+ ကမ္ဘာဦး 1 >
1 ၁ အစ အဦး၌ ဘုရားသခင် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏။
I KINOHI hana ke Akua i ka lani a me ka honua.
2 ၂ မြေကြီး သည်အဆင်း သဏ္ဍာန်မရှိ၊ လွတ်လပ် လဟာဖြစ်၏။ နက်နဲ ရာအရပ် ကို မှောင်မိုက် ဖုံးလွှမ်း ၍ ဘုရားသခင် ၏ ဝိညာဉ် တော်သည် ရေ မျက်နှာပြင် ပေါ် မှာ လှုပ်ရှား တော်မူ၏။
He ano ole ka honua, ua olohelohe; a maluna no o ka hohonu ka pouli. Hoopunana iho la ka Uhane o ke Akua maluna o ka wai.
3 ၃ ဘုရား သခင်ကလည်း အလင်း ဖြစ်စေ ဟု အမိန့် တော်ရှိ၍ အလင်း ဖြစ် လေ၏။
I iho la ke Akua, I malamalama; a ua malamalama ae la.
4 ၄ ထို အလင်း ကောင်း သည်ကို ဘုရား သခင်မြင် ၍ ၊ အလင်း နှင့် မှောင်မိုက် ကိုပိုင်းခြား ခွဲထားတော်မူ၏။
Nana ae la ke Akua i ka malamalama, ua maikai: a hookaawale ae la ke Akua mawaena o ka malamalama, a me ka pouli.
5 ၅ အလင်း ကို နေ့ဟူသောအမည်ဖြင့်၎င်း ၊ မှောင်မိုက် ကို ညဉ့် ဟူသောအမည်ဖြင့်၎င်း ၊ ခေါ်ဝေါ် သမုတ် တော်မူ၍ ည ဦးနှင့် နံနက် သည် ပဌမ နေ့ရက် ဖြစ် လေ၏။
Kapa mai la ke Akua i ka malamalama, he Ao, a kapa mai hoi ia i ka pouli, he Po. A o ke ahiahi a me ke kakahiaka, o ka la mua ia.
6 ၆ တဖန် ဘုရားသခင် က ရေ အလယ် ၌ မိုဃ်း မျက်နှာကြက်ဖြစ် စေ၊ ရေ နှင့် ရေ ချင်း ခြားနား စေဟု အမိန့် တော်ရှိသဖြင့်၊
I iho la ke Akua, I aouli mawaena o na wai, i mea hookaawale i kekahi wai me kekahi wai.
7 ၇ မိုဃ်း မျက်နှာကြက်ကို ဘုရား သခင်ဖန်ဆင်း တော်မူ၍ ၊ မိုဃ်း မျက်နှာကြက်အောက် ၌ ရှိသောရေ နှင့်၊ မိုဃ်း မျက်နှာကြက်အပေါ် ၌ ရှိသောရေ ကို ပိုင်းခြား တော်မူသည်အတိုင်း ဖြစ် လေ၏။
Hana iho la ke Akua i ke aouli; a hookaawale ae la ia i ka wai malalo o ke aouli, me ka wai maluna o ke aouli: a pela io no.
8 ၈ မိုဃ်း မျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင် ဟူသောအမည်ဖြင့် ဘုရား သခင်ခေါ်ဝေါ် သမုတ်တော်မူ ၍ ၊ ည ဦးနှင့် နံနက် သည် ဒုတိယ နေ့ ရက်ဖြစ် လေ၏။
Kapa iho la ke Akua i ke aouli, he Lani. A o ke ahiahi a me ke kakahiaka, o ka lua ia o ka la.
9 ၉ တဖန် ဘုရား သခင်က မိုဃ်း ကောင်းကင်အောက် ၌ ရှိသောရေ စုဝေး စေ၊ ကုန်း ပေါ် စေဟု အမိန့် တော် ရှိသည်အတိုင်း ဖြစ် လေ၏။
I iho la ke Akua, E hui pu na wai malalo o ka lani i kahi hookahi, i ikea ai kahi maloo: a pela io no.
