< ကမ္ဘာဦး 45 >
1 ၁ ထိုအခါ ယောသပ် သည် မိမိ ထံ ၌ရှိ သောသူအပေါင်း တို့ရှေ့ တွင်၊ ဣန္ဒြေကို မ ချုပ်တည်း နိုင် သောကြောင့် ၊ လူ အပေါင်း တို့ငါ့ ထံ မှ ထွက် သွားကြဟု ဟစ် ၍ မိမိဇာတိ အဖြစ်ကို အစ်ကို တို့အား ပြသောအခါ ၊ အခြား သော သူတယောက်မျှ မ ရှိရ။
Then Joseph could no longer control himself before all those who stood before him, so he cried out, "Send everyone away from me." So no one stood with him while Joseph made himself known to his brothers.
2 ၂ သူ သည်လည်း ကျယ် သောအသံ နှင့် ငိုကြွေး ၏။ အဲဂုတ္တု လူတို့သည် နန်းတော် တိုင်အောင်ကြား ကြ၏။
And he wept so loudly that the Egyptians heard it, and the house of Pharaoh heard about it.
3 ၃ အစ်ကို တို့အား လည်း ၊ ကျွန်ုပ် ယောသပ် ဖြစ်၏။ ကျွန်ုပ် အဘ သည် အသက် ရှင်သေး သလောဟုဆို ၏။ အစ်ကို တို့သည် စကားတုံ့ပြန်၍ မ ပြော နိုင် အောင် သူ့ ရှေ့ မှာ မိန်းမော တွေဝေလျက် နေကြ၏။
Then Joseph said to his brothers, "I am Joseph. Is my father still alive?" But his brothers couldn't answer him, for they were terrified at his presence.
4 ၄ ယောသပ် ကလည်း ၊ ကျွန်ုပ် အနီးအပါးသို့ လာ ကြ ပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါး သို့ ချဉ်း လာကြ၏။ သူ ကလည်း ကျွန်ုပ် သည် အဲဂုတ္တု ပြည် သို့ ရောင်း လိုက်သော သင် တို့ညီ ဖြစ်ပါ၏။
Then Joseph said to his brothers, "Come near to me, please." So they moved closer. And he said, "I am Joseph, your brother, whom you sold into Egypt.
5 ၅ သို့ရာတွင် သင် တို့သည် ကျွန်ုပ် ကို ဤ အရပ်သို့ ရောင်း လိုက်မိသောကြောင့် စိတ် မ ညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက် မ ထွက်ကြနှင့်။ အကြောင်း မူကား၊ ဘုရားသခင် သည် လူတို့အသက် ကို စောင့်မစေခြင်းငှါ သင် တို့ရှေ့ မှာ ကျွန်ုပ် ကိုစေလွှတ် တော်မူပြီ။
Now do not be upset or angry with yourselves that you sold me here, for God sent me before you to preserve life.
6 ၆ မြေ ပေါ် မှာ နှစ် နှစ်အစာခေါင်းပါး ခဲ့ပြီ။ လယ်လုပ် ခြင်း၊ စပါး ရိတ်ခြင်းကို မ ပြုရသောနှစ် ငါး နှစ် ရှိ သေး၏။
For the famine has been in the land these two years, and there will be five more years in which there will be neither plowing nor harvest.
7 ၇ ဘုရားသခင် သည် သင် တို့ကို မြေကြီး ပေါ် မှာ ကျန်ကြွင်း စေခြင်းငှါ ၎င်း၊ ကြီး စွာသော ကယ်တင် ခြင်း အားဖြင့် သင် တို့အသက် ကို ချမ်းသာစေခြင်းငှါ ၎င်း၊ သင် တို့ရှေ့ မှာ ကျွန်ုပ် ကို စေလွှတ် တော်မူပြီ။
God sent me ahead of you to preserve for you a remnant on the earth, and to save your lives by a great deliverance.
8 ၈ သို့ဖြစ်၍ သင် တို့သည် ကျွန်ုပ် ကိုဤ အရပ်သို့ စေလွှတ် သည်မ ဟုတ်၊ ဘုရားသခင် စေလွှတ်တော်မူသတည်း။ ကျွန်ုပ် ကို ဖါရော ဘုရင်၏ အဘ အရာ၌ ၎င်း၊ နန်းတော် အုပ် အရာ၌ ၎င်း၊ အဲဂုတ္တု ပြည် လုံး ကို အုပ်စိုး သောသခင် အရာ၌၎င်း ခန့် ထားတော်မူပြီ။
So now, it wasn't you who sent me here, but God, and he has made me a father to Pharaoh, lord of all his house, and ruler over all the land of Egypt.
