< ကမ္ဘာဦး 47 >
1 ၁ ထိုစကားအတိုင်း ယောသပ် သည် ဖါရော မင်းထံ သို့သွား ၍ ၊ ကျွန်တော် အဘ နှင့် အစ်ကို တို့သည် သိုး နွား၊ ဥစ္စာရှိသမျှ ကို ဆောင်လျက် ခါနာန် ပြည် ကရောက် လာ၍ ၊ ဂေါရှင် ပြည် ၌ ရှိကြပါသည်ဟု လျှောက် သဖြင့်၊
ヨセフは行って、パロに言った、「わたしの父と兄弟たち、その羊、牛およびすべての持ち物がカナンの地からきて、今ゴセンの地におります」。
2 ၂ အစ်ကို စု ထဲက ရွေး ၍ ငါး ယောက်တို့ကို အထံ တော်သို့သွင်း လေ၏။
そしてその兄弟のうちの五人を連れて行って、パロに会わせた。
3 ၃ ဖာရော မင်းကလည်း ၊ သင် တို့သည် အဘယ်သို့ လုပ်ဆောင် လေ့ရှိကြသနည်းဟုမေး လျှင်၊ သူတို့က၊ ကိုယ်တော် ကျွန် တို့သည် ဘိုးဘေး နှင့်တကွ သိုး ထိန်း ဖြစ်ကြပါ၏ဟူ၍၎င်း၊
パロはヨセフの兄弟たちに言った、「あなたがたの職業は何か」。彼らはパロに言った、「しもべらは羊を飼う者です。われわれも、われわれの先祖もそうです」。
4 ၄ ခါနာန် ပြည် ၌ အလွန် အစာခေါင်းပါး ၍ သိုး နွား ကျက်စား ရာမ ရှိသောကြောင့် ၊ ကိုယ်တော် ကျွန် တို့သည် ပြည် တော်၌ တည်းခို ခြင်းငှါ လာ ကြပါ၏။ သို့ဖြစ်၍ ကိုယ်တော် ကျွန် တို့သည် ဂေါရှင် ပြည် ၌ နေ ရမည် အကြောင်းအခွင့်ပေးတော်မူပါဟူ၍၎င်း လျှောက် ကြ၏။
彼らはまたパロに言った、「この国に寄留しようとしてきました。カナンの地はききんが激しく、しもべらの群れのための牧草がないのです。どうかしもべらをゴセンの地に住ませてください」。
5 ၅ ဖါရော မင်းကလည်း ၊ သင် ၏အဘ နှင့် အစ်ကို တို့ သည် သင့် ထံ သို့ရောက် လာကြသည်ဖြစ်၍၊
パロはヨセフに言った、「あなたの父と兄弟たちとがあなたのところにきた。
6 ၆ အဲဂုတ္တု ပြည် သည် သင့် ရှေ့ မှာ ရှိ၏။ သင် ၏ အဘ နှင့် သင် ၏အစ်ကို တို့ကို အကောင်း ဆုံးသော အရပ် ဂေါရှင် ပြည် ၌ နေရာ ချလော့။ သူ တို့တွင် အစွမ်း သတ္တိ ရှိသောသူ အချို့တို့ကို တွေ့ လျှင် ငါ ၏သိုး နွားအုပ်အရာ ၌ ခန့်ထား လော့ဟု ယောသပ်အား မိန့်တော်မူ၏။
エジプトの地はあなたの前にある。地の最も良い所にあなたの父と兄弟たちとを住ませなさい。ゴセンの地に彼らを住ませなさい。もしあなたが彼らのうちに有能な者があるのを知っているなら、その者にわたしの家畜をつかさどらせなさい」。
7 ၇ ယောသပ် သည် အဘ ယာကုပ် ကို သွင်း ၍ ဖါရော မင်းရှေ့ မှာထား သဖြင့် ၊ ယာကုပ် သည် ဖါရော မင်း ကို ကောင်းကြီး ပေး၏။
そこでヨセフは父ヤコブを導いてパロの前に立たせた。ヤコブはパロを祝福した。
8 ၈ ဖါရော မင်းက၊ သင် သည် အသက် အဘယ် မျှလောက် ရှိပြီနည်းဟု ယာကုပ် အား မေး လျှင်၊
パロはヤコブに言った、「あなたの年はいくつか」。
