< ကမ္ဘာ​ဦး 44 >

1 ယောသပ်သည်လည်း ဝန်စာရေး ကို ခေါ် ၍ ထိုသူ တို့အိတ် များ၌ ရိက္ခါ ပါနိုင် သမျှ အပြည့် ထည့် လော့။ လူတိုင်း ဆိုင်သောငွေ ကို မိမိ တို့အိတ် ဝ တွင် ၎င်း၊
وَأَمَرَ يُوسُفُ مَدَبِّرَ بَيْتِهِ قَائِلاً: «امْلأْ أَكْيَاسَ الرِّجَالِ بِالطَّعَامِ بِقَدْرِ وُسْعِهَا، وَرُدَّ فِضَّةَ كُلِّ رَجُلٍ إِلَى فَمِ كِيسِهِ.١
2 စပါးအဘိုးငွေ နှင့် ငါ ငွေဖလား ကို၊ အငယ်ဆုံး သောသူ ၏အိတ် ဝ တွင် ၎င်း ထည့် ထားလော့ဟု မှာ သည် အတိုင်း ဝန်စာရေးပြု လေ၏။
وَضَعْ فِي فَمِ كِيسِ الصَّغِيرِ كَأْسِيَ الْفِضِّيَّةَ وَثَمَنَ قَمْحِهِ». فَنَفَّذَ أَمْرَ يُوسُفَ.٢
3 နံနက် မိုဃ်းလင်း သောအခါ ၊ ထိုသူ တို့ကို မြည်း များနှင့်တကွ လွှတ် လိုက်လေ၏။
وَمَا إِنْ أَشْرَقَ الصَّبَاحُ حَتَّى انْطَلَقَ الرِّجَالُ، هُمْ وَحَمِيرُهُمْ.٣
4 မြို့ ပြင်သို့ရောက် ၍ မ ဝေး သေးသောအခါ ၊ ယောသပ် သည် ဝန်စာရေး ကို ခေါ် ၍၊ ထိုသူ တို့ကို မြန်မြန်လိုက် လော့။ မှီ သောအခါ သင်တို့သည် ကျေးဇူး ကို မကောင်း သောအမှုနှင့် အဘယ်ကြောင့် ဆပ် ကြသနည်း။
وَمَا كَادُوا يَبْتَعِدُونَ عَنِ الْمَدِينَةِ قَلِيلاً حَتَّى قَالَ يُوسُفُ لِمُدَبِّرِ بَيْتِهِ: «اسْعَ خَلْفَ الرِّجَالِ، وَمَا إِنْ تُدْرِكُهُمْ حَتَّى تَقُولَ لَهُمْ: لِمَاذَا تُكَافِئُونَ الْخَيْرَ بِالشَّرِّ؟٤
5 ငါ့ သခင် သောက် သော ဖလား မ ဟုတ်လော။ ထူးဆန်းသော ဉာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ် လော။ သင်တို့ပြု သောဤအမှု သည် မ ကောင်းပါတကား ဟု ပြောဆိုလော့ဟု မှာသည်အတိုင်း၊
أَلَيْسَتْ هَذِهِ هِيَ الكَأْسُ الَّتِي يَشْرَبُ فِيهَا سَيِّدِي وَيَتَفَاءَلُ بِالْغَيْبِ؟ لَشَدَّ مَا أَسَأْتُمْ فِي مَا صَنَعْتُمْ».٥
6 ဝန်စာရေးလိုက်၍ မှီ သောအခါ ပြော ဆိုလေ၏။ သူ တို့က လည်း ဤ စကား ကို သခင် သည် အဘယ်ကြောင့် ပြော ပါသနည်း။
فَلَمَّا أَدْرَكَهُمْ خَاطَبَهُمْ بِهَذَا الْقَوْلِ، فَأَجَابُوهُ:٦
7 ကိုယ်တော် ကျွန် တို့နှင့် ထို သို့သော အမှု ဝေး ပါ စေသတည်း။
«لِمَاذَا يَتَكَلَّمُ سَيِّدِي بِمِثْلِ هَذَا الْكَلامِ؟ حَاشَا لِعَبِيدِكَ أَنْ يَرْتَكِبُوا هَذَا الأَمْرَ.٧
8 ယမန်ကအိတ် ဝ တွင် တွေ့ သောငွေ ကို၊ ခါနာန် ပြည် မှ ကိုယ်တော် ထံ သို့တဖန်ဆောင် ခဲ့ပါပြီ။ သို့ဖြစ်လျှင်ကိုယ်တော် ၏သခင် အိမ် ၌ ရွှေ ငွေ ကို အဘယ်ကြောင့် ခိုး ရပါအံ့နည်း။
