< ဟဗက္ကုတ် 3 >

1 ပရောဖက် ဟဗက္ကုတ် ၏ ပဌနာ စကားတည်းဟူသောရှိဂျောနုတ် သီချင်း၊
ပရောဖက် ဟဗက္ကုတ်၏ပဌနာစကားတည်းဟူ သော ရှိဂျောနုတ်သီချင်း၊
2 အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ၏ ဗျာဒိတ် တော်သံကို ကြား ၍ ကြောက်ရွံ့ ပါပြီ။ အိုထာဝရ ဘုရား ၊ ယခုနှစ် များအတွင်း တွင် အမှု တော်ကို ပြုပြင် တော်မူပါ။ ယခုနှစ် များအတွင်း တွင် ထင်ရှား စေတော်မူပါ ။ အမျက်ထွက် တော်မူသော်လည်းကရုဏာ တရားကို အောက်မေ့ တော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ဗျာဒိတ်တော်သံကို ကြား၍ ကြောက်ရွံ့ပါပြီ။ အိုထာဝရ ဘုရား၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင် တော်မူပါ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူ ပါ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ။
3 ဘုရား သခင်သည် တေမန် မြို့မှ ၎င်း ၊ သန့်ရှင်း သော ဘုရားသည် ပါရန် တောင် မှ ၎င်း ကြွ တော်မူ၏။ ဘုန်း တော်သည် မိုဃ်းကောင်းကင် ကို ဖုံးအုပ် လျက် ၊ မြေကြီး သည် ဂုဏ် အသရေတော်နှင့် ပြည့်စုံ လျက် ရှိ၏။
ဘုရားသခင်သည် တေမန်မြို့မှ၎င်း၊ သန့်ရှင်း သော ဘုရားသည် ပါရန်တောင်မှ၎င်း ကြွတော်မူ၏။ ဘုန်းတော်သည် မိုဃ်းကောင်းကင်ကို ဖုံးအုပ်လျက်၊ မြေ ကြီးသည် ဂုဏ်အသရေတော်နှင့် ပြည့်စုံလျက် ရှိ၏။
4 အဆင်း အရောင်တော်သည် နေ ရောင်ကဲ့သို့ ဖြစ်၏။ လက် တော်မှ ရောင်ခြည် သည် ထွက် ၍ ၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာ လေ၏။
အဆင်းအရောင်တော်သည် နေရောင်ကဲ့သို့ ဖြစ်၏။ လက်တော်မှ ရောင်ခြည်သည် ထွက်၍၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာလေ၏။
5 ရှေ့ တော်၌ ကာလနာ ဘေးသည် သွား ၍ ၊ ပူလောင် ခြင်းဘေးသည် ခြေ တော်ကို ခြံရံ လျက်ရှိ၏။
ရှေ့တော်၌ ကာလနာဘေးသည် သွား၍၊ ပူ လောင်ခြင်းဘေးသည် ခြေတော်ကို ခြံရံလျက်ရှိ၏။
6 ရပ် ၍ မြေကြီး ကို တိုင်း တော်မူ၏။ ကြည့်ရှု ၍ လူမျိုး တို့ကို တုန်လှုပ် စေတော်မူ၏။ အစဉ် အမြဲတည် သော တောင် တို့သည် ကျိုးပဲ့ ၍၊ ထာဝရ ကုန်းရိုး တို့သည် ညွတ် ကြ၏။ ထာဝရ လမ်း တို့ကို ကြွတော်မူ၏။
ရပ်၍ မြေကြီးကို တိုင်းတော်မူ၏။ ကြည့်ရှု၍ လူမျိုးတို့ကို တုန်လှုပ်စေတော်မူ၏။ အစဉ်အမြဲတည် သော တောင်တို့သည် ကျိုးပဲ့၍၊ ထာဝရကုန်းရိုးတို့သည် ညွတ်ကြ၏။ ထာဝရလမ်းတို့ကို ကြွတော်မူ၏။
7 ကုရှန် ပြည်၌ တဲ တို့သည် ဆင်းရဲ ခံခြင်း၊ မိဒျန် ပြည် ၌ ကုလားကာ တို့သည် လှုပ်ရှား ခြင်းကို ငါမြင် ၏။
