< ကမ္ဘာဦး 9 >
1 ၁ ဘုရား သခင်သည်လည်း ၊ နောဧ နှင့် သူ ၏သား တို့ကိုကောင်းကြီး ပေးတော်မူ၍ ၊ သင်တို့သည်များပြား စွာ မွေးဘွား လျက် မြေကြီး ပြည့် စေကြလော့။
၁ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာ မွေးဘွားလျက် မြေကြီးပြည့်စေကြလော့။
2 ၂ မြေ တိရစ္ဆာန် ၊ မိုဃ်းကောင်းကင် ငှက် အစ ရှိသော၊ မြေ ပေါ်မှာ လှုပ်ရှား တတ်သမျှ နှင့် ၊ ပင်လယ် ငါး အပေါင်း တို့သည်၊ သင် တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ် ခြင်းသဘောရှိ ကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင် တို့လက် ၌ ငါ အပ် ၏။
၂မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့ လက်၌ငါ အပ်၏။
3 ၃ အသက် ရှင်၍ လှုပ်ရှား တတ်သမျှ သည်၊ အသီး အရွက်ကဲ့သို့ ၊ သင် တို့စားစရာ ဘို့ ဖြစ် ရမည်။ ခပ်သိမ်း သောအရာတို့ကို သင် တို့၌ ငါအပ်ပေး ၏။
၃အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်း သောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။
4 ၄ သို့သော်လည်း အသက် တည်းဟူသောအသွေးနှင့်တကွ အသား ကို မ စား ရ။
၄သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။
5 ၅ အကယ်၍ သင် တို့အသက် တည်းဟူသော၊ သင် တို့အသွေး ကို ငါတောင်း မည်။ လူ ၊ တိရစ္ဆာန် အပေါင်း တို့၌ ငါတောင်း မည်။ ခပ်သိမ်းသော လူ တို့၏ ညီအစ်ကို ၌ လူ ၏အသက် ကို ငါတောင်း မည်။
၅အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့ အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်း တို့၌ ငါတောင်းမည်။ ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်။
6 ၆ အကြင်သူသည် လူ ၏အသွေး ကိုသွန်း ၏။ ထိုသူ ၏အသွေး ကို လူ လက်ဖြင့် သွန်း ရမည်။ အကြောင်းမူကား ဘုရား သခင်သည် မိမိပုံသဏ္ဍာန် နှင့်အညီ လူ ကို ဖန်ဆင်း တော်မူ၏။
၆အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။
7 ၇ သင် တို့သည် သားကိုဘွား ၍ များပြား ကြလော့။ မြေ ပေါ် မှာ အလွန်မွေးဘွား ၍ များပြား ကြလော့ဟု မိန့် တော်မူ၏။
၇သင်တို့သည် သားကိုဘွား၍များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဘွား၍ များပြားကြလော့ဟု မိန့်တော်မူ၏။
8 ၈ တဖန် ဘုရား သခင်သည်၊ နောဧ နှင့် သူ ၏သား တို့ကို မိန့် တော်မူသည်ကား၊
၈တဖန်ဘုရားသခင်သည်၊ နောဧနှင့် သူ၏သား တို့ကို မိန့်တော်မူသည်ကား၊
9 ၉ သင် တို့နှင့် ၎င်း၊ နောက် ဖြစ်လတံ့သော အမျိုး အနွယ်နှင့်၎င်း၊
၉သင်တို့နှင့်၎င်း၊ နောက်ဖြစ်လတံ့သော အမျိုးအနွယ်နှင့်၎င်း၊
10 ၁၀ သင် တို့ထံမှာ အသက် ရှင်သော တိရစ္ဆာန် တည်းဟူသော ငှက် ၊ သားယဉ် ၊ သားရဲ ရှိသမျှ သင်္ဘော ထဲက ထွက် ဆင်းသမျှ မှစ၍ ၊ မြေ တိရစ္ဆာန် အပေါင်း တို့နှင့် ၎င်း၊ ငါ သည်ကိုယ်တိုင်ပဋိညာဉ် ပြု ၏။
