< ကမ္ဘာဦး 49 >
1 ၁ ထို ရောအခါ၊ ယာကုပ် သည် မိမိ သား တို့ကို ခေါ် ၍ ၊ သင် တို့သည် စည်းဝေး ကြလော့။ နောင် ကာလ အခါ၊ သင် တို့၌ ဖြစ် လတံ့သော အမှု အရာများကို ငါဟောပြော မည်။
Then Jacob called his sons, and he said to them: “Gather together, so that I may announce what will happen to you in the last days.
2 ၂ ယာကုပ် ၏သား တို့၊ စည်းဝေး ၍ ကြား ကြလော့။ အဘ ဣသရေလ ၏စကားကို နားထောင် ကြလော့။
Gather together and listen, O sons of Jacob. Listen to Israel, your father.
3 ၃ အိုရုဗင် ၊ သင် သည် ငါ့ သားဦး ၊ ငါ့ အစွမ်း သတ္တိ၊ ငါ ခွန်အား အစ အဦး၊ ဘုန်း အထွဋ် ၊ တန်ခိုး အထွဋ် ဖြစ်၏။
Reuben, my firstborn, you are my strength and the beginning of my sorrow: first in gifts, greater in authority.
4 ၄ သို့သော်လည်းရေ ကဲ့သို့ ပွက်ထ သော သဘောရှိသည်ဖြစ်၍၊ ထူးမြတ် ခြင်းသို့ မ ရောက်ရ။ အကြောင်း မူကား၊ သင် သည် အဘ ၏အိပ်ရာ ကို တက် ၍ ညစ်ညူး စေ၏။ ငါ့ ခုတင် ထက်သို့တက် လေပြီတကား။
You are being poured out like water, may you not increase. For you climbed onto your father’s bed, and you defiled his resting place.
5 ၅ ရှိမောင် နှင့် လေဝိ သည် ညီအစ်ကို ဖြစ်၏။ အဓမ္မ အမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။
The brothers Simeon and Levi: vessels of iniquity waging war.
6 ၆ ငါ့ ဝိညာဉ် သည် သူ တို့လျှို့ဝှက် ခြင်း အမှုထဲ သို့မ ဝင် ရ။ ငါ့ ဘုန်း သည် သူ တို့စည်းဝေး ရာနှင့် အသင်း မ ဖွဲ့ရ။ သူတို့သည် အမျက် ထွက်၍ လူ အသက်ကိုသတ် ကြပြီ။ ကိုယ် အလို သို့လိုက်၍ မြို့ ကိုဖြို ဖျက်ကြပြီ။
Let not my soul go by their counsel, nor my glory be within their meeting. For in their fury they killed a man, and in their self-will they undermined a wall.
7 ၇ သူ တို့ပြင်းစွာ ထွက်သောအမျက် ၊ ကြမ်းတမ်း စွာသော ဒေါသ သည် ကျိန်ခြင်း ကိုခံ ပါစေသော။ ယာကုပ် အမျိုး၊ ဣသရေလ အနွယ်သားတို့တွင် သူ တို့ကို ငါကွဲပြား ပြန့်လွင့်စေမည်။
Cursed be their fury, because it was obstinate, and their indignation, because it was harsh. I will divide them in Jacob, and I will scatter them in Israel.
8 ၈ အိုယုဒ ၊ သင် သည်ညီအစ်ကို တို့ ချီးမွမ်း ရသောသူဖြစ် ၏။ သင် ၏လက် သည် သင် ၏ရန်သူ လည်ပင်း ပေါ် မှာ ရှိလိမ့်မည်။ အဘ ၏သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ချကြလိမ့်မည်။
Judah, your brothers will praise you. Your hand will be at the necks of your enemies; the sons of your father will reverence you.
9 ၉ ယုဒ သည် ခြင်္သေ့ ပျို ဖြစ်၏။ ငါ့ သား ၊ သင်သည် ဘမ်း ယူကိုက်စားရာမှ တက် လာတတ်၏။ ဝပ် လျက် နေ၏။ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ခြင်္သေ့ မကဲ့သို့ ၎င်း ဝပ် တွားတတ် ၏။ အဘယ်သူ နှိုးဆော် ဝံ့မည်နည်း။
Judah is a lion’s young. You have gone up to the prey, my son. While resting, you have lain like a lion. And just like a lioness, who would rouse him?
10 ၁၀ ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။
The scepter from Judah and the leader from his thigh will not be taken away, until he who will be sent arrives, and he will be the expectation of Gentiles.
11 ၁၁ မိမိ မြည်း ကို စပျစ် နွယ်ပင်၌ ၎င်း ၊ မြည်း ကလေး ကို အမြတ် ဆုံးသော စပျစ်နွှယ်ပင်၌ ၎င်း ချည်နှောင် ၍၊ မိမိ အဝတ် ပုဆိုးများကို စပျစ်သီး အသွေး တည်းဟူသော စပျစ်ရည် ဖြင့် လျှော် လိမ့်မည်။
Tying his young colt to the vineyard, and his donkey, O my son, to the vine, he will wash his robe in wine, and his cloak in the blood of the grape.