10 ၁၀ ကုန်း ကိုမြေ ဟူသောအမည်ဖြင့်၎င်း၊ ရေ စုဝေး ရာကို ပင်လယ် ဟူသောအမည် ဖြင့်၎င်း ၊ ဘုရား သခင်ခေါ်ဝေါ် သမုတ်တော်မူ၍ ထို အမှုအရာကောင်း သည်ကို ဘုရား သခင်မြင် တော်မူ၏။
Kapa iho la ke Akua i kahi maloo, he Aina; a kapa iho la oia i na wai i hui pu ia 'i, o na moana: a nana ae la ke Akua, ua maikai.
11 ၁၁ တဖန် ဘုရား သခင်က၊ မြေ သည် မြက် ပင်ကို၎င်း၊ စပါး သီးကို ဖြစ်စေသော စပါး ပင် ကို၎င်း၊ မြေ ပေါ် မှာ မျိုးစေ့ ပါလျက် သစ်သီး မျိုးကို ဖြစ် စေသော သစ်ပင်ကို၎င်း၊ ပေါက် စေဟု အမိန့် တော်ရှိသည် အတိုင်း ဖြစ် လေ၏။
I iho la ke Akua, E hooulu mai ka honua i ka mauu, a me ka launahele e hua ana i ka hua, a me ka laau hua e hua ana hoi ma kona ano iho, iloko ona iho kona hua maluna o ka honua: a pela io no.
12 ၁၂ မြေ သည်မြက် ပင်ကို၎င်း စပါး သီးမျိုးကို ဖြစ်စေသော စပါး ပင်ကို၎င်း၊ မိမိ ၌ မျိုးစေ့ ပါလျက် သစ်သီး မျိုး ကို ဖြစ်စေ သော သစ်ပင် ကို၎င်း ပေါက် စေ၏။
A hooulu mai la ka honua i ka mauu, a me ka launahele e hua ana i ka hua ma kona ano iho, a me ka laau e hua ana i ka hua, iloko ona kona hua ma kona ano iho: nana iho la hoi ke Akua, ua maikai.
13 ၁၃ ထို အမှုအရာကောင်း သည်ကို ဘုရား သခင်မြင် တော်မူ၍ ၊ ည ဦးနှင့် နံနက် သည် တတိယ နေ့ရက် ဖြစ် လေ၏။
A o ke ahiahi a me ke kakahiaka, o ke kolu ia o ka la.
14 ၁၄ တဖန် ဘုရား သခင်က၊ နေ့ နှင့် ညဉ့် ကို ပိုင်းခြား စေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ အလင်း အိမ် တည် စေ၊ နိမိတ် လက္ခဏာ၊ ချိန်းချက် သောအချိန်၊ နေ့ ရက်အပိုင်းအခြား၊ နှစ် အပိုင်းအခြားဘို့ ဖြစ် စေ။
I iho la ke Akua, I mau malamalama iloko o ke aouli o ka lani, i mea hookaawale i ke ao a me ka po; i mau hoailona lakou no na kau, a no na la, a me na makahiki:
15 ၁၅ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ တည်၍ မြေကြီး လင်း စရာ အလင်း အိမ်ဖြစ် စေဟု အမိန့်တော်ရှိ သည့်အတိုင်း ဖြစ် လေ၏။
I mau kukui hoi lakou iloko o ke aouli o ka lani, e hoomalamalama mai ai i ka honua: a pela io no.
16 ၁၆ ထိုသို့ ဘုရား သခင်သည် အလင်း အိမ်ကြီး နှစ် လုံးတည်းဟူသောနေ့ ကိုအုပ်စိုး ရသောအကြီး တလုံး၊ ညဉ့် ကို အုပ်စိုး ရသောအငယ် တလုံးနှင့်တကွ ကြယ် များတို့ကို ဖန်ဆင်း တော်မူပြီးလျှင်၊
Hana iho la ke Akua i na malamalama nui elua: o ka malamalama nui, e alii ai maluna o ke ao, a o ka malamalama uuku iho, e alii ai maluna o ka po, a me na hoku hoi.