ကုရှန်ပြည်၌ တဲတို့သည် ဆင်းရဲခံခြင်း၊ မိဒျန် ပြည်၌ ကုလားကာတို့သည် လှုပ်ရှားခြင်းကို ငါမြင်၏။
8 အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကယ်တင် ရာ မြင်း ရထား တော်ကို စီး တော်မူမည်အကြောင်း ၊ မြစ် တို့ ကို အမျက်ထွက် တော်မူသလော။ မြစ် များတဘက် ၌ စိတ် ထတော်မူသလော။ ပင်လယ် ကို ရန်ငြိုး ဖွဲ့တော်မူသလော။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကယ်တင် ရာမြင်းရထားတော်ကို စီးတော်မူမည်အကြောင်း၊ မြစ်တို့ ကို အမျက်ထွက်တော်မူသလော။ မြစ်များတဘက်၌ စိတ် ထတော်မူသလော။ ပင်လယ်ကို ရန်ငြိုးဖွဲ့တော်မူသလော။
9 ကိုယ်တော်သည် အမျိုး အနွယ်တော်တို့၌ ထား တော်မူသောသစ္စာ ဂတိရှိသည်အတိုင်း၊ လေး လက်နက်တော်ကို ထုတ် ပြတော်မူ၏။ မြေကြီး ၌ မြစ် တို့ကို ပေါက် စေ တော်မူ၏။
ကိုယ်တော်သည် အမျိုးအနွယ်တော်တို့၌ ထား တော်မူသော သစ္စာဂတိရှိသည်အတိုင်း၊ လေးလက်နက် တော်ကို ထုတ်ပြတော်မူ၏။ မြေကြီး၌ မြစ်တို့ကို ပေါက်စေ တော်မူ၏။
10 ၁၀ တောင် တို့သည် ကိုယ်တော် ကို မြင် ၍ တုန်လှုပ် ကြပါ၏။ လျှံ သော ရေ သည် လွှမ်းမိုး ပါ၏။ ပင်လယ် သည် အော်ဟစ် ၍ လက် ကို ချီ ပါ၏။
၁၀တောင်တို့သည် ကိုယ်တော်ကို မြင်၍ တုန်လှုပ် ကြပါ၏။ လျှံသော ရေသည် လွှမ်းမိုးပါ၏။ ပင်လယ်သည် အော်ဟစ်၍ လက်ကို ချီပါ၏။
11 ၁၁ နေ နှင့်လ သည် မိမိတို့နေရာ ၌ ရပ် ၍ နေပါ၏။ သူတို့ အလင်း ၌ မြှား တော်တို့သည် သွား ၍၊ သူတို့ရောင်ခြည် ၌ လှံ တော်သည်လည်း လျှပ်စစ် ပြက်ပါ၏။
၁၁နေနှင့်လသည် မိမိတို့နေရာ၌ရပ်၍ နေပါ၏။ သူတို့ အလင်း၌ မြှားတော်တို့သည် သွား၍၊ သူတို့ရောင် ခြည်၌ လှံတော်သည်လည်း လျှပ်စစ်ပြက်ပါ၏။
12 ၁၂ အမျက် တော်ထွက်လျက် တပြည်လုံး ချီ သွား၍၊ ဒေါသ စိတ်နှင့် လူ အမျိုးမျိုးတို့ကို နင်း နယ်တော်မူ၏။
၁၂အမျက်တော်ထွက်လျက် တပြည်လုံး ချီသွား၍၊ ဒေါသစိတ်နှင့် လူအမျိုးမျိုးတို့ကို နင်းနယ်တော်မူ၏။
13 ၁၃ ကိုယ်တော် ၏လူ တို့ကို ကယ်တင် ခြင်း၊ ကိုယ်တော် ပေးတော်မူ၍ ဘိသိက် ခံသောသူတို့ကို ကယ်တင် ခြင်းအလိုငှါ ထွက် ကြွတော်မူ၏။ အဓမ္မ လူ၏အိမ် ၌ ဦးခေါင်း ကို နှိပ်စက် ၍၊ မူလ အမြစ်ကို လည်ပင်း တိုင်အောင် ပယ်ရှင်း တော်မူ၏။
၁၃ကိုယ်တော်၏လူတို့ကို ကယ်တင်ခြင်း၊ ကိုယ် တော်ပေးတော်မူ၍ ဘိသိက်ခံသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ ထွက် ကြွတော်မူ၏။ အဓမ္မလူ၏အိမ်၌ ဦးခေါင်းကို နှိပ်စက်၍၊ မူလအမြစ်ကို လည်ပင်းတိုင်အောင် ပယ်ရှင်းတော်မူ၏။
