< ကမ္ဘာဦး 42 >
1 ၁ အဲဂုတ္တု ပြည်၌ စပါး ရှိ ကြောင်း ကို ယာကုပ် ကြား သိလျှင် ၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု ၍ နေကြသနည်း။
Now when Jacob saw that there was corn in Egypt, Jacob said to his sons, Why do ye look one upon another?
2 ၂ အဲဂုတ္တု ပြည်၌ စပါး ရှိ ကြောင်း ကို ငါကြား ရပြီ။ ငါတို့သည်မ သေ အသက်ရှင် မည်အကြောင်း ၊ ထို ပြည်သို့ သွား ၍ ငါ တို့အဘို့ ကို ဝယ် ကြလော့ဟု မိမိ သား တို့အား ဆို သည်အတိုင်း၊
And he said, Behold, I have heard that there is corn in Egypt: go down thither, and buy for us from thence; that we may live, and not die.
3 ၃ ယောသပ် ၏ အစ်ကို တကျိပ် တို့သည် စပါး ကို ဝယ် ခြင်းငှါ အဲဂုတ္တု ပြည်သို့ သွား ကြ၏။
And Joseph's ten brethren went down to buy corn in Egypt.
4 ၄ ယောသပ် ၏ညီ ဗင်္ယာမိန် ကိုကား အစ်ကို တို့နှင့်အတူ ယာကုပ် သည်မ စေ မလွှတ်။ အကြောင်း မူကား၊ သူ ၌ ဘေး ရောက် ကောင်းရောက်လိမ့်မည်ဟု စိုးရိမ် သတည်း။
But Benjamin, Joseph's brother, Jacob sent not with his brethren: for he said, Lest perhaps mischief shall befall him.
5 ၅ ထိုအခါ ခါနာန် ပြည် ၌ အစာခေါင်းပါး သောကြောင့် ၊ အဲဂုတ္တုပြည်သို့ရောက်လာ သောသူတို့ တွင်၊ ဣသရေလ သား တို့သည် စပါးကိုဝယ် ခြင်းငှါ လာ ကြ၏။
And the sons of Israel came to buy [corn] among those that came: for the famine was in the land of Canaan.
6 ၆ ယောသပ် သည် နိုင်ငံ အုပ်ဖြစ်၍ပြည်သား အပေါင်း တို့အား ရောင်း သောအမှုကို စီရင်လေ၏။ ယောသပ် အစ်ကို တို့သည်လာ ၍ သူ့ ရှေ့ မှာ ဦးညွှတ် ချကြ၏။
And Joseph [was] the governor over the land, [and] he [it was] that sold to all the people of the land: and Joseph's brethren came, and bowed themselves before him [with] their faces to the earth.
7 ၇ ယောသပ် သည် အစ်ကို တို့ကိုမြင် လျှင် သိ ၏။ သို့သော်လည်း မ သိဟန်ဆောင်၍ ကြမ်းတမ်း စွာ ပြော လျက် ၊ သင်တို့သည် အဘယ် က လာ ကြသနည်းဟုမေး ၏။ သူတို့ကလည်း၊ အစာ ကိုဝယ် ခြင်းငှါ ခါနာန် ပြည် က လာကြပါသည် ဟုလျှောက် ကြ၏။
And Joseph saw his brethren, and he knew them, but made himself strange to them, and spoke roughly to them; and he said to them, Whence come ye? And they said, From the land of Canaan to buy food.
8 ၈ ယောသပ် သည် အစ်ကို တို့ကိုသိ သော်လည်း ၊ သူ တို့သည် ယောသပ် ကို မ သိ ကြ။
And Joseph knew his brethren, but they knew not him.
9 ၉ ယောသပ် သည် သူ တို့အကြောင်း နှင့် မြင် ရသောအိပ်မက် တို့ကို အောက်မေ့ လျက် ၊ သင် တို့သည် သူလျှို ဖြစ်ကြ၏။ ပြည် တော်၌ အားနည်း သောအရပ်ကို ကြည့်ရှု ခြင်းငှါ လာ ကြပြီဟုဆိုလျှင်၊
And Joseph remembered the dreams which he dreamed of them, and said to them, Ye [are] spies; to see the nakedness of the land have ye come.
10 ၁၀ သူ တို့က၊ မဟုတ် ပါသခင်။ ကိုယ်တော် ၏ကျွန် တို့ သည် အစာ ကို ဝယ် ခြင်းငှါ သာ လာ ကြပါ၏။
And they said to him, No, my lord, but to buy food have thy servants come.