9 ၉ ကျွန်တော် သည် ဧည့်သည် အာဂန္တုဖြစ်၍ လွန် သော အသက် သည် အနှစ်တရာ သုံး ဆယ်ရှိ ပါပြီ။ ကျွန်တော် အသက် ရှင် သော နှစ် ပေါင်းနည်း ၍ ဆိုး ပါ၏။ ဧည့်သည် အာဂန္တုဖြစ်သော ဘိုးဘေး တို့၏ အသက် တန်း ကို မ မှီ ပါဟု လျှောက် ဆိုပြီးလျှင်၊
ヤコブはパロに言った、「わたしの旅路のとしつきは、百三十年です。わたしのよわいの日はわずかで、ふしあわせで、わたしの先祖たちのよわいの日と旅路の日には及びません」。
10 ၁၀ ဖါရော မင်းကို ကောင်းကြီး ပေး၍ အထံ တော်က ထွက်သွား လေ၏။
ヤコブはパロを祝福し、パロの前を去った。
11 ၁၁ ဖါရော မင်းအမိန့် တော်ရှိသည့်အတိုင်း ၊ ယောသပ် သည် အဘ နှင့် အစ်ကို တို့ကို နေရာ ချ၍ အဲဂုတ္တု ပြည် ၌ အကောင်း ဆုံးသောအရပ် ရာမသက် မြေ ကို အပိုင် ပေး ၏။
ヨセフはパロの命じたように、父と兄弟たちとのすまいを定め、彼らにエジプトの国で最も良い地、ラメセスの地を所有として与えた。
12 ၁၂ အဘ နှင့် အစ်ကို များ၊ အဘ ၏အိမ်သား ရှိသမျှ တို့ ကို အနည်း အများအလိုက် ကျွေးမွေး ၏။
またヨセフは父と兄弟たちと父の全家とに、家族の数にしたがい、食物を与えて養った。
13 ၁၃ အလွန် အစာခေါင်းပါး ၍ တပြည် လုံး စားစရာ မ ရှိသောကြောင့် ၊ အဲဂုတ္တု ပြည် နှင့် ခါနာန် ပြည် သည် အားလျော့ လေ၏။
さて、ききんが非常に激しかったので、全地に食物がなく、エジプトの国もカナンの国も、ききんのために衰えた。
14 ၁၄ ပြည်သားဝယ် သော စပါး အဘိုး ၊ အဲဂုတ္တု ပြည် ၊ ခါနာန် ပြည် ၌ တွေ့ သမျှ သောငွေ ကိုယောသပ် စုသိမ်း ၍ နန်းတော် သို့ သွင်း ထားလေ၏။
それでヨセフは人々が買った穀物の代金としてエジプトの国とカナンの国にあった銀をみな集め、その銀をパロの家に納めた。
15 ၁၅ အဲဂုတ္တု ပြည် ၊ ခါနာန် ပြည် ၌ ငွေ ကုန် သောအခါ ၊ အဲဂုတ္တု လူအပေါင်း တို့သည် ယောသပ် ထံ သို့လာ ၍ စားစရာ ဘို့ ပေး သနားတော်မူပါ။ ကျွန်တော်တို့သည် ငွေ ကုန် သော်လည်း ရှေ့ တော်၌ အဘယ်ကြောင့် သေ ရပါအံ့နည်းဟု လျှောက်ကြသော်၊
こうしてエジプトの国とカナンの国に銀が尽きたとき、エジプトびとはみなヨセフのもとにきて言った、「食物をください。銀が尽きたからとて、どうしてあなたの前で死んでよいでしょう」。
16 ၁၆ ယောသပ် က၊ ငွေ ကုန် လျှင် တိရစ္ဆာန် များကိုပေး ကြ။ တိရစ္ဆာန် အတွက် စပါးကိုပေး မည်ဟုဆို သည် အတိုင်း၊
ヨセフは言った、「あなたがたの家畜を出しなさい。銀が尽きたのなら、あなたがたの家畜と引き替えで食物をわたそう」。
17 ၁၇ သူတို့သည် တိရစ္ဆာန် တို့ကိုယူ ခဲ့၍ ၊ ယောသပ် သည် မြင်း ၊ သိုး ၊ နွား ၊ မြည်း တို့အတွက် စပါးကိုပေး သဖြင့် ထို နှစ် တွင် တိရစ္ဆာန် ရှိသမျှ တို့အတွက် ပြည်သား များကို ကျွေးမွေး ၏။
彼らはヨセフの所へ家畜をひいてきたので、ヨセフは馬と羊の群れと牛の群れ及びろばと引き替えで、食物を彼らにわたした。こうして彼はその年、すべての家畜と引き替えた食物で彼らを養った。
