< ကမ္ဘာဦး 8 >
1 ၁ ဘုရား သခင်သည်၊ နောဧ မှစ၍ အသက် ရှင်သမျှ သောသတ္တဝါ၊ နောဧ နှင့်အတူ သင်္ဘော ထဲ ၌ရှိသောတိရစ္ဆာန် အပေါင်း တို့ကို အောက်မေ့ ၍ ၊ မြေကြီး ပေါ် မှာ လေ လာစေတော်မူသဖြင့် ရေ ငြိမ် လေ၏။
And God remembered Noah, and all the wild animals, and all the tame animals, and all the flying creatures, and all the crawling creatures that were with him in the ship; and God made a wind to pass over the earth, and the waters began to recede.
2 ၂ နက်နဲ ရေပေါက် ရေတွင်းများ မိုဃ်းကောင်းကင် ပြွန်ဝ များကို ဆို့ပိတ် ၍ မိုဃ်း ကို စဲ စေတော်မူ၏။
And the fountains of the deep and the floodgates of the sky were closed, and the rain from the sky was restrained.
3 ၃ ရေ သည်လည်း မြေ ပေါ် မှာ အစဉ် အတိုင်းစီး သွား၍ ၊ အရက် တရာ့ ငါး ဆယ်စေ့ သောအခါ ယုတ် လျော့ လေ၏။
And the waters receded steadily from the land. And after the end of one hundred fifty days the waters had decreased significantly.
4 ၄ သတ္တမ လ ၊ ဆယ် ခုနစ် ရက် နေ့တွင် သင်္ဘော သည် အာရရတ် အမည်ရှိသောတောင် ပေါ် မှာ တင် လေ၏။
And in the seventh month, on the seventeenth day of the month, the ship came to rest on the mountains of Ararat.
5 ၅ ဒသမ လ တိုင်အောင် ရေ သည် အစဉ် မပြတ်ယုတ် လျော့၍ ၊ ထိုလဆန်း တရက် နေ့တွင် တောင် ထိပ် တို့သည် ပေါ် ကြ၏။
The waters receded continually to the tenth month. In the tenth month, on the first day of the month, the tops of the mountains became visible.
6 ၆ ထို အရက် လေး ဆယ်ကြာ လျှင်၊ နောဧ သည် သင်္ဘော ထဲ၌ လုပ် ခဲ့သော ပြတင်းပေါက် ကိုဖွင့် ၍ ၊ ကျီး တကောင်ကို လွှတ် လေ၏။
It happened at the end of forty days, that Noah opened the window of the ship which he had made,
7 ၇ ထိုကျီးအသည် မြေ ပေါ် မှာ ရေ မခန်း မခြောက် မှီတိုင်အောင် ၊ သွား လာလျက် နေလေ၏။
and he sent forth a raven. It went back and forth, until the waters had dried up from the earth.
8 ၈ တဖန် မြေ မျက်နှာ ပေါ် မှာ ရေ ကုန်သည် မကုန် သည်ကို သိ ခြင်းငှါ ၊ ချိုး တကောင်ကို လွှတ် ပြန်လေ၏။
Then he sent forth a dove from it, to see if the waters had abated from the surface of the ground,
9 ၉ မြေ တပြင်လုံး ၌ ရေ ရှိသေးသောကြောင့် ၊ ချိုး သည် ခြေ ဖြင့်နင်း၍ အမော ဖြေစရာကို မ တွေ့ သဖြင့် ၊ နောဧ ရှိရာ သင်္ဘော သို့ ပြန် လာလေ၏။ နောဧ သည်လည်း လက် ကိုဆန့် ၍ ၊ ချိုး ကိုကိုင် ယူပြီးလျှင် ၊ မိမိ နေရာ သင်္ဘော ထဲသို့ သွင်း လေ၏။
but the dove found no place to rest her foot, and she returned to him into the ship; for the waters were on the surface of the whole earth. He put forth his hand, and took her, and brought her to him into the ship.
10 ၁၀ တဖန် ခုနစ် ရက် နေ ပြီးမှထိုချိုး ကို သင်္ဘော ထဲက လွှတ် ပြန်၏။
And he waited yet another seven days; and again he sent forth the dove out of the ship.
11 ၁၁ ညဦး အချိန် ၌ ချိုး သည် နောဧ ထံသို့ ပြန်လာ ၍ ၊ မိမိဆိတ်ယူသော သံလွင် ရွက် ကို မိမိ နှုတ် သီးဖြင့် ဆောင် ခဲ့ သောကြောင့်၊
The dove came back to him at evening, and, look, in her mouth was an olive leaf plucked off. So Noah knew that the waters had abated from the earth.
12 ၁၂ မြေကြီး ပေါ် မှာ ရေ ကုန် ကြောင်း ကို နောဧ သိ လေ၏။ တဖန် ခုနစ် ရက် နေ ပြီးမှထိုချိုး ကို လွှတ် ပြန်၏။ နောက် တဖန်ချိုး သည် မ ပြန် မလာနေ၏။
He stayed yet another seven days, and sent forth the dove; and she did not return to him any more.
