< ကမ္ဘာ​ဦး 6 >

1 မြေကြီး မျက်နှာ ပေါ် မှာလူ တို့သည် များပြား ၍ သမီး များကိုလည်း ရ ကြသောအခါ၊
မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား၍ သမီးများကိုလည်း ရကြသောအခါ၊
2 ဘုရား သခင်၏သား တို့သည် လူ သမီး တို့ လှ ကြောင်း ကိုမြင် ၍ ၊ ကိုယ် စိတ် ရှိသည်အတိုင်း စုံဘက် ကြ၏။
ဘုရားသခင်၏သားတို့သည် လူသမီးတို့ လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။
3 ထာဝရဘုရား ကလည်း ငါ့ ဝိညာဉ် သည် လူ တို့တွင် အစဉ် မ ဆုံး မရ။ အကြောင်းမူကား လူ တို့သည် အသား ဖြစ်၏။ သူ ၏အသက် တန်းသည် လည်း၊ အနှစ် တရာ နှစ် ဆယ်ဖြစ် စေဟုမိန့် တော်မူ၏။
ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည် အသားဖြစ်၏။ သူ၏အသက်တန်းသည်လည်း၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။
4 ထို ကာလ ၌ ၊ မြေကြီး ပေါ် မှာ ကိုယ် ကြီးမားသော သူအချို့ရှိ ကြ၏။ ထိုနောက် ၌လည်း ၊ ဘုရား သခင်၏ သား တို့သည်၊ လူ သမီး တို့နှင့် ဆက်ဆံ၍ ရ သောသားတို့သည်၊ အား ကြီးသောသူ၊ ရှေး ကာလမှစ၍ ၊ ကျော်စော သောသူ ဖြစ် ကြ၏။
ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသော သူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏ သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။
5 မြေကြီး ပေါ် မှာ လူ အပြစ် ကြီး ၍ ၊ သူ ၏ စိတ်နှလုံး အကြံအစည် ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက် ရှိကြောင်းကို၊ ဘုရား သခင်သိမြင် တော်မူလျှင်၊
မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊
6 မြေကြီး ပေါ် မှာ လူ ကို ဖန်ဆင်း တော်မူသည်ကို နောင်တရ ၍၊ နှလုံး တော်ပူပန် လျက် ရှိတော်မူ၏။
မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသည်ကို နောက်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။
7 ထာဝရဘုရား ကလည်း ၊ ငါဖန်ဆင်း သော လူ ကို၎င်း၊ လူ မှစ၍ သားများ၊ တွား တတ်သော တိရစ္ဆာန် များ၊ မိုဃ်းကောင်းကင် ငှက် များတို့ကို၎င်းမြေကြီး မျက်နှာ မှာ ငါသုတ်သင် ပယ်ရှင်းမည်။ သူ တို့ကို ဖန်ဆင်း သောကြောင့် ငါနောင်တရ သည်ဟု မိန့် တော်မူ၏။
ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှာ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသော ကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။
8 နောဧ မူကား ၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ သောသူဖြစ်သတည်း။
နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။
9 နောဧ အတ္ထုပ္ပတ္တိ ဟူမူကား ၊ နောဧ သည် ဖြောင့်မတ် သောသူ ၊ မိမိ အမျိုး ၌ စုံလင် သောသူဖြစ် ၏။ ဘုရား သခင်နှင့်အတူ သွား လာ၏။
နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။
10 ၁၀ နောဧ သည် ရှေမ ၊ ဟာမ ၊ ယာဖက် တည်း ဟူသော သား သုံး ယောက်ကို မြင် လေ၏။
၁၀နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။
11 ၁၁ ထိုအခါ မြေကြီး သည် ဘုရား သခင့်ရှေ့ မှာ ပုပ်စပ် လျက်ရှိ၏။ မြေကြီး သည် အဓမ္မ အမှုနှင့် ပြည့်စုံ လေ၏။
၁၁ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။
12 ၁၂ ဘုရား သခင်သည် မြေကြီး ကိုကြည့်ရှု သောအခါ ၊ ပုပ်စပ် လျက်ရှိသည်ကို မြင် တော်မူ၏။ အကြောင်းမူကား မြေကြီး ပေါ် မှာ လူ အပေါင်း တို့သည် ဖေါက်ပြန် ခြင်းသို့ ရောက်ကြပြီ။
