< ကမ္ဘာ​ဦး 50 >

1 ထိုအခါ ယောသပ် သည် အဘ ၏မျက်နှာ ပေါ် မှာ ငုံ့ ၍ ၊ ငို လျက် နမ်း လျက်နေ၏။
Иосиф пал на лице отца своего, и плакал над ним, и целовал его.
2 အဘ ၏အလောင်း ကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှါ ၊ မိမိ ကျွန် ဆေးသမား တို့ကို အမိန့် ရှိ၍ ၊ သူတို့သည် နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။
И повелел Иосиф слугам своим - врачам бальзамировать отца его; и врачи набальзамировали Израиля.
3 နံ့သာမျိုး နှင့်ပြင်ဆင်သော အလောင်းကို၊ ထုံးစံ ရှိသည်အတိုင်း ထား၍၊ အရက် လေးဆယ် လွန်လျှင်၊ အဲဂုတ္တု လူတို့သည် ယာကုပ် ကြောင့်၊ အရက် ခုနစ် ဆယ် ပတ်လုံးငိုကြွေး မြည်တမ်းခြင်းကိုပြုကြ၏။
И исполнилось ему сорок дней, ибо столько дней употребляется на бальзамирование, и оплакивали его Египтяне семьдесят дней.
4 ငိုကြွေး မြည်တမ်းသောနေ့ရက် လွန် သောအခါ ၊ ယောသပ် သည် နန်းတော် သား အချို့တို့ကိုခေါ် ၍ ၊ သင် တို့ သည် ကျွန်ုပ်ကိုစေတနာ စိတ်ရှိ လျှင် ၊ ဖာရော ဘုရင် ထံ တော်သို့သွား၍၊
Когда же прошли дни плача по нем, Иосиф сказал придворным фараона, говоря: если я обрел благоволение в очах ваших, то скажите фараону так:
5 ကျွန်တော် အဘ က၊ ငါ သေ တော့မည်။ ခါနာန် ပြည် ၌ ကိုယ် ဘို့ ငါတူး ဘူးသော သင်္ချိုင်း တွင်း၌ ၊ ငါ့ ကို သင်္ဂြိုဟ် ရမည်ဟူ၍ကျွန်တော် ကို ကျိန်ဆို စေပါပြီ။ ထိုကြောင့်ကျွန်တော်သွား ၍ ၊ အဘ ကို သင်္ဂြိုဟ် ပြီးမှ ပြန် လာပါမည် အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော် လျှောက်ကြပါလော့ဟုဆို၏။
отец мой заклял меня, сказав: вот, я умираю; во гробе моем, который я выкопал себе в земле Ханаанской, там похорони меня. И теперь хотел бы я пойти и похоронить отца моего и возвратиться. Слова Иосифа пересказали фараону.
6 ဖာရော မင်းကလည်း ၊ သင် ၏အဘ ကျိန်ဆို စေသည်အတိုင်း သွား ၍ ၊ သင်္ဂြိုဟ် လော့ဟု မိန့် တော်မူ၏။
И сказал фараон: пойди и похорони отца твоего, как он заклял тебя.
7 ယောသပ် သည် အဘ ကိုသင်္ဂြိုဟ် ခြင်းငှါ ထွက်သွား ၍ ၊ ဖာရော မင်း၏ ကျွန် များတည်းဟူသောနန်းတော် အရာရှိ ၊ အဲဂုတ္တု ပြည် အရာရှိ အပေါင်း တို့နှင့်၊
И пошел Иосиф хоронить отца своего. И пошли с ним все слуги фараона, старейшины дома его и все старейшины земли Египетской,
8 ယောသပ် အိမ်သား၊ အစ်ကို တို့ အိမ်သား ၊ အဘ အိမ်သား ရှိသမျှ တို့ သည်လိုက်ကြ၏။ သူငယ် တို့နှင့် သိုး နွား များကိုသာ ၊ ဂေါရှင် ပြည် ၌ ကျန်ရစ် စေကြ၏။
и весь дом Иосифа, и братья его, и дом отца его. Только детей своих и мелкий и крупный скот свой оставили в земле Гесем.
9 ထိုသို့လျှင် ရထား များ၊ မြင်းစီးသူရဲ များတည်းဟူသောအလွန် များစွာသော အလုံး အရင်းတို့သည် ယောသပ် နှင့်တကွ လိုက်သွား ကြ၏။
С ним отправились также колесницы и всадники, так что сонм был весьма велик.
