< ကမ္ဘာဦး 43 >
1 ၁ ခါနာန်ပြည် ၌ အလွန် အစာခေါင်းပါး သည် ဖြစ်၍၊
Now the famine was still severe in the land.
2 ၂ အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သောစပါး ကို စား ကုန် ပြီးမှ၊ အဘ က၊ တဖန်သွား ၍ ငါ တို့စား စရာအနည်း ငယ်ကို ဝယ် ကြပါဦးဟုဆို ၏။
So when Jacob’s sons had eaten all the grain they had brought from Egypt, their father said to them, “Go back and buy us a little more food.”
3 ၃ ယုဒ ကလည်း၊ ထိုသူ သည် ကျွန်ုပ် တို့ကို ကျပ်ကျပ်ခြိမ်းချောက် လျက်၊ သင် တို့ညီ မ ပါ လျှင် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြော ထားပြီ။
But Judah replied, “The man solemnly warned us, ‘You will not see my face again unless your brother is with you.’
4 ၄ ကျွန်ုပ် တို့ညီ ကို ထည့် လျှင် သွား ၍ အဘ စား ဘို့ရာ ဝယ် ပါမည်။
If you will send our brother with us, we will go down and buy food for you.
5 ၅ ညီကို မ ထည့် လျှင် မသွား ပါ၊ အကြောင်း မူကား၊ ထိုသူ က သင် တို့ညီ မ ပါ လျှင် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြော ထားပြီဟု အဘအား ပြန်ဆိုလေ၏။
But if you will not send him, we will not go; for the man told us, ‘You will not see my face again unless your brother is with you.’”
6 ၆ ဣသရေလ ကလည်း ၊ သင် တို့၌ ညီ ရှိမှန်းကို ထိုသူ အား ပြော ၍ အဘယ်ကြောင့် ငါ့ ကို ညှဉ်းဆဲ ကြ သနည်းဟုဆိုသော်၊
“Why did you bring this trouble upon me?” Israel asked. “Why did you tell the man you had another brother?”
7 ၇ သူတို့က၊ ထိုသူ သည် ကျွန်ုပ် တို့၏အကြောင်း အရာ အမျိုးအနွယ် တို့ကို ကျပ်ကျပ်မေး လျက် ၊ သင် တို့အဘ အသက် ရှင်သေး သလော၊ ညီ ရှိ သေးသလောဟုမေးသောအခါ၊ ကျွန်ုပ်တို့သည် သူ ၏စကား သဘောသို့ လိုက်၍ ပြန် ပြောရပါ၏။ သင် တို့ညီ ကို ဆောင် ခဲ့ကြဟု သူပြော မည် ကို ကျွန်ုပ်တို့သည် အမှန်သိ နိုင်ပါသလောဟု ဆို ကြ၏။
They replied, “The man questioned us in detail about ourselves and our family: ‘Is your father still alive? Do you have another brother?’ And we answered him accordingly. How could we possibly know that he would say, ‘Bring your brother here’?”
8 ၈ ယုဒ ကလည်း၊ သူငယ် ကို ကျွန်ုပ် နှင့်အတူ လွှတ် ပါ။ သို့ပြုလျှင်အဘမှစ၍ကျွန်ုပ် တို့နှင့် သူငယ် များတို့ သည် မ သေ ၊ အသက် ရှင်မည်အကြောင်း ၊ ကျွန်ုပ်တို့ ထ ၍ သွား ကြပါမည်။
And Judah said to his father Israel, “Send the boy with me, and we will go at once, so that we may live and not die—neither we, nor you, nor our children.
9 ၉ ကျွန်ုပ်သည် သူ ၏အာမခံ ဖြစ်ပါမည်။ ကျွန်ုပ် တွင် သူ့ ကို တောင်း ပါ။ သူ့ ကိုပြန်၍မ ဆောင် အဘ ရှေ့ မှာ မထား လျှင် ၊ အစဉ် မပြတ်အပြစ် ကိုခံ ပါစေ။
I will guarantee his safety. You may hold me personally responsible. If I do not bring him back and set him before you, then may I bear the guilt before you all my life.
