< ကမ္ဘာ​ဦး 49 >

1 ထို ရောအခါ၊ ယာကုပ် သည် မိမိ သား တို့ကို ခေါ် ၍ ၊ သင် တို့သည် စည်းဝေး ကြလော့။ နောင် ကာလ အခါ၊ သင် တို့၌ ဖြစ် လတံ့သော အမှု အရာများကို ငါဟောပြော မည်။
וַיִּקְרָ֥א יַעֲקֹ֖ב אֶל־בָּנָ֑יו וַיֹּ֗אמֶר הֵאָֽסְפוּ֙ וְאַגִּ֣ידָה לָכֶ֔ם אֵ֛ת אֲשֶׁר־יִקְרָ֥א אֶתְכֶ֖ם בְּאַחֲרִ֥ית הַיָּמִֽים׃
2 ယာကုပ် ၏သား တို့၊ စည်းဝေး ၍ ကြား ကြလော့။ အဘ ဣသရေလ ၏စကားကို နားထောင် ကြလော့။
הִקָּבְצ֥וּ וְשִׁמְע֖וּ בְּנֵ֣י יַעֲקֹ֑ב וְשִׁמְע֖וּ אֶל־יִשְׂרָאֵ֥ל אֲבִיכֶֽם׃
3 အိုရုဗင် ၊ သင် သည် ငါ့ သားဦး ၊ ငါ့ အစွမ်း သတ္တိ၊ ငါ ခွန်အား အစ အဦး၊ ဘုန်း အထွဋ် ၊ တန်ခိုး အထွဋ် ဖြစ်၏။
רְאוּבֵן֙ בְּכֹ֣רִי אַ֔תָּה כֹּחִ֖י וְרֵאשִׁ֣ית אוֹנִ֑י יֶ֥תֶר שְׂאֵ֖ת וְיֶ֥תֶר עָֽז׃
4 သို့သော်လည်းရေ ကဲ့သို့ ပွက်ထ သော သဘောရှိသည်ဖြစ်၍၊ ထူးမြတ် ခြင်းသို့ မ ရောက်ရ။ အကြောင်း မူကား၊ သင် သည် အဘ ၏အိပ်ရာ ကို တက် ၍ ညစ်ညူး စေ၏။ ငါ့ ခုတင် ထက်သို့တက် လေပြီတကား။
פַּ֤חַז כַּמַּ֙יִם֙ אַל־תּוֹתַ֔ר כִּ֥י עָלִ֖יתָ מִשְׁכְּבֵ֣י אָבִ֑יךָ אָ֥ז חִלַּ֖לְתָּ יְצוּעִ֥י עָלָֽה׃ פ
5 ရှိမောင် နှင့် လေဝိ သည် ညီအစ်ကို ဖြစ်၏။ အဓမ္မ အမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။
שִׁמְע֥וֹן וְלֵוִ֖י אַחִ֑ים כְּלֵ֥י חָמָ֖ס מְכֵרֹתֵיהֶֽם׃
6 ငါ့ ဝိညာဉ် သည် သူ တို့လျှို့ဝှက် ခြင်း အမှုထဲ သို့မ ဝင် ရ။ ငါ့ ဘုန်း သည် သူ တို့စည်းဝေး ရာနှင့် အသင်း မ ဖွဲ့ရ။ သူတို့သည် အမျက် ထွက်၍ လူ အသက်ကိုသတ် ကြပြီ။ ကိုယ် အလို သို့လိုက်၍ မြို့ ကိုဖြို ဖျက်ကြပြီ။
בְּסֹדָם֙ אַל־תָּבֹ֣א נַפְשִׁ֔י בִּקְהָלָ֖ם אַל־תֵּחַ֣ד כְּבֹדִ֑י כִּ֤י בְאַפָּם֙ הָ֣רְגוּ אִ֔ישׁ וּבִרְצֹנָ֖ם עִקְּרוּ־שֽׁוֹר׃
7 သူ တို့ပြင်းစွာ ထွက်သောအမျက် ၊ ကြမ်းတမ်း စွာသော ဒေါသ သည် ကျိန်ခြင်း ကိုခံ ပါစေသော။ ယာကုပ် အမျိုး၊ ဣသရေလ အနွယ်သားတို့တွင် သူ တို့ကို ငါကွဲပြား ပြန့်လွင့်စေမည်။
