< ဟဗက္ကုတ် 1 >
1 ၁ ပရောဖက် ဟဗက္ကုတ် ခံရ သော ဗျာဒိတ် တော် အချက်ဟူမူကား၊
၁ဤသတင်းစကားသည်ပရောဖက်ဟဗက္ကုတ်အား ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော်ဖြစ်ပေသည်။
2 ၂ အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကြား တော် မ မူဘဲ၊ အဘယ် မျှကာလ ပတ်လုံးအကျွန်ုပ်အော်ဟစ် ရပါ မည်နည်း။ ကယ်တင် တော်မ မူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ် ရပါမည်နည်း။
၂ကျွန်တော်မျိုးအားအကြမ်းဖက်ခံရမှုမှကယ်တော်မူသည့်တိုင်အောင် ကိုယ်တော်ရှင်မကြားမချင်း``ကူမတော်မူပါ'' ဟုအဘယ်မျှကြာအောင်ဟစ်အော်တောင်းလျှောက်ရပါမည်နည်း။-
3 ၃ မတရား သောအမှုကို အကျွန်ုပ် အား အဘယ်ကြောင့် ပြ တော်မူသနည်း။ အဓမ္မ အမှုကို အဘယ်ကြောင့် မြင် စေတော်မူသနည်း။ လုယူ ခြင်း၊ အနိုင် အထက်ပြုခြင်း အမှုသည် အကျွန်ုပ် ရှေ့ မှာ အဘယ်ကြောင့်ရှိရပါသနည်း။ ငြင်းခုံ ခြင်း၊ ရန်တွေ့ ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြု ရပါသနည်း။
၃ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား ဤသို့သောဆင်းရဲဒုက္ခနှင့်ဆိုးညစ်မှုကိုကြုံတွေ့စေတော်မူပါသနည်း။ ကျွန်တော်မျိုးသည်အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့နှင့်ရင်ဆိုင်၍နေရပါ၏။ နေရာတကာတွင်ခိုက်ရန်ဖြစ်ပွားမှု၊ ငြင်းခုံမှုများကိုလည်းတွေ့မြင်ရပါ၏။-
4 ၄ သို့ဖြစ်၍ တရား လျော့ ပါ၏။ တရား သဖြင့် စီရင် ဆုံးဖြတ်ခြင်းမ ရှိ ပါ။ မ တရားသောသူတို့ သည် ဖြောင့်မတ် သောသူတို့ကို ဝိုင်း သောကြောင့် ၊ မ တရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ၏။
၄တရားဥပဒေသည်ပျော့ညံ့၍အသုံးမဝင်သဖြင့် အဘယ်အခါ၌တရားသဖြင့်စီရင်ဆုံးဖြတ်မှုမပြုနိုင်ကြပါ။ သူယုတ်မာတို့သည်သူတော်ကောင်းများကိုအနိုင်ရကြသည်ဖြစ်၍ တရားစီရင်မှုသည်အမှောက်မှောက်အမှားမှားဖြစ်လျက်ရှိပါတော့၏။
5 ၅ သစ္စာပျက်သောသူတို့၊ ကြည့်ရှု ဆင်ခြင် ၍ အလွန်မှိုင်တွေ ကြလော့။ အကြောင်း မူကား၊ သင်တို့အား သူတပါး ပြ ညွှန်သော်လည်း သင်တို့မ ယုံ သော အမှုကို သင် တို့လက်ထက် ကာလ၌ ငါပြု ၏။
၅ထိုအခါထာဝရဘုရားကမိမိလူမျိုးတော်အား``သင်တို့သည်မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတကာကို ဆက်လက်စောင့်ဆိုင်းကြည့်ရှုနေကြလော့။ ထိုအခါသင်တို့တွေ့မြင်ရသည့်အမှုအတွက်အံ့သြသွားလိမ့်မည်။ ငါသည်သင်တို့ကြား၍ပင်မယုံနိုင်မည့်အမှုတစ်ခုကိုပြုမည်။-
6 ၆ ပြင်းထန် လျင်မြန် သော ခါလဒဲ အမျိုး ကို ငါ နှိုးဆော် ၏။ ကိုယ် မ ပိုင်သော နေရာ အရပ်တို့ကို သိမ်း ယူ ခြင်းငှါ မြေ တပြင်လုံး ၌ ချီ သွားကြလိမ့်မည်။