9 ၉ အလျင်အမြန် ထ၍ အဘ ထံ သို့ သွား ကြလော့။ အဘ အား လည်း ၊ သား ယောသပ် က၊ ဘုရားသခင် သည် ကျွန်ုပ် ကို အဲဂုတ္တု ပြည်လုံး သခင် ဖြစ် စေတော်မူပြီ။ ကျွန်ုပ် ထံ သို့လာ ပါ၊ မ ဆိုင်း ပါနှင့်။
Now hurry and go up to my father and tell him, 'This is what your son Joseph says, "God has made me lord of all Egypt. Come down to me. Do not delay.
10 ၁၀ အဘသည် ဂေါရှင် အရပ် ၌ နေ ရမည်။ ကျွန်ုပ် အနား မှာ ရှိ ရမည်။ အဘ မှစ၍ သား မြေး ၊ သိုး ၊ နွား နှင့်တကွ ရှိသမျှ ပါရမည်။
You shall dwell in the land of Gesen, and you will be near to me, you, your children, and your children's children, and your flocks, and your herds, and everything that you have.
11 ၁၁ ထို အရပ်၌ ကျွန်ုပ်ကျွေးမွေး ပါမည်။ သို့မဟုတ်အဘ မှစ၍ အိမ်သူ အိမ်သားနှင့်တကွ ရှိသမျှ တို့ သည် ဆင်းရဲခြင်း သို့ ရောက်ကြလိမ့်မည်။ အစာ ခေါင်းပါး သောနှစ် ငါး နှစ်ရှိ သေးသည်ဟု ပြောကြလော့။
There I will provide for you, for there are still five years of famine to come, otherwise you and your household and all that you have would become destitute.
12 ၁၂ ကျွန်ုပ် သည် ကိုယ်တိုင်သင် တို့နှင့် နှုတ်ဆက် သည်ကို ၊ သင် တို့မျက်စိ ၊ ကျွန်ုပ် ညီ ဗင်ယာမိန် မျက်စိ အမြင် သားဖြစ်၏။
Look, your eyes see, and the eyes of my brother Benjamin, that it is my mouth which is speaking to you.
13 ၁၃ အဲဂုတ္တု ပြည်၌ ကျွန်ုပ် ရသောဘုန်း စည်းစိမ်းမှစ၍ သင်မြင် သမျှ တို့ကို အဘ အား ပြော ရမည်။ အလျင်အမြန် ပြု၍ အဘ ကို ဤ ပြည်သို့ ဆောင် ခဲ့ရမည်ဟု ဆိုပြီးလျှင်၊
So you must tell my father about all my glory in Egypt, and of all that you have seen. But you must hurry and bring my father down here."
14 ၁၄ ညီ ဗင်္ယာမိန် လည်ပင်း ကို ဘက် ၍ ငို လေ၏။ ဗင်္ယာမိန် သည်လည်း သူ ၏လည်ပင်း ၌ ငို လေ၏။
Then he threw his arms around his brother Benjamin's neck and wept, and Benjamin wept on his shoulder.
15 ၁၅ တဖန် အစ်ကို ရှိသမျှ တို့ကို နမ်း ၍ သူ တို့နှင့် ငို သော နောက် အချင်းချင်း နှုတ်ဆက် ကြ၏။
And he kissed all his brothers and wept on them, and after that his brothers talked with him.
16 ၁၆ ယောသပ် အစ်ကို တို့သည် ရောက် လာကြပြီဟု နန်းတော် ၌ သိတင်း ကြား ၍ ၊ ဖာရော ဘုရင် အစ ရှိသော ကျွန် တော်မျိုးတို့သည် နှစ်သက် ကြ၏။
Now the report of it was heard in Pharaoh's house, saying, "Joseph's brothers have come." It pleased Pharaoh and his servants.
17 ၁၇ ဖါရော ဘုရင်သည်လည်း ယောသပ် ကိုခေါ် ၍၊ သင် ၏အစ်ကို တို့အား အဘယ်သို့ပြော ရမည်နည်းဟူမူကား၊ သင်တို့သည် ဤသို့ ပြု ကြလော့။ မြည်း တို့ကို ဝန် တင်၍ ခါနာန် ပြည် သို့ ပြန် သွား သဖြင့်၊
And Pharaoh said to Joseph, "Tell your brothers, 'Do this: Load your animals and go. Enter the land of Canaan.
18 ၁၈ သင် တို့အဘ နှင့် အိမ်သူ အိမ်သားတို့ကိုယူ ၍ ကျွန်ုပ် ထံ သို့လာ ကြလော့။ အဲဂုတ္တု ပြည် ၏စည်းစိမ်း ကို ငါပေး ၍ ၊ သင် တို့သည် မြေဩဇာ ကိုသာ စား ရကြ လိမ့်မည်။
Take your father and your families and come to me, and I will give you the best of the land of Egypt, and you will eat the richness of the land.'