אָר֤וּר אַפָּם֙ כִּ֣י עָ֔ז וְעֶבְרָתָ֖ם כִּ֣י קָשָׁ֑תָה אֲחַלְּקֵ֣ם בְּיַעֲקֹ֔ב וַאֲפִיצֵ֖ם בְּיִשְׂרָאֵֽל׃ ס
8 အိုယုဒ ၊ သင် သည်ညီအစ်ကို တို့ ချီးမွမ်း ရသောသူဖြစ် ၏။ သင် ၏လက် သည် သင် ၏ရန်သူ လည်ပင်း ပေါ် မှာ ရှိလိမ့်မည်။ အဘ ၏သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ချကြလိမ့်မည်။
יְהוּדָ֗ה אַתָּה֙ יוֹד֣וּךָ אַחֶ֔יךָ יָדְךָ֖ בְּעֹ֣רֶף אֹיְבֶ֑יךָ יִשְׁתַּחֲוּ֥וּ לְךָ֖ בְּנֵ֥י אָבִֽיךָ׃
9 ယုဒ သည် ခြင်္သေ့ ပျို ဖြစ်၏။ ငါ့ သား ၊ သင်သည် ဘမ်း ယူကိုက်စားရာမှ တက် လာတတ်၏။ ဝပ် လျက် နေ၏။ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ခြင်္သေ့ မကဲ့သို့ ၎င်း ဝပ် တွားတတ် ၏။ အဘယ်သူ နှိုးဆော် ဝံ့မည်နည်း။
גּ֤וּר אַרְיֵה֙ יְהוּדָ֔ה מִטֶּ֖רֶף בְּנִ֣י עָלִ֑יתָ כָּרַ֨ע רָבַ֧ץ כְּאַרְיֵ֛ה וּכְלָבִ֖יא מִ֥י יְקִימֶֽנּוּ׃
10 ၁၀ ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။
לֹֽא־יָס֥וּר שֵׁ֙בֶט֙ מִֽיהוּדָ֔ה וּמְחֹקֵ֖ק מִבֵּ֣ין רַגְלָ֑יו עַ֚ד כִּֽי־יָבֹ֣א שילה וְל֖וֹ יִקְּהַ֥ת עַמִּֽים׃
11 ၁၁ မိမိ မြည်း ကို စပျစ် နွယ်ပင်၌ ၎င်း ၊ မြည်း ကလေး ကို အမြတ် ဆုံးသော စပျစ်နွှယ်ပင်၌ ၎င်း ချည်နှောင် ၍၊ မိမိ အဝတ် ပုဆိုးများကို စပျစ်သီး အသွေး တည်းဟူသော စပျစ်ရည် ဖြင့် လျှော် လိမ့်မည်။
אֹסְרִ֤י לַגֶּ֙פֶן֙ עירה וְלַשֹּׂרֵקָ֖ה בְּנִ֣י אֲתֹנ֑וֹ כִּבֵּ֤ס בַּיַּ֙יִן֙ לְבֻשׁ֔וֹ וּבְדַם־עֲנָבִ֖ים סותה׃
12 ၁၂ သူ၏မျက်စိ သည် စပျစ်ရည် နှင့် နီ လိမ့်မည်။ သွား သည်လည်း နို့ နှင့် ဖြူ လိမ့်မည်။
חַכְלִילִ֥י עֵינַ֖יִם מִיָּ֑יִן וּלְבֶן־שִׁנַּ֖יִם מֵחָלָֽב׃ פ
13 ၁၃ ဇာဗုလုန် သည် ကမ်း နား မှာ နေ ၍ ၊ သင်္ဘော ဆိပ် ဖြစ် လိမ့်မည်။ သူ ၏နယ် သည် ဇိဒုန် မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
זְבוּלֻ֕ן לְח֥וֹף יַמִּ֖ים יִשְׁכֹּ֑ן וְהוּא֙ לְח֣וֹף אֳנִיּ֔וֹת וְיַרְכָת֖וֹ עַל־צִידֹֽן׃ ס
14 ၁၄ ဣသခါ သည် တောင် ကြား မှာ ဝပ် လျက် အား ကြီးသောမြည်း ဖြစ်၏။
