< ကမ္ဘာ​ဦး 45 >

1 ထိုအခါ ယောသပ် သည် မိမိ ထံ ၌ရှိ သောသူအပေါင်း တို့ရှေ့ တွင်၊ ဣန္ဒြေကို မ ချုပ်တည်း နိုင် သောကြောင့် ၊ လူ အပေါင်း တို့ငါ့ ထံ မှ ထွက် သွားကြဟု ဟစ် ၍ မိမိဇာတိ အဖြစ်ကို အစ်ကို တို့အား ပြသောအခါ ၊ အခြား သော သူတယောက်မျှ မ ရှိရ။
And Joseph could not refrain himself when all were standing by him, but said, Dismiss all from me; and no one stood near Joseph, when he made himself known to his brethren.
2 သူ သည်လည်း ကျယ် သောအသံ နှင့် ငိုကြွေး ၏။ အဲဂုတ္တု လူတို့သည် နန်းတော် တိုင်အောင်ကြား ကြ၏။
And he uttered his voice with weeping; and all the Egyptians heard, and it was reported to the house of Pharao.
3 အစ်ကို တို့အား လည်း ၊ ကျွန်ုပ် ယောသပ် ဖြစ်၏။ ကျွန်ုပ် အဘ သည် အသက် ရှင်သေး သလောဟုဆို ၏။ အစ်ကို တို့သည် စကားတုံ့ပြန်၍ မ ပြော နိုင် အောင် သူ့ ရှေ့ မှာ မိန်းမော တွေဝေလျက် နေကြ၏။
And Joseph said to his brethren, I am Joseph; doth my father yet live? And his brethren could not answer him, for they were troubled.
4 ယောသပ် ကလည်း ၊ ကျွန်ုပ် အနီးအပါးသို့ လာ ကြ ပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါး သို့ ချဉ်း လာကြ၏။ သူ ကလည်း ကျွန်ုပ် သည် အဲဂုတ္တု ပြည် သို့ ရောင်း လိုက်သော သင် တို့ညီ ဖြစ်ပါ၏။
And Joseph said to his brethren, Draw nigh to me; and they drew nigh; and he said, I am your brother Joseph, whom ye sold into Egypt.
5 သို့ရာတွင် သင် တို့သည် ကျွန်ုပ် ကို ဤ အရပ်သို့ ရောင်း လိုက်မိသောကြောင့် စိတ် မ ညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက် မ ထွက်ကြနှင့်။ အကြောင်း မူကား၊ ဘုရားသခင် သည် လူတို့အသက် ကို စောင့်မစေခြင်းငှါ သင် တို့ရှေ့ မှာ ကျွန်ုပ် ကိုစေလွှတ် တော်မူပြီ။
Now then be not grieved, and let it not seem hard to you that ye sold me hither, for God sent me before you for life.
6 မြေ ပေါ် မှာ နှစ် နှစ်အစာခေါင်းပါး ခဲ့ပြီ။ လယ်လုပ် ခြင်း၊ စပါး ရိတ်ခြင်းကို မ ပြုရသောနှစ် ငါး နှစ် ရှိ သေး၏။
For this second year there is famine on the earth, and there are yet five years remaining, in which there is to be neither ploughing, nor mowing.
7 ဘုရားသခင် သည် သင် တို့ကို မြေကြီး ပေါ် မှာ ကျန်ကြွင်း စေခြင်းငှါ ၎င်း၊ ကြီး စွာသော ကယ်တင် ခြင်း အားဖြင့် သင် တို့အသက် ကို ချမ်းသာစေခြင်းငှါ ၎င်း၊ သင် တို့ရှေ့ မှာ ကျွန်ုပ် ကို စေလွှတ် တော်မူပြီ။
For God sent me before you, that there might be left to you a remnant upon the earth, even to nourish a great remnant of you.
8 သို့ဖြစ်၍ သင် တို့သည် ကျွန်ုပ် ကိုဤ အရပ်သို့ စေလွှတ် သည်မ ဟုတ်၊ ဘုရားသခင် စေလွှတ်တော်မူသတည်း။ ကျွန်ုပ် ကို ဖါရော ဘုရင်၏ အဘ အရာ၌ ၎င်း၊ နန်းတော် အုပ် အရာ၌ ၎င်း၊ အဲဂုတ္တု ပြည် လုံး ကို အုပ်စိုး သောသခင် အရာ၌၎င်း ခန့် ထားတော်မူပြီ။
Now then ye did not send me hither, but God; and he hath made me as a father of Pharao, and lord of all his house, and ruler of all the land of Egypt.