هُوَذَا الْفِضَّةُ الَّتِي عَثَرْنَا عَلَيْهَا فِي أَفْوَاهِ أَكْيَاسِنَا رَدَدْنَاهَا لَكَ مَعَنَا مِنْ أَرْضِ كَنْعَانَ، فَكَيْفَ نَسْرِقُ فِضَّةً أَوْ ذَهَباً مِنْ بَيْتِ سَيِّدِكَ؟٨
9 ကိုယ်တော် ၏ကျွန် တို့တွင် မည် သူ၌ တွေ့ လျှင်၊ ထိုသူကိုသေ စေ။ ကျွန်တော် တို့သည်လည်း သခင် ၏ကျွန် ခံ ကြပါမည်ဟု ဆိုကြ၏။
مَنْ تَجِدْ مَعَهُ الْكَأْسَ مِنْ عَبِيدِكَ يَمُتْ، وَنَكُنْ نَحْنُ أَيْضاً عَبِيداً لِسَيِّدِي».٩
10 ၁၀ ဝန်စာရေးကလည်း၊ သင် တို့စကား အတိုင်း ဖြစ်စေ။ သို့သော်လည်းမည် သူ၌ တွေ့ လျှင်၊ ထိုသူ သည် ငါ့ ကျွန် ဖြစ်စေ။ သင် တို့မူကား အပြစ် လွှတ်ကြ စေဟု ဆိုသော်၊
فَقَالَ: «فَلْيَكُنْ كَمَا تَقُولُونَ. فَالَّذِي أَجِدُهَا مَعَهُ يُصْبِحُ عَبْداً لِي، وَالْبَاقُونَ يَكُونُونَ أَبْرِيَاءَ».١٠
11 ၁၁ ထိုသူအပေါင်းတို့သည် အသီးအသီး မိမိ တို့အိတ် များကို မြေ ၌ ချ ၍ ဖွင့် ကြ၏။
فَبَادَرَ كُلٌّ مِنْهُمْ إِلَى كِيسِهِ وَحَطَّهُ عَلَى الأَرْضِ وَفَتَحَهُ،١١
12 ၁၂ ဝန်စာရေးသည်လည်၊ အကြီး မှ စ ၍ အငယ် တိုင်အောင် ရှာ သဖြင့် ဗင်္ယာမိန် အိတ် ၌ ဖလား ကိုတွေ့ ၏။
فَفَتَّشَ مُبْتَدِئاً مِنْ كِيسِ الْكَبِيرِ حَتَّى انْتَهَى إِلَى كِيسِ الصَّغِيرِ، فَعَثَرَ عَلَى الْكَأْسِ فِي كِيسِ بِنْيَامِينَ.١٢
13 ၁၃ ထိုအခါ သူတို့သည် မိမိ အဝတ် ကိုဆုတ် ၍ လူ တိုင်းမိမိ မြည်း ပေါ် မှာ ဝန် ကို တင်ပြန်သဖြင့် မြို့ သို့ ပြန် သွားကြ၏။
فَمَزَّقُوا ثِيَابَهُمْ وَحَمَلَ كُلٌّ مِنْهُمْ كِيسَهُ عَلَى حِمَارِهِ وَرَجَعُوا إِلَى الْمَدِينَةِ.١٣
14 ၁၄ ယုဒ နှင့် ညီအစ်ကို တို့သည် ယောသပ် အိမ် သို့ ရောက် ၍ ၊ သူ သည်အိမ် ၌ရှိ သေးသဖြင့် ၊ သူ့ ရှေ့ မှာ ပြပ်ဝပ် လျက် နေကြ၏။
وَدَخَلَ يَهُوذَا وَإخْوَتُهُ إِلَى بَيْتِ يُوسُفَ إِذْ كَانَ مَا بَرِحَ هُنَاكَ، فَارْتَمَوا أَمَامَهُ إِلَى الأَرْضِ.١٤
15 ၁၅ ယောသပ် ကလည်း၊ သင်တို့သည် အဘယ်သို့ ပြု ပြီးသနည်း။ ငါ ကဲ့သို့ သောယောက်ျား သည် ထူးဆန်း သောဉာဏ်ရှိကြောင်း ကို သင်တို့မ သိ ကြသလောဟု ဆို ၏။
فَقَالَ لَهُمْ يُوسُفُ: «أَيُّ جِنَايَةٍ اقْتَرَفْتُمْ؟ أَمَا عَلِمْتُمْ أَنَّ رَجُلاً مِثْلِي يَسْتَخْدِمُ كَأْسَهُ فِي مَعْرِفَةِ الْغَيْبِ؟»١٥