၁၀သင်တို့ထံမှာအသက်ရှင်သော တိရစ္ဆာန်တည်းဟူသော ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့်၎င်း၊ ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု၏။
11 ၁၁ သင် တို့နှင့် ငါ ပြု သော ပိဋိညာဉ် ဟူမူကား ၊ ရေ လွှမ်းမိုး ခြင်းအားဖြင့် ၊ ခပ်သိမ်း သော သတ္တဝါ တို့သည် နောက် တဖန်မ ဆုံး ရကြ။ မြေကြီး ကို ဖျက်ဆီး ဘို့ ရာနောက် တဖန်ရေ လွှမ်းမိုးခြင်း မ ရှိ ရ။
၁၁သင်တို့နှင့် ငါပြုသော ပိဋိညာဉ်ဟုမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။
12 ၁၂ ထိုမှတပါး ငါ တဘက်၊ သင် တို့နှင့် သင် တို့ထံမှာ အသက် ရှင်သမျှ သောတိရစ္ဆာန် တို့ တစ်ဖက်၌ သား မြေး အစဉ် အဆက်မပြတ်၊ ငါ ပြု သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဟူမူကား၊
၁၂ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊
13 ၁၃ ငါ ၏ သက်တံ့ ကို မိုဃ်း တိမ်၌ ငါထား ၏။ ထိုသက်တံ့သည် မြေကြီး နှင့် ငါ ပြုသော ပဋိညာဉ် ၏ သက်သေ ဖြစ် လိမ့်မည်။
၁၃ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။
14 ၁၄ ငါ သည် မိုဃ်း ကို အုံ့စေသောအခါ ၊ မိုဃ်းတိမ် ၌ သက်တံ့ သည် ထင်ရှား လိမ့်မည်။
၁၄ငါသည် မိုဃ်းကို အုံ့စေသောအခါ၊ မိုဃ်းတိမ်၌ သက်တံ့သည် ထင်ရှားလိမ့်မည်။
15 ၁၅ ထိုအခါငါ တဘက်၊ သင် တို့မှစ၍ ၊ အသက် ရှင်သောသတ္တဝါ ၊ တိရစ္ဆာန်ရှိသမျှ တို့ တစ်ဖက်၌ရှိသော ၊ ငါ ၏ ပဋိညာဉ် ကိုငါ အောက်မေ့ သဖြင့် ခပ်သိမ်း သော သတ္တဝါ တို့ကို ဖျက်ဆီး ခြင်းငှါ နောက် တဖန်ရေ လွှမ်းမိုးခြင်းမ ရှိ ရ။
၁၅ထိုအခါငါတဘက်၊ သင်တို့မှစ၍၊ အသက်ရှင် သောသတ္တဝါ၊ တိရစ္ဆာန်ရှိသမျှတို့ တဘက်၌ရှိသော၊ ငါ၏ ပဋိညာဉ်ကိုငါ အောက်မေ့သဖြင့် ခပ်သိမ်းသော သတ္တဝါ တို့ကို ဖျက်ဆီးခြင်းငှါ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။
16 ၁၆ မိုဃ်းတိမ် ၌ သက်တံ့ ရှိ သည်ကို ငါကြည့်ရှု သဖြင့် ၊ ဘုရား သခင်နှင့် မြေကြီး ပေါ် မှာ အသက် ရှင်သော သတ္တဝါ တိရစ္ဆာန်အပေါင်း တို့ စပ်ကြား မှာရှိသော ထာဝရ ပဋိညာဉ် ကို ငါအောက်မေ့ မည်။
၁၆မိုဃ်းတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဏ်ကို ငါအောက်မေ့မည်။
17 ၁၇ ဤ သည်ကား ငါ နှင့် မြေကြီး ပေါ် မှာရှိသော သတ္တဝါ အပေါင်း တို့၏ စပ်ကြား မှာ၊ ငါအမြဲဖွဲ့ သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ်သတည်းဟု နောဧ ကို ဘုရား သခင်မိန့် တော်မူ၏။
၁၇ဤသည်ကား ငါနှင့်မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့၏ စပ်ကြားမှာ၊ ငါမြဲဖွဲ့သော ပဋိညာဏ်၏ လက္ခဏာသက်သေဖြစ်သတည်းဟု နောဧ ကို ဘုရားသခင်မိန့်တော်မူ၏။
18 ၁၈ သင်္ဘော ထဲက ထွက် ဆင်းသော နောဧ သား တို့၏အမည်ကား ရှေမ ၊ ဟာမ ၊ ယာဖက် တည်း၊ ဟာမ သည် ခါနာန် ၏ အဘ ဖြစ် ၏။