19 ၁၉ အမိန့် တော်ရှိသည်ဖြစ်၍ ဤသို့ ပြု ကြလော့။ သင် တို့မိန်းမ များ၊ သူငယ် များဘို့ ၊ အဲဂုတ္တု ပြည် ထဲ က လှည်း တို့ကို ယူ ပြီးလျှင် အဘ ကိုဆောင် ၍ လာ ခဲ့ကြလော့။
Now you are commanded, 'Do this: Take wagons from the land of Egypt for your little ones, and for your wives, and bring your father and come.
20 ၂၀ သင် တို့ဥစ္စာများကို မ နှမြော ကြနှင့်။ အဲဂုတ္တု ပြည် ၏ စည်းစိမ် ရှိသမျှ သည် သင် တို့ဥစ္စာ ဖြစ်၏ဟု အမိန့် တော်ရှိသည်အတိုင်း၊
Also, do not worry about your possessions, for the best of all of the land of Egypt is yours."
21 ၂၁ ဣသရေလ ၏ သား တို့သည်ပြု ၍ ၊ ယောသပ် သည် လှည်း တို့ကို၎င်း၊ လမ်း ခရီး၌ စားစရိတ် များကို၎င်း ပေး ၏။
So the sons of Israel did that. And Joseph gave them wagons, according to the commandment of Pharaoh, and gave them provisions for the journey.
22 ၂၂ အစ်ကို ရှိသမျှ တို့အား လည်း အဝတ် လဲ စရာဘို့ ပေး ၏။ ဗင်္ယာမိန် အား လည်း ၊ ငွေ အကျပ်သုံး ရာ နှင့် အဝတ် လဲစရာဘို့ အဝတ် ငါး စုံ ကို ထပ်၍ပေး ၏။
He gave to all of them, to each one, a change of clothing. But to Benjamin he gave three hundred pieces of silver and five changes of clothing.
23 ၂၃ အဘ အား လည်း အဲဂုတ္တု ပြည်၏ ကောင်း သောအရာတို့ကို ဆောင် သော မြည်း တဆယ် ၊ လမ်း ခရီး၌ အဘ စားစရာ ဘို့ စပါး ၊ မုန့် ၊ ခဲဘွယ်စားဘွယ်များကို ဆောင် သောမြည်း တဆယ် ကိုပေး လိုက်၏။
To his father he sent the following: ten donkeys loaded with the best things of Egypt, and ten female donkeys loaded with grain and food and provision for his father on the journey.
24 ၂၄ သင်တို့သည် လမ်း ၌ ရန် မ တွေ့ကြနှင့်ဟု မှာ ထားလျက် အစ်ကို တို့ကို လွှတ် လိုက်၍ သူတို့သည် သွား ကြ၏။
So he sent his brothers off, and as they departed he said to them, "Do not be fearful on the journey."
25 ၂၅ ထိုသို့ အဲဂုတ္တု ပြည်မှ ထွက်သွား ၍ ၊ ခါနာန် ပြည် အဘ ယာကုပ် ထံ သို့ရောက် ကြလျှင်၊
So they went up out of Egypt and came into the land of Canaan to their father Jacob.
26 ၂၆ ယောသပ် သည် အသက် ရှင်သေး ၏။ အဲဂုတ္တု ပြည် လုံး ကို အုပ်စိုး ရ၏ဟု ကြား ပြောကြသည်ရှိသော် ၊ ယာကုပ် သည် စိတ် နှလုံးလျော့ ၏။ သူ တို့စကားကို မ ယုံ နိုင်။
And they told him, saying, "Joseph is still alive, and he is ruler over all the land of Egypt." But he was unmoved, because he did not believe them.
27 ၂၇ သူ တို့သည်လည်း ယောသပ် ပြော သမျှ သော စကား တို့ကို ပြန် ပြောကြ၏။ အဘ ယာကုပ် သည် မိမိ စီး စရာဘို့ ယောသပ် ပေး လိုက်သော လှည်း တို့ကို မြင် သောအခါ စိတ် နှလုံးအားဖြည့် ပြန်၏။
But when they told him all the words of Joseph, which he had said to them, and when he saw the wagons which Joseph had sent to transport him, the spirit of their father Jacob revived.
28 ၂၈ ဣသရေလ ကလည်း ၊ တန် တော့။ ငါ့ သား ယောသပ် အသက် ရှင်သေး ၏။ ငါမ သေ မှီ သူ့ ကိုသွား ၍ ကြည့် မည်ဟုဆို ၏။
Then Israel said, "I'm convinced. My son Joseph is still alive. I will go and see him before I die."