16 ၁၆ ယုဒ ကလည်း ၊ ကျွန်တော် တို့သည် သခင် အား အဘယ် စကားဖြင့် လျှောက် ရပါအံ့နည်း။ အဘယ်သို့ ပြော ရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့ လွတ် နိုင်ပါအံ့နည်း။ ကိုယ်တော် ကျွန် တို့၏အပြစ် ကို ဘုရားသခင် စစ်၍ တွေ့ တော်မူပြီ။ အကြင်သူ ၌ ဖလား တော်ကိုတွေ့ ၏။ ထို သူမှစ၍ ကျွန်တော် တို့ ရှိသမျှသည် သခင် ၏ ကျွန် ဖြစ်ကြပါ၏ဟု လျှောက် လေသော်၊
فَقَالَ يَهُوذَا: «مَاذَا نَقُولُ لِسَيِّدِي، وَبِمَاذَا نُخَاطِبُهُ، وَكَيْفَ نُبْرِئُ أَنْفُسَنَا؟ إِنَّ اللهَ قَدْ فَضَحَ إِثْمَ عَبِيدِكَ. فَنَحْنُ وَمَنْ عُثِرَ مَعَهُ عَلَى الْكَأْسِ عَبِيدٌ لِسَيِّدِي».١٦
17 ၁၇ ထိုသို့ငါမပြုရ။ အကြင်သူ ၏လက် ၌ ငါ့ဖလား ကို တွေ့ ၏။ ထိုသူ သည် ငါ့ ကျွန် ဖြစ်စေ။ သင် တို့မူကား အဘ ထံ သို့ငြိမ်ဝပ် စွာသွား ကြလောဟု စီရင် လေ၏။
فَقَالَ: «حَاشَا لِي أَنْ أَفْعَلَ هَذَا؛ إِنَّمَا الرَّجُلُ الَّذِي عُثِرَ مَعَهُ عَلَى الْكَأْسِ هُوَ يَكُونُ لِي عَبْداً، أَمَّا أَنْتُمْ فَامْضُوا إِلَى أَبِيكُمْ بِأَمَانٍ».١٧
18 ၁၈ ထိုအခါ ယုဒ သည်ချဉ်းကပ်လျက်၊ သခင် ဘုရား၊ ကိုယ်တော် ကျွန် သည် စကား တခွန်းဖြင့် နား တော်လျှောက် ရသောအခွင့်ကိုပေး တော်မူပါ။ ကိုယ်တော် ကျွန် ၌ အမျက် ထွက် တော်မ မူပါနှင့်။ ကိုယ်တော် သည် ဖါရော ဘုရင်ကဲ့သို့ ဖြစ် တော်မူ၏။
فَتَقَدَّمَ مِنْهُ يَهُوذَا وَقَالَ: «يَا سَيِّدِي، دَعْ عَبْدَكَ يَنْطِقُ بِكَلِمَةٍ فِي مَسْمَعِ سَيِّدِي، وَلا يَحْتَدِمْ غَضَبُكَ عَلَى عَبْدِكَ، لأَنَّ سُلْطَتَكَ مُمَاثِلَةٌ لِسُلْطَةِ فِرْعَوْنَ.١٨
19 ၁၉ သခင် က၊ သင် တို့သည် အဘ ရှိသလော။ ညီ ရှိ သလောဟု ကျွန်တော် တို့အား မေး တော်မူလျှင်၊
لَقَدْ سَأَلَ سَيِّدِي عَبِيدَهُ: أَلَكُمْ أَبٌ أَوْ أَخٌ؟١٩
20 ၂၀ ကျွန်တော်တို့က၊ ကျွန်တော် တို့အဘ အသက် ကြီး သောသူရှိပါ၏။ အဘအသက် ကြီးစဉ်အခါ ရသောသား ငယ် တယောက်ရှိ ပါ၏။ သူ ၏အစ်ကို သေ ပါပြီ။ သူ့ အမိ ဘွားသောသားတို့တွင် သူတယောက်တည်း ကျန်ရစ် ပါ၏။ ထိုကြောင့်သူ ၏အဘ သည် သူ့ ကို ချစ် ပါ၏ဟု သခင် အား ပြန်လျှောက် လေသော်၊
فَأَجَبْنَا سَيِّدِي: لَنَا أَبٌ شَيْخٌ، وَابْنُ شَيْخُوخَةٍ صَغِيرٌ مَاتَ أَخُوهُ الشَّقِيقُ وَبَقِيَ هُوَ وَحْدَهُ مِنْ أُمِّهِ، وَأَبُوهُ يُحِبُّهُ.٢٠