11 ၁၁ ကျွန်တော် တို့သည် တယောက် တည်းသောသူ ၏ သား ဖြစ်ကြပါ၏။ ဖြောင့်မတ် သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော် ၏ကျွန် တို့သည် သူလျှို မ ဟုတ်ပါဟု လျှောက် ကြ၏။
We [are] all one man's sons; we [are] true [men]; thy servants are no spies.
12 ၁၂ ယောသပ်ကလည်း၊ မ ဟုတ်ဘူး။ ပြည် တော်၌ အားနည်း သော အရပ်ကိုကြည့်ရှု ခြင်းငှါ လာ ကြပြီဟု ဆို ပြန်၏။
And he said to them, No, but to see the nakedness of the land have ye come.
13 ၁၃ သူတို့ကလည်း၊ ကိုယ်တော် ကျွန် တို့သည် ခါနာန် ပြည် ၌ တ ယောက်တည်းသောသူ ၏သား ၊ ညီအစ်ကို တကျိပ် နှစ် ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံး သောသူကား အဘ နှင့်အတူ ယခု ရှိရစ်ပါ၏။ တ ယောက်ကားမ ရှိပါဟု လျှောက် ပြန်လျှင်၊
And they said, Thy servants [are] twelve brethren, the sons of one man in the land of Canaan; and behold, the youngest [is] this day with our father, and one [is] not.
14 ၁၄ ယောသပ် က၊ သင် တို့သည် သူလျှို ဖြစ်ကြ၏ဟု ငါဆိုသည် အရာ မှာ၊
And Joseph said to them, That [is] what I spoke to you, saying, Ye [are] spies:
15 ၁၅ သင်တို့ကို အဘယ်သို့စုံစမ်း ရမည်နည်းဟူမူကား ၊ အငယ် ဆုံးသောညီ မ လာ လျှင်၊ ဖါရော ဘုရင် အသက် ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤ အရပ်မှ မ ထွက် မသွားရ။
By this ye shall be proved: By the life of Pharaoh ye shall not go forth hence, except your youngest brother shall come hither.
16 ၁၆ သင် တို့စကား မှန် သည်မမှန်သည်ကို စုံစမ်း ၍ သိစေခြင်းငှါ သင် တို့တွင် တ ယောက်သောသူကို စေလွှတ် ၍ ညီ ကိုဆောင် ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင် ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရော ဘုရင် အသက် ရှင်တော်မူ သည်အတိုင်း၊ အကယ်စင်စစ်သင် တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
Send one of you, and let him bring your brother, and ye shall be kept in prison, that your words may be proved, whether [there is any] truth in you: or else by the life of Pharaoh surely ye [are] spies.
17 ၁၇ အစ်ကို အပေါင်းတို့ကို သုံး ရက် ချုပ် ထားလေ၏။
And he put them all together into custody three days.
18 ၁၈ သုံး ရက်မြောက်သောနေ့ ၌ ယောသပ် သည် သူ တို့ကိုခေါ် ၍ ၊ ငါ သည် ဘုရားသခင် ကို ကြောက်ရွံ့ သောသူဖြစ် ၏။ သို့ဖြစ်၍သင်တို့သည် အသက် ချမ်းသာစေခြင်းငှါပြု ရသောအမှုဟူမူကား၊
And Joseph said to them the third day, This do, and live; [for] I fear God:
19 ၁၉ သင် တို့သည် ဖြောင့်မတ် သောသူမှန်လျှင် ၊ သင် တို့ညီအစ်ကို တို့တွင် တစုံတယောက် ကို ထောင် အိမ် ၌ အချုပ် ခံလျက်နေစေပြီးလျှင်၊ ကြွင်းသောသူတို့ မူကား သွား ကြလော့။ အိမ်သူ အိမ်သားတို့၌ အစာ ခေါင်းပါးသောကြောင့်စပါး ကိုယူ ၍ သွားကြလော့။
If ye [are] true [men], let one of your brethren be bound in the house of your prison: go ye, carry corn for the famine of your houses:
20 ၂၀ အငယ်ဆုံး သောညီကို ငါ့ ထံ သို့ဆောင် ခဲ့ကြလော့။ သို့ပြုလျှင် သင် တို့စကား မှန် လိမ့်မည်။ သင်တို့အသက်လည်း ချမ်းသာ ရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြု ကြ၏။
But bring your youngest brother to me; so shall your words be verified, and ye shall not die. And they did so.
