< ကမ္ဘာ​ဦး 8 >

1 ဘုရား သခင်သည်၊ နောဧ မှစ၍ အသက် ရှင်သမျှ သောသတ္တဝါ၊ နောဧ နှင့်အတူ သင်္ဘော ထဲ ၌ရှိသောတိရစ္ဆာန် အပေါင်း တို့ကို အောက်မေ့ ၍ ၊ မြေကြီး ပေါ် မှာ လေ လာစေတော်မူသဖြင့် ရေ ငြိမ် လေ၏။
ဘုရားသခင်သည်၊ နောဧမှစ၍ အသက်ရှင် သမျှသောသတ္တဝါ၊ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော တိရစ္ဆာန်အပေါင်းတို့ကို အောက်မေ့၍၊ မြေကြီးပေါ်မှာ လေ့လာစေတော်မူသဖြင့် ရေငြိမ်လေ၏။
2 နက်နဲ ရေပေါက် ရေတွင်းများ မိုဃ်းကောင်းကင် ပြွန်ဝ များကို ဆို့ပိတ် ၍ မိုဃ်း ကို စဲ စေတော်မူ၏။
နက်နဲရေပေါက်ရေတွင်းများ မိုဃ်းကောင်းကင် ပြွန်ဝများကို ဆို့ပိတ်၍ မိုဃ်းကို စဲစေတော်မူ၏။
3 ရေ သည်လည်း မြေ ပေါ် မှာ အစဉ် အတိုင်းစီး သွား၍ ၊ အရက် တရာ့ ငါး ဆယ်စေ့ သောအခါ ယုတ် လျော့ လေ၏။
ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်း စီးသွား၍၊ အရက်တရာ့ငါးဆယ်စေ့သောအခါယုတ်လျော့ လေ၏။
4 သတ္တမ လ ၊ ဆယ် ခုနစ် ရက် နေ့တွင် သင်္ဘော သည် အာရရတ် အမည်ရှိသောတောင် ပေါ် မှာ တင် လေ၏။
သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာ တင်လေ၏။
5 ဒသမ လ တိုင်အောင် ရေ သည် အစဉ် မပြတ်ယုတ် လျော့၍ ၊ ထိုလဆန်း တရက် နေ့တွင် တောင် ထိပ် တို့သည် ပေါ် ကြ၏။
ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ် ယုတ်လျော့၍၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ် တို့သည် ပေါ်ကြ၏။
6 ထို အရက် လေး ဆယ်ကြာ လျှင်၊ နောဧ သည် သင်္ဘော ထဲ၌ လုပ် ခဲ့သော ပြတင်းပေါက် ကိုဖွင့် ၍ ၊ ကျီး တကောင်ကို လွှတ် လေ၏။
ထိုအရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါကကိုဖွင့်၍၊ ကျီး တကောင်ကို လွှတ်လေ၏။
7 ထိုကျီးအသည် မြေ ပေါ် မှာ ရေ မခန်း မခြောက် မှီတိုင်အောင် ၊ သွား လာလျက် နေလေ၏။
ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက် မှီတိုင်အောင်၊ သွားလာလျက် နေလေ၏။
8 တဖန် မြေ မျက်နှာ ပေါ် မှာ ရေ ကုန်သည် မကုန် သည်ကို သိ ခြင်းငှါ ၊ ချိုး တကောင်ကို လွှတ် ပြန်လေ၏။
တဖန် မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကို သိခြင်းငှါ၊ ချိုးတကောင်ကို လွှတ်ပြန်လေ၏။
9 မြေ တပြင်လုံး ၌ ရေ ရှိသေးသောကြောင့် ၊ ချိုး သည် ခြေ ဖြင့်နင်း၍ အမော ဖြေစရာကို မ တွေ့ သဖြင့် ၊ နောဧ ရှိရာ သင်္ဘော သို့ ပြန် လာလေ၏။ နောဧ သည်လည်း လက် ကိုဆန့် ၍ ၊ ချိုး ကိုကိုင် ယူပြီးလျှင် ၊ မိမိ နေရာ သင်္ဘော ထဲသို့ သွင်း လေ၏။
မြေတပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘော ထဲသို့သွင်းလေ၏။
10 ၁၀ တဖန် ခုနစ် ရက် နေ ပြီးမှထိုချိုး ကို သင်္ဘော ထဲက လွှတ် ပြန်၏။
၁၀တဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန်၏။
11 ၁၁ ညဦး အချိန် ၌ ချိုး သည် နောဧ ထံသို့ ပြန်လာ ၍ ၊ မိမိဆိတ်ယူသော သံလွင် ရွက် ကို မိမိ နှုတ် သီးဖြင့် ဆောင် ခဲ့ သောကြောင့်၊
၁၁ညဦးအချိန်၌ ချိုးသည် နောဧထံသို့ ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့ သောကြောင့်၊
12 ၁၂ မြေကြီး ပေါ် မှာ ရေ ကုန် ကြောင်း ကို နောဧ သိ လေ၏။ တဖန် ခုနစ် ရက် နေ ပြီးမှထိုချိုး ကို လွှတ် ပြန်၏။ နောက် တဖန်ချိုး သည် မ ပြန် မလာနေ၏။
၁၂မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တဖန် ချိုးသည် မပြန်မလာနေ၏။
13 ၁၃ အနှစ် ခြောက် ရာ တခု ပဌမ လ ဆန်းတရက် နေ့တွင် ၊ မြေကြီး ပေါ် မှာ ရေ ခန်း ခြောက်သည်ရှိသော်၊ နောဧ သည် သင်္ဘော မိုး ကို ပယ်ဖျက် ၍ ကြည့်ရှု သောအခါ ၊ မြေ မျက်နှာ သွေ့ ခြောက်စရှိသည်ကို မြင် ၏။