21 ၂၁ ကိုယ်တော်က၊ ထိုသူ ကို ငါ ကြည့်ရှု ရ အောင် ငါ့ ထံ သို့ခေါ် ခဲ့ကြဟု ကိုယ်တော် ကျွန် တို့အား မိန့် တော်မူ ၏။
فَقُلْتَ لِعَبِيدِكَ: أَحْضِرُوهُ إِلَيَّ لأَرَاهُ بِعَيْنَيَّ.٢١
22 ၂၂ ကျွန်တော် တို့က ထိုသူငယ် ကို အဘ နှင့်မ ခွါ နိုင် ပါ။ အဘ နှင့်ခွါ လျှင် အဘသေ ပါလိမ့်မည်ဟု သခင် အား လျှောက် လေသော်လည်း၊
فَقُلْنَا لِسَيِّدِي: لَا يَقْدِرُ الْغُلامُ أَنْ يَتْرُكَ أَبَاهُ لِئَلّا يَمُوتَ أَبُوهُ إِذَا فَارَقَهُ.٢٢
23 ၂၃ ကိုယ်တော်က၊ သင် တို့ညီ မ ပါ လျှင် သင်တို့သည် ငါ့ မျက်နှာ ကိုနောက် တဖန်မ မြင် ရဟု ကိုယ်တော် ကျွန် တို့ အား မိန့် တော်မူ၏။
فَقُلْتَ لِعَبِيدِكَ: مَا لَمْ تُحْضِرُوا أَخَاكُمْ إِلَيَّ لَا تَرَوْنَ وَجْهِي بَعْدُ.٢٣
24 ၂၄ ထိုနောက် ကျွန်တော်တို့သည် ကိုယ်တော် ကျွန် တည်းဟူသောကျွန်တော် တို့ အဘ ထံ သို့ပြန်၍ ရောက် သောအခါ ၊ သခင် စကား တော်ကို အဘ အား ပြန် ကြားပါ၏။
فَعِنْدَمَا قَدِمْنَا عَلَى عَبْدِكَ أَبِي، أَخْبَرْنَاهُ بِحَدِيثِ سَيِّدِي.٢٤
25 ၂၅ ကျွန်တော် တို့အဘ ကလည်း ၊ တဖန်သွား ၍ ငါ တို့ စားစရာ အနည်းငယ် ကို ဝယ် ကြပါဟုဆို သောအခါ၊
فَقَالَ أَبُونَا: ارْجِعُوا وَاشْتَرُوا لَنَا بَعْضَ الطَّعَامِ.٢٥
26 ၂၆ ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မ သွား နိုင် ပါ။ ညီ ပါ လျှင် သွား နိုင်ပါ၏။ ညီ မ ပါ လျှင် ထိုသူ ၏ မျက်နှာ ကိုမ မြင် ရ ပါဟု ပြန်ပြော ပါ၏။
فَأَجَبْنَا: لَا يُمْكِنُنَا أَنْ نَذْهَبَ إِلَى هُنَاكَ مَا لَمْ نَأْخُذْ أَخَانَا مَعَنَا، لأَنَّنَا لَا نَقْدِرُ أَنْ نُقَابِلَ الرَّجُلَ مَا لَمْ يَكُنْ أَخُونَا الصَّغِيرُ مَعَنَا.٢٦
27 ၂၇ ကိုယ်တော် ကျွန် ၊ ကျွန်တော် အဘ ကလည်း ၊ သင် တို့သိ သည့်အတိုင်း ငါ့ မယား သည် ငါ့ အား သား နှစ် ယောက်ကို ဘွား၏။
فَقَالَ لَنَا عَبْدُكَ أَبُونَا: أَنْتُمْ تَعْلَمُونَ أَنَّ زَوْجَتِي قَدْ أَنْجَبَتْ لِيَ ابْنَيْنِ،٢٧
28 ၂၈ တ ယောက်ကား ငါ့ ထံ မှ ထွက်သွား ၏။ အကယ် စင်စစ်သူသည် အပိုင်းအပိုင်း ကိုက် ဖြတ်ခြင်းကိုခံရပါပြီ တကားဟု ငါဆို ရ၏။ ထိုကာလမှစ၍သူ့ ကိုငါမ မြင် ရ။
فَقَدْتُ أَحَدَهُمَا وَقُلْتُ: إِنَّمَا هُوَ قَدِ افْتُرِسَ افْتِرَاساً. وَلَمْ أَرَهُ إِلَى الآنَ.٢٨
