖြင့်ပြောင်းလဲ ခြင်းရှိကြသော်လည်း
These will perish, but You remain, And all will become old as a garment,
12 ၁၂ ကိုယ်တော် သည် ပြောင်းလဲ တော်မမူပါ။ အသက် တော်လည်း မ ကုန် မဆုံးရပါဟု လာသတည်း
And You will roll them together as a mantle, and they will be changed, But You are the same, and Your years will not fail.”
13 ၁၃ ထိုမှတစ်ပါး၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင်ရာ ငါချ မ ထားမှီတိုင်အောင်ငါ့ လက်ျာဘက် ၌ ထိုင် နေ လော့ဟု၊ အဘယ် မည်သော ကောင်းကင် တမန်ကို တစ်ခါမျှ မိန့် တော်မူဘူးသနည်း
And to which of the messengers did He ever say, “Sit at My right hand, Until I may make Your enemies Your footstool?”
14 ၁၄ ကောင်းကင်တမန်များတို့ကား၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အမွေခံ လတံ့ သော သူ တို့ကို ပြုစု စေခြင်းငှာ၊ စေလွှတ် တော်မူသော အစေခံ နံဝိညာဉ် ဖြစ် ကြသည် မ ဟုတ်လော။
Are they not all spirits of service—being sent forth for ministry because of those about to inherit salvation?