၆ငါသည်ကြောက်မက်ဖွယ်ကောင်း၍အငြိမ်မနေတတ်သူဗာဗုလုန်အမျိုးသားတို့အားတန်ခိုးကြီးမားလာစေမည်။ သူတို့သည်အခြားနိုင်ငံများကိုနှိမ်နင်းရန် ကမ္ဘာမြေပြင်ကိုဖြတ်၍ချီတက်လာကြလိမ့်မည်။-
7 ၇ အလွန်ကြောက်မက် ဘွယ်သောသူဖြစ်၍ကိုယ် အလိုအလျောက်တရား စီရင်ဆုံးဖြတ်ကြ၏။
၇လူတို့အားကြောက်လန့်တုန်လှုပ်စေလျက် မာန်မာနထောင်လွှားကာတရားလက်လွတ်ပြုကျင့်ကြလိမ့်မည်။
8 ၈ သူ တို့၏ မြင်း သည် ကျားသစ် ထက် လျင်မြန် ၏။ ညဉ့် ၌ လည်သော တောခွေး ထက် ကြမ်းတမ်း ၏။ မြင်းစီးသူရဲ တို့သည် အဝေး က လာ၍ ခုန် ကြလိမ့်မည်။ အကောင်ကို ကိုက်စား ခြင်းငှါ လျင်မြန် သော ရွှေလင်းတ ကဲ့သို့ ပျံ လာ ကြလိမ့်မည်။
၈``သူတို့၏မြင်းများသည်ကျားသစ်ထက်လျင်မြန်၍ အစာဆာလောင်နေသောဝံပုလွေထက်ပင်ကြောက်မက်ဖွယ်ကောင်း၏။ မြင်းစီးသူရဲတို့သည်မြင်းများကို ရပ်ဝေးမှအပြင်းနှင်၍လာကြ၏။ သူတို့၏မြင်းများသည်မြေကိုခွာဖြင့်ရှပ်ကြ၏။ သူတို့သည်အစာကိုချီသုတ်မည့်လင်းယုန်ငှက်ကဲ့သို့တစ်ရှိန်ထိုးမောင်းနှင်လာလေသည်။
9 ၉ ထိုသူ အပေါင်း တို့သည် ညှဉ်းဆဲ ခြင်းငှါ လာ ကြ ၏။ ရှေ့ သို့ သာ မျက်နှာ ပြုသော အလုံး အရင်းဖြစ်၍၊ ဘမ်းမိ သောသူတို့ကို သဲ လုံးနှင့်အမျှ စုဝေး စေကြလိမ့်မည်။
၉``သူတို့၏တပ်များသည်အပြင်းအထန်ရှေ့သို့ချီတက်လျက်တိုက်ခိုက်အောင်မြင်ကြကုန်၏။ သူတို့ဖမ်းဆီးရမိသည့်သုံ့ပန်းများမှာသဲလုံးနှင့်အမျှများပေသည်။-
10 ၁၀ ရှင်ဘုရင် တို့ကို အား မနာ၊ မင်း များတို့ကို ပြက်ယယ်ပြု ကြလိမ့်မည်။ ရဲတိုက် ရှိသမျှ တို့ကို ကဲ့ရဲ့ လျက် ၊ မြေမှုန့် ကို ပုံ ထား၍ တိုက် ယူကြလိမ့်မည်။
၁၀သူတို့သည်ပြည့်ရှင်မင်းများကိုမထီမဲ့မြင်ပြုကြ၏။ မှူးကြီးမတ်ရာတို့ကိုပြက်ရယ်ပြုကြ၏။ သူတို့အားအဘယ်ခံတပ်မျှမတားမဆီးနိုင်။ သူတို့သည်မြေကတုတ်များကိုဖို့လုပ်၍ခံတပ်တို့ကိုတိုက်ခိုက်သိမ်းယူကြလေသည်။-
11 ၁၁ ထိုနောက် ၊ သူတို့သည် သဘောပြောင်းလဲလျက် လွန်ကျူး ၍ အပြစ်ခံရကြလိမ့်မည်။ မိမိ တို့ တန်ခိုး သည် မိမိ တို့ ဘုရား ဖြစ်လေသည်တကား။
၁၁ထိုနောက်မိမိတို့၏တန်ခိုးအာဏာကို ဘုရားအမှတ်ဖြင့်ကိုးကွယ်ကြကုန်သောထိုသူတို့သည် လေကဲ့သို့တဟုန်တည်းပြင်းစွာဖြတ်ကျော်ထွက်ခွာသွားကြ၏'' ဟုမိန့်တော်မူ၏။
12 ၁၂ အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ဘုရား သခင်၊ သန့်ရှင်း တော်မူသောဘုရား၊ ကိုယ်တော် သည် နိစ္စ ထာဝရ တည်တော်မူသည်မ ဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ် တို့သည် သေ ခြင်းနှင့် ကင်းလွတ် ကြပါမည်။ အိုထာဝရ ဘုရား ၊ အကျွန်ုပ်တို့ကို စစ်ကြော စေခြင်းငှါ သူ တို့ကို ခန့် ထားတော်မူပြီ။ အိုကျောက် ထရံ၊ ဆုံးမ စေခြင်းငှါ သူ တို့ကို နေရာ ချတော်မူပြီ။