18 ၁၈ ထို နှစ် ကုန် ပြီးမှ ဒုတိယ နှစ် တွင် လာ ကြလျှင် ၊ ကျွန်တော်တို့ ငွေ ကုန် ကြောင်း ကို သခင် ရှေ့ မှာ မ ထိမ်ဝှက် ပါ။ ကျွန်တော်တို့ တိရစ္ဆာန် များကိုလည်း သခင် ရပါပြီ။ သခင် ရှေ့မှာ ကျွန်တော် တို့ကိုယ် နှင့် မြေ မှတပါး အဘယ် အရာမျှ မ ကျန် ပါ။
やがてその年は暮れ、次の年、人々はまたヨセフの所へきて言った、「わが主には何事も隠しません。われわれの銀は尽き、獣の群れもわが主のものになって、われわれのからだと田地のほかはわが主の前に何も残っていません。
19 ၁၉ ရှေ့ တော်၌ အဘယ်ကြောင့် သေ၍ ပြည် တော် ပျက် ရပါအံ့နည်း။ အစာ ကို ပေး၍ကျွန်တော် တို့နှင့် ကျွန်တော် တို့မြေ ကို ဝယ် ပါ။ ကျွန်တော် တို့သည် မြေ နှင့်တကွ ဖါရော ဘုရင်၏ ကျွန် ခံ ပါမည်။ ကျွန်တော်တို့သည် မ သေ ၊ အသက် ရှင်စေခြင်းငှါ၎င်း၊ ပြည် တော်သည် လူမ ဆိတ်ညံ စေခြင်းငှါ၎င်း၊ မျိုးစေ့ ကိုပေး ပါဟု လျှောက်ကြသော်၊
われわれはどうして田地と一緒に、あなたの目の前で滅んでよいでしょう。われわれと田地とを食物と引き替えで買ってください。われわれは田地と一緒にパロの奴隷となりましょう。また種をください。そうすればわれわれは生きながらえ、死を免れて、田地も荒れないでしょう」。
20 ၂၀ ယောသပ် သည် အဲဂုတ္တု မြေ ရှိသမျှ ကို ဖါရော မင်းဘို့ ဝယ် လေ၏။ အစာခေါင်းပါး ၍ အဲဂုတ္တု လူတို့သည် မတတ်နိုင်သောကြောင့်၊ အသီးအသီး ပိုင်သော မြေ အကွက်တို့ကို ရောင်း ကြသဖြင့် မြေ သည် ဘဏ္ဍာ တော် ဖြစ် လေ၏။
そこでヨセフはエジプトの田地をみなパロのために買い取った。ききんがエジプトびとに、きびしかったので、めいめいその田畑を売ったからである。こうして地はパロのものとなった。
21 ၂၁ လူ တို့ကိုကား ၊ အဲဂုတ္တု ပြည် တစွန်း မှ သည် တစွန်း တိုင်အောင်မြို့ တို့သို့ ပြောင်း စေ၏။
そしてヨセフはエジプトの国境のこの端からかの端まで民を奴隷とした。
22 ၂၂ ယဇ်ပုရောဟိတ် တို့ ပိုင်သောမြေ ကိုကားမ ဝယ်။ သူတို့သည် ဖါရော မင်းကျွေးမွေး သည်အတိုင်း ကျွေးမွေး သော အစာ ကိုစား ရကြ၏။ ထိုကြောင့် မိမိ တို့မြေ ကို မ ရောင်း ရကြ။
ただ祭司の田地は買い取らなかった。祭司にはパロの給与があって、パロが与える給与で生活していたので、その田地を売らなかったからである。
23 ၂၃ ယောသပ် ကလည်း ၊ သင် တို့နှင့် သင် တို့မြေ ကို ဖါရော မင်းဘို့ ယနေ့ ငါဝယ် ပြီ။ မျိုးစေ့ ကို ယူ၍ လယ် လုပ် ကြလော့။
ヨセフは民に言った、「わたしはきょう、あなたがたとその田地とを買い取って、パロのものとした。あなたがたに種をあげるから地にまきなさい。
24 ၂၄ အသီး အနှံကို ရ သောအခါ ၊ ငါး ဘို့တွင်တဘို့ကို ဖါရော မင်းအား ဆက် ရကြမည်။ လေး ဘို့ကိုကား သင် တို့ယူ ၍ နောက်တဖန်မျိုးစေ့ ကို ကြဲကြလော့။ သင် တို့စား ၍ အိမ် သားများ၊ သူငယ် များတို့ကို ကျွေး ကြလော့ဟု ပြည်သား တို့အား ဆို ၏။
