< ကမ္ဘာဦး 7 >
1 ၁ ထိုနောက် ၊ ထာဝရဘုရား သခင်သည် နောဧ ကို တဖန် မိန့် တော်မူပြန်သည်ကား၊ ဤ ကာလ အမျိုးတွင် သင် သည် ငါ့ ရှေ့ ၌ ဖြောင့်မတ် ကြောင်းကို ငါသိမြင် သည် ဖြစ်၍၊ သင် ၏အိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ကြလော့။
၁ထိုနောက်ထာဝရဘုရားကနောဧအား``သင် နှင့်တကွ သင်၏မိသားစုအားလုံးတို့သင်္ဘောထဲ သို့ဝင်ကြစေ။ ကမ္ဘာပေါ်တွင်သင်တစ်ယောက်တည်း သာ သူတော်ကောင်းဖြစ်ကြောင်းငါတွေ့မြင်ရ၏။-
2 ၂ မြေကြီး ပေါ် မှာ တိရစ္ဆာန်အမျိုး မပျက်ဆက်နွယ်စေခြင်းငှါ ၊ စင်ကြယ် သော သား မျိုး၊ တမျိုးတမျိုးတွင် အထီး အမ ခုနစ် စုံစီ၊ မ စင်ကြယ် သော သား မျိုး၊ တမျိုး တမျိုးတွင်လည်း အထီး အမ နှစ် စုံစီ၊
၂သင်နှင့်အတူသန့်စင်သောတိရစ္ဆာန်များမှတစ် မျိုးလျှင် ခုနစ်စုံစီကိုခေါ်ဆောင်လော့။ မသန့်စင် သောတိရစ္ဆာန်များမှ တစ်မျိုးလျှင်အထီးနှင့် အမတစ်စုံစီကိုသာခေါ်ဆောင်ရမည်။-
3 ၃ မိုဃ်းကောင်းကင် ငှက် ၊ တမျိုးမျိုးတွင်လည်း အထီး အမ ခုနစ် စုံစီ၊ အသီးသီး တို့ကို သိမ်းယူ ရမည်။
၃ငှက်တစ်မျိုးလျှင်ခုနစ်စုံစီကိုလည်းခေါ်ဆောင် လော့။ တိရစ္ဆာန်နှင့်ငှက်များမြေကြီးပေါ်တွင် အသက်ရှင်၍မျိုးပွားနိုင်စေရန်ဤသို့ပြု လုပ်လော့။-
4 ၄ အကြောင်းမူကား ၊ ယနေ့ မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက် လေးဆယ် ပတ်လုံးမြေကြီး ပေါ် သို့ မိုဃ်း ရွာ စေမည်။ ငါဖန်ဆင်း သော သတ္တဝါ အပေါင်း တို့ကို၊ မြေကြီး မျက်နှာ ပေါ် မှ ငါပယ်ရှင်း မည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။
၄ခုနစ်ရက်ကြာလျှင်ဖန်ဆင်းခဲ့သမျှသော သတ္တဝါများကိုသေကြေပျက်စီးစေခြင်းငှာ ကမ္ဘာမြေကြီးပေါ်၌အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးကိုငါရွာစေမည်'' ဟု မိန့်တော်မူ၏။-
5 ၅ မှာ ထားတော်မူသည်အတိုင်း လည်း နောဧ ပြု လေ၏။
၅နောဧသည်လည်းထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်လေ၏။
6 ၆ မြေကြီး ကို ရေ လွှမ်းမိုး သောအခါ နောဧ သည် အသက် ခြောက် ရာ ရှိ သတည်း။
၆ကမ္ဘာမြေကြီးပေါ်၌ရေလွှမ်းမိုးသောအခါ နောဧသည်အသက်ခြောက်ရာရှိသတည်း။-
7 ၇ ရေ လွှမ်းမိုး ခြင်းဘေးကြောင့် ၊ နောဧ သည် မိမိ သား ၊ မယား ၊ ချွေးမ များနှင့်တကွ ၊ သင်္ဘော ထဲသို့ ဝင် ၍
၇နောဧနှင့်သူ၏မယား၊ သားများနှင့်ချွေးမ များသည် ရေလွှမ်းမိုးခြင်းဘေးမှလွတ်မြောက် ရန်သင်္ဘောထဲသို့ဝင်ရောက်ကြ၏။-