၁၂အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အစဦးကာလကပင်ဘုရားသခင်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ သန့်ရှင်းမြင့်မြတ်တော်မူလျက်ထာဝရကာလတည်ရှိတော်မူ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရားသခင်ကွယ်ကာရာကျောက်``ကိုယ်တော်ရှင်သည်ဗာဗုလုန်အမျိုးသားတို့ကိုရွေးချယ်တော်မူ၍ ကျွန်တော်မျိုးတို့အားအပြစ်ဒဏ်ခတ်နိုင်စေရန် သူတို့ကိုခွန်အားနှင့်ပြည့်စေတော်မူပြီ။-
13 ၁၃ ကိုယ်တော်သည် ဒုစရိုက် ကို ကြည့်ရှု တော်မမူ။ သန့်ရှင်း သော မျက်စိ ရှိတော်မူ၏။ အဓမ္မ အမှုကို ကြည့်ရှု ၍ နေတော်မ မူတတ် ပါ။ သို့ဖြစ်၍ ၊ သစ္စာ ပျက်သောသူတို့ ကို အဘယ်ကြောင့် ကြည့်ရှု ၍ နေတော်မူသနည်း။ အဓမ္မ လူသည် မိမိ ထက် ဖြောင့်မတ် သောသူကို ကိုက်စား သောအခါ ၊ အဘယ်ကြောင့်တိတ်ဆိတ် စွာ နေတော်မူသနည်း။
၁၃သို့ရာတွင်ကိုယ်တော်ရှင်သည်ဆိုးညစ်သူသစ္စာဖောက်တို့အား အဘယ်သို့လျှင်သည်းခံနိုင်တော်မူပါသနည်း။ ကိုယ်တော်ရှင်၏မျက်စိတော်တို့သည်အလွန်သန့်ရှင်းမြင့်မြတ်လှသည်ဖြစ်၍ဆိုးညစ်မှုကိုကြည့်မရပါ။ ကိုယ်တော်ရှင်သည်လူတို့ဒုစရိုက်ပြုကျင့်မှုကိုလည်းသည်းမခံနိုင်ပါ။ သို့ဖြစ်၍မိမိတို့ထက်ကိုယ်ကျင့်တရားကောင်းမွန်သူတို့အား ထိုသူတို့သုတ်သင်ပယ်ရှင်းကြသောအခါကိုယ်တော်ရှင်သည်အဘယ်ကြောင့်ဆိတ်ဆိတ်နေတော်မူပါသနည်း။
14 ၁၄ လူ သတ္တဝါတို့ကိုလည်း ပင်လယ် ငါး ကဲ့သို့ ၎င်း ၊ မင်း မ ရှိသော ပိုး ကောင်ကဲ့သို့ ၎င်း အဘယ်ကြောင့်ဖြစ် စေတော်မူသနည်း။
၁၄ကိုယ်တော်ရှင်သည်အဘယ်ကြောင့်လူတို့အားငါးများကဲ့သို့လည်းကောင်း၊ မိမိတို့အားအုပ်ချုပ်လမ်းညွှန်မည့်သူမရှိသည့်ပိုးအုံမွှားအုံကဲ့သို့သော်လည်းကောင်းဖြစ်စေတော်မူပါသနည်း။-
15 ၁၅ ရန်သူသည် ထိုသူ အပေါင်း တို့ကို ငါးမျှား နှင့် မျှား လျက်၊ ကွန် နှင့် အုပ် လျက် ၊ ပိုက် နှင့် လှောင် လျက် ဝမ်းမြောက် ရွှင်လန်း တတ်၏။
၁၅ဗာဗုလုန်အမျိုးသားတို့သည်လူတို့အားငါးများသဖွယ် သံချိပ်များဖြင့်ဖမ်းဆီးကြပါ၏။ ပိုက်ကွန်များဖြင့်အုပ်ဖမ်းဆွဲထုတ်နိုင်သဖြင့်ဝမ်းမြောက်ဝမ်းသာဟစ်အော်ကြွေးကြော်ကြပါ၏။-
16 ၁၆ မိမိ ကွန် အား ယဇ် ပူဇော်၍ ၊ မိမိ ပိုက် အား နံ့သာပေါင်းကို မီးရှို့ တတ်၏။ အကြောင်း မူကား၊ ထို တန်ဆာအားဖြင့် ဥစ္စာ ရတတ်၍ ဝ စွာစားရ၏။
၁၆သူတို့သည်မိမိတို့ပိုက်ကွန်များကြောင့်စားဝတ်နေရေးအတွက်အလွန်ချောင်လည်ကြသဖြင့် ထိုပိုက်ကွန်များအားရှိခိုးဝတ်ပြုကာယဇ်များကိုပင်ပူဇော်ကြပါ၏။
17 ၁၇ သို့ဖြစ်၍ ၊ သူ သည် ပိုက်ကွန် ထဲက ငါးတို့ကို သွန်းလောင်း ရပါမည်လော။ လူ အမျိုးမျိုးတို့ကို မ နှမြော ဘဲ အစဉ် လုပ်ကြံ ရပါမည်လော။
၁၇သူတို့သည်မိမိတို့ဋ္ဌားကိုထာဝစဉ်အသုံးပြုလျက် လူမျိုးတကာတို့ကိုရက်စက်စွာသုတ်သင်ဖျက်ဆီးလျက်နေကြပါမည်လော။