< ကမ္ဘာဦး 44 >
1 ၁ ယောသပ်သည်လည်း ဝန်စာရေး ကို ခေါ် ၍ ထိုသူ တို့အိတ် များ၌ ရိက္ခါ ပါနိုင် သမျှ အပြည့် ထည့် လော့။ လူတိုင်း ဆိုင်သောငွေ ကို မိမိ တို့အိတ် ဝ တွင် ၎င်း၊
Joseph ordered his household supervisor, “Fill the men's sacks with as much grain as they can hold and put each man's money at the top of his sack.
2 ၂ စပါးအဘိုးငွေ နှင့် ငါ ငွေဖလား ကို၊ အငယ်ဆုံး သောသူ ၏အိတ် ဝ တွင် ၎င်း ထည့် ထားလော့ဟု မှာ သည် အတိုင်း ဝန်စာရေးပြု လေ၏။
Then put my special silver cup at the top of the sack of the youngest, along with the money for his grain.” He did as Joseph told him.
3 ၃ နံနက် မိုဃ်းလင်း သောအခါ ၊ ထိုသူ တို့ကို မြည်း များနှင့်တကွ လွှတ် လိုက်လေ၏။
At sunrise they were sent on their way with their donkeys.
4 ၄ မြို့ ပြင်သို့ရောက် ၍ မ ဝေး သေးသောအခါ ၊ ယောသပ် သည် ဝန်စာရေး ကို ခေါ် ၍၊ ထိုသူ တို့ကို မြန်မြန်လိုက် လော့။ မှီ သောအခါ သင်တို့သည် ကျေးဇူး ကို မကောင်း သောအမှုနှင့် အဘယ်ကြောင့် ဆပ် ကြသနည်း။
They had hardly left the city when Joseph told his household supervisor, “Go after those men, and when you catch up with them, ask them, ‘Why have you paid back good with evil by stealing my master's silver cup?
5 ၅ ငါ့ သခင် သောက် သော ဖလား မ ဟုတ်လော။ ထူးဆန်းသော ဉာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ် လော။ သင်တို့ပြု သောဤအမှု သည် မ ကောင်းပါတကား ဟု ပြောဆိုလော့ဟု မှာသည်အတိုင်း၊
This is the cup he personally drinks from, and which he uses for divination. What you've done is really evil!’”
6 ၆ ဝန်စာရေးလိုက်၍ မှီ သောအခါ ပြော ဆိုလေ၏။ သူ တို့က လည်း ဤ စကား ကို သခင် သည် အဘယ်ကြောင့် ပြော ပါသနည်း။
When he caught up with them, he told them what Joseph had said.
7 ၇ ကိုယ်တော် ကျွန် တို့နှင့် ထို သို့သော အမှု ဝေး ပါ စေသတည်း။
“My lord, what are you saying?” they replied. “We your servants wouldn't do anything like that!
8 ၈ ယမန်ကအိတ် ဝ တွင် တွေ့ သောငွေ ကို၊ ခါနာန် ပြည် မှ ကိုယ်တော် ထံ သို့တဖန်ဆောင် ခဲ့ပါပြီ။ သို့ဖြစ်လျှင်ကိုယ်တော် ၏သခင် အိမ် ၌ ရွှေ ငွေ ကို အဘယ်ကြောင့် ခိုး ရပါအံ့နည်း။
Remember that we brought back the money we found at the top of our sacks when we returned from Canaan. Why would we steal silver or gold from your master's house?
9 ၉ ကိုယ်တော် ၏ကျွန် တို့တွင် မည် သူ၌ တွေ့ လျှင်၊ ထိုသူကိုသေ စေ။ ကျွန်တော် တို့သည်လည်း သခင် ၏ကျွန် ခံ ကြပါမည်ဟု ဆိုကြ၏။
If any one of us is found with it, he shall die, and all of us will become your slaves.”