8 ၈ ဘုရား သခင်မှာ ထားတော်မူသည့်အတိုင်း စင်ကြယ် သောသား ၊ မ စင်ကြယ် သောသား ၊ ငှက် များနှင့် မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်များအထဲ က၊
၈ဘုရားသခင်မိန့်မှာသည့်အတိုင်းသန့်စင်သော တိရစ္ဆာန်နှင့်ငှက်၊ မသန့်စင်သောတိရစ္ဆာန်နှင့်ငှက်မှ တစ်မျိုးလျှင် အဖိုနှင့်အမအစုံတို့သည် နောဧနှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။-
9 ၉ အထီး အမ အစုံ တို့သည်၊ နောဧ နှင့်အတူသင်္ဘော ထဲသို့ ဝင် ကြ၏။
၉
10 ၁၀ ခုနစ် ရက် စေ့သောအခါ ၊ လွှမ်းမိုး အပ်သော ရေ သည် မြေ ပေါ် ၌ ပေါ် လာ၏။
၁၀ခုနစ်ရက်ကြာသော်ကမ္ဘာမြေကြီးပေါ်တွင် ရေလွှမ်းလေ၏။
11 ၁၁ နောဧ အသက် ခြောက် ရာ စေ့သောနှစ် ၊ ဒုတိယ လ ၊ ဆယ် ခုနစ် ရက် နေ့တွင် ၊ ကြီးစွာ သော နက်နဲ ရာ ရေ ပေါက်ရေတွင်းတို့၏ အဆီး အတားရှိသမျှ ကို ပယ်ရှင်း၍၊ မိုဃ်း ကောင်းကင်ပြွန်ဝ များကို ဖွင့် သဖြင့်၊
၁၁နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယ လတစ်ဆယ့်ခုနစ်ရက်နေ့၌သမုဒ္ဒရာစမ်းပေါက် တို့ပွင့်လေ၏။ မိုးကောင်းကင်ရေတံခါးအားလုံး တို့လည်းပွင့်သဖြင့်၊-
12 ၁၂ အရက်လေး ဆယ်ပတ်လုံးမြေကြီး ပေါ် မှာ မိုဃ်း ရွာ လေ၏။
၁၂ကမ္ဘာမြေကြီးတွင်အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးရွာသွန်းလေ၏။-
13 ၁၃ ထို နေ့ ရက်တွင် ၊ နောဧ နှင့် မိမိ မယား မှစ၍ ရှေမ ၊ ဟာမ ၊ ယာဖက် တည်းဟူသောနောဧ သား သုံးယောက်၊ ချွေးမ သုံး ယောက်တို့သည် သင်္ဘော ထဲ သို့ ဝင် ကြ၏။
၁၃ထိုနေ့၌ပင်နောဧနှင့်သူ၏မယား၊ သားသုံး ယောက်ဖြစ်ကြသောရှေမ၊ ဟာမ၊ ယာဖက်နှင့် သူတို့၏မယားတို့သည်သင်္ဘောထဲသို့ဝင်ကြ၏။-
14 ၁၄ သားရဲ မျိုး ၊ သားယဉ် မျိုး ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် မျိုး ၊ ပျံ တတ်သော ကြက် ငှက် မျိုး၊
၁၄တိရစ္ဆာန်အယဉ်အရိုင်း၊ အကြီးအငယ်အမျိုး မျိုးနှင့် ငှက်အမျိုးမျိုးတို့သည်လည်း သူတို့ နှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။-
15 ၁၅ အသက် ရှင်သော တိရစ္ဆာန် အမျိုးအမျိုးအပေါင်း တို့အထဲက ၊ အထီးအမအစုံ တို့သည်၊ နောဧ နှင့်အတူသင်္ဘော ထဲသို့ ဝင် ကြလေ၏။
၁၅ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်း သက် ရှိသတ္တဝါတစ်မျိုးစီမှအဖိုနှင့်အမအစုံ တို့သည် နောဧနှင့်သင်္ဘောထဲသို့ဝင်ကြ၏။ နောဧ သင်္ဘောထဲသို့ဝင်ပြီးနောက်ထာဝရဘုရားသည် တံခါးကိုပိတ်တော်မူ၏။
