< ကမ္ဘာဦး 46 >
1 ၁ ထိုအခါ ဣသရေလ သည် မိမိ ဥစ္စာရှိသမျှ နှင့်တကွ ခရီး သွား၍ ဗေရရှေဘ အရပ်သို့ ရောက် လျှင် ၊ မိမိ အဘ ဣဇာက် ၏ ဘုရား သခင်အား ယဇ် ပူဇော် ခြင်းကို ပြုလေ၏။
၁ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွ ခရီးသွား၍ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိ အဘဣဇာက်၏ ဘုရားသခင်အား ယဇ်ပူဇော်ခြင်းကို ပြုလေ၏။
2 ၂ ညဉ့် အခါ ဗျာဒိတ် တော်အားဖြင့် ဘုရား သခင်က၊ ယာကုပ် ၊ ယာကုပ် ဟုခေါ် တော်မူလျှင် ၊ ယာကုပ်က အကျွန်ုပ် ရှိ ပါသည်ဟု လျှောက် လေ၏။
၂ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ဘုရားသခင် က၊ ယာကုပ်၊ ယာကုပ် ဟုခေါ်တော်မူလျှင်၊ ယာကုပ်က အကျွန်ုပ်ရှိပါသည်ဟု လျှောက်လေ၏။
3 ၃ ထာဝရဘုရားကလည်း၊ ငါ သည် ဘုရား သခင်ဖြစ်၏။ သင့် အဘ ၏ ဘုရား သခင်ဖြစ်၏။ အဲဂုတ္တု ပြည်သို့ သွား ရမည်အခွင့်ကို မ စိုးရိမ် နှင့်။ ငါသည် ထို ပြည်၌ သင့် ကို လူမျိုး ကြီး ဖြစ် စေမည်။
၃ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင် ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့ သွားရမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကို လူမျိုးကြီးဖြစ်စေမည်။
4 ၄ အဲဂုတ္တု ပြည်သို့ သင် နှင့်အတူ ငါ သွား မည်။ တဖန် ငါ ဆောင် ခဲ့ဦးမည်။ ယောသပ် သည် မိမိ လက် ကို သင် ၏မျက်စိ ပေါ် မှာ တင် ရလိမ့်မည်ဟု မိန့် တော်မူ၏။
၄အဲဂုတ္တုပြည်သို့ သင်နှင့်အတူ ငါသွားမည်။ တဖန် ငါဆောင်ခဲ့ဦး မည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာ တင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
5 ၅ တဖန် ယာကုပ် သည် ဗေရရှေဘ အရပ်မှ ထွက် ၍ ၊ သူ စီး စရာဘို့ ဖါရော မင်းပေး လိုက်သော လှည်း တို့ဖြင့် ဣသရေလ ၏သား တို့သည် အဘ မှစ၍ မိန်းမ များနှင့် သူငယ် များတို့ကို ဆောင် လျက်၊
၅တဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဘို့ ဖါရောမင်းပေးလိုက်သော လှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကို ဆောင်လျက်၊
6 ၆ ခါနာန် ပြည် ၌ ရ သောတိရစ္ဆာန် များနှင့် ဥစ္စာ များကို လည်း ယူ ၍ အဲဂုတ္တု ပြည်သို့ သွား ကြ၏။
၆ခါနာန်ပြည်၌ရသော တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်း ယူ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။
7 ၇ ယာကုပ် သည် ကိုယ်တိုင်မှစ၍သားသမီးမြေးတည်းဟူသောအမျိုးအနွယ် အပေါင်း တို့ကို အဲဂုတ္တု ပြည် သို့ ဆောင် သွားလေ၏။
၇ယာကုပ်သည် ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည် သို့ ဆောင်သွားလေ၏။
8 ၈ အဲဂုတ္တု ပြည်သို့ ရောက် သော ဣသရေလ သား တို့၏အမည် ကား ၊ ယာကုပ် နှင့် သူ ၏သား များ။ သား ဦးရုဗင်။
၈အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။
9 ၉ ရုဗင် သား။ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိ။
၉ရုဗင်သား။ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိ။
10 ၁၀ ရှိမောင် သား။ ယေမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန် အမျိုး မိန်းမ၏သား ရှောလ။
