< ဟဗက္ကုတ် 3 >
1 ၁ ပရောဖက် ဟဗက္ကုတ် ၏ ပဌနာ စကားတည်းဟူသောရှိဂျောနုတ် သီချင်း၊
2 ၂ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ၏ ဗျာဒိတ် တော်သံကို ကြား ၍ ကြောက်ရွံ့ ပါပြီ။ အိုထာဝရ ဘုရား ၊ ယခုနှစ် များအတွင်း တွင် အမှု တော်ကို ပြုပြင် တော်မူပါ။ ယခုနှစ် များအတွင်း တွင် ထင်ရှား စေတော်မူပါ ။ အမျက်ထွက် တော်မူသော်လည်းကရုဏာ တရားကို အောက်မေ့ တော်မူပါ။
3 ၃ ဘုရား သခင်သည် တေမန် မြို့မှ ၎င်း ၊ သန့်ရှင်း သော ဘုရားသည် ပါရန် တောင် မှ ၎င်း ကြွ တော်မူ၏။ ဘုန်း တော်သည် မိုဃ်းကောင်းကင် ကို ဖုံးအုပ် လျက် ၊ မြေကြီး သည် ဂုဏ် အသရေတော်နှင့် ပြည့်စုံ လျက် ရှိ၏။
4 ၄ အဆင်း အရောင်တော်သည် နေ ရောင်ကဲ့သို့ ဖြစ်၏။ လက် တော်မှ ရောင်ခြည် သည် ထွက် ၍ ၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာ လေ၏။
5 ၅ ရှေ့ တော်၌ ကာလနာ ဘေးသည် သွား ၍ ၊ ပူလောင် ခြင်းဘေးသည် ခြေ တော်ကို ခြံရံ လျက်ရှိ၏။
6 ၆ ရပ် ၍ မြေကြီး ကို တိုင်း တော်မူ၏။ ကြည့်ရှု ၍ လူမျိုး တို့ကို တုန်လှုပ် စေတော်မူ၏။ အစဉ် အမြဲတည် သော တောင် တို့သည် ကျိုးပဲ့ ၍၊ ထာဝရ ကုန်းရိုး တို့သည် ညွတ် ကြ၏။ ထာဝရ လမ်း တို့ကို ကြွတော်မူ၏။
7 ၇ ကုရှန် ပြည်၌ တဲ တို့သည် ဆင်းရဲ ခံခြင်း၊ မိဒျန် ပြည် ၌ ကုလားကာ တို့သည် လှုပ်ရှား ခြင်းကို ငါမြင် ၏။
8 ၈ အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကယ်တင် ရာ မြင်း ရထား တော်ကို စီး တော်မူမည်အကြောင်း ၊ မြစ် တို့ ကို အမျက်ထွက် တော်မူသလော။ မြစ် များတဘက် ၌ စိတ် ထတော်မူသလော။ ပင်လယ် ကို ရန်ငြိုး ဖွဲ့တော်မူသလော။
9 ၉ ကိုယ်တော်သည် အမျိုး အနွယ်တော်တို့၌ ထား တော်မူသောသစ္စာ ဂတိရှိသည်အတိုင်း၊ လေး လက်နက်တော်ကို ထုတ် ပြတော်မူ၏။ မြေကြီး ၌ မြစ် တို့ကို ပေါက် စေ တော်မူ၏။
10 ၁၀ တောင် တို့သည် ကိုယ်တော် ကို မြင် ၍ တုန်လှုပ် ကြပါ၏။ လျှံ သော ရေ သည် လွှမ်းမိုး ပါ၏။ ပင်လယ် သည် အော်ဟစ် ၍ လက် ကို ချီ ပါ၏။
11 ၁၁ နေ နှင့်လ သည် မိမိတို့နေရာ ၌ ရပ် ၍ နေပါ၏။ သူတို့ အလင်း ၌ မြှား တော်တို့သည် သွား ၍၊ သူတို့ရောင်ခြည် ၌ လှံ တော်သည်လည်း လျှပ်စစ် ပြက်ပါ၏။
12 ၁၂ အမျက် တော်ထွက်လျက် တပြည်လုံး ချီ သွား၍၊ ဒေါသ စိတ်နှင့် လူ အမျိုးမျိုးတို့ကို နင်း နယ်တော်မူ၏။
13 ၁၃ ကိုယ်တော် ၏လူ တို့ကို ကယ်တင် ခြင်း၊ ကိုယ်တော် ပေးတော်မူ၍ ဘိသိက် ခံသောသူတို့ကို ကယ်တင် ခြင်းအလိုငှါ ထွက် ကြွတော်မူ၏။ အဓမ္မ လူ၏အိမ် ၌ ဦးခေါင်း ကို နှိပ်စက် ၍၊ မူလ အမြစ်ကို လည်ပင်း တိုင်အောင် ပယ်ရှင်း တော်မူ၏။
14 ၁၄ ဗိုလ် မင်းတို့၏ ဦးခေါင်း ကို မြှား တော်တို့နှင့် ထုတ်ချင်းခပ် ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ် တို့ကို လွင့် စေခြင်းငှါ လေပြင်း မုန်တိုင်းကဲ့သို့တိုက်ကြပါ၏။ ဆင်းရဲသား တို့ကို အမှတ်တမဲ့ ကိုက်စား မည့်အကြံရှိသကဲ့သို့ ဝမ်းမြောက် ကြပါ၏။
15 ၁၅ ကိုယ်တော် သည် မြင်း တော်များကို စီး၍၊ ရေ ဟုန်းဟုန်း မြည်သော ပင်လယ် အလယ်သို့ ချီ သွားတော်မူ ၏။
16 ၁၆ ဗျာဒိတ်တော်သံ ကို ငါကြား သောအခါ ရင် ၌ လှုပ်ရှား ခြင်း၊ မေးခိုင် ခြင်း၊ အရိုး ဆွေးမြေ့ ခြင်း၊ တကိုယ်လုံး တုန်လှုပ် ခြင်းရှိ၏။ အကြောင်းမူကား၊ အမှု ရောက် သောနေ့ ၊ လုပ်ကြံသောသူသည် ငါ၏လူမျိုး ကို တိုက် လာ သောနေ့တိုင်အောင်ငါသည် နေရစ် ရမည်။
17 ၁၇ သင်္ဘောသဖန်း ပင် မ ပွင့် ရ၊ စပျစ် ပင်မ သီး ရ၊ သံလွင် ပင်၏ကျေးဇူး ကို မြော်လင့်၍မ ခံရ၊ လယ် တို့သည် အသီးအနှံ ကို မ ပေး ရ၊ သိုးခြံ ၌ သိုး ကုန် ၍ တင်းကုပ် ၌ နွား မ ရှိရ။
18 ၁၈ သို့သော်လည်း ၊ ထာဝရဘုရား ၌ ငါဝမ်းမြောက် ၍၊ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်ကို အမှီပြု လျက် ရွှင်လန်း မည်။
19 ၁၉ အရှင် ထာဝရဘုရား သည် ငါ ၏အစွမ်း သတ္တိဖြစ် တော်မူ၏။ ငါ့ ခြေ ကို သမင်ခြေ ကဲ့သို့ ဖြစ် စေ၍ ၊ ငါ ၏မြင့် ရာအရပ် ပေါ် မှာ ငါ့ ကို နေရာ ချတော်မူမည်။