10 ၁၀ ဤမျှလောက်မ ဖင့်နွှဲ့ လျှင်၊ အကယ်၍ ဒုတိယ အကြိမ်တွင် ပြန် ရောက်ပါပြီဟု အဘ ဣသရေလ အား ဆို ၏။
If we had not delayed, we could have come and gone twice by now.”
11 ၁၁ အဘ ဣသရေလ ကလည်း၊ သို့ဖြစ်လျှင် ဤသို့ ပြု ကြလော့။ ထိုသူ အား ဆက် စရာဘို့ သင် တို့အိတ် ဝတို့တွင် ခါနာန်ပြည် ၏ အသီးမျိုးအကောင်းဆုံး တည်းဟူသောဗလစံစေး အနည်းငယ် ၊ ပျားရည် အနည်းငယ် ၊ နံ့သာ မျိုး၊ မုရန်စေး ၊ သစ်အယ်သီး ၊ ဗာတံသီး တို့ကို ယူ ကြလော့။
Then their father Israel said to them, “If it must be so, then do this: Put some of the best products of the land in your packs and carry them down as a gift for the man—a little balm and a little honey, spices and myrrh, pistachios and almonds.
12 ၁၂ သင် တို့လက် ၌ ငွေ နှစ်ဆ ကိုလည်း ယူ ကြလော့။ အိတ် ဝ တွင် ဆောင် ခဲ့သောငွေ ကို တဖန်လက် ၌ ဆောင် သွား ကြဦးလော့။ ထို အမှုသည် သတိ လစ်သောအမှု ဖြစ် ဟန်ရှိ၏။
Take double the silver with you so that you may return the silver that was put back into the mouths of your sacks. Perhaps it was a mistake.
13 ၁၃ သင် တို့ညီ ကိုလည်း ယူ ၍ တဖန် ထိုသူ ထံ သို့ ထ သွား ကြလော့။
Take your brother as well, and return to the man at once.
14 ၁၄ ထိုသူသည် သင် တို့အစ်ကိုတယောက်နှင့် ဗင်္ယာမိန် ကို လွှတ် လိုက်မည်အကြောင်း ၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တ တန်ခိုးရှင်ဘုရား သခင် ပေး တော်မူပါစေသော။ သို့ရာတွင် ငါ သည် သား ဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊
May God Almighty grant you mercy before the man, that he may release your other brother along with Benjamin. As for me, if I am bereaved, I am bereaved.”
15 ၁၅ သူ တို့သည် ထိုလက်ဆောင် ကို၎င်း၊ မိမိ လက် ၌ ငွေ နှစ် ဆကို၎င်း ၊ ဗင်္ယာမိန် ကို၎င်း ၊ ယူ ၍ထ ပြီးလျှင် ၊ အဲဂုတ္တု ပြည်သို့သွား ၍ ယောသပ် ရှေ့မှာ ရပ် နေကြ၏။
So the men took these gifts, along with double the amount of silver, and Benjamin as well. Then they hurried down to Egypt and stood before Joseph.
16 ၁၆ သူ တို့နှင့်အတူ ဗင်္ယာမိန် ပါလာသည်ကို ယောသပ် မြင် လျှင် ၊ ဝန် စာရေးကိုခေါ် ၍ ၊ ဤသူ တို့ကို အိမ် သို့ ခေါ် သွားလော့။ အကောင် များကိုသတ် ၍ စားစရာကို ပြင်ဆင် လော့။ သူတို့သည် ငါ နှင့်အတူ မွန်းတည့် စာကို စား ရကြလိမ့်မည်ဟု မှာ ထားသည် အတိုင်း၊
When Joseph saw Benjamin with his brothers, he said to the steward of his house, “Take these men to my house. Slaughter an animal and prepare it, for they shall dine with me at noon.”
17 ၁၇ ဝန် စာရေးပြု ၍ ၊ သူ တို့ကို ယောသပ် အိမ် သို့ ခေါ် သွား၏။
The man did as Joseph had commanded and took the brothers to Joseph’s house.