יִשָּׂשכָ֖ר חֲמֹ֣ר גָּ֑רֶם רֹבֵ֖ץ בֵּ֥ין הַֽמִּשְׁפְּתָֽיִם׃
15 ၁၅ ငြိမ်ဝပ် ရာအရပ်ကောင်း ၍ မြေ သာယာ သည်ကို မြင် သဖြင့် ၊ မိမိ ပခုံး ပေါ် မှာ ထမ်းပိုးကို တင်ထမ်း ၍၊ အခွန်ပေးသော ကျွန် ဖြစ် လေ၏။
וַיַּ֤רְא מְנֻחָה֙ כִּ֣י ט֔וֹב וְאֶת־הָאָ֖רֶץ כִּ֣י נָעֵ֑מָה וַיֵּ֤ט שִׁכְמוֹ֙ לִסְבֹּ֔ל וַיְהִ֖י לְמַס־עֹבֵֽד׃ ס
16 ၁၆ ဒန် သည် ဣသရေလ အနွှယ် တစုံ တပါးကဲ့သို့ ၊ မိမိ လူ တို့ကို စီရင် လိမ့်မည်။
דָּ֖ן יָדִ֣ין עַמּ֑וֹ כְּאַחַ֖ד שִׁבְטֵ֥י יִשְׂרָאֵֽל׃
17 ၁၇ ဒန် သည် လမ်း ၌ နေသောမြွေ ဖြစ် လိမ့်မည်။ မြင်းစီး သောသူ ကို နောက် သို့ လဲ စေခြင်းငှါ လမ်းကြား မှာ နေ ၍၊ မြင်း ခြေ ကို ကိုက် တတ်သော မြွေဆိုး ဖြစ်လိမ့်မည်။
יְהִי־דָן֙ נָחָ֣שׁ עֲלֵי־דֶ֔רֶךְ שְׁפִיפֹ֖ן עֲלֵי־אֹ֑רַח הַנֹּשֵׁךְ֙ עִקְּבֵי־ס֔וּס וַיִּפֹּ֥ל רֹכְב֖וֹ אָחֽוֹר׃
18 ၁၈ အိုထာဝရဘုရား ၊ ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် လျက်နေပါပြီ။
לִֽישׁוּעָתְךָ֖ קִוִּ֥יתִי יְהוָֽה׃
19 ၁၉ ဂဒ် မူကား၊ စစ်သူရဲ တို့သည် သူ တို့တိုက် ကြ၍ ၊ သူ သည် ပြန်တိုက် လိမ့်မည်။
גָּ֖ד גְּד֣וּד יְגוּדֶ֑נּוּ וְה֖וּא יָגֻ֥ד עָקֵֽב׃ ס
20 ၂၀ အာရှာ ၌ဖြစ်သော အစာ သည် အရသာနှင့် ပြည့်စုံ ၍ ၊ မင်း ၏ ခဲဘွယ် စားဘွယ်တို့ကို ထုတ်ပေး လိမ့်မည်။
מֵאָשֵׁ֖ר שְׁמֵנָ֣ה לַחְמ֑וֹ וְה֥וּא יִתֵּ֖ן מַֽעֲדַנֵּי־מֶֽלֶךְ׃ ס
21 ၂၁ နဿလိ သည် လှ သောအခက်အလက်နှင့် ပြည့်စုံ၍၊ ကျယ်ဝန်း သော သပိတ်ပင်ဖြစ်၏။
נַפְתָּלִ֖י אַיָּלָ֣ה שְׁלֻחָ֑ה הַנֹּתֵ֖ן אִמְרֵי־שָֽׁפֶר׃ ס
22 ၂၂ ယောသပ် သည် သန် သောပျိုး ပင်၊ ရေတွင်း နား မှာ သန် သော ပျိုး ပင်ဖြစ်၏။ အခက် အလက်တို့သည် အုတ် ရိုးပေါ် မှာ ကျော် သွားကြ၏။
בֵּ֤ן פֹּרָת֙ יוֹסֵ֔ף בֵּ֥ן פֹּרָ֖ת עֲלֵי־עָ֑יִן בָּנ֕וֹת צָעֲדָ֖ה עֲלֵי־שֽׁוּר׃
23 ၂၃ လေး သမား တို့သည် သူ့ ကို အငြိုးထား ၍ ၊ အလွန်ညှဉ်းဆဲ ပစ်ခတ် ကြ၏။
וַֽיְמָרֲרֻ֖הוּ וָרֹ֑בּוּ וַֽיִּשְׂטְמֻ֖הוּ בַּעֲלֵ֥י חִצִּֽים׃