10 ၁၀ ဝန်စာရေးကလည်း၊ သင် တို့စကား အတိုင်း ဖြစ်စေ။ သို့သော်လည်းမည် သူ၌ တွေ့ လျှင်၊ ထိုသူ သည် ငါ့ ကျွန် ဖြစ်စေ။ သင် တို့မူကား အပြစ် လွှတ်ကြ စေဟု ဆိုသော်၊
“Whatever you say,” the man replied, “but only the one found with it will become my slave since the rest of you will be free of any blame.”
11 ၁၁ ထိုသူအပေါင်းတို့သည် အသီးအသီး မိမိ တို့အိတ် များကို မြေ ၌ ချ ၍ ဖွင့် ကြ၏။
They all unloaded their sacks and put them on the ground. They each opened their own sacks.
12 ၁၂ ဝန်စာရေးသည်လည်၊ အကြီး မှ စ ၍ အငယ် တိုင်အောင် ရှာ သဖြင့် ဗင်္ယာမိန် အိတ် ၌ ဖလား ကိုတွေ့ ၏။
The household supervisor searched the sacks, beginning with the oldest and working his way down to the youngest. The cup was found in Benjamin's sack.
13 ၁၃ ထိုအခါ သူတို့သည် မိမိ အဝတ် ကိုဆုတ် ၍ လူ တိုင်းမိမိ မြည်း ပေါ် မှာ ဝန် ကို တင်ပြန်သဖြင့် မြို့ သို့ ပြန် သွားကြ၏။
The brothers tore their clothes in grief. Then they loaded their sacks back on their donkeys and headed back to the city.
14 ၁၄ ယုဒ နှင့် ညီအစ်ကို တို့သည် ယောသပ် အိမ် သို့ ရောက် ၍ ၊ သူ သည်အိမ် ၌ရှိ သေးသဖြင့် ၊ သူ့ ရှေ့ မှာ ပြပ်ဝပ် လျက် နေကြ၏။
Joseph was still at home when Judah and his brothers arrived, and they fell to the ground before him.
15 ၁၅ ယောသပ် ကလည်း၊ သင်တို့သည် အဘယ်သို့ ပြု ပြီးသနည်း။ ငါ ကဲ့သို့ သောယောက်ျား သည် ထူးဆန်း သောဉာဏ်ရှိကြောင်း ကို သင်တို့မ သိ ကြသလောဟု ဆို ၏။
“Why did you do this?” Joseph asked. “Don't you know a man like me can find out things through divination?”
16 ၁၆ ယုဒ ကလည်း ၊ ကျွန်တော် တို့သည် သခင် အား အဘယ် စကားဖြင့် လျှောက် ရပါအံ့နည်း။ အဘယ်သို့ ပြော ရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့ လွတ် နိုင်ပါအံ့နည်း။ ကိုယ်တော် ကျွန် တို့၏အပြစ် ကို ဘုရားသခင် စစ်၍ တွေ့ တော်မူပြီ။ အကြင်သူ ၌ ဖလား တော်ကိုတွေ့ ၏။ ထို သူမှစ၍ ကျွန်တော် တို့ ရှိသမျှသည် သခင် ၏ ကျွန် ဖြစ်ကြပါ၏ဟု လျှောက် လေသော်၊
“My lord, what can we say?” Judah replied. “How can we explain this to you? In what way can we prove our innocence? God has exposed the guilt of your servants. My lord, we are your slaves—all of us, including the one who was found with the cup.”
17 ၁၇ ထိုသို့ငါမပြုရ။ အကြင်သူ ၏လက် ၌ ငါ့ဖလား ကို တွေ့ ၏။ ထိုသူ သည် ငါ့ ကျွန် ဖြစ်စေ။ သင် တို့မူကား အဘ ထံ သို့ငြိမ်ဝပ် စွာသွား ကြလောဟု စီရင် လေ၏။
“I wouldn't do anything like that!” Joseph replied. “Only the man who was found with the cup will become my slave. The rest of you are free to return to your father.”