9 အလျင်အမြန် ထ၍ အဘ ထံ သို့ သွား ကြလော့။ အဘ အား လည်း ၊ သား ယောသပ် က၊ ဘုရားသခင် သည် ကျွန်ုပ် ကို အဲဂုတ္တု ပြည်လုံး သခင် ဖြစ် စေတော်မူပြီ။ ကျွန်ုပ် ထံ သို့လာ ပါ၊ မ ဆိုင်း ပါနှင့်။
Hasten, therefore, and go up to my father, and say to him, These things saith thy son Joseph; God has made me lord of all the land of Egypt; come down therefore to me, and tarry not.
10 ၁၀ အဘသည် ဂေါရှင် အရပ် ၌ နေ ရမည်။ ကျွန်ုပ် အနား မှာ ရှိ ရမည်။ အဘ မှစ၍ သား မြေး ၊ သိုး ၊ နွား နှင့်တကွ ရှိသမျှ ပါရမည်။
And thou shalt dwell in the land of Gesem of Arabia; and thou shalt be near me, thou and thy sons, and thy sons' sons, thy sheep and thine oxen, and whatsoever things are thine.
11 ၁၁ ထို အရပ်၌ ကျွန်ုပ်ကျွေးမွေး ပါမည်။ သို့မဟုတ်အဘ မှစ၍ အိမ်သူ အိမ်သားနှင့်တကွ ရှိသမျှ တို့ သည် ဆင်းရဲခြင်း သို့ ရောက်ကြလိမ့်မည်။ အစာ ခေါင်းပါး သောနှစ် ငါး နှစ်ရှိ သေးသည်ဟု ပြောကြလော့။
And I will nourish thee there: for the famine is yet for five years; lest thou be consumed, and thy sons, and all thy possessions.
12 ၁၂ ကျွန်ုပ် သည် ကိုယ်တိုင်သင် တို့နှင့် နှုတ်ဆက် သည်ကို ၊ သင် တို့မျက်စိ ၊ ကျွန်ုပ် ညီ ဗင်ယာမိန် မျက်စိ အမြင် သားဖြစ်၏။
Behold, your eyes see, and the eyes of my brother Benjamin, that it is my mouth that speaks to you.
13 ၁၃ အဲဂုတ္တု ပြည်၌ ကျွန်ုပ် ရသောဘုန်း စည်းစိမ်းမှစ၍ သင်မြင် သမျှ တို့ကို အဘ အား ပြော ရမည်။ အလျင်အမြန် ပြု၍ အဘ ကို ဤ ပြည်သို့ ဆောင် ခဲ့ရမည်ဟု ဆိုပြီးလျှင်၊
Report, therefore, to my father all my glory in Egypt, and all things that ye have seen, and make haste and bring down my father hither.
14 ၁၄ ညီ ဗင်္ယာမိန် လည်ပင်း ကို ဘက် ၍ ငို လေ၏။ ဗင်္ယာမိန် သည်လည်း သူ ၏လည်ပင်း ၌ ငို လေ၏။
And he fell on his brother Benjamin's neck, and wept on him; and Benjamin wept on his neck.
15 ၁၅ တဖန် အစ်ကို ရှိသမျှ တို့ကို နမ်း ၍ သူ တို့နှင့် ငို သော နောက် အချင်းချင်း နှုတ်ဆက် ကြ၏။
And he kissed all his brethren, and wept on them; and after these things his brethren spoke to him.
16 ၁၆ ယောသပ် အစ်ကို တို့သည် ရောက် လာကြပြီဟု နန်းတော် ၌ သိတင်း ကြား ၍ ၊ ဖာရော ဘုရင် အစ ရှိသော ကျွန် တော်မျိုးတို့သည် နှစ်သက် ကြ၏။
And the report was carried into the house of Pharao, saying, Joseph's brethren are come; and Pharao was glad, and his household.
17 ၁၇ ဖါရော ဘုရင်သည်လည်း ယောသပ် ကိုခေါ် ၍၊ သင် ၏အစ်ကို တို့အား အဘယ်သို့ပြော ရမည်နည်းဟူမူကား၊ သင်တို့သည် ဤသို့ ပြု ကြလော့။ မြည်း တို့ကို ဝန် တင်၍ ခါနာန် ပြည် သို့ ပြန် သွား သဖြင့်၊
And Pharao said to Joseph, Say to thy brethren, Do this; fill your waggons, and depart into the land of Chanaan.
18 ၁၈ သင် တို့အဘ နှင့် အိမ်သူ အိမ်သားတို့ကိုယူ ၍ ကျွန်ုပ် ထံ သို့လာ ကြလော့။ အဲဂုတ္တု ပြည် ၏စည်းစိမ်း ကို ငါပေး ၍ ၊ သင် တို့သည် မြေဩဇာ ကိုသာ စား ရကြ လိမ့်မည်။
And take up your father, and your possessions, and come to me; and I will give you of all the goods of Egypt, and ye shall eat the marrow of the land.