24 ၂၄ သို့သော်လည်း သူ ၏လေး သည် အား မလျော့။ သူ ကိုင် သော လက်နက်တို့သည်၊ ယာကုပ် အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက် ဖြင့်၎င်း၊ သိုးထိန်း တည်းဟူသောဣသရေလ အမျိုး၏ကျောက် ဖြင့်၎င်း၊
וַתֵּ֤שֶׁב בְּאֵיתָן֙ קַשְׁתּ֔וֹ וַיָּפֹ֖זּוּ זְרֹעֵ֣י יָדָ֑יו מִידֵי֙ אֲבִ֣יר יַעֲקֹ֔ב מִשָּׁ֥ם רֹעֶ֖ה אֶ֥בֶן יִשְׂרָאֵֽל׃
25 ၂၅ သင့် ကိုမစ တော်မူသောသင့် အဘ ၏ ဘုရား သခင် အားဖြင့် ၎င်း၊ သင့် ကိုကောင်းကြီး ပေးတော်မူသောအနန္တ တန်ခိုးရှင်အားဖြင့် ၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက် မိုဃ်းကောင်းကင် ၏ မင်္ဂလာ ၊ အောက် နက်နဲ သောအရပ်၏မင်္ဂလာ ၊ သားမြတ် နှင့်ဆိုင်သောမင်္ဂလာ ၊ ဝမ်း နှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီးပေးတော်မူမူပါစေသော။
מֵאֵ֨ל אָבִ֜יךָ וְיַעְזְרֶ֗ךָּ וְאֵ֤ת שַׁדַּי֙ וִיבָ֣רְכֶ֔ךָּ בִּרְכֹ֤ת שָׁמַ֙יִם֙ מֵעָ֔ל בִּרְכֹ֥ת תְּה֖וֹם רֹבֶ֣צֶת תָּ֑חַת בִּרְכֹ֥ת שָׁדַ֖יִם וָרָֽחַם׃
26 ၂၆ သင် ၏အဘ ပေးသော ကောင်းကြီး မင်္ဂလာသည်၊ ထာဝရ တောင် တို့၌ဖြစ်သော ကောင်းကြီး မင်္ဂလာ၊ ထာဝရ ကုန်း တို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍မြတ်၏။ ထိုမင်္ဂလာသည် ယောသပ် ခေါင်း ပေါ် ၊ မိမိ အစ်ကို တို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက် ပါစေသော။
בִּרְכֹ֣ת אָבִ֗יךָ גָּֽבְרוּ֙ עַל־בִּרְכֹ֣ת הוֹרַ֔י עַֽד־תַּאֲוַ֖ת גִּבְעֹ֣ת עוֹלָ֑ם תִּֽהְיֶ֙ין֙ לְרֹ֣אשׁ יוֹסֵ֔ף וּלְקָדְקֹ֖ד נְזִ֥יר אֶחָֽיו׃ פ
27 ၂၇ ဗင်္ယာမိန် သည် လုယူကိုက် စားတတ်သော တော ခွေးဖြစ်လိမ့်မည်။ ဘမ်း ရသောအရာကိုနံနက် အချိန်၌ ကိုက် စား၍ ၊ လုယူ သောအရာကိုလည်း ည အချိန်၌ ဝေဖန် လိမ့်မည်ဟုမြွက်ဆို၏။
בִּנְיָמִין֙ זְאֵ֣ב יִטְרָ֔ף בַּבֹּ֖קֶר יֹ֣אכַל עַ֑ד וְלָעֶ֖רֶב יְחַלֵּ֥ק שָׁלָֽל׃
28 ၂၈ ဤ သူတို့ကား၊ ဣသရေလ အမျိုး ဆယ် နှစ် မျိုး ဖြစ်၏။ ဤ စကားသည်လည်း သူ တို့အဘ မြွက်ဆို ၍ ၊ သူ တို့ အသီးသီး ခံရသောမင်္ဂလာ ရှိသည်အတိုင်း၊ ကောင်းကြီးပေးသော စကားပေတည်း။