၁၈သင်္ဘောထဲက ထွက်ဆင်းသော နောဧသားတို့၏အမည်ကား ရှေမ၊ ဟာမ၊ ယာဖက်တည်း၊ ဟာမသည် ခါနာန်၏ အဘဖြစ်၏။
19 ၁၉ ဤ သူတို့သည် နောဧ ၏ သား သုံး ယောက်ဖြစ်၍ မြေကြီး တပြင်လုံး ၌ နှံ့ပြား ကြ၏။
၁၉ဤသူတို့သည် နောဧ၏ သားသုံးယောက်ဖြစ်၍ မြေကြီးတပြင်လုံး၌ နှံ့ပြားကြ၏။
20 ၂၀ နောဧ သည် လယ် လုပ်သောအတတ်ကို ပြုစု ၍ ၊ စပျစ် ဥယျာဉ်ကို စိုက် လေ၏။
၂၀နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။
21 ၂၁ စပျစ် ရည်ကိုလည်း သောက် ၍ ယစ်မူး သဖြင့် ၊ မိမိ ထဲ ၌ အဝတ် မခြုံဘဲနေလေ၏။
၂၁စပျစ်ရည်ကိုလည်း သောက်၍ယစ်မူးသဖြင့်၊ မိမိထဲ၌ အဝတ်မခြုံဘဲနေလေ၏။
22 ၂၂ ခါနာန် ၏ အဘ ဟာမ သည်၊ မိမိ အဘ ၌ အဝတ်အချည်းစည်း ရှိသည်ကိုမြင် လျှင် ပြင် မှာ ရှိသော အစ်ကို နှစ် ယောက်ကို ပြော လေ၏။
၂၂ခါနာန်၏ အဘဟာမသည်၊ မိမိအဘ၌အဝတ်အချည်းစည်း ရှိသည်ကိုမြင်လျှင် ပြင်မှာရှိသော အစ်ကို နှစ်ယောက်ကို ပြောလေ၏။
23 ၂၃ ရှေမ နှင့် ယာဖက် တို့သည် အဝတ် ကိုယူ ၍ ပခုံး ပေါ် မှာ တင် ပြီးလျှင် ၊ နောက် သို့ဆုတ်သွား ၍ မိမိ အဘ ၌၊ အဝတ်အချည်းစည်း ရှိသည်ကို ဖုံး ကြ၏။ သူ တို့သည် အပြင်သို့မျက်နှာ ပြုသောကြောင့် ၊ မိမိ အဘ ၌ အဝတ် အချည်းစည်း ရှိသည်ကို မ မြင် ရ။
၂၃ရှေမနှင့်ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာ တင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ၏။ သူတို့သည် အပြင်သို့မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ် အချည်း အစည်းရှိသည်ကို မမြင်ရ။
24 ၂၄ နောဧ သည် ယစ်မူးခြင်းပျောက်၍ နိုး သောအခါ ၊ မိမိ ၌သား ငယ် ပြု သည်ကို သိ လျှင်၊
၂၄နောဧသည် ယစ်မူခြင်းပျောက်၍ နိုးသောအခါ၊ မိမိ၌သားငယ်ပြုသည်ကိုသိလျှင်၊
25 ၂၅ ခါနာန် သည် ကျိန် ခြင်းကိုခံ ပါစေ။ အစ်ကို တို့၏ကျွန် တို့၌ ကျွန် ဖြစ် ပါစေဟုဆို ၏။
၂၅ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟုဆို၏။
26 ၂၆ တဖန် ရှေမ ၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ ခါနာန် သည် ရှေမ ၏ကျွန် ဖြစ် ပါစေ။
၂၆တဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။
27 ၂၇ ဘုရား သခင်သည် ယာဖက် ကို ကျယ် စေတော်မူသဖြင့် ၊ ရှေမ ၏ တဲ တို့တွင် နေ ပါစေ။ ခါနာန် မူကား ၊ သူ ၏ကျွန် ဖြစ် ပါစေဟု ဆို လေ၏။
၂၇ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့်၊ ရှေမ၏ တဲသို့တွင်နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။
28 ၂၈ နောဧ သည် ရေ လွှမ်းမိုးသောနောက် ၊ အနှစ် သုံး ရာ ငါး ဆယ် အသက် ရှင်၍၊
၂၈နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ် သုံးရာငါးဆယ် အသက်ရှင်၍၊
29 ၂၉ အသက် ပေါင်း ကိုး ရာ ငါး ဆယ်စေ့ သော် အနိစ္စ ရောက်လေ၏
၂၉အသက်ပေါင်းကိုးရာငါးဆယ်စေ့သော် အနိစ္စ ရောက်လေ၏