12 ၁၂ သူ၏မျက်စိ သည် စပျစ်ရည် နှင့် နီ လိမ့်မည်။ သွား သည်လည်း နို့ နှင့် ဖြူ လိမ့်မည်။
His eyes are more beautiful than wine, and his teeth whiter than milk.
13 ၁၃ ဇာဗုလုန် သည် ကမ်း နား မှာ နေ ၍ ၊ သင်္ဘော ဆိပ် ဖြစ် လိမ့်မည်။ သူ ၏နယ် သည် ဇိဒုန် မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
Zebulun will live at the seashore and by the outpost of ships, reaching as far as Sidon.
14 ၁၄ ဣသခါ သည် တောင် ကြား မှာ ဝပ် လျက် အား ကြီးသောမြည်း ဖြစ်၏။
Issachar will be a strong donkey, reclining between the borders.
15 ၁၅ ငြိမ်ဝပ် ရာအရပ်ကောင်း ၍ မြေ သာယာ သည်ကို မြင် သဖြင့် ၊ မိမိ ပခုံး ပေါ် မှာ ထမ်းပိုးကို တင်ထမ်း ၍၊ အခွန်ပေးသော ကျွန် ဖြစ် လေ၏။
He saw that rest would be good, and that the land was excellent. And so he bent his shoulder to carry, and he became a servant under tribute.
16 ၁၆ ဒန် သည် ဣသရေလ အနွှယ် တစုံ တပါးကဲ့သို့ ၊ မိမိ လူ တို့ကို စီရင် လိမ့်မည်။
Dan will judge his people just like any other tribe in Israel.
17 ၁၇ ဒန် သည် လမ်း ၌ နေသောမြွေ ဖြစ် လိမ့်မည်။ မြင်းစီး သောသူ ကို နောက် သို့ လဲ စေခြင်းငှါ လမ်းကြား မှာ နေ ၍၊ မြင်း ခြေ ကို ကိုက် တတ်သော မြွေဆိုး ဖြစ်လိမ့်မည်။
Let Dan be a snake in the way, a viper in the path, biting the hooves of horses, so that his rider may fall backward.
18 ၁၈ အိုထာဝရဘုရား ၊ ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် လျက်နေပါပြီ။
I will wait for your salvation, O Lord.
19 ၁၉ ဂဒ် မူကား၊ စစ်သူရဲ တို့သည် သူ တို့တိုက် ကြ၍ ၊ သူ သည် ပြန်တိုက် လိမ့်မည်။
Gad, being girded, will fight before him. And he himself will be girded backward.
20 ၂၀ အာရှာ ၌ဖြစ်သော အစာ သည် အရသာနှင့် ပြည့်စုံ ၍ ၊ မင်း ၏ ခဲဘွယ် စားဘွယ်တို့ကို ထုတ်ပေး လိမ့်မည်။
Asher: his bread will be fat, and he will provide delicacies to the kings.
21 ၂၁ နဿလိ သည် လှ သောအခက်အလက်နှင့် ပြည့်စုံ၍၊ ကျယ်ဝန်း သော သပိတ်ပင်ဖြစ်၏။
Naphtali is a stag sent forth, offering words of eloquent beauty.
22 ၂၂ ယောသပ် သည် သန် သောပျိုး ပင်၊ ရေတွင်း နား မှာ သန် သော ပျိုး ပင်ဖြစ်၏။ အခက် အလက်တို့သည် အုတ် ရိုးပေါ် မှာ ကျော် သွားကြ၏။
Joseph is a growing son, a growing son and stately to behold; the daughters run back and forth on the wall.
23 ၂၃ လေး သမား တို့သည် သူ့ ကို အငြိုးထား ၍ ၊ အလွန်ညှဉ်းဆဲ ပစ်ခတ် ကြ၏။
But those who held darts, provoked him, and they contend with him, and they envied him.
24 ၂၄ သို့သော်လည်း သူ ၏လေး သည် အား မလျော့။ သူ ကိုင် သော လက်နက်တို့သည်၊ ယာကုပ် အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက် ဖြင့်၎င်း၊ သိုးထိန်း တည်းဟူသောဣသရေလ အမျိုး၏ကျောက် ဖြင့်၎င်း၊
His bow sits in strength, and the bands of his arms and hands have been let loose by the hands of the mighty one of Jacob. From there he went forth as a pastor, the stone of Israel.
