< ဟဂ္ဂဲ 2 >
1 ၁ သတ္တမ လ နှစ်ဆယ် တ ရက်နေ့တွင် ၊ ပရောဖက် ဟဂ္ဂဲ အားဖြင့် ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက် လာ၍၊
၁ထာဝရဘုရားသည်ထိုနှစ်သတ္တမလနှစ် ဆယ့်တစ်ရက်နေ့၌ ပရောဖက်ဟ္ဂဲမှတစ်ဆင့် ထာဝရဘုရား၏နှုတ်ကပတ်တော်က၊-
2 ၂ သင်သည် ယုဒ မြို့ဝန် ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု မှစ၍ကျန် ကြွင်းသောသူ တို့အား ဆင့်ဆို ရမည်မှာ၊
၂ကိုယ်တော်ကဟ္ဂဲအားဤသို့ပြောကြားစေ တော်မူပါ၏။ ကိုယ်တော်က၊ သင်သည်ယုဒ ဘုရင်ခံဇေရုဗဗေလ၊ ယဇ်ပုရောဟိတ် မင်းယောဇဒတ်၏သားယောရှုနှင့်ကျန် ကြွင်းသောပြည်သူတို့အား၊-
3 ၃ ဤ အိမ် တော်သည် ရှေး ဘုန်း နှင့် ပြည့်စုံသည်ကို မြင် ဘူး၍ သင် တို့တွင် ကျန် ကြွင်းသော သူ ကား အဘယ်သူ နည်း။ ယခု အဘယ် အရာကို မြင် သနည်း။ နှိုင်းယှဉ်လျှင် သင် တို့မျက်မှောက် ၌ အဘယ် မျှမဟုတ်သကဲ့သို့ ဖြစ်သည်မ ဟုတ်လော။
၃``ယခင်အခါကဗိမာန်တော်သည်အဘယ်မျှ တင့်တယ်လှပတော်မူခဲ့ကြောင်းကို မှတ်မိသူ တစ်စုံတစ်ယောက်သင်တို့တွင်ရှိပါသလော။ ယခုအခါဤဗိမာန်တော်ကိုသင်တို့အဘယ် သို့တွေ့မြင်ကြရပါသနည်း၊ ယင်းသည် ဘာမျှမဟုတ်သကဲ့သို့ဖြစ်၍နေပေမည်။-''
4 ၄ သို့သော်လည်း ၊ အိုဇေရုဗဗေလ ၊ အား ယူလော့ ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ အို ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု ၊ အား ယူလော့။ အိုပြည် သူ ပြည် သားအပေါင်း တို့၊ အား ယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
၄သို့ရာတွင် အို ပြည်သူအပေါင်းတို့၊ စိတ်အား မငယ်ကြနှင့်။ ငါသည်သင်တို့နှင့်အတူရှိ သည်ဖြစ်၍မိမိတို့လုပ်ဆောင်ရန်ရှိသည့် အမှုကိုသာသင်တို့လုပ်ဆောင်ကြလော့''ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့် တော်မူ၏။-
5 ၅ အဲဂုတ္တု ပြည်မှ ထွက် သောအခါ သင် တို့နှင့် ငါဖွဲ့ သော ပဋိညာဉ်စကား နှင့်အညီ ငါ သည် သင် တို့နှင့်အတူ ရှိ၏။ ငါ ၏ဝိညာဉ် တော်သည် သင် တို့တွင် နေရာ ကျ၏။ မ စိုးရိမ် ကြနှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၅အီဂျစ်ပြည်မှသင်တို့ပြန်လာကြစဉ် အခါက ငါသည်သင်တို့နှင့်အစဉ်အတူ ရှိမည်ဟုကတိပြုခဲ့သည့်အတိုင်း ယခု တိုင်အောင်ပင်သင်တို့နှင့်ငါအတူရှိ၏။ သို့ဖြစ်၍မကြောက်ကြနှင့်။''
6 ၆ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကာလမကြာမမြင့် မှီကောင်းကင် ၊ မြေကြီး ၊ ပင်လယ် ၊ ကုန်း တို့ကို တဖန် ငါ လှုပ် ဦးမည်။
၆အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မကြာမီပင်မိုးကောင်းကင်နှင့်မြေ ကြီးကိုလည်းကောင်း၊ ကုန်းနှင့်ပင်လယ် ကိုလည်းကောင်းတုန်လှုပ်စေ၍၊-