16 ၁၆ ထိုသို့နောဧကို ဘုရား သခင်မှာ ထားတော်မူသည်အတိုင်း ဝင် သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်း သော တိရစ္ဆာန် တို့အထဲက ၊ အထီး အမ စုံလျက်ဝင် ကြ၏။ ထာဝရဘုရား သည်လည်း နောဧ ကို အထဲမှာ ပိတ် ထားတော်မူ၏။
၁၆
17 ၁၇ ရေ လွှမ်းမိုးခြင်းသည် အရက် လေး ဆယ်ပတ်လုံးမြေကြီး ပေါ် မှာ အစဉ်အတိုင်းတိုးတက် ၍ သင်္ဘော ကို မြေ မှ ခွါ လျက် ဆောင်ယူ လေ၏။
၁၇အရက်လေးဆယ်ကြာမျှကမ္ဘာမြေကြီးပေါ် တွင် ဆက်လက်၍ရေလွှမ်းမိုးလာရာသင်္ဘောသည် မြေပေါ်မှကြွတက်၏။-
18 ၁၈ တဖန် ရေ သည်အားကြီး၍ မြေကြီး ပေါ် မှာ အလွန် တိုးတက် သဖြင့် ၊ သင်္ဘော သည် ရေ မျက်နှာ ပေါ် ၌ မျော လျက်နေလေ၏။
၁၈ရေပို၍နက်လာသောအခါ သင်္ဘောသည်ရေပေါ် ၌ပေါ်လာ၏။-
19 ၁၉ နောက်တဖန်ရေ သည် မြေကြီး ပေါ် မှာ အလွန် အားကြီး သဖြင့် မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သော တောင် ကြီး အပေါင်း တို့သည် မြုပ် ကြ၏။
၁၉ရေနက်သည်ထက်နက်လာပြန်သဖြင့် အမြင့် ဆုံးသောတောင်တို့သည်ပင်လျှင်ရေမြုပ်ကြ ကုန်၏။-
20 ၂၀ ရေမြုပ်သောတောင် တို့ အထက် ၌ လွှမ်း တတ်သော ရေ သည် ဆယ့် ငါး တောင် ရှိသတည်း။
၂၀ထိုနောက်တောင်ထိပ်များအထက်သို့နှစ်ဆယ့် ငါးပေအထိရေတက်လာလေ၏။-
21 ၂၁ မြေ ပေါ် မှာ လှုပ်ရှားတတ်သော တိရစ္ဆာန် မျိုးတည်းဟူသောငှက် ၊ သားယဉ် ၊ သားရဲ ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်အပေါင်း တို့နှင့် လူ အပေါင်း တို့သည် သေ ကြကုန်၏။
၂၁ထိုအခါကမ္ဘာမြေကြီးပေါ်မှလူ၊ တိရစ္ဆာန်၊ ငှက် စသောသက်ရှိသတ္တဝါအပေါင်းတို့သည်သေ ကြေပျက်စီးကြကုန်၏။-
22 ၂၂ အသက် ရှု လျက် ကုန်း ပေါ် မှာ ရှိလေသမျှ တို့သည် သေ ကြကုန်၏။
၂၂သို့ဖြစ်၍အသက်ရှင်သမျှသောသတ္တဝါတို့ သေကြေကြကုန်၏။-
23 ၂၃ မြေ မျက်နှာ ပေါ် ၌ ရှိသောလူ ဖြစ်စေ ၊ သား ဖြစ်စေ တွား တတ်သော အရာဖြစ်စေ ၊ မိုဃ်း ကောင်းကင်ငှက် ဖြစ်စေ၊ အသက် ရှင်သော အရာရှိ ရှိသမျှတို့ကို မြေကြီး ပေါ်က ပယ်ရှင်း တော်မူ၍ ၊ ပျက်စီး ကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧ မှစ၍ နောဧနှင့်အတူ သင်္ဘော ထဲ ၌ရှိသော သူတို့ သာ ကျန် ကြွင်းကြလေ၏။
၂၃ထာဝရဘုရားသည် လူ၊ တိရစ္ဆာန်၊ ငှက်စသော သက်ရှိသတ္တဝါအပေါင်းတို့ကိုသုတ်သင်ဖျက် ဆီးတော်မူ၏။ သင်္ဘောပေါ်၌နောဧနှင့်အတူ ရှိသမျှတို့သာလျှင်အသက်ချမ်းသာရာ ရကြ၏။-
24 ၂၄ ရေ သည်လည်း မြေကြီး ပေါ် မှာ ရက် ပေါင်း တရာ့ ငါး ဆယ်ပတ်လုံးအား ကြီးစွာတည်လေ၏။
၂၄မြေပြင်ပေါ်တွင် ရက်ပေါင်းတစ်ရာ့ငါးဆယ် ပတ်လုံးရေလွှမ်းလျက်ရှိနေ၏။