18 ၁၈ ထိုအခါ ယုဒ သည်ချဉ်းကပ်လျက်၊ သခင် ဘုရား၊ ကိုယ်တော် ကျွန် သည် စကား တခွန်းဖြင့် နား တော်လျှောက် ရသောအခွင့်ကိုပေး တော်မူပါ။ ကိုယ်တော် ကျွန် ၌ အမျက် ထွက် တော်မ မူပါနှင့်။ ကိုယ်တော် သည် ဖါရော ဘုရင်ကဲ့သို့ ဖြစ် တော်မူ၏။
Judah came closer and said to him, “If you please, my lord, let your servant just say a word. Please don't become angry with your servant, even though you are as powerful as Pharaoh himself.
19 ၁၉ သခင် က၊ သင် တို့သည် အဘ ရှိသလော။ ညီ ရှိ သလောဟု ကျွန်တော် တို့အား မေး တော်မူလျှင်၊
My lord, previously you asked us, ‘Do you have a father or a brother?’
20 ၂၀ ကျွန်တော်တို့က၊ ကျွန်တော် တို့အဘ အသက် ကြီး သောသူရှိပါ၏။ အဘအသက် ကြီးစဉ်အခါ ရသောသား ငယ် တယောက်ရှိ ပါ၏။ သူ ၏အစ်ကို သေ ပါပြီ။ သူ့ အမိ ဘွားသောသားတို့တွင် သူတယောက်တည်း ကျန်ရစ် ပါ၏။ ထိုကြောင့်သူ ၏အဘ သည် သူ့ ကို ချစ် ပါ၏ဟု သခင် အား ပြန်လျှောက် လေသော်၊
We told you, my lord, ‘We have an elderly father, and a younger brother, born when our father was already old. The boy's brother is dead. He is the only one of his mother's children left, and his father loves him dearly.’
21 ၂၁ ကိုယ်တော်က၊ ထိုသူ ကို ငါ ကြည့်ရှု ရ အောင် ငါ့ ထံ သို့ခေါ် ခဲ့ကြဟု ကိုယ်တော် ကျွန် တို့အား မိန့် တော်မူ ၏။
Then you ordered us, ‘Bring him here to me so I can see him.’
22 ၂၂ ကျွန်တော် တို့က ထိုသူငယ် ကို အဘ နှင့်မ ခွါ နိုင် ပါ။ အဘ နှင့်ခွါ လျှင် အဘသေ ပါလိမ့်မည်ဟု သခင် အား လျှောက် လေသော်လည်း၊
We told you, ‘The boy can't leave his father; if he did, his father would die.’
23 ၂၃ ကိုယ်တော်က၊ သင် တို့ညီ မ ပါ လျှင် သင်တို့သည် ငါ့ မျက်နှာ ကိုနောက် တဖန်မ မြင် ရဟု ကိုယ်တော် ကျွန် တို့ အား မိန့် တော်မူ၏။
But you told us, ‘If your youngest brother doesn't come with you, you won't see me again.’
24 ၂၄ ထိုနောက် ကျွန်တော်တို့သည် ကိုယ်တော် ကျွန် တည်းဟူသောကျွန်တော် တို့ အဘ ထံ သို့ပြန်၍ ရောက် သောအခါ ၊ သခင် စကား တော်ကို အဘ အား ပြန် ကြားပါ၏။
So when we went back to your servant, our father, we explained to him everything you had told us.
25 ၂၅ ကျွန်တော် တို့အဘ ကလည်း ၊ တဖန်သွား ၍ ငါ တို့ စားစရာ အနည်းငယ် ကို ဝယ် ကြပါဟုဆို သောအခါ၊
However, later on, our father told us, ‘Go back and buy some more food.’
26 ၂၆ ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မ သွား နိုင် ပါ။ ညီ ပါ လျှင် သွား နိုင်ပါ၏။ ညီ မ ပါ လျှင် ထိုသူ ၏ မျက်နှာ ကိုမ မြင် ရ ပါဟု ပြန်ပြော ပါ၏။
But we said, ‘There's no way we can go back unless Benjamin our youngest brother goes with us, because we won't be able to see the man if Benjamin isn't with us.’