7 ၇ လူမျိုး အပေါင်း တို့ကိုလည်း ငါလှုပ် ဦးမည်။ လူမျိုး အပေါင်း တို့ နှစ်သက် ဘွယ်သောအရာသည် ရောက် ၍ ၊ ဤ အိမ် ကို ဘုန်း နှင့် ငါပြည့်စုံ စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၇လူမျိုးတကာတို့အားဖြိုခွင်းပစ်မည်။ ထို သူတို့၏ရွှေငွေဘဏ္ဍာများကို ဤအရပ်သို့ လူတို့အားယူဆောင်လာစေမည်။ ဗိမာန် တော်သည်လည်းရွှေငွေဘဏ္ဍာများဖြင့် ပြည့်နှက်လျက်နေလိမ့်မည်ဟု အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။-
8 ၈ ရွှေ နှင့် ငွေ ကို ငါ ပိုင် သည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၈ကမ္ဘာပေါ်တွင်ရှိသမျှသောရွှေငွေတို့ကို ငါပိုင်၏ဟု အနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
9 ၉ နောက် တည်သော ဤ အိမ် တော်သည် အရင် အိမ်တော်ထက် ဘုန်း သာ၍ကြီး လိမ့်မည် ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ ဤ အရပ် ၌ လည်း ငြိမ်သက် ခြင်းကို ငါပေး မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၉ဗိမာန်တော်သစ်သည်ဗိမာန်တော်ဟောင်း ထက်ပို၍တင့်တယ်လှပလိမ့်မည်။ ထိုအရပ် တွင်ငါသည်မိမိ၏လူမျိုးတော်အား ကောင်းစားစေ၍ ငြိမ်းချမ်းသာယာမှုကို ပေးမည်'' ဟုအနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်မှာတော်မူ၏။ ဤကားအနန္တ တန်ခိုးရှင်ထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
10 ၁၀ ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ နဝမ လနှစ်ဆယ် လေး ရက်နေ့ တွင် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော် သည် ပရောဖက် ဟဂ္ဂဲ အားဖြင့်ရောက် လာလျက်၊
၁၀ဧကရာဇ်မင်းဒါရိနန်းစံဒုတိယနှစ်၊ နဝမလ၊ နှစ်ဆယ့်လေးရက်နေ့၌အနန္တ တန်ခိုးရှင်ထာဝရဘုရား၏နှုတ်ကပတ် တော်သည်ပရောဖက်ဟ္ဂဲထံရောက်လာတော် မူပြန်၏။ ကိုယ်တော်က``အကယ်၍လူတစ် ဦးတစ်ယောက်သည် ဘုရားသခင်အား ပူဇော်ထားသည့်အမဲသားကို မိမိ၏ ဝတ်လုံအမြိတ်ဖြင့်ထုပ်၍ယူဆောင်ခဲ့ ပြီးနောက်၊ စပျစ်ရည်၊ သံလွင်ဆီသို့မဟုတ် မည်သည့်အစားအစာမျိုးကိုမဆိုဝတ် လုံနှင့်ထိမိလျှင် ထိုအစားအစာများ သည်လည်းဆက်ကပ်ပူဇော်ရာအစား အစာများဖြစ်သွားမည်မသွားမည် ကို ပညတ်တော်အရအဆုံးအဖြတ် ပေးရန်ယဇ်ပုရောဟိတ်တို့အားမေးမြန်း လော့'' ဟုမိန့်တော်မူပါ၏။ ထိုပြဿနာကိုတင်ပြသောအခါယဇ် ပုရောဟိတ်တို့က``ထိုအစားအစာများ သည်သန့်စင်၍မသွားပါ'' ဟုဖြေကြား ကြ၏။
11 ၁၁ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား က၊ သင်သည် တရား အမှုကို ယဇ်ပုရောဟိတ် ၌ မေးမြန်း ရမည် မှာ၊
၁၁
12 ၁၂ လူ သည် သန့်ရှင်း သော အမဲသား ကို မိမိ အဝတ် နှင့် ထုတ် ၍ ဆောင် ခဲ့လျက် ၊ မုန့် ၊ ဟင်း ၊ စပျစ်ရည် ၊ ဆီ အစရှိသော စားစရာ တစုံတခု ကို ထိုအဝတ် နှင့် ထိ လျှင် ၊ ထိုစားစရာသည် သန့်ရှင်း လိမ့်မည်လောဟု မေးမြန်း သော် ၊ ယဇ် ပုရောဟိတ်တို့က၊ ထိုစားစရာသည် မ သန့်ရှင်းဟု ပြန်ပြော ကြ၏။