14 ၁၄ ဗိုလ် မင်းတို့၏ ဦးခေါင်း ကို မြှား တော်တို့နှင့် ထုတ်ချင်းခပ် ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ် တို့ကို လွင့် စေခြင်းငှါ လေပြင်း မုန်တိုင်းကဲ့သို့တိုက်ကြပါ၏။ ဆင်းရဲသား တို့ကို အမှတ်တမဲ့ ကိုက်စား မည့်အကြံရှိသကဲ့သို့ ဝမ်းမြောက် ကြပါ၏။
၁၄ဗိုလ်မင်းတို့၏ ဦးခေါင်းကို မြှားတော်တို့နှင့် ထုတ်ချင်းခပ်ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ်တို့ကို လွင့်စေခြင်းငှါ လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ကြပါ၏။ ဆင်းရဲသားတို့ကို အမှတ်တမဲ့ ကိုက်စားမည့်အကြံရှိသကဲ့ သို့ ဝမ်းမြောက်ကြပါ၏။
15 ၁၅ ကိုယ်တော် သည် မြင်း တော်များကို စီး၍၊ ရေ ဟုန်းဟုန်း မြည်သော ပင်လယ် အလယ်သို့ ချီ သွားတော်မူ ၏။
၁၅ကိုယ်တော်သည် မြင်းတော်များကို စီး၍၊ ရေ ဟုန်းဟုန်းမြည်သော ပင်လယ်အလယ်သို့ ချီသွားတော် မူ၏။
16 ၁၆ ဗျာဒိတ်တော်သံ ကို ငါကြား သောအခါ ရင် ၌ လှုပ်ရှား ခြင်း၊ မေးခိုင် ခြင်း၊ အရိုး ဆွေးမြေ့ ခြင်း၊ တကိုယ်လုံး တုန်လှုပ် ခြင်းရှိ၏။ အကြောင်းမူကား၊ အမှု ရောက် သောနေ့ ၊ လုပ်ကြံသောသူသည် ငါ၏လူမျိုး ကို တိုက် လာ သောနေ့တိုင်အောင်ငါသည် နေရစ် ရမည်။
၁၆ဗျာဒိတ်တော်သံကို ငါကြားသောအခါ ရင်၌ လှုပ်ရှားခြင်း၊ မေးခိုင်ခြင်း၊ အရိုးဆွေးမြေ့ခြင်း၊ တကိုယ် လုံးတုန်လှုပ်ခြင်းရှိ၏။ အကြောင်းမူကား၊ အမှုရောက် သောနေ့၊ လုပ်ကြံသောသူသည် ငါ၏လူမျိုးကို တိုက်လာ သောနေ့တိုင်အောင် ငါသည် နေရစ်ရမည်။
17 ၁၇ သင်္ဘောသဖန်း ပင် မ ပွင့် ရ၊ စပျစ် ပင်မ သီး ရ၊ သံလွင် ပင်၏ကျေးဇူး ကို မြော်လင့်၍မ ခံရ၊ လယ် တို့သည် အသီးအနှံ ကို မ ပေး ရ၊ သိုးခြံ ၌ သိုး ကုန် ၍ တင်းကုပ် ၌ နွား မ ရှိရ။
၁၇သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။
18 ၁၈ သို့သော်လည်း ၊ ထာဝရဘုရား ၌ ငါဝမ်းမြောက် ၍၊ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်ကို အမှီပြု လျက် ရွှင်လန်း မည်။
၁၈သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက် ၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည်။
19 ၁၉ အရှင် ထာဝရဘုရား သည် ငါ ၏အစွမ်း သတ္တိဖြစ် တော်မူ၏။ ငါ့ ခြေ ကို သမင်ခြေ ကဲ့သို့ ဖြစ် စေ၍ ၊ ငါ ၏မြင့် ရာအရပ် ပေါ် မှာ ငါ့ ကို နေရာ ချတော်မူမည်။
၁၉အရှင်ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိဖြစ် တော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ ဖြစ်စေ၍၊ ငါ၏မြင့် ရာ အရပ်ပေါ်မှာ ငါ့ကို နေရာချတော်မူမည်။

< ဟဗက္ကုတ် 3 >