19 ၁၉ အမိန့် တော်ရှိသည်ဖြစ်၍ ဤသို့ ပြု ကြလော့။ သင် တို့မိန်းမ များ၊ သူငယ် များဘို့ ၊ အဲဂုတ္တု ပြည် ထဲ က လှည်း တို့ကို ယူ ပြီးလျှင် အဘ ကိုဆောင် ၍ လာ ခဲ့ကြလော့။
And do thou charge them thus; that they should take for them waggons out of the land of Egypt, for your little ones, and for your wives; and take up your father, and come.
20 ၂၀ သင် တို့ဥစ္စာများကို မ နှမြော ကြနှင့်။ အဲဂုတ္တု ပြည် ၏ စည်းစိမ် ရှိသမျှ သည် သင် တို့ဥစ္စာ ဖြစ်၏ဟု အမိန့် တော်ရှိသည်အတိုင်း၊
And be not sparing in regard to your property, for all the good of Egypt shall be yours.
21 ၂၁ ဣသရေလ ၏ သား တို့သည်ပြု ၍ ၊ ယောသပ် သည် လှည်း တို့ကို၎င်း၊ လမ်း ခရီး၌ စားစရိတ် များကို၎င်း ပေး ၏။
And the children of Israel did so; and Joseph gave to them waggons, according to the words spoken by king Pharao; and he gave them provision for the journey.
22 ၂၂ အစ်ကို ရှိသမျှ တို့အား လည်း အဝတ် လဲ စရာဘို့ ပေး ၏။ ဗင်္ယာမိန် အား လည်း ၊ ငွေ အကျပ်သုံး ရာ နှင့် အဝတ် လဲစရာဘို့ အဝတ် ငါး စုံ ကို ထပ်၍ပေး ၏။
And he gave to them all two sets of raiment apiece; but to Benjamin he gave three hundred pieces of gold, and five changes of raiment.
23 ၂၃ အဘ အား လည်း အဲဂုတ္တု ပြည်၏ ကောင်း သောအရာတို့ကို ဆောင် သော မြည်း တဆယ် ၊ လမ်း ခရီး၌ အဘ စားစရာ ဘို့ စပါး ၊ မုန့် ၊ ခဲဘွယ်စားဘွယ်များကို ဆောင် သောမြည်း တဆယ် ကိုပေး လိုက်၏။
And to his father he sent [presents] at the same rate, and ten asses, bearing some of all the good things of Egypt, and ten mules, bearing bread for his father for thy journey.
24 ၂၄ သင်တို့သည် လမ်း ၌ ရန် မ တွေ့ကြနှင့်ဟု မှာ ထားလျက် အစ်ကို တို့ကို လွှတ် လိုက်၍ သူတို့သည် သွား ကြ၏။
And he sent away his brethren, and they went; and he said to them, Be not angry by the way.
25 ၂၅ ထိုသို့ အဲဂုတ္တု ပြည်မှ ထွက်သွား ၍ ၊ ခါနာန် ပြည် အဘ ယာကုပ် ထံ သို့ရောက် ကြလျှင်၊
And they went up out of Egypt, and came into the land of Chanaan, to Jacob their father.
26 ၂၆ ယောသပ် သည် အသက် ရှင်သေး ၏။ အဲဂုတ္တု ပြည် လုံး ကို အုပ်စိုး ရ၏ဟု ကြား ပြောကြသည်ရှိသော် ၊ ယာကုပ် သည် စိတ် နှလုံးလျော့ ၏။ သူ တို့စကားကို မ ယုံ နိုင်။
And they reported to him, saying, Thy son Joseph is living, and he is ruler over all the land of Egypt; and Jacob was amazed, for he did not believe them.
27 ၂၇ သူ တို့သည်လည်း ယောသပ် ပြော သမျှ သော စကား တို့ကို ပြန် ပြောကြ၏။ အဘ ယာကုပ် သည် မိမိ စီး စရာဘို့ ယောသပ် ပေး လိုက်သော လှည်း တို့ကို မြင် သောအခါ စိတ် နှလုံးအားဖြည့် ပြန်၏။
But they spoke to him all the words uttered by Joseph, whatsoever he said to them; and having seen the chariots which Joseph sent to take him up, the spirit of Jacob their father revived.
28 ၂၈ ဣသရေလ ကလည်း ၊ တန် တော့။ ငါ့ သား ယောသပ် အသက် ရှင်သေး ၏။ ငါမ သေ မှီ သူ့ ကိုသွား ၍ ကြည့် မည်ဟုဆို ၏။
And Israel said, It is a great thing for me if Joseph my son is yet alive. I will go and see him before I die.

< ကမ္ဘာ​ဦး 45 >