၁၂
13 ၁၃ ဟဂ္ဂဲ ကလည်း ၊ အသေ ကောင်အားဖြင့် မ စင်ကြယ်သော သူသည် ထို အရာတစုံတခု ကိုထိ လျှင် ညစ်ညူး ခြင်း ရှိလိမ့်မည်လောဟု မေးမြန်း သော် ၊ ယဇ် ပုရောဟိတ်တို့က၊ ညစ်ညူး ခြင်းရှိလိမ့်မည်ဟု ပြန်ပြော ကြ၏။
၁၃ထိုအခါဟ္ဂဲကလူတစ်ဦးတစ်ယောက် သည် လူသေကောင်နှင့်ထိမိသဖြင့်ညစ်ညမ်း ၍သွားသည်ဆိုငြားအံ့။ ထို့နောက်အကယ် ၍သူသည်အထက်ဖော်ပြပါအစားအစာ များကိုထိမိခဲ့သော် ထိုအရာတို့သည် လည်းညစ်ညမ်း၍သွားပါမည်လောဟု မေးလျှင်၊ ယဇ်ပုရောဟိတ်တို့က``ထိုအရာတို့သည် ညစ်ညမ်း၍သွားပါမည်'' ဟုဆိုကြ၏။
14 ၁၄ ဟဂ္ဂဲ ကလည်း ၊ ဤ လူမျိုး ၊ ဤ ပြည်သား တို့သည် ငါ့ မျက်မှောက် ၌ ထိုအတူဖြစ်ကြ၏။ သူ တို့လုပ်ဆောင် သမျှ သည် လည်း ထိုအတူ ဖြစ်၏။ ငါ့ထံမှာပူဇော် သော အရာသည်လည်း ညစ်ညူး ၏ဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
၁၄ထိုအခါဟ္ဂဲကထိုနည်းတူစွာဤတိုင်း ပြည်သားများတို့နှင့် သူတို့လုပ်ဆောင် သမျှသောအမှုအရာတို့သည်ညစ်ညမ်း သဖြင့် ယဇ်ပလ္လင်ပေါ်တွင်သူတို့တင်လှူသည့် ပူဇော်သကာမှန်သမျှသည်လည်း ညစ်ညမ်း ကြောင်းထာဝရဘုရားမိန့်တော်မူပါ ၏'' ဟုဆိုလေသည်။
15 ၁၅ ထာဝရဘုရား ၏ဗိမာန် တော်၌ ကျောက် တခု ပေါ် မှာ တခုကို မ တင် မှီ၊ ယခု နေ့ မှစ၍ အထက် အမှုကို ပြန်ကြည့်ဆင်ခြင် ကြပါလော့။
၁၅ထာဝရဘုရားကသင်တို့သည်မိမိတို့ ကြုံတွေ့ရသည့်အဖြစ်အပျက်ကိုမသိ မမြင်ကြပါသလော။ ဗိမာန်တော်ကိုပြန် လည်မတည်မဆောက်မီအခါက၊-
16 ၁၆ ထိုကာလတွင် ဆန်အတင်းနှစ်ဆယ် ထွက်ရသော စပါး ပုံသို့ လူလာ သောအခါ တဆယ် ကိုသာ ရ ၏။ စပျစ်ရည် အိုးငါးဆယ် ကို ယူ ခြင်းငှါ စပျစ်သီး နယ်ရာကျင်း သို့ လာ သောအခါ နှစ်ဆယ် ကိုသာ ရ ၏။
၁၆သင်တို့သည်ဂျုံစပါးတင်းနှစ်ဆယ်ရှိမည် ဟုခန့်မှန်းရသည့်စပါးပုံသို့သွားရောက် သောအခါ ဆယ်တင်းသာတွေ့ရကြသည် မဟုတ်ပါလော၊ စပျစ်ရည်အချိန်ငါးဆယ် ရရှိလိမ့်မည်ဟုဆိုကာ၊ စပျစ်ရည်စည် ကြီးသို့သွားသောအခါအချိန်နှစ်ဆယ် သာတွေ့ရှိရသည်မဟုတ်ပါလော။-
17 ၁၇ သင် တို့လုပ်ဆောင် သမျှ တို့တွင် လေထိ၍ အပင်သေဘေး၊ အရည်ယို၍ သေဘေးဖြင့် ငါသည် ဒဏ်ခတ် ခဲ့ပြီ။ သို့သော်လည်း ၊ သင် တို့သည် ငါ့ ထံ သို့ပြန်၍ မလာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၇ငါသည်သင်တို့ကြိုးစား၍စိုက်ပျိုးသမျှ သော သီးနှံပင်များကိုလေပူအားဖြင့်လည်း ကောင်း၊ ပိုးထိ၍နွမ်းရိစေခြင်းဖြင့်လည်း ကောင်း၊ မိုးသီးများအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်ခဲ့၏။ သို့နှင့်လည်းသင်တို့ သည်နောင်တမရကြ။-