כָּל־אֵ֛לֶּה שִׁבְטֵ֥י יִשְׂרָאֵ֖ל שְׁנֵ֣ים עָשָׂ֑ר וְ֠זֹאת אֲשֶׁר־דִּבֶּ֨ר לָהֶ֤ם אֲבִיהֶם֙ וַיְבָ֣רֶךְ אוֹתָ֔ם אִ֛ישׁ אֲשֶׁ֥ר כְּבִרְכָת֖וֹ בֵּרַ֥ךְ אֹתָֽם׃
29 ၂၉ တဖန် တုံ၊ ငါ့ လူမျိုး စည်းဝေး ရာသို့ ငါသွားရမည်။ ဟိတ္တိ အမျိုးသား၊ ဧဖရှန် ၏လယ်ပြင် တွင် ရှိသောမြေတွင်း ၌ ၊ ငါ့ အဘ တို့နှင့်အတူ ငါ့ ကို သင်္ဂြိုဟ် ကြပါ။
וַיְצַ֣ו אוֹתָ֗ם וַיֹּ֤אמֶר אֲלֵהֶם֙ אֲנִי֙ נֶאֱסָ֣ף אֶל־עַמִּ֔י קִבְר֥וּ אֹתִ֖י אֶל־אֲבֹתָ֑י אֶל־הַ֨מְּעָרָ֔ה אֲשֶׁ֥ר בִּשְׂדֵ֖ה עֶפְר֥וֹן הַֽחִתִּֽי׃
30 ၃၀ ခါနာန် ပြည် မံရေ မြို့ရှေ့ မှာ ၊ မပ္ပေလ လယ်ပြင် ၌ ရှိသောထို မြေတွင်း ကို ၊ အာဗြဟံ သည် ကိုယ်ပိုင် သော သင်္ချိုင်း ဘို့ လယ်ပြင် နှင့်တကွဟိတ္တိ အမျိုးသားဧဖရုန် ၌ ဝယ် လေပြီ။
בַּמְּעָרָ֞ה אֲשֶׁ֨ר בִּשְׂדֵ֧ה הַמַּכְפֵּלָ֛ה אֲשֶׁ֥ר עַל־פְּנֵי־מַמְרֵ֖א בְּאֶ֣רֶץ כְּנָ֑עַן אֲשֶׁר֩ קָנָ֨ה אַבְרָהָ֜ם אֶת־הַשָּׂדֶ֗ה מֵאֵ֛ת עֶפְרֹ֥ן הַחִתִּ֖י לַאֲחֻזַּת־קָֽבֶר׃
31 ၃၁ ထို မြေတွင်း၌ အာဗြဟံ နှင့် မယား စာရာ ကို သင်္ဂြိုဟ် ကြပြီ။ ဣဇာက် နှင့် မယား ရေဗက္က ကိုလည်း သင်္ဂြိုဟ် ကြပြီ။ လေအာ ကိုလည်း ငါသင်္ဂြိုဟ် ပြီ။
שָׁ֣מָּה קָֽבְר֞וּ אֶת־אַבְרָהָ֗ם וְאֵת֙ שָׂרָ֣ה אִשְׁתּ֔וֹ שָׁ֚מָּה קָבְר֣וּ אֶת־יִצְחָ֔ק וְאֵ֖ת רִבְקָ֣ה אִשְׁתּ֑וֹ וְשָׁ֥מָּה קָבַ֖רְתִּי אֶת־לֵאָֽה׃
32 ၃၂ ထို မြေတွင်း ရှိသောထိုလယ်ပြင် ကို၊ ဟေသ အမျိုးသား ရှေ့ မှာ ဝယ် သတည်းဟု မှာထား၏။
מִקְנֵ֧ה הַשָּׂדֶ֛ה וְהַמְּעָרָ֥ה אֲשֶׁר־בּ֖וֹ מֵאֵ֥ת בְּנֵי־חֵֽת׃
33 ၃၃ ထိုသို့ ယာကုပ် သည် မိမိ သား တို့ကို အကုန်အစင်မှာ ထားပြီးလျှင် ၊ မိမိ ခြေ တို့ကို ခုတင် ပေါ် မှာ ရုပ်သိမ်း သဖြင့် ၊ အသက် ချုပ်၍ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
וַיְכַ֤ל יַעֲקֹב֙ לְצַוֺּ֣ת אֶת־בָּנָ֔יו וַיֶּאֱסֹ֥ף רַגְלָ֖יו אֶל־הַמִּטָּ֑ה וַיִּגְוַ֖ע וַיֵּאָ֥סֶף אֶל־עַמָּֽיו׃

< ကမ္ဘာ​ဦး 49 >