၁၀ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သား ရှောလ။
11 ၁၁ လေဝိ သား။ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ။
၁၁လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။
12 ၁၂ ယုဒ သား။ ဧရ ၊ ဩနန် ၊ ရှေလ ၊ ဖါရက် ၊ ဇာရ။ ထိုသူ တို့တွင် ဧရ နှင့် ဩနန် သည် ခါနာန် ပြည် ၌ သေ သတည်း။ ဖါရက် သား ၊ ဟေဇရုံ နှင့် ဟာမုလ။
၁၂ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖါရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌ သေ သတည်း။ ဖါရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
13 ၁၃ ဣသခါ သား။ တောလ ၊ ဖုဝါ ၊ ယောဘ ၊ ရှိမရုန်။
၁၃ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။
14 ၁၄ ဇာဗုလုန် သား။ သရက် ၊ ဧလုန် ၊ ယာလေလ။
၁၄ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။
15 ၁၅ ဤသူတို့ကား၊ ယာကုပ် မယားလေအာ သည် ပါဒနာရံ အရပ်၌ ဘွား သော သား တည်း။ သမီး ဒိန နှင့်တကွ ၊ သား သမီး ပေါင်း သုံးဆယ် သုံး။
၁၅ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဘွားသော သားတည်း။ သမီးဒိနနှင့် တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။
16 ၁၆ ဂဒ် သား။ ဇိဖျန် ၊ ဟဂ္ဂိ ၊ ရှုနိ ၊ ဧဇဗုန် ၊ ဧရီ ၊ အရောဒိ ၊ အရေလိ။
၁၆ဂဒ်သား။ ဇိဖျန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇေုန်၊ ဧရီ၊ အရောဒိ၊ အရေလိ။
17 ၁၇ အာရှာ သား။ ယိမန။ ဣရွာ ၊ ဣရွှိ ၊ ဗေရိယ ၊ နှမ စေရ တည်း။ ဗေရိယ သား ၊ ဟေဗာ နှင့် မာလချေလ။
၁၇အာရှာသား။ ယိမန။ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။ ဗေရိယသား၊ ဟေဗာနှင့် မာလချေလ။
18 ၁၈ ဤ သူတို့ကား၊ လာဗန် သည် သမီး လေအာ အား ၊ လက်ဖွဲ့ သော ယာကုပ် မယား ဇိလပ ဘွား သော သား တည်း။ ပေါင်းတဆယ် ခြောက်။
၁၈ဤသူတို့ကား၊ လာဗန်သည် သမီးလေးအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဘွားသော သား တည်း။ ပေါင်းတဆယ်ခြောက်။
19 ၁၉ ယာကုပ် မယား ရာခေလ သား။ ယောသပ် နှင့် ဗင်္ယာမိန်။
၁၉ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။
20 ၂၀ အဲဂုတ္တု ပြည် ၌ ဩန မြို့၏ ယဇ် ပုရောဟိတ်ပေါတိဖေရ သမီး အာသနတ် တွင် ယောသပ် နှင့် ရ သောသား၊ မနာရှေ နှင့် ဧဖရိမ်။
၂၀အဲဂုတ္တုပြည်၌ ဩနမြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသော သား၊ မနာရှေနှင့်ဧဖရိမ်။
21 ၂၁ ဗင်္ယာမိန် သား။ ဗေလ ၊ ဗေခါ ၊ အာရှဗေလ ၊ ဂေရ ၊ နေမန် ၊ ဧဟိ ၊ ရောရှ ၊ မုပိမ် ၊ ဟုပိမ် ၊ အာရဒ။
၂၁ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။
22 ၂၂ ဤသူတို့ကား၊ ယာကုပ် မယား ရာခေလ ဘွား သောသား တည်း။ ပေါင်း တဆယ် လေး။
၂၂ဤသူတို့ကား၊ ယာကုပ်မယား ရာခေလဘွားသောသားတည်း။ ပေါင်းတဆယ်လေး။
24 ၂၄ နဿလိ သား။ ယာဇေလ ၊ ဂုနိ ၊ ယေဇာ ၊ ရှိလင်။
၂၄နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။
25 ၂၅ ဤသူတို့ကား၊ လာဗန် သည် သမီး ရာခေလ အား လက်ဖွဲ့ သော ယာကုပ် မယား ဗိလဟာ ဘွား သော သား တည်း။ ပေါင်း ခုနစ်
၂၅ဤသူတို့ကား၊ လာဗန်သည် သမီးရာခေလအား လက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသော သားတည်း။ ပေါင်းခုနစ်။