17 ၁၇ မြေကြီး ၌ လင်း စေခြင်းငှာ၎င်း၊ နေ့ နှင့် ညဉ့် ကို အုပ်စိုး ၍ အလင်း နှင့် မှောင်မိုက် ကို ပိုင်းခြား စေခြင်းငှာ၎င်း ၊ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ ဘုရား သခင်ထား တော်မူ၏။
Kau aku la ke Akua ia mau mea ma ke aouli o ka lani, e hoomalamalama mai ai i ka honua,
18 ၁၈ ထို အမှုအရာ ကောင်း သည်ကို ဘုရား သခင် မြင် တော်မူ၍၊
E hooalii hoi maluna o ke ao a me ka po, a e hookaawale ae i ka malamalama a me ka pouli: a nana iho la ke Akua, ua maikai.
19 ၁၉ ည ဦးနှင့် နံနက် သည် စတုတ္ထ နေ့ ရက်ဖြစ် လေ၏။
A o ke ahiahi a me ke kakahiaka, o ka ha ia o ka la.
20 ၂၀ တဖန် ဘုရား သခင်က အသက် ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် တို့ကို ရေ သည်များပြား စွာ မွေးဘွားစေ။ ငှက် တို့လည်း မြေ ပေါ် မိုဃ်းကောင်းကင် မျက်နှာကြက် ပြင် ဝယ်ပျံ စေဟု အမိန့်တော်ရှိ၏။
I iho la ke Akua, E hoohua nui mai na wai i na mea ola e holo ana, a me na manu e lele ae maluna o ka honua, ma ka lewa akea o ka lani.
21 ၂၁ ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုး အလိုက် များပြား စွာ မွေးဘွား၍၊ ငါးကြီး အစ ရှိသော အသက်ရှင် ၍ လှုပ်ရှား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း၊ ပျံ တတ်သော ငှက် မျိုးအပေါင်း တို့ကို၎င်း ဘုရား သခင်ဖန်ဆင်း ၍၊ ထို အမူအရာကောင်း သည်ကို မြင် တော်မူ၏။
Hana iho la ke Akua i na ia nui, a me na mea ola a pau e holo ana, a ka wai i hoohua nui mai ai ma ko lakou ano iho a me na mea eheu hoi a pau ma ko lakou ano iho: a nana iho la ke Akua, ua maikai.
22 ၂၂ ဘုရား သခင်ကလည်း များပြား စွာ မွေးဘွား ကြလော့။ ပင်လယ် ရေ များကို ပြည့် စေကြလော့။ ငှက် တို့ လည်း မြေ ပေါ်၌ များပြား စေသတည်းဟု ထို တိရစ္ဆာန်တို့ကို ကောင်းကြီး ပေးတော်မူ၍၊
Hoomaikai iho la ke Akua ia mau mea, i iho la, E hoohua ae oukou e hoolaha nui hoi, a e hoopiha i na wai o na moana; a e hoolaha ae na manu maluna o ka honua.
23 ၂၃ ည ဦးနှင့် နံနက် သည် ပဉ္စမ နေ့ ရက်ဖြစ် လေ၏။
O ke kakahiaka a me ke ahiahi, o ka lima ia o ka la.
24 ၂၄ တဖန် ဘုရား သခင်က၊ မြေ သည် အသက်ရှင် သောသတ္တဝါ မျိုးတည်းဟူသောသားယဉ်တို့ကို၎င်း၊ တွား တတ်သော တိရစ္ဆာန် တို့ကို၎င်း ၊ သားရဲ မျိုး တို့ကို၎င်း ၊ မွေးဘွား စေဟုအမိန့် တော်ရှိသည်အတိုင်း ဖြစ် လေ၏။
I iho la ke Akua, E hoohua mai ka honua i ka mea ola ma kona ano iho, i ka holoholona laka, me ka mea kolo, a me ka holoholona hihiu ma kona ano iho: a pela io no.
25 ၂၅ ထို သို့ ဘုရား သခင်သည် သားရဲ မျိုး၊ သားယဉ်မျိုး၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန် မျိုး အပေါင်းတို့ကို ဖန်ဆင်း ၍ ၊ ထို အမှုအရာကောင်း သည်ကို မြင် တော်မူ၏။
Hana iho la ke Akua i ka holoholona hihiu ma kona ano iho, me na holoholona laka ma ko lakou ano iho, a me na mea kolo a pau o ka honua ma ko lakou ano iho: a nana iho la ke Akua, ua maikai.