18 ၁၈ ထာဝရဘုရား ၏ဗိမာန် တော်တိုက်မြစ် ကျ၍၊ နဝမ လ နှစ်ဆယ် လေး ရက်နေ့ ၊ ယခု နေ့ မှစ၍ ရှေ့သို့ မျှော်ကြည့် ဆင်ခြင် ကြပါလော့။ ဆင်ခြင် ရမည် အကြောင်းအရာ ဟူမူကား၊
၁၈ယနေ့သည်ဗိမာန်တော်အုတ်မြစ်ချမှုပြီး ဆုံးသည့်နေ့၊ နဝမလ၊ နှစ်ဆယ့်လေးရက် နေ့ဖြစ်၏။ ထိုနေ့မှစ၍ရှေ့တွင်မည်သို့ဖြစ် လာလိမ့်မည်ကိုသင်တို့ရှုမှတ်ကြလော့။ သေချာရှုမှတ်လော့။-
19 ၁၉ စပါး ကျီ၌ စပါး ရှိသလော။ မရှိ။ စပျစ် ပင်၊ သင်္ဘောသဖန်း ပင်၊ သလဲ ပင်၊ သံလွင် ပင် တို့သည် အသီး ကို မ သီးကြသေး။ သို့သော်လည်း၊ ယနေ့ မှစ၍ သင်တို့ကို ငါကောင်းကြီး ပေးမည်ဟု မိန့်တော်မူ၏။
၁၉သင်တို့တွင်ဂျုံစပါးမကျန်မရှိတော့ဘဲ စပျစ်ပင်များ၊ သဖန်းပင်များနှင့်သံလွင် ပင်များလည်းအသီးမသီးကြသေး။ သို့ ရာတွင်ငါသည်ယခုမှစ၍သင်တို့အား ကောင်းချီးပေးမည်'' ဟုမိန့်တော်မူပါ၏။
20 ၂၀ ထိုလ နှစ်ဆယ် လေး ရက်နေ့တွင် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ဟဂ္ဂဲ သို့ တဖန် ရောက် လာ၍၊
၂၀ထိုလနှစ်ဆယ့်လေးရက်နေ့၌ပင်လျှင် ဒုတိယအကြိမ်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ဟ္ဂဲအား၊-
21 ၂၁ သင်သည် ယုဒ မြို့ဝန် ၊ ဇေရုဗဗေလ ကို ဆင့် ဆိုရမည်မှာ၊ ငါ သည် ကောင်းကင် နှင့် မြေကြီး ကို လှုပ် မည်။
၂၁ယုဒဘုရင်ခံဇေရုဗဗေလအတွက် ကိုယ် တော်က``ငါသည်မိုးကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုတုန်လှုပ်စေ၍၊-
22 ၂၂ တိုင်း နိုင်ငံတို့၏ ရာဇ ပလ္လင်များကို မှောက်လှန် ၍ ၊ အမျိုးမျိုး သော တိုင်း နိုင်ငံတန်ခိုး ကို ဖျက်ဆီး မည်။ ရထား နှင့် ရထား စီး သူရဲတို့ ကိုလည်း မှောက်လှန် မည်။ မြင်း နှင့် မြင်း စီး သူရဲ တို့သည် တယောက် ကို တယောက်ခုတ် ၍ လဲ ကြလိမ့်မည်။
၂၂တိုင်းနိုင်ငံတို့ကိုဖြိုခွင်းကာသူတို့၏တန် ခိုးအာဏာကိုပျက်သုဉ်းစေမည်။ စစ်မြင်း ရထားများကိုရထားထိန်းများနှင့်တကွ မှောက်လှန်ပစ်မည်။ မြင်းတို့သည်သေကြ လိမ့်မည်။ မြင်းစီးသူရဲတို့သည်လည်း အချင်းချင်းသတ်ဖြတ်ကြလိမ့်မည်။-
23 ၂၃ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ရှာလသေလ သား ၊ ငါ့ ကျွန် ဇေရုဗဗေလ ၊ ထိုအခါ သင့် ကိုငါယူ ၍ တံဆိပ် လက်စွပ်ကဲ့သို့ ခန့် ထားမည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ သင့် ကို ငါရွေးချယ် ပြီဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၃ငါ၏ကျွန်ရင်းဇေရုဗဗေလ၊ ထိုနေ့၌ ငါသည်သင့်ကိုခေါ်ယူကာငါ့ကိုယ်စား အုပ်ချုပ်စေမည်။ သင်ကားငါရွေးချယ်ထား သောသူပေတည်း'' ဟုမိန့်တော်မူပါ၏။ ဤ ကားအနန္တတန်ခိုးရှင်ထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။ ပရောဖက်ဟ္ဂဲစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။