18 ၁၈ ယောသပ် အိမ် သို့ ခေါ်သွား သောအခါ ၊ သူတို့ သည် ငါ တို့အိတ် ၌ ယမန် ပြန်ပေး သောငွေ ကြောင့် ခေါ်သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြု သဖြင့် ကျွန်ခံ စေ၍ ၊ မြည်း တို့ကို သိမ်း လိမ့်မည်ဟု ဆို ကြပြီးလျှင်၊
But the brothers were frightened that they had been taken to Joseph’s house. “We have been brought here because of the silver that was returned in our bags the first time,” they said. “They intend to overpower us and take us as slaves, along with our donkeys.”
19 ၁၉ ယောသပ် ၏ ဝန်စာရေး အနီးသို့ ချဉ်းကပ် ၍ အိမ် တံခါး နားမှာ နှုတ်ဆက် လျက်၊
So they approached Joseph’s steward and spoke to him at the entrance to the house.
20 ၂၀ သခင် ၊ ယမန် က အကျွန်ုပ် တို့သည် အစာ ကို ဝယ် ခြင်းငှါ အမှန်လာ ပါ၏။
“Please, sir,” they said, “we really did come down here the first time to buy food.
21 ၂၁ စားခန်း သို့ ရောက် ၍ အိတ် များကိုဖွင့် သောအခါ ၊ လူ တိုင်းဆိုင်သောငွေ သည် အလျှင်းမလျော့ဘဲ အိတ် ဝ တွင် ရှိပါ၏။ ထို ငွေ ကို တဖန် ဆောင် ခဲ့ကြပါပြီ။
But when we came to the place we lodged for the night, we opened our sacks and, behold, each of us found his silver in the mouth of his sack! It was the full amount of our silver, and we have brought it back with us.
22 ၂၂ ယခုလည်းအစာ ကို ဝယ် ခြင်းငှါ အခြား သော ငွေ ကို ကိုယ် ၌ ဆောင် ခဲ့ကြပါ၏။ ထိုငွေ ကို အကျွန်ုပ် တို့ အိတ် များ၌ အဘယ်သူ ထား သည်ကို မ သိ နိုင်ပါဟု ဆို ကြသော်၊
We have brought additional silver with us to buy food. We do not know who put our silver in our sacks.”
23 ၂၃ ဝန်စာရေးက၊ ချမ်းသာ ပါစေ၊ မ စိုးရိမ် ကြနှင့်။ သင် တို့ဘုရားသခင် ၊ သင် တို့၏အဘ ဘုရားသခင် သည် သင် တို့အိတ် များ၌ ဘဏ္ဍာ ကိုသနား တော်မူပြီ။ သင် တို့ငွေ ကို ငါ ခံရ ပြီဟုဆို သဖြင့် ၊ ရှိမောင် ကိုထုတ် ၍ အပ်လိုက် လေ၏။
“It is fine,” said the steward. “Do not be afraid. Your God, the God of your father, gave you the treasure that was in your sacks. I received your silver.” Then he brought Simeon out to them.
24 ၂၄ ယောသပ် အိမ် သို့ သွင်းပြီးမှ ၊ ဝန်စာရေးသည် ရေ ကို ပေး ၍ ခြေ ဆေး စေ၏။ မြည်း တို့ကိုလည်း ကျွေး လေ၏။
And the steward took the men into Joseph’s house, gave them water to wash their feet, and provided food for their donkeys.
25 ၂၅ မွန်းတည့် ချိန်၌ ယောသပ် လာ လိမ့်မည်ဟု သူတို့သည် မြော်လင့်၍ လက်ဆောင် ကို ပြင် နှင့်ကြ၏။ ထိုအိမ်၌ သူတို့သည် အစာ ကိုစား ရလိမ့်မည်ဟု သူတို့ သည် ကြား လေသတည်း။
Since the brothers had been told that they were going to eat a meal there, they prepared their gift for Joseph’s arrival at noon.
26 ၂၆ ယောသပ် သည် အိမ် သို့ ရောက် သောအခါ ၊ သူတို့သည် ကိုယ် ၌ ပါ သောလက်ဆောင် ကို အိမ် ထဲ ယောသပ် ထံ သို့သွင်း ၍ သူ့ရှေ့ မှာဦးညွှတ် ချလျက် နေကြ၏။
When Joseph came home, they presented him with the gifts they had brought, and they bowed to the ground before him.