၁၂ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။
13 ၁၃ ထိုအခါ ဘုရား သခင်သည်၊ နောဧ အား မိန့် တော်မူသည်ကား၊ သတ္တဝါ အပေါင်း တို့၏ အဆုံး သည် ငါ့ မျက်မှောက် တွင် ပေါ် လာပြီ။ သူ တို့ကြောင့် မြေကြီး သည် အဓမ္မ အမှုနှင့်ပြည့်စုံ လေ၏။ အကယ်စင်စစ်မြေကြီး နှင့်တကွ သူ တို့ကို ငါ ဖျက်ဆီး မည်။
၁၃ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့် တကွ သူတို့ကို ငါဖျက်ဆီးမည်။
14 ၁၄ ဂေါဖရ သစ်သား ဖြင့် သင်္ဘော ကို ကိုယ် ဘို့ တည်လုပ် လော့။ အထဲ၌ လည်း အခန်း များကို လုပ် လော့။ အတွင်း ၊ ပြင် ၊ ပတ်လည်ကို ထင်းရူးစေး နှင့် သုတ် လော့။
၁၄ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။
15 ၁၅ လုပ် ရမည်ပုံ ဟူမူကား၊ သင်္ဘော အလျား အတောင် သုံး ရာ ၊ အနံ အတောင် ငါး ဆယ်၊ အမြင့် အတောင် သုံး ဆယ်ရှိစေရမည်။
၁၅လုပ်ရမည်ပုံ ဟူမူကား၊ သင်္ဘောအလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့် အတောင်သုံးဆယ်ရှိစေရမည်။
16 ၁၆ အပေါ် ၌ လည်းအမိုး ကိုလုပ် ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင် အကျယ် ရှိ စေရမည်။ သင်္ဘော နံ တစ်ဖက်၌ လည်း တံခါး ကို လုပ်ရမည်။ အောက် ဆင့်၊ အလယ် ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံး ဆင့်ကိုလည်း ရှိ စေရမည်။
၁၆အပေါ်၌သည်အမိုးကိုလုပ်ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတဘက်၌လည်း တံခါးကို လုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။
17 ၁၇ အသက် ရှင် သော သတ္တဝါ အပေါင်း တို့ကို၊ ကောင်းကင် အောက် မှ ငါ့ ကိုယ်တိုင်ပယ်ရှင်း ခြင်းငှါ ၊ မြေကြီး ကို ရေ လွှမ်းမိုး စေသဖြင့် ၊ မြေ ပေါ် မှာ ရှိသမျှ တို့သည် သေ ကြရမည်။
၁၇အသက်ရှင်သော သတ္တဝါ အပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင် ပယ်ရှင်ခြင်းငှါ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့်၊ မြေပေါ်မှာ ရှိသမျှတို့သည် သေကြရမည်။
18 ၁၈ သင် ၌ မူကား ၊ ငါ့ ပဋိညာဉ် ကို ငါတည် စေမည်။ သင် သည် သား ၊ မယား ၊ ချွေးမ များနှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ရမည်။
၁၈သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ရမည်။
19 ၁၉ အသက် ရှင်သော တိရစ္ဆာန် အမျိုးမျိုး ထဲက ၊ အထီး အမ ၊ အစုံ တို့ကိုယူ၍၊ သင် နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ ၊ သင်္ဘော ထဲ သို့ သွင်း ရမည်။
၁၉အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။
20 ၂၀ ငှက် လည်းအမျိုး အလိုက် ၊ သားလည်း အမျိုး အလိုက် ၊ တွား တက်သော တိရစ္ဆာန်အပေါင်း လည်း အမျိုး အလိုက် ၊ အထီးအမ၊ အစုံ တို့သည် အသက် ချမ်းသာစေခြင်းငှါ ၊ သင့် ထံသို့ လာ ကြလိမ့်မည်။
၂၀ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။
21 ၂၁ ကိုယ် စားစရာအဘို့ ၊ တိရစ္ဆာန် တို့စားစရာ အဘို့ ၊ စား အပ်သော အစာ အမျိုးမျိုး ကို ယူ ၍ သို ထားရမည်ဟု၊ ဘုရားသခင်မှာထားတော်မူ၏။
၂၁ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။
22 ၂၂ မှာ ထားတော်မူသည်အတိုင်း လည်း နောဧ ပြု လေ၏။
၂၂မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။

< ကမ္ဘာ​ဦး 6 >

The World is Destroyed by Water
The World is Destroyed by Water