10 ၁၀ ယော်ဒန် မြစ်နား မှာ အာတဒ် ကောက်နယ်တလင်းသို့ ရောက် သောအခါ ၊ အလွန် ကြီးစွာ သော ငိုကြွေး မြည်တမ်းခြင်းကို ပြု ကြပြန်၏။ ယောသပ်သည် မိမိ အဘ ကြောင့် ခုနစ် ရက်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်း ကိုပြု လေ၏။
И дошли они до Горен-гаатада при Иордане и плакали там плачем великим и весьма сильным; и сделал Иосиф плач по отце своем семь дней.
11 ၁၁ ထိုသို့အာတဒ် ကောက်နယ်တလင်း၌ ပြုသောငိုကြွေးမြည်တမ်းခြင်းကို၊ ထို ပြည်သား ခါနာန် လူတို့သည် မြင် လျှင် ၊ အဲဂုတ္တု လူတို့သည် ပြင်းစွာ ငိုကြွေး မြည်တမ်းပါသည်တကားဟုဆို ကြ၏။ ထိုကြောင့် ယော်ဒန် မြစ်နား မှာ ရှိသော ထို အရပ်ကို၊ အဗေလမိဇရိမ် ဟူ၍သမုတ် ကြသတည်း။
И видели жители земли той, Хананеи, плач в Горен-гаатаде, и сказали: велик плач этот у Египтян! Посему наречено имя месту тому: плач Египтян, что при Иордане.
12 ၁၂ ယာကုပ် သား တို့သည်၊ အဘမှာ ထားသည် အတိုင်း ပြု ကြ၏။
И сделали сыновья Иакова с ним, как он заповедал им;
13 ၁၃ ခါနာန် ပြည် သို့ ဆောင်သွား ၍ ၊ အာဗြဟံ သည် ကိုယ်ပိုင် သောသင်္ချိုင်း ဘို့၊ ဟိတ္တိ အမျိုးသားဧဖရုန် ၌ ဝယ် သော မံရေ မြို့ရှေ့ ၊ မပ္ပေလ လယ်ပြင် တွင်ရှိသောမြေတွင်း ၌ သင်္ဂြိုဟ် ကြ၏။
и отнесли его сыновья его в землю Ханаанскую и похоронили его в пещере на поле Махпела, которую купил Авраам с полем в собственность для погребения у Ефрона Хеттеянина, пред Мамре.
14 ၁၄ ယောသပ် သည် အဘ ကိုသင်္ဂြိုဟ် ပြီးလျှင် ၊ အစ်ကို များမှစ၍ မသာလိုက် လာသောသူအပေါင်း တို့နှင့်တကွ ၊ အဲဂုတ္တု ပြည်သို့ ပြန် လေ၏။
И возвратился Иосиф в Египет, сам и братья его и все ходившие с ним хоронить отца его, после погребения им отца своего.
15 ၁၅ ယောသပ် အစ်ကို တို့သည် အဘ သေ သည်ကို သိမြင် လျှင် ၊ ငါ တို့ကို ယောသပ် သည် အငြိုး ထားကောင်း ထားလိမ့်မည်။ ငါ တို့သည် အထက်က သူ့ ကို ညှဉ်းဆဲ သောကြောင့် ၊ ငါ တို့အား ဧကန်အမှန်ပြန် ၍ ညှဉ်းဆဲလိမ့်မည်ဟု စိုးရိမ်လျက်၊
И увидели братья Иосифовы, что умер отец их, и сказали: что, если Иосиф возненавидит нас и захочет отмстить нам за все зло, которое мы ему сделали?
16 ၁၆ သူ့ ထံ သို့တမန်ကိုစေလွှတ် ၍ ၊ ကိုယ်တော် အစ်ကို တို့သည် မကောင်း သောအမှုကို ကိုယ်တော်အား ပြု မိ၍၊
И послали они сказать Иосифу: отец твой пред смертью своею завещал, говоря:
17 ၁၇ ကိုယ်တော် ကို ပြစ်မှား သောအပြစ် ကို လွှတ်တော်မူပါဟု၊ ကိုယ်တော်အား ကြား လျှောက်ရမည် အကြောင်း၊ ခမည်း တော်မသေမှီ ကျွန်တော်တို့ကို မှာ ထားခဲ့သည်ဖြစ်၍၊ ယခု တွင် ခမည်း တော်၏ ဘုရားသခင် ကျွန် တို့၏ အပြစ် ကို လွှတ် တော်မူပါဟု လျှောက်ကြ၏။ ထိုသို့ လျှောက် ကြသောအခါ ၊ ယောသပ် သည် မျက်ရည် ကျလေ၏။
так скажите Иосифу: прости братьям твоим вину и грех их, так как они сделали тебе зло. И ныне прости вины рабов Бога отца твоего. Иосиф плакал, когда ему говорили это.