27 ၂၇ ယောသပ်သည် နှုတ်ဆက်ပြီးလျှင်၊ သင် တို့အဘ တည်းဟူသောသင်တို့အရင်ပြော သော အသက်ကြီး သူ သည် ကျန်းမာ ပါ၏လော။ အသက် ရှင်သေး၏လောဟု မေး လျှင်၊
He asked if they were well, and then he asked, “How is your elderly father you told me about? Is he still alive?”
28 ၂၈ သူတို့က၊ ကိုယ်တော် ကျွန် ၊ ကျွန်တော် တို့အဘ သည် ကျန်းမာ ပါ၏၊ အသက် ရှင်ပါသေး၏ဟု လျှောက် လျက်၊ ဦးညွှတ် ချ၍ ရှိခိုးလျက် နေကြ ၏။
“Your servant our father is well,” they answered. “He is still alive.” And they bowed down to honor him.
29 ၂၉ ထိုအခါ ယောသပ် သည် မြော် ကြည့် ၍ မိမိ အမိ ၏သား ၊ မိမိ ညီ ရင်းဗင်္ယာမိန် ကိုမြင် လျှင် ၊ ဤ သူကား သင်တို့အရင်ပြော သော သင် တို့ညီ ဖြစ်သလောဟုမေး လျက်၊ သင့် ကို ဘုရားသခင် ကယ် မသနားတော်မူပါစေသော ငါ့ သား ဟု ဆို ပြီးမှ၊
When Joseph looked up and saw his brother Benjamin, his own mother’s son, he asked, “Is this your youngest brother, the one you told me about?” Then he declared, “May God be gracious to you, my son.”
30 ၃၀ ညီ ရင်းကိုမြင်ရ၍ ကြင်နာ သောစိတ် ရှိသောကြောင့် အလျင်အမြန် ထသွား လေ၏။ ငို ရာအရပ်ကို ရှာ သဖြင့် ၊ အိပ် ခန်းထဲ သို့ဝင် ၍ ငို လေ၏။
Joseph hurried out because he was moved to tears for his brother, and he went to a private room to weep.
31 ၃၁ တဖန် မျက်နှာ ကိုသစ် ၍ ဣန္ဒြေချုပ်တည်း လျက် ပြင်သို့ထွက် ပြီးလျှင် ၊ စားပွဲ ကို ပြင် ကြဟု အမိန့် ရှိ၏။
Then he washed his face and came back out. Regaining his composure, he said, “Serve the meal.”
32 ၃၂ ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ် နှင့် စား သော အဲဂုတ္တု လူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင် ကြ၏။ အဲဂုတ္တု လူတို့သည် ဟေဗြဲ လူတို့နှင့်အတူ မ စား ရ၊ ထို အမှုကို အဲဂုတ္တု လူတို့သည် ရွံ့ တတ်ကြ၏။
They separately served Joseph, his brothers, and the Egyptians. They ate separately because the Egyptians would not eat with the Hebrews, since that was detestable to them.
33 ၃၃ ညီအစ်ကိုတို့သည် အကြီး မှစ၍ အငယ် တိုင်အောင်အရွယ် အလိုက် ယောသပ် ရှေ့ မှာ ထိုင် နေကြ၏။ သူတို့သည် အချင်းချင်း ကြည့်ရှု၍ အံ့ဩ ခြင်းရှိကြ၏။
They were seated before Joseph in order by age, from the firstborn to the youngest, and the men looked at one another in astonishment.
34 ၃၄ ယောသပ်သည်လည်း သူ တို့စားရန်အဘို့ အသီးအသီး တို့ကို မိမိ ထံ မှပေး လိုက်၏။ ဗင်္ယာမိန် ရသောအဘို့ သည် အစ်ကို တို့ရသောအဘို့ ထက် ငါး ဆ များ သတည်း။ သူတို့သည်သောက် ၍ ပျော်မွေ့ ခြင်းသို့ ရောက်ကြ၏။
When the portions were served to them from Joseph’s table, Benjamin’s portion was five times larger than any of the others. So they feasted and drank freely with Joseph.