< ကမ္ဘာ​ဦး 5 >

1 အာဒံ ၏သားစဉ်မြေးစက် စာရင်း ဟူမူကား၊ လူ ကို ဖန်ဆင်း တော်မူသောကာလ ၌ ၊ မိမိ ပုံသဏ္ဍာန် နှင့်အညီ၊ ဘုရား သခင်ဖန်ဆင်း တော်မူ၏။
This is the record of the descendants of Adam. On the day that God created mankind, he made them in his own likeness.
2 လူယောက်ျား လူမိန်းမ ကို ဖန်ဆင်း ၍ ၊ ကောင်းကြီး ပေးတော်မူ၏။ ဖန်ဆင်း သောနေ့ ၌ လည်း သူ တို့ကို အာဒံ အမည် ဖြင့် မှည့် တော်မူ၏။
Male and female he created them. He blessed them and named them mankind when they were created.
3 အာဒံ သည် အသက် တရာ့ သုံး ဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန် နှင့်အညီသဏ္ဍာန် တည်းသားကိုမြင် ရ၍ ရှေသ အမည် ဖြင့် မှည့် လေ၏။
When Adam had lived 130 years, he became the father of a son in his own likeness, after his image, and he called his name Seth.
4 ရှေသ ကို ဘွားမြင် သောနောက် အာဒံ သည် အနှစ် ရှစ် ရာ အသက်ရှင်၍၊ သား သမီး များကိုမြင် လေ၏။
After Adam became the father of Seth, he lived eight hundred years. He became the father of more sons and daughters.
5 အာဒံ သည် အသက် နှစ် ပေါင်း ကိုး ရာ သုံး ဆယ် စေ့သော် သေ လေ၏။
Adam lived 930 years, and then he died.
6 ရှေသ သည် အသက် တရာ ငါး နှစ် ရှိသော်၊ သားဧနုတ် ကို မြင် လေ၏။
When Seth had lived 105 years, he became the father of Enosh.
7 ဧနုတ် ဘွားမြင် သောနောက် ၊ ရှေသ သည် အနှစ် ရှစ် ရာ ခုနှစ် နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ ၏။
After he became the father of Enosh, he lived 807 years and became the father of more sons and daughters.
8 ရှေလ သည် အသက် နှစ် ပေါင်းကိုး ရာ တဆယ် နှစ် နှစ် စေ့သော် သေ လေ၏။
Seth lived 912 years, and then he died.
9 ဧနုတ် သည် အသက် ကိုး ဆယ်ရှိသော်၊ သား ကာဣနန် ကို မြင် လေ၏။
When Enosh had lived ninety years, he became the father of Kenan.
10 ၁၀ ကာဣနန် ဘွားမြင် သောနောက် ၊ ဧနုတ် သည် အနှစ် ရှစ် ရာ တဆယ် ငါး နှစ် အသက် ရှင်၍ သား သမီး များ ကို မြင် လေ၏။
After he became the father of Kenan, Enosh lived 815 years. He became the father of more sons and daughters.
11 ၁၁ ဧနုတ် သည် အသက် နှစ် ပေါင်းကိုး ရာ ငါး နှစ် စေ့ သော်သေ လေ၏။
Enosh lived 905 years, and then he died.
12 ၁၂ ကာဣနန် သည် အသက် ခုနစ် ဆယ်ရှိသော်၊ သားမဟာလေလ ကို မြင် လေ၏။
When Kenan had lived seventy years, he became the father of Mahalalel.
13 ၁၃ မဟာလေလ ဘွား မြင်သောနောက် ၊ ကာဣနန် သည် အနှစ် ရှစ် ရာ လေး ဆယ်အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
After he became the father of Mahalalel, Kenan lived 840 years. He became the father of more sons and daughters.
14 ၁၄ ကာဣနန် သည် အသက် နှစ် ပေါင်းကိုး ရာ တဆယ့် စေ့ သော် သေ လေ၏။
Kenan lived 910 years, and then he died.
15 ၁၅ မဟာလေလ သည် အသက် ခြောက် ဆယ့်ငါး နှစ် ရှိသော် ၊ သားယာရက် ကို မြင် လေ၏။
When Mahalalel had lived sixty-five years, he became the father of Jared.
16 ၁၆ ယာရက် ဘွားမြင် သောနောက် မဟာလေလ သည် အနှစ် ရှစ် ရာ သုံး ဆယ်အသက် ရှင်၍ သား သမီး များကို မြင် လေ၏။
After he became the father of Jared, Mahalalel lived 830 years. He became the father of more sons and daughters.
