< ကမ္ဘာ​ဦး 46 >

1 ထိုအခါ ဣသရေလ သည် မိမိ ဥစ္စာရှိသမျှ နှင့်တကွ ခရီး သွား၍ ဗေရရှေဘ အရပ်သို့ ရောက် လျှင် ၊ မိမိ အဘ ဣဇာက် ၏ ဘုရား သခင်အား ယဇ် ပူဇော် ခြင်းကို ပြုလေ၏။
So Israel brake up, with all that he had, and came in to Beer-sheba, —and offered sacrifices to the God of his father Isaac.
2 ညဉ့် အခါ ဗျာဒိတ် တော်အားဖြင့် ဘုရား သခင်က၊ ယာကုပ် ၊ ယာကုပ် ဟုခေါ် တော်မူလျှင် ၊ ယာကုပ်က အကျွန်ုပ် ရှိ ပါသည်ဟု လျှောက် လေ၏။
And God said to Israel in the visions of the night, and he said—Jacob! Jacob! And he said—Behold me!
3 ထာဝရဘုရားကလည်း၊ ငါ သည် ဘုရား သခင်ဖြစ်၏။ သင့် အဘ ၏ ဘုရား သခင်ဖြစ်၏။ အဲဂုတ္တု ပြည်သို့ သွား ရမည်အခွင့်ကို မ စိုးရိမ် နှင့်။ ငါသည် ထို ပြည်၌ သင့် ကို လူမျိုး ကြီး ဖြစ် စေမည်။
And he said: I, am GOD himself, the God of thy father, —Be not afraid of going down to Egypt, seeing that for a great nation, will I plant thee there.
4 အဲဂုတ္တု ပြည်သို့ သင် နှင့်အတူ ငါ သွား မည်။ တဖန် ငါ ဆောင် ခဲ့ဦးမည်။ ယောသပ် သည် မိမိ လက် ကို သင် ၏မျက်စိ ပေါ် မှာ တင် ရလိမ့်မည်ဟု မိန့် တော်မူ၏။
I will go down with thee to Egypt, and I will bring thee up, yea wholly up, —and, Joseph, shall lay his own hand upon thine eyes.
5 တဖန် ယာကုပ် သည် ဗေရရှေဘ အရပ်မှ ထွက် ၍ ၊ သူ စီး စရာဘို့ ဖါရော မင်းပေး လိုက်သော လှည်း တို့ဖြင့် ဣသရေလ ၏သား တို့သည် အဘ မှစ၍ မိန်းမ များနှင့် သူငယ် များတို့ကို ဆောင် လျက်၊
So Jacob rose up from Beer-sheba, —and the sons of Israel brought Jacob their father, and their little ones, and their wives, in the waggons which Pharaoh had sent to bring him;
6 ခါနာန် ပြည် ၌ ရ သောတိရစ္ဆာန် များနှင့် ဥစ္စာ များကို လည်း ယူ ၍ အဲဂုတ္တု ပြည်သို့ သွား ကြ၏။
and they took their cattle and the gains which they had gained in the land of Canaan, and came into Egypt, —Jacob and all his seed with him:
7 ယာကုပ် သည် ကိုယ်တိုင်မှစ၍သားသမီးမြေးတည်းဟူသောအမျိုးအနွယ် အပေါင်း တို့ကို အဲဂုတ္တု ပြည် သို့ ဆောင် သွားလေ၏။
his sons, and his sons’ sons with him, his daughters, and his sons’ daughters, and all his seed, brought he with him into Egypt.
8 အဲဂုတ္တု ပြည်သို့ ရောက် သော ဣသရေလ သား တို့၏အမည် ကား ၊ ယာကုပ် နှင့် သူ ၏သား များ။ သား ဦးရုဗင်။
Now, these, are the names of the sons of Israel who came into Egypt—Jacob and his sons, —the firstborn of Jacob, Reuben:
9 ရုဗင် သား။ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိ။
And, the sons of Reuben, —Hanoch and Pallu, and Hezron and Carmi;
10 ၁၀ ရှိမောင် သား။ ယေမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန် အမျိုး မိန်းမ၏သား ရှောလ။
And, the sons of Simeon, —Jemuel and Jamin and Ohad and Jachin and Zohar, —and Shaul, son of the Canaanitess;
11 ၁၁ လေဝိ သား။ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ။
And the sons of Levi, —Gershon, Kohath and Merari;
12 ၁၂ ယုဒ သား။ ဧရ ၊ ဩနန် ၊ ရှေလ ၊ ဖါရက် ၊ ဇာရ။ ထိုသူ တို့တွင် ဧရ နှင့် ဩနန် သည် ခါနာန် ပြည် ၌ သေ သတည်း။ ဖါရက် သား ၊ ဟေဇရုံ နှင့် ဟာမုလ။
And the sons of Judah, —Er and Onan and Shelah, and Perez and Zerah, —but Er and Onan died in the land of Canaan, and the sons of Perez were Hezron and Hamul;
13 ၁၃ ဣသခါ သား။ တောလ ၊ ဖုဝါ ၊ ယောဘ ၊ ရှိမရုန်။
And, the sons of Issachar, —Tola and Puvah, and Iob and Shimron;
14 ၁၄ ဇာဗုလုန် သား။ သရက် ၊ ဧလုန် ၊ ယာလေလ။
And the sons of Zebulon, —Sered and Elon, and Jahleel.