26 ၂၆ တဖန် ဘုရား သခင်က ငါ တို့ပုံသဏ္ဍာန်နှင့်အညီတသဏ္ဍန်တည်း လူ ကို ဖန်ဆင်း ကြစို့။ သူသည် ပင်လယ် ငါး တို့ကို၎င်း ၊ မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း ၊ သား ယဉ်တို့ကို၎င်း ၊ မြေ တပြင်လုံး နှင့်တကွ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း ၊ အုပ်စိုး စေဟု အမိန့်တော်ရှိ၏။
I iho la ke Akua, E hana kakou i ke kanaka o ku ia kakou, ma ka like ana me kakou iho: a e hooalii ia ia maluna o na ia o ke kai, maluna hoi o na manu o ka lewa, maluna hoi o na holoholona laka, a maluna hoi o ka honua a pau, a maluna no hoi o na mea kolo a pau e kolo ana ma ka honua.
27 ၂၇ ထိုသို့ ဘုရား သခင်သည် မိမိ ပုံသဏ္ဍန် နှင့်အညီ လူ ကိုဖန်ဆင်း တော်မူ၏။ ဘုရား သခင်၏ ပုံ သဏ္ဍာန် တော်နှင့်အညီ လူယောက်ျား ၊ လူမိန်းမ ကိုဖန်ဆင်း ပြီးလျှင်၊
Hana iho la ke Akua i ke kanaka ma kona ano iho, ma ke ano o ke Akua oia i hana'i ia ia; hana mai la ia i kane a i wahine.
28 ၂၈ အချင်းတို့ များပြား စွာမွေးဘွား ကြလော့။ မြေကြီး ကို ပြည့် စေ၍ နိုင် ကြလော့။ ပင်လယ် ငါး တို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း၊ အသက် ရှင်၍ မြေ ပေါ် မှာ လှုပ်ရှား တတ်သော တိရစ္ဆာန်အပေါင်း တို့ကို၎င်းအုပ်စိုး ကြလော့ဟုမိန့် တော်မူ၍ ၊ သူ တို့ကိုကောင်းကြီး ပေးတော်မူ၏။
Hoomaikai mai la ke Akua ia laua, i mai la hoi ke Akua ia laua, E hoohua ae olua, e hoolaha hoi, e hoopiha i ka honua, a e lanakila maluna, a e noho alii maluna o na ia o ke kai, a me na manu o ka lewa, a me na mea a pau e kolo ana maluna o ka honua.
29 ၂၉ ဘုရား သခင်ကလည်း ကြည့်ရှု လော့။ မြေ တပြင်လုံး ၌ စပါး သီးကို ဖြစ်စေသော စပါး ပင် အမျိုးမျိုး တို့ကို၎င်း၊ မျိုးစေ့ ကိုဖြစ်စေသော အသီး နှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုး တို့ကို၎င်း၊ သင် တို့စားစရာ ဘို့ ငါပေး ၏။
I mai la ke Akua, Aia hoi, na haawi aku au na olua i na launahele a pau e hua ana i ka hua maluna o ka honua a pau, a me na laau a pau iloko ona ka hua o ka laau e hua ana i ka hua; he mea ai ia na olua.
30 ၃၀ မြေ သား၊ မိုဃ်းကောင်းကင် ငှက် ၊ အသက် ရှင်၍ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်မျိုးအပေါင်း တို့ စားစရာ ဘို့ ၊ မြက် ပင် အမျိုးမျိုး တို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်း ဖြစ် လေ၏။
A na ka poe holoholona a pau o ka honua, me na manu a pau o ka lewa, a me na mea a pau e kolo ana ma ka honua, na mea e ola ana, na lakou ka nahelehele a pau i mea ai: a pela io no.
31 ၃၁ ဘုရား သခင်သည် မိမိဖန်ဆင်း သမျှ သောအရာတို့ကို ကြည့်ရှု လျှင် ၊ အလွန် ကောင်း သည်ကို မြင် တော်မူ၍ ၊ ည ဦးနှင့် နံနက် သည် ဆဌမ နေ့ ရက်ဖြစ် လေ၏။
Nana iho la ke Akua i na mea a pau ana i hana'i, aia hoi, ua maikai wale no. A o ke ahiahi a me ke kakahiaka, o ke ono ia o ka la.