29 ၂၉ ဤ သူကိုလည်း ငါ့ ထံ မှယူ သွား၍ သူ ၌ဘေး ရောက် လျှင် ၊ သင်တို့သည် ငါ့ ဆံပင် ဖြူကို ဝမ်းနည်း ခြင်း နှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြလိမ့်မည်ဟု ကျွန်တော် တို့အား ဆို ပါ၏။ (Sheol h7585)
فَإِنْ أَخَذْتُمْ هَذَا مِنِّي، وَلَحِقَهُ مَكْرُوهٌ، تُنْزِلُونَنِي إِلَى الْقَبْرِ بِشَيْبَةٍ شَقِيَّةٍ. (Sheol h7585)٢٩
30 ၃၀ သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော် ကျွန် ၊ ကျွန်တော် အဘ ထံ သို့ရောက် သောအခါ ၊ သူငယ် မ ပါ လျှင် အဘ ၏အသက် သည် သူငယ် ၏အသက် ၌ မှီ လျက်ရှိသောကြောင့်၊
فَإِذَا عُدْتُ إِلَى عَبْدِكَ أَبِي الَّذِي تَعَلَّقَتْ نَفْسُهُ بِنَفْسِ الْغُلامِ، وَلَمْ يَكُنِ الْغُلامُ مَعَنَا،٣٠
31 ၃၁ သူငယ် မ ရှိသည်ကို မြင် သောအခါ အဘသေ ပါလိမ့်မည်။ ကိုယ်တော် ကျွန် တို့သည်၊ ကိုယ်တော် ကျွန် တည်းဟူသောကျွန်တော် တို့အဘ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြပါ လိမ့်မည်။ (Sheol h7585)
وَرَأَى أَنَّ الْغُلامَ مَفْقُودٌ، فَإِنَّهُ يَمُوتُ، وَيُوَارِي عَبِيدُكَ شَيْبَةَ عَبْدِكَ أَبِيهِمْ بِشَقَاءٍ فِي الْقَبْرِ. (Sheol h7585)٣١
32 ၃၂ ကိုယ်တော် ကျွန် က၊ အကျွန်ုပ် သည် တဖန် သူငယ် ကို အဘ ထံ သို့ ပြန်၍မ ဆောင် ခဲ့လျှင် ၊ အစဉ်မပြတ် အဘ ရှေ့ မှာ အပြစ် ကိုခံပါစေဟုဆို သဖြင့် ၊ အဘ ထံ မှာ သူငယ် ၏အာမခံ ဖြစ်ပါ၏။
لأَنَّ عَبْدَكَ ضَمِنَ الْغُلامَ لأَبِي، وَقُلْتُ: إِنْ لَمْ أُرْجِعْهُ إِلَيْكَ أَكُنْ مُذْنِباً إِلَيْكَ مَدَى الْحَيَاةِ.٣٢
33 ၃၃ သို့ဖြစ်၍ ကိုယ်တော် ကျွန် သည် သူငယ် အတွက် နေရစ် ၍ သခင် ထံ ကျွန် ခံရသောအခွင့်၊ သူငယ် ကိုကား အစ်ကို တို့နှင့်အတူ သွား ရသောအခွင့်ကိုပေး တော်မူပါ။
فَأَرْجُو مِنْ سَيِّدِي أَنْ يَتَّخِذَنِي عَبْداً لَهُ بَدَلاً مِنْ الْغُلامِ، وَدَعِ الْغُلامَ يَمْضِي مَعَ بَقِيَّةِ إِخْوَتِهِ،٣٣
34 ၃၄ သူငယ် သည် ကျွန်တော် တို့၌ မ ပါလျှင်၊ ကျွန်တော် အဘ ထံ သို့ အဘယ်သို့ ကျွန်တော်သွား နိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော် အဘ ၌ ရောက် လတံ့သော ဘေးဥပဒ် ကို ကျွန်တော်မြင် ရပါလိမ့်မည်တကားဟု လျှောက် လေ၏။
إِذْ كَيْفَ يُمْكِنُنِي أَنْ أَرْجِعَ إِلَى أَبِي وَالْغُلامُ لَيْسَ مَعِي وَأَشْهَدَ مَا يَحِلُّ بِهِ مِنَ الشَّرِّ؟».٣٤

< ကမ္ဘာ​ဦး 44 >