၁၃အနှစ်ခြောက်ရာတခု ပဌမလဆန်းတရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊ နောဧသည် သင်္ဘောမိုးကို ပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင်၏။
14 ၁၄ ဒုတိယ လ ၊ နှစ် ဆယ်ခုနစ် ရက် နေ့တွင် မြေကြီး သွေ့ ခြောက်လေ၏။
၁၄ဒုတိယလ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင် မြေကြီး သွေ့ခြောက်လေ၏။
15 ၁၅ ဘုရား သခင်ကလည်း သင် သည် သား မယား ၊ ချွေးမ တို့နှင့်တကွ ၊ သင်္ဘော ထဲက ထွက် ဆင်းလော့။
၁၅ဘုရားသခင်ကလည်း သင်သည် သားမယား၊ ချွေးမတို့နှင့်တကွ၊ သင်္ဘောထဲက ထွက်ဆင်းလော့။
16 ၁၆
၁၆
17 ၁၇ သင် ထံမှာ အသက် ရှင်သော တိရစ္ဆာန် ၊ ငှက် များ၊ သား များ မြေ ပေါ် ၌ တွား တတ်သောတိရစ္ဆာန်များ တို့သည်၊ မြေ ပေါ် မှာသားကိုမွေး ၍ အလွန် တိုးပွား များပြား မည်အကြောင်း ၊ ထိုတိရစ္ဆာန်ရှိသမျှ တို့ကို ကိုယ် နှင့်အတူ ထုတ် ဆောင်လော့ဟု၊ နောဧ ကို မိန့် တော်မူ၏။
၁၇သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန်၊ ငှက်များ၊ သားများ မြေပေါ်၌ တွားတတ်သောတိရစ္ဆာန်များ တို့သည်၊ မြေပေါ်မှာသားကိုမွေး၍ အလွန် တိုးပွားများပြားမည်အကြောင်း၊ ထိုတိရစ္ဆာန်ရှိသမျှတို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့ဟု၊ နောဧကို မိန့်တော်မူ၏။
18 ၁၈ ထိုအခါ နောဧ မှစ၍ သား ၊ မယား ၊ ချွေးမ တို့သည် ထွက် ဆင်းကြ၏။
၁၈ထိုအခါနောဧမှစ၍ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ၏။
19 ၁၉ သား များ၊ တွား တတ်သော တိရစ္ဆာန်များ၊ ငှက် များ၊ မြေ ပေါ် မှာ လှုပ်ရှား တတ်သမျှ သောအမျိုးမျိုး အပေါင်းတို့သည်လည်း၊ သင်္ဘော ထဲက ထွက် ဆင်းကြ၏။
၁၉သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ ငှက်များ၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှသော အမျိုးမျိုး အပေါင်းတို့သည်လည်း၊ သင်္ဘောထဲက ထွက်ဆင်းကြ၏။
20 ၂၀ နောဧ သည်လည်း ၊ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ပြီးမှ စင်ကြယ် သောသား ၊ စင်ကြယ် သော ငှက် အမျိုးမျိုး ထဲက ယူ ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့သော ယဇ် ကို ပူဇော်လေ၏။
၂၀နောဧသည်လည်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲကယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သော ယဇ်ကို ပူဇော်လေ၏။
21 ၂၁ ထာဝရဘုရား သည်လည်း မွှေးကြိုင် သော အနံ့ ကို ခံယူ ၍ ၊ ငါသည် နောက်တဖန် လူတို့အတွက် မြေကြီး ကို မ ကျိန်။ အကြောင်းမူကား ၊ လူ တို့သည် ငယ် သောအရွယ်မှစ၍ ၊ စိတ် နှလုံးအကြံအစည် ဆိုး ကြ၏။ ငါသည် ယခုတခါ ပြု ပြီးသကဲ့သို့ ၊ အသက် ရှင်သောအရာရှိသမျှ တို့ကို နောက် တဖန်ဒဏ် မ ခတ်။
၂၁ထာဝရဘုရားသည်လည်း မွှေးကြိုင်သော အနံ့ကို ခံယူ၍၊ ငါသည် နောက်တဖန်လူတို့အတွက် မြေကြီးကို မကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှ စ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန် ဒဏ်မခတ်။
22 ၂၂ မြေကြီး မကုန်မှီတိုင်အောင်မျိုးစေ့ ကြဲရသောကာလ၊ အသီးအနှံ ကို သိမ်းရသောကာလ၊ ချမ်း သောကာလ၊ ပူ သောကာလ၊ နွေ ကာလ၊ ဆောင်း ကာလ မ ပြတ် ရဟု အမိန့် တော်ရှိ၏။
၂၂မြေကြိးမကုန်မှီတိုင်အောင် မျိုးစေ့ကြဲရသော ကာလ၊ အသီးအနှံကို သိမ်းရသောကာလ၊ ချမ်းသော ကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ၏။

< ကမ္ဘာ​ဦး 8 >

A Dove is Sent Forth from the Ark
A Dove is Sent Forth from the Ark