26 ၂၆ ယာကုပ် ချွေးမ များကို မ ဆိုဘဲ၊ ယာကုပ် မှ ဆင်း သက်၍၊ သူနှင့်အတူအဲဂုတ္တု ပြည်သို့ သွား သော လူ ပေါင်း ကား၊ ခြောက်ဆယ် ခြောက် ယောက်တည်း။
၂၆ယာကုပ်ချွေးမများကို မဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်း ကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။
27 ၂၇ အဲဂုတ္တု ပြည်၌ ယောသပ် ရ နှင့်သော သား နှစ် ယောက်ရှိ၏။ သို့ဖြစ်၍အဲဂုတ္တု ပြည်သို့ ရောက် သော ယာကုပ် ၏အမျိုးသား အပေါင်း ကား ခုနစ် ဆယ်တည်း။
၂၇အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သော ယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။
28 ၂၈ ယောသပ် ထံ သို့ဂေါရှင် ပြည်ကို သွားစေခြင်းငှါ ယုဒ ကို အရင်စေလွှတ် ပြီးမှ ဂေါရှင် ပြည် သို့ ရောက် ကြ၏။
၂၈ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။
29 ၂၉ ယောသပ် သည် ရထား ကိုပြင် ၍ အဘ ဣသရေလ ကို ခရီးဦးကြိုပြု ခြင်းငှါ ဂေါရှင် ပြည်သို့ သွား ၍ အဘ ရှေ့သို့ရောက် သော် ၊ အဘ ၏လည်ပင်း ကို ဘက် လျက် ကြာကြာ ငို လေ၏။
၂၉ယောသပ်သည် ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။
30 ၃၀ ဣသရေလ ကလည်း ၊ ယခု ငါသေ ပါစေသော။ သင် ၏မျက်နှာ ကို ငါ မြင် ရပြီ။ သင် သည် အသက် ရှင်သေး ၏ဟု ယောသပ် အား ဆို လေ၏။
၃၀ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး ၏ဟု ယောသပ်အား ဆိုလေ၏။
31 ၃၁ ယောသပ် ကလည်း၊ ဖါရော မင်းထံ သို့ကျွန်ုပ် သွား ဦးမည်။ ခါနာန် ပြည် ၌ နေသော ကျွန်တော် အစ်ကို များ၊ ကျွန်တော် အဘ ၏ အိမ်သား များတို့သည် ကျွန်တော် ထံ သို့ရောက် ကြပါပြီ။
၃၁ယောသပ်ကလည်း၊ ဖါရောမင်းထံသို့ ကျွန်ုပ် သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကို များ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော် ထံသို့ ရောက်ကြပါပြီ။
32 ၃၂ ထိုသူ တို့သည် သိုး ထိန်း ဖြစ်ပါ၏။ သိုး နွားတို့ကို မွေး သောသူဖြစ် ပါ၏။ သူတို့သိုး နွား မှစ၍ ရှိသမျှ တို့ကို ဆောင် ခဲ့ကြပါပြီဟု လျှောက် မည်။
၃၂ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကို မွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟု လျှောက်မည်။
33 ၃၃ နောက် တခါ သင် တို့ကို ဖါရော မင်းခေါ် ၍ သင် တို့သည် အဘယ်သို့ လုပ်ဆောင် တတ်သနည်းဟုမေး တော်မူလျှင်၊
၃၃နောက်တခါ သင်တို့ကို ဖါရောမင်းခေါ်၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်၊
34 ၃၄ ကိုယ်တော် ကျွန် တော်တို့သည် ဘိုးဘေး နှင့်တကွ ၊ ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် သိုး နွားတို့ကို မွေး သောသူဖြစ် ကြပါ၏ဟု လျှောက် ရမည်။ သို့ဖြစ်၍ ဂေါရှင် ပြည် မှာ နေ သောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်း ဖြစ်သောသူကို အဲဂုတ္တု လူတို့သည် ရွံရှာ တတ်ကြ၏ ဟု အစ်ကို များ အဘ ၏အိမ်သား များတို့ကို ပြော ဆို၏။
၃၄ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သော အရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ ဟု အစ်ကိုများ အဘ၏အိမ်သားများတို့ကို ပြောဆို၏။