21 ၂၁ ထိုအခါ သူတို့အချင်းချင်း ဆို ကြသည်ကား၊ အကယ်စင်စစ်ငါ တို့ သည် ညီ ၏အမှု၌ အပြစ် ကြီးကြ၏။ သူ သည် ငါ တို့ကိုတောင်းပန် သောအခါ ၊ သူ့ စိတ် ဆင်းရဲ ခြင်းကို ငါတို့သည် မြင် လျက်နှင့် နား မ ထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါ တို့အပေါ် မှာ ယခု ရောက် လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
And they said one to another, We [are] verily guilty concerning our brother, in that we saw the anguish of his soul, when he besought us, and we would not hear; therefore is this distress come upon us.
22 ၂၂ ရုဗင် ကလည်း၊ သူငယ် ကို မ ပြစ် မှားပါနှင့်ဟု ကျွန်ုပ်ဆို သည်မ ဟုတ် လော။ သင်တို့သည် နား မ ထောင်ဘဲ နေကြသောကြောင့် သူ ၏အသွေး အတွက် ယခု အစစ် ခံရကြသည်ဟု ပြန် ၍ဆို၏။
And Reuben answered them, saying, Did I not speak to you, saying, Do not sin against the young man; and ye would not hear? therefore behold also his blood is required.
23 ၂၃ ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယောသပ် နားလည် သည်ဟု သူ တို့မ ထင် ကြ။ အကြောင်း မူကား၊ ယောသပ်သည် စကားပြန် နှင့် သူ တို့ကို ပြောတတ်သောကြောင့် တည်း။
And they knew not that Joseph understood [them]; for he spoke to them by an interpreter.
24 ၂၄ ထိုအခါ ယောသပ်သည် သူ တို့ထံ မှခဏ ခွါ၍ ငို လေ၏။ တဖန် လာ ပြန်၍ နှုတ်ဆက် ပြီးလျှင် ၊ ရှိမောင် ကို သူ တို့အစုထဲ ကယူ ၍ သူ တို့ရှေ့ တွင် ချည်နှောင် လေ၏။
And he turned himself away from them, and wept; and returned to them again, and communed with them, and took from them Simeon, and bound him before their eyes.
25 ၂၅ ထိုနောက် သူ တို့အိတ် များကို စပါး နှင့် ပြည့် စေ၍ ၊ သူ တို့ငွေ ကိုလည်း အသီးအသီး အိတ် တို့တွင် ပြန်ထည့် စေခြင်းငှါ ၎င်း၊ လမ်းခရီး ၌ စား စရိတ်ကို ပေး စေခြင်းငှါ ၎င်း စီရင်၍ ထိုသို့လျှင် သူ တို့၌ ပြု လေ၏။
Then Joseph commanded to fill their sacks with corn, and to restore every man's money into his sack, and to give them provision for the way: and thus did he to them.
26 ၂၆ သူတို့သည်လည်း မြည်း များအပေါ် ၌ စပါး ကို တင် ၍ ထွက်သွား ကြ၏။
And they loaded their asses with the corn, and departed thence.
27 ၂၇ စားခန်း သို့ ရောက် သောအခါ ၊ တယောက်သောသူသည် မြည်း ကို အစာ ကျွေးခြင်းငှါ မိမိ အိတ် ကိုဖွင့် လျှင် ၊ အိတ် ဝ တွင် ရှိသောငွေ ကိုမြင် လေ၏။
And as one of them opened his sack to give his ass provender in the inn, he espied his money: for behold, it [was] in his sack's mouth.
28 ၂၈ ညီအစ်ကို တို့အား လည်း ကျွန်ုပ် ငွေ ကို ပြန် ထား ပြီ။ ကြည့် ပါ အိတ် ထဲ မှာရှိသည်ဟုဆိုသော်၊ သူ တို့သည် စိတ် နှလုံးလျော့ ၍ ကြောက်လန့် လျက် ၊ ငါ တို့၌ ဘုရားသခင် ပြု တော်မူသောဤ အမှုသည် အဘယ် အမှုဖြစ် ပါလိမ့်မည်နည်းဟု တ ယောက်ကိုတယောက်ဆို ကြ၏။
And he said to his brethren, My money is restored; and see [it is] even in my sack: and their heart failed [them], and they were afraid, saying one to another, What [is] this [that] God hath done to us?
29 ၂၉ ခါနာန် ပြည် အဘ ယာကုပ် ထံ