収穫の時は、その五分の一をパロに納め、五分の四を自分のものとして田畑の種とし、自分と家族の食糧とし、また子供の食糧としなさい」。
25 ၂၅ သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော် တို့ အသက်ကို ကယ် ပါပြီ။ သနားသောစိတ် နှင့် ကြည့်ရှု တော်မူ ပါ။ ကျွန်တော်တို့သည် ဖာရော ဘုရင်၏ ကျွန် ခံ ရပါမည် ဟု လျှောက် ကြ၏။
彼らは言った、「あなたはわれわれの命をお救いくださった。どうかわが主の前に恵みを得させてください。われわれはパロの奴隷になりましょう」。
26 ၂၆ ထိုကြောင့်ဖါရော မင်းမ ပိုင်သော ယဇ်ပုရောဟိတ် တို့ မြေ ကိုထား၍၊ ဖါရော မင်းသည် ငါး ဘို့တွင် တဘို့ကိုပိုင်တော်မူစေဟု ယနေ့ တိုင်အောင်အဲဂုတ္တု ပြည် ၌တည်သော ဓမ္မသတ် ကို ယောသပ် စီရင် ၍ ထား သတည်း။
ヨセフはエジプトの田地について、収穫の五分の一をパロに納めることをおきてとしたが、それは今日に及んでいる。ただし祭司の田地だけはパロのものとならなかった。
27 ၂၇ ဣသရေလ သားတို့သည်၊ အဲဂုတ္တု ပြည် ဂေါရှင် အရပ် ၌ နေ သဖြင့် ၊ ဥစ္စာ ရတတ်၍ တိုး ပွါးများပြား ကြ၏။
さてイスラエルはエジプトの国でゴセンの地に住み、そこで財産を得、子を生み、大いにふえた。
28 ၂၈ ယာကုပ် သည် အဲဂုတ္တု ပြည် ၌ ဆယ် ခုနစ် နှစ် အသက် ရှင်၍ အသက် နှစ် ပေါင်း တရာ လေးဆယ် ခုနစ် နှစ် ရှိ သတည်း။
ヤコブはエジプトの国で十七年生きながらえた。ヤコブのよわいの日は百四十七年であった。
29 ၂၉ ဣသရေလ သည် သေ ရသောအချိန် နီး သော် ၊ သား ယောသပ် ကို ခေါ် ၍ ငါ့ကိုသနားလျှင် သင် ၏ လက် ကို ငါ့ ပေါင် အောက် ၌ ထားပါလော့။ ကရုဏာ သစ္စာ နှင့်အညီ ငါ ၌ ပြု ပါ။ အဲဂုတ္တု ပြည်၌ ငါ့ ကိုမ သင်္ဂြိုဟ် ပါနှင့်။
イスラエルは死ぬ時が近づいたので、その子ヨセフを呼んで言った、「もしわたしがあなたの前に恵みを得るなら、どうか手をわたしのももの下に入れて誓い、親切と誠実とをもってわたしを取り扱ってください。どうかわたしをエジプトには葬らないでください。
30 ၃၀ ငါ သည်ဘိုးဘေး နှင့်အတူ အိပ် ချင်ပါ၏။ အဲဂုတ္တု ပြည်မှ ငါ့ ကို ဆောင်သွား ၍ သူ တို့သင်္ချိုင်း ၌ သင်္ဂြိုဟ် ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘ ဆို သည် အတိုင်း အကျွန်ုပ်ပြု ပါမည်ဟု ဝန်ခံ လေ၏။
わたしが先祖たちと共に眠るときには、わたしをエジプトから運び出して先祖たちの墓に葬ってください」。ヨセフは言った、「あなたの言われたようにいたします」。
31 ၃၁ ငါ့ အား ကျိန်ဆို ခြင်းကို ပြုပါဟု ဆို ပြန်လျှင် ၊ ကျိန်ဆို ခြင်းကို ပြု၏။ ဣသရေလ သည်လည်း ခုတင် ခေါင်း ရင်းပေါ် မှာ ကိုးကွယ် လေ၏။
ヤコブがまた、「わたしに誓ってください」と言ったので、彼は誓った。イスラエルは床のかしらで拝んだ。