17 ၁၇ မဟာလေလ သည် အသက် နှစ် ပေါင်းရှစ် ရာ ကိုး ဆယ့်ငါး နှစ် စေ့ သော် သေ လေ၏၊
Mahalalel lived 895 years, and then he died.
18 ၁၈ ယာရက် သည် အသက် တ ရာခြောက် ဆယ်နှစ် နှစ် ရှိသော်သားဧနောက် ကိုမြင် လေ၏။
When Jared had lived 162 years, he became the father of Enoch.
19 ၁၉ ဧနောက် ဘွားမြင် သောနောက် ယာရက် သည် အနှစ် ရှစ် ရာ အသက် ရှင်၍ ၊ သား သမီး များကိုမြင် လေ၏။
After he became the father of Enoch, Jared lived eight hundred years. He became the father of more sons and daughters.
20 ၂၀ ယာရက် သည် အသက် နှစ် ပေါင်းကိုး ရာ ခြောက်ဆယ် နှစ် နှစ် စေ့ သော် သေ လေ၏။
Jared lived 962 years, and then he died.
21 ၂၁ ဧနောက် သည် အသက်ခြောက်ဆယ် ငါး နှစ် ရှိသော်သားမသုရှလ ကို မြင် လေ၏။
When Enoch had lived sixty-five years, he became the father of Methuselah.
22 ၂၂ မသုရှလ ဘွားမြင် သောနောက် ဧနောက် သည် အနှစ် သုံး ရာ ပတ်လုံးဘုရား သခင်နှင့်အတူ သွား လာ၍ သား သမီး များကို မြင် လေ၏။
Enoch walked with God three hundred years after he became the father of Methuselah. He became the father of more sons and daughters.
23 ၂၃ ဧနောက် အသက် နှစ် ပေါင်းသုံး ရာ ခြောက် ဆယ်ငါး နှစ် တည်း၊
Enoch lived 365 years.
24 ၂၄ ဧနောက် သည် ဘုရား သခင်နှင့်အတူ သွား လာ၏။ နောက် တဖန် သူ သည်မ ရှိ အကြောင်းမူကား ၊ ဘုရား သခင် သိမ်းယူ တော်မူသောကြောင့် တည်း။
Enoch walked with God, and then he was gone, for God took him.
25 ၂၅ မသုရှလ သည် အသက် တရာ့ ရှစ် ဆယ်ခုနစ် နှစ် ရှိသော်၊ သား လာမက် ကို မြင် လေ၏။
When Methuselah had lived 187 years, he became the father of Lamech.
26 ၂၆ လာမက် ဘွားမြင် သောနောက် ၊ မသုရှလ သည် အနှစ် ခုနှစ် ရာ ရှစ် ဆယ်နှစ် နှစ် အသက် ရှင်၍ သား သမီး များကို မြင် လေ၏။
After he became the father of Lamech, Methuselah lived 782 years. He became the father of more sons and daughters.
27 ၂၇ မသုရှလ သည် အသက် နှစ် ပေါင်းကိုး ရာ ခြောက် ဆယ် ကိုး နှစ် စေ့ သော် သေ လေ၏။
Methuselah lived 969 years. Then he died.
28 ၂၈ လာမက် သည် အသက် တ ရာရှစ် ဆယ်နှစ် နှစ် ရှိသော်သား ကို မြင် ၍၊
When Lamech had lived 182 years, he became the father of a son.
29 ၂၉ ဤ သူသည်ကား၊ ထာဝရဘုရား ကျိန် တော်မူသောမြေ ၌ လုပ် ၍ ပင်ပန်း စွာ ခံရသောငါ တို့အား သက်သာ စေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသောအမည် ဖြင့် မှည့် လေ၏။
He called his name Noah, saying, “This one will give us rest from our work and from the painful labor of our hands, which we must do because of the ground that Yahweh has cursed.”
30 ၃၀ နောဧ ဘွားမြင် သောနောက် ၊ လာမက် သည် အနှစ် ငါး ရာ ကိုး ဆယ်ငါး နှစ် အသက် ရှင်၍ သား သမီး များ ကို မြင် လေ၏။
Lamech lived 595 years after he became the father of Noah. He became the father of more sons and daughters.
31 ၃၁ လာမက် သည် အသက် နှစ် ပေါင်း ခုနှစ် ရာ ခုနစ် ဆယ် ခုနစ် နှစ် စေ့ သော်သေ လေ၏။
Lamech lived 777 years. Then he died.
32 ၃၂ နောဧ သည် အသက် ငါး ရာ ရှိ ၏။ နောဧ သား ကား၊ ရှေမ ၊ ဟာမ ၊ ယာဖက် တည်း။
After Noah had lived five hundred years, he became the father of Shem, Ham, and Japheth.

< ကမ္ဘာ​ဦး 5 >