15 ၁၅ ဤသူတို့ကား၊ ယာကုပ် မယားလေအာ သည် ပါဒနာရံ အရပ်၌ ဘွား သော သား တည်း။ သမီး ဒိန နှင့်တကွ ၊ သား သမီး ပေါင်း သုံးဆယ် သုံး။
These, are the sons of Leah whom she bare to Jacob in Padan-aram, with Dinah also his daughter, —All the souls of his sons and of his daughters, were thirty-three.
16 ၁၆ ဂဒ် သား။ ဇိဖျန် ၊ ဟဂ္ဂိ ၊ ရှုနိ ၊ ဧဇဗုန် ၊ ဧရီ ၊ အရောဒိ ၊ အရေလိ။
And, the sons of Gad, —Zaphon and Haggi, Shuni and Ezbon, —Eri and Arodi and Areli;
17 ၁၇ အာရှာ သား။ ယိမန။ ဣရွာ ၊ ဣရွှိ ၊ ဗေရိယ ၊ နှမ စေရ တည်း။ ဗေရိယ သား ၊ ဟေဗာ နှင့် မာလချေလ။
And, the sons of Asher, —Imnah and Ishvah and Ishvi and Beriah, and Serah their sister, —and the sons of Beriah, Heber and Malchiel.
18 ၁၈ ဤ သူတို့ကား၊ လာဗန် သည် သမီး လေအာ အား ၊ လက်ဖွဲ့ သော ယာကုပ် မယား ဇိလပ ဘွား သော သား တည်း။ ပေါင်းတဆယ် ခြောက်။
These, are the sons of Zilpah, whom Laban gave to Leah his daughter, —so she bare these to Jacob, —sixteen souls.
19 ၁၉ ယာကုပ် မယား ရာခေလ သား။ ယောသပ် နှင့် ဗင်္ယာမိန်။
The sons of Rachel, Jacob’s wife, —Joseph and Benjamin;
20 ၂၀ အဲဂုတ္တု ပြည် ၌ ဩန မြို့၏ ယဇ် ပုရောဟိတ်ပေါတိဖေရ သမီး အာသနတ် တွင် ယောသပ် နှင့် ရ သောသား၊ မနာရှေ နှင့် ဧဖရိမ်။
And there were born to Joseph in the land of Egypt, whom Asenath daughter of Poti-phera, priest of On, bare to him: Manasseh and Ephraim;
21 ၂၁ ဗင်္ယာမိန် သား။ ဗေလ ၊ ဗေခါ ၊ အာရှဗေလ ၊ ဂေရ ၊ နေမန် ၊ ဧဟိ ၊ ရောရှ ၊ မုပိမ် ၊ ဟုပိမ် ၊ အာရဒ။
And the sons of Benjamin—Bela and Becher, and Ashbel, Gera and Naaman, Ehi and Rosh, —Muppim and Huppim, and Ard.
22 ၂၂ ဤသူတို့ကား၊ ယာကုပ် မယား ရာခေလ ဘွား သောသား တည်း။ ပေါင်း တဆယ် လေး။
These, are the sons of Rachel, who were born to Jacob, —all the souls, were fourteen.
23 ၂၃ ဒန် သား။ ဟုရှိမ်။
And, the sons of Dan, —Hushim;
24 ၂၄ နဿလိ သား။ ယာဇေလ ၊ ဂုနိ ၊ ယေဇာ ၊ ရှိလင်။
And the sons of Naphtali, —Jahzeel and Guni, and Jezer and Shillem.
25 ၂၅ ဤသူတို့ကား၊ လာဗန် သည် သမီး ရာခေလ အား လက်ဖွဲ့ သော ယာကုပ် မယား ဗိလဟာ ဘွား သော သား တည်း။ ပေါင်း ခုနစ်
These, are the sons of Bilhah, whom Laban gave to Rachel his daughter, —so she bare these to Jacob, —all the souls, were seven.