27 ၂၇ ကိုယ်တော် ကျွန် ၊ ကျွန်တော် အဘ ကလည်း ၊ သင် တို့သိ သည့်အတိုင်း ငါ့ မယား သည် ငါ့ အား သား နှစ် ယောက်ကို ဘွား၏။
Then my father said to us, ‘You realize that my wife had two sons for me.
28 ၂၈ တ ယောက်ကား ငါ့ ထံ မှ ထွက်သွား ၏။ အကယ် စင်စစ်သူသည် အပိုင်းအပိုင်း ကိုက် ဖြတ်ခြင်းကိုခံရပါပြီ တကားဟု ငါဆို ရ၏။ ထိုကာလမှစ၍သူ့ ကိုငါမ မြင် ရ။
One is no more, ripped to pieces no doubt, for I've never seen him since.
29 ၂၉ ဤ သူကိုလည်း ငါ့ ထံ မှယူ သွား၍ သူ ၌ဘေး ရောက် လျှင် ၊ သင်တို့သည် ငါ့ ဆံပင် ဖြူကို ဝမ်းနည်း ခြင်း နှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြလိမ့်မည်ဟု ကျွန်တော် တို့အား ဆို ပါ၏။ (Sheol )
If you take this one away from me too, and something bad happens to him, you'll send this old man to his grave in grief.’ (Sheol )
30 ၃၀ သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော် ကျွန် ၊ ကျွန်တော် အဘ ထံ သို့ရောက် သောအခါ ၊ သူငယ် မ ပါ လျှင် အဘ ၏အသက် သည် သူငယ် ၏အသက် ၌ မှီ လျက်ရှိသောကြောင့်၊
So if the boy isn't with us when I go back to my father, whose life depends on the life of the boy,
31 ၃၁ သူငယ် မ ရှိသည်ကို မြင် သောအခါ အဘသေ ပါလိမ့်မည်။ ကိုယ်တော် ကျွန် တို့သည်၊ ကိုယ်တော် ကျွန် တည်းဟူသောကျွန်တော် တို့အဘ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြပါ လိမ့်မည်။ (Sheol )
as soon as he sees the boy isn't there he'll die, and we will really send this old man, our father, to his grave in grief. (Sheol )
32 ၃၂ ကိုယ်တော် ကျွန် က၊ အကျွန်ုပ် သည် တဖန် သူငယ် ကို အဘ ထံ သို့ ပြန်၍မ ဆောင် ခဲ့လျှင် ၊ အစဉ်မပြတ် အဘ ရှေ့ မှာ အပြစ် ကိုခံပါစေဟုဆို သဖြင့် ၊ အဘ ထံ မှာ သူငယ် ၏အာမခံ ဖြစ်ပါ၏။
In fact I gave myself as the guarantee for the boy to my father. I told him, ‘If I don't bring him back to you, then I will always carry the blame!’
33 ၃၃ သို့ဖြစ်၍ ကိုယ်တော် ကျွန် သည် သူငယ် အတွက် နေရစ် ၍ သခင် ထံ ကျွန် ခံရသောအခွင့်၊ သူငယ် ကိုကား အစ်ကို တို့နှင့်အတူ သွား ရသောအခွင့်ကိုပေး တော်မူပါ။
So please let me stay here as my lord's slave instead of the boy. Let him go back home with his brothers.
34 ၃၄ သူငယ် သည် ကျွန်တော် တို့၌ မ ပါလျှင်၊ ကျွန်တော် အဘ ထံ သို့ အဘယ်သို့ ကျွန်တော်သွား နိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော် အဘ ၌ ရောက် လတံ့သော ဘေးဥပဒ် ကို ကျွန်တော်မြင် ရပါလိမ့်မည်တကားဟု လျှောက် လေ၏။
For how could I ever go back to my father if the boy wasn't with me? I couldn't stand seeing the anguish that would cause my father.”