25 ၂၅ သင့် ကိုမစ တော်မူသောသင့် အဘ ၏ ဘုရား သခင် အားဖြင့် ၎င်း၊ သင့် ကိုကောင်းကြီး ပေးတော်မူသောအနန္တ တန်ခိုးရှင်အားဖြင့် ၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက် မိုဃ်းကောင်းကင် ၏ မင်္ဂလာ ၊ အောက် နက်နဲ သောအရပ်၏မင်္ဂလာ ၊ သားမြတ် နှင့်ဆိုင်သောမင်္ဂလာ ၊ ဝမ်း နှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီးပေးတော်မူမူပါစေသော။
The God of your father will be your helper, and the Almighty will bless you with the blessings of heaven above, with the blessings of the abyss that lies beneath, with the blessings of the breasts and of the womb.
26 ၂၆ သင် ၏အဘ ပေးသော ကောင်းကြီး မင်္ဂလာသည်၊ ထာဝရ တောင် တို့၌ဖြစ်သော ကောင်းကြီး မင်္ဂလာ၊ ထာဝရ ကုန်း တို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍မြတ်၏။ ထိုမင်္ဂလာသည် ယောသပ် ခေါင်း ပေါ် ၊ မိမိ အစ်ကို တို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက် ပါစေသော။
The blessings of your father are strengthened by the blessings of his fathers, until the desire of the hills of eternity shall arrive. May they be at the head of Joseph, and at the summit of the Nazarite, among his brothers.
27 ၂၇ ဗင်္ယာမိန် သည် လုယူကိုက် စားတတ်သော တော ခွေးဖြစ်လိမ့်မည်။ ဘမ်း ရသောအရာကိုနံနက် အချိန်၌ ကိုက် စား၍ ၊ လုယူ သောအရာကိုလည်း ည အချိန်၌ ဝေဖန် လိမ့်မည်ဟုမြွက်ဆို၏။
Benjamin is a ravenous wolf, in the morning he will eat the prey, and in the evening he will divide the spoil.”
28 ၂၈ ဤ သူတို့ကား၊ ဣသရေလ အမျိုး ဆယ် နှစ် မျိုး ဖြစ်၏။ ဤ စကားသည်လည်း သူ တို့အဘ မြွက်ဆို ၍ ၊ သူ တို့ အသီးသီး ခံရသောမင်္ဂလာ ရှိသည်အတိုင်း၊ ကောင်းကြီးပေးသော စကားပေတည်း။
All these are the twelve tribes of Israel. These things their father spoke to them, and he blessed each one with their proper blessings.
29 ၂၉ တဖန် တုံ၊ ငါ့ လူမျိုး စည်းဝေး ရာသို့ ငါသွားရမည်။ ဟိတ္တိ အမျိုးသား၊ ဧဖရှန် ၏လယ်ပြင် တွင် ရှိသောမြေတွင်း ၌ ၊ ငါ့ အဘ တို့နှင့်အတူ ငါ့ ကို သင်္ဂြိုဟ် ကြပါ။
And he instructed them, saying: “I am being gathered to my people. Bury me with my fathers in the double cave, which is in the field of Ephron the Hittite,
30 ၃၀ ခါနာန် ပြည် မံရေ မြို့ရှေ့ မှာ ၊ မပ္ပေလ လယ်ပြင် ၌ ရှိသောထို မြေတွင်း ကို ၊ အာဗြဟံ သည် ကိုယ်ပိုင် သော သင်္ချိုင်း ဘို့ လယ်ပြင် နှင့်တကွဟိတ္တိ အမျိုးသားဧဖရုန် ၌ ဝယ် လေပြီ။
opposite Mamre, in the land of Canaan, which Abraham bought, along with its field, from Ephron the Hittite, as a possession for burial.
31 ၃၁ ထို မြေတွင်း၌ အာဗြဟံ နှင့် မယား စာရာ ကို သင်္ဂြိုဟ် ကြပြီ။ ဣဇာက် နှင့် မယား ရေဗက္က ကိုလည်း သင်္ဂြိုဟ် ကြပြီ။ လေအာ ကိုလည်း ငါသင်္ဂြိုဟ် ပြီ။
There they buried him, with his wife Sarah.” And there Isaac was buried with his wife Rebekah. There also Leah lies preserved.
32 ၃၂ ထို မြေတွင်း ရှိသောထိုလယ်ပြင် ကို၊ ဟေသ အမျိုးသား ရှေ့ မှာ ဝယ် သတည်းဟု မှာထား၏။
33 ၃၃ ထိုသို့ ယာကုပ် သည် မိမိ သား တို့ကို အကုန်အစင်မှာ ထားပြီးလျှင် ၊ မိမိ ခြေ တို့ကို ခုတင် ပေါ် မှာ ရုပ်သိမ်း သဖြင့် ၊ အသက် ချုပ်၍ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။
And having finished these commands by which he instructed his sons, he drew his feet onto the bed, and he passed away. And he was gathered to his people.