26 ၂၆ ယာကုပ် ချွေးမ များကို မ ဆိုဘဲ၊ ယာကုပ် မှ ဆင်း သက်၍၊ သူနှင့်အတူအဲဂုတ္တု ပြည်သို့ သွား သော လူ ပေါင်း ကား၊ ခြောက်ဆယ် ခြောက် ယောက်တည်း။
All the souls that came in with Jacob to Egypt that had come forth of his loins, besides Jacob’s sons’ wives, —all the souls, were sixty-six;
27 ၂၇ အဲဂုတ္တု ပြည်၌ ယောသပ် ရ နှင့်သော သား နှစ် ယောက်ရှိ၏။ သို့ဖြစ်၍အဲဂုတ္တု ပြည်သို့ ရောက် သော ယာကုပ် ၏အမျိုးသား အပေါင်း ကား ခုနစ် ဆယ်တည်း။
and, the sons of Joseph who were born to him in Egypt, were two souls: All the souls of the house of Jacob that came into Egypt, were seventy.
28 ၂၈ ယောသပ် ထံ သို့ဂေါရှင် ပြည်ကို သွားစေခြင်းငှါ ယုဒ ကို အရင်စေလွှတ် ပြီးမှ ဂေါရှင် ပြည် သို့ ရောက် ကြ၏။
And he sent, Judah, before him unto Joseph, to direct his face to Goshen, —so they came in towards the land of Goshen.
29 ၂၉ ယောသပ် သည် ရထား ကိုပြင် ၍ အဘ ဣသရေလ ကို ခရီးဦးကြိုပြု ခြင်းငှါ ဂေါရှင် ပြည်သို့ သွား ၍ အဘ ရှေ့သို့ရောက် သော် ၊ အဘ ၏လည်ပင်း ကို ဘက် လျက် ကြာကြာ ငို လေ၏။
Then yoked Joseph his chariot, and went up to meet Israel his father towards Goshen, —and he appeared unto him, and fell upon his neck, and wept upon his neck a good while.
30 ၃၀ ဣသရေလ ကလည်း ၊ ယခု ငါသေ ပါစေသော။ သင် ၏မျက်နှာ ကို ငါ မြင် ရပြီ။ သင် သည် အသက် ရှင်သေး ၏ဟု ယောသပ် အား ဆို လေ၏။
Then said Israel unto Joseph I am ready to die at last, —now that I have seen thy face, in that thou art, yet alive.
31 ၃၁ ယောသပ် ကလည်း၊ ဖါရော မင်းထံ သို့ကျွန်ုပ် သွား ဦးမည်။ ခါနာန် ပြည် ၌ နေသော ကျွန်တော် အစ်ကို များ၊ ကျွန်တော် အဘ ၏ အိမ်သား များတို့သည် ကျွန်တော် ထံ သို့ရောက် ကြပါပြီ။
Then said Joseph unto his brethren and unto the house of his father, I must go up, and must tell Pharaoh—and must say unto him, My brethren, and the house of my father, who were in the land of Canaan, have come in unto me.
32 ၃၂ ထိုသူ တို့သည် သိုး ထိန်း ဖြစ်ပါ၏။ သိုး နွားတို့ကို မွေး သောသူဖြစ် ပါ၏။ သူတို့သိုး နွား မှစ၍ ရှိသမျှ တို့ကို ဆောင် ခဲ့ကြပါပြီဟု လျှောက် မည်။
Now, the men, are feeders of flocks, for men of cattle, they are, —and their flocks and their herds and all that they have, have they brought in.
33 ၃၃ နောက် တခါ သင် တို့ကို ဖါရော မင်းခေါ် ၍ သင် တို့သည် အဘယ်သို့ လုပ်ဆောင် တတ်သနည်းဟုမေး တော်မူလျှင်၊
So shall it come to pass, when Pharaoh shall call for you, —and shall say—What is your occupation?
34 ၃၄ ကိုယ်တော် ကျွန် တော်တို့သည် ဘိုးဘေး နှင့်တကွ ၊ ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် သိုး နွားတို့ကို မွေး သောသူဖြစ် ကြပါ၏ဟု လျှောက် ရမည်။ သို့ဖြစ်၍ ဂေါရှင် ပြည် မှာ နေ သောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်း ဖြစ်သောသူကို အဲဂုတ္တု လူတို့သည် ရွံရှာ တတ်ကြ၏ ဟု အစ်ကို များ အဘ ၏အိမ်သား များတို့ကို ပြော ဆို၏။
Then shall ye say—Men of cattle, have thy servants been from our youth even until now, both we and our fathers, —To the end ye may dwell in the land of Goshen, for an abomination to Egyptians, is every feeder of a flock,

< ကမ္ဘာ​ဦး 46 >