18 ၁၈ အစ်ကို တို့သည်လည်း ဝင် ၍ ယောသပ် ရှေ့ မှာ ပြပ်ဝပ် လျက် ၊ ကျွန်တော် တို့သည် ကိုယ်တော် ၏ ကျွန် ဖြစ်ကြပါသည်ဟု လျှောက် ကြ၏။
Пришли и сами братья его, и пали пред лицем его, и сказали: вот, мы рабы тебе.
19 ၁၉ ယောသပ် ကလည်း ၊ မ စိုးရိမ် ကြနှင့်။ ကျွန်ုပ် သည် ဘုရားသခင် ကိုယ်စား ဖြစ်သလော။
И сказал Иосиф: не бойтесь, ибо я боюсь Бога;
20 ၂၀ သင် တို့သည် ကျွန်ုပ် ကို ညှဉ်းဆဲ မည်ကြံ ကြသော်လည်း ၊ ဘုရားသခင် သည် ယနေ့ ဖြစ်သည်အတိုင်း ၊ လူ များ အသက် ချမ်းသာစေခြင်းငှါ ကျေးဇူး ပြု မည် ကြံ တော်မူ၏။
вот, вы умышляли против меня зло; но Бог обратил это в добро, чтобы сделать то, что теперь есть: сохранить жизнь великому числу людей;
21 ၂၁ ထိုကြောင့် ၊ မ စိုးရိမ် ကြနှင့်။ သင် တို့နှင့် သူငယ် များကို ကျွန်ုပ် ကျွေးမွေး မည်ဟုဆိုလျက်၊ သူ တို့ကို နှစ်သိမ့် စေ၍ မေတ္တာ စကားကို ပြော လေ၏။
итак не бойтесь: я буду питать вас и детей ваших. И успокоил их и говорил по сердцу их.
22 ၂၂ ထိုသို့ ယောသပ် သည် မိမိ အဘ ၏ အမျိုးသား တို့နှင့် အဲဂုတ္တု ပြည်၌ နေ ၍ ၊ အသက် တရာ တဆယ် ကိုမှီ ၏။
И жил Иосиф в Египте сам и дом отца его; жил же Иосиф всего сто десять лет.
23 ၂၃ ဧဖရိမ် ၏မြေး ကို မြင် ရ၏။ မနာရှေ ၏သား ၊ မာခိရ ၏သားသမီး တို့ကိုလည်း မိမိ ဒူး ပေါ် မှာ မွေးစား ရ၏။
И видел Иосиф детей у Ефрема до третьего рода, также и сыновья Махира, сына Манассиина, родились на колени Иосифа.
24 ၂၄ ယောသပ် ကလည်း ၊ ကျွန်ုပ် သေ တော့မည်။ အကယ် စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှု ကြွလာတော်မူမည်။ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ ၊ ဤ ပြည် မှ ဆောင်သွား တော်မူမည်ဟု အစ်ကို တို့အား ဆို ၏။
И сказал Иосиф братьям своим: я умираю, но Бог посетит вас и выведет вас из земли сей в землю, о которой клялся Аврааму, Исааку и Иакову.
25 ၂၅ တဖန် တုံ၊ အကယ်စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှုကြွလာတော်မူမည်။ ကျွန်ုပ် အရိုး တို့ကို ဤ အရပ်မှ ယူ သွားရမည်ဟူ၍ဣသရေလ အမျိုးသား တို့ကို ကျိန်ဆို စေ၏။
И заклял Иосиф сынов Израилевых, говоря: Бог посетит вас, и вынесите кости мои отсюда.
26 ၂၆ ထိုသို့ ယောသပ် သည် အသက် တရာ တဆယ် ရှိသော်အနိစ္စ ရောက်လေ၏။ အလောင်း ကိုကား၊ နံ့သာမျိုး နှင့် ပြင်ဆင်ပြီးလျှင် အဲဂုတ္တု ပြည်၌ တလား နှင့် ထား ကြလေ၏။
И умер Иосиф ста десяти лет. И набальзамировали его и положили в ковчег в Египте.

< ကမ္ဘာ​ဦး 50 >