13 ၁၃ အနှစ် ခြောက် ရာ တခု ပဌမ လ ဆန်းတရက် နေ့တွင် ၊ မြေကြီး ပေါ် မှာ ရေ ခန်း ခြောက်သည်ရှိသော်၊ နောဧ သည် သင်္ဘော မိုး ကို ပယ်ဖျက် ၍ ကြည့်ရှု သောအခါ ၊ မြေ မျက်နှာ သွေ့ ခြောက်စရှိသည်ကို မြင် ၏။
And it happened in the six hundred first year of Noah's life, in the first month, the first day of the month, the waters had dried up from the earth. And Noah removed the covering of the ship and looked out. And look, the surface of the ground was dry.
14 ၁၄ ဒုတိယ လ ၊ နှစ် ဆယ်ခုနစ် ရက် နေ့တွင် မြေကြီး သွေ့ ခြောက်လေ၏။
In the second month, on the twenty-seventh day of the month, the earth was dry.
15 ၁၅ ဘုရား သခင်ကလည်း သင် သည် သား မယား ၊ ချွေးမ တို့နှင့်တကွ ၊ သင်္ဘော ထဲက ထွက် ဆင်းလော့။
God spoke to Noah, saying,
"Go out of the ship, you, and your wife, and your sons, and your sons' wives with you.
17 ၁၇ သင် ထံမှာ အသက် ရှင်သော တိရစ္ဆာန် ၊ ငှက် များ၊ သား များ မြေ ပေါ် ၌ တွား တတ်သောတိရစ္ဆာန်များ တို့သည်၊ မြေ ပေါ် မှာသားကိုမွေး ၍ အလွန် တိုးပွား များပြား မည်အကြောင်း ၊ ထိုတိရစ္ဆာန်ရှိသမျှ တို့ကို ကိုယ် နှင့်အတူ ထုတ် ဆောင်လော့ဟု၊ နောဧ ကို မိန့် တော်မူ၏။
Bring out with you every living thing that is with you of all flesh, of flying creatures, and animals, and every creature that crawls on the earth, that they may swarm on the earth, and be fruitful and multiply on the earth."
18 ၁၈ ထိုအခါ နောဧ မှစ၍ သား ၊ မယား ၊ ချွေးမ တို့သည် ထွက် ဆင်းကြ၏။
And Noah went forth, with his sons, his wife, and his sons' wives with him.
19 ၁၉ သား များ၊ တွား တတ်သော တိရစ္ဆာန်များ၊ ငှက် များ၊ မြေ ပေါ် မှာ လှုပ်ရှား တတ်သမျှ သောအမျိုးမျိုး အပေါင်းတို့သည်လည်း၊ သင်္ဘော ထဲက ထွက် ဆင်းကြ၏။
And every wild animal, and every tame animal, and every flying creature, and every creature that crawls on the earth, after their families, went out of the ship.
20 ၂၀ နောဧ သည်လည်း ၊ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ပြီးမှ စင်ကြယ် သောသား ၊ စင်ကြယ် သော ငှက် အမျိုးမျိုး ထဲက ယူ ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့သော ယဇ် ကို ပူဇော်လေ၏။
Noah built an altar to God, and took of every clean animal, and of every clean flying creature, and offered burnt offerings on the altar.
21 ၂၁ ထာဝရဘုရား သည်လည်း မွှေးကြိုင် သော အနံ့ ကို ခံယူ ၍ ၊ ငါသည် နောက်တဖန် လူတို့အတွက် မြေကြီး ကို မ ကျိန်။ အကြောင်းမူကား ၊ လူ တို့သည် ငယ် သောအရွယ်မှစ၍ ၊ စိတ် နှလုံးအကြံအစည် ဆိုး ကြ၏။ ငါသည် ယခုတခါ ပြု ပြီးသကဲ့သို့ ၊ အသက် ရှင်သောအရာရှိသမျှ တို့ကို နောက် တဖန်ဒဏ် မ ခတ်။
And God smelled the pleasing aroma, and God said in his heart, "I will never again curse the ground because of humankind, even though the inclination of his heart is evil from his youth, nor will I again destroy every living thing, as I have done.
22 ၂၂ မြေကြီး မကုန်မှီတိုင်အောင်မျိုးစေ့ ကြဲရသောကာလ၊ အသီးအနှံ ကို သိမ်းရသောကာလ၊ ချမ်း သောကာလ၊ ပူ သောကာလ၊ နွေ ကာလ၊ ဆောင်း ကာလ မ ပြတ် ရဟု အမိန့် တော်ရှိ၏။
While the earth remains, seed time and harvest, and cold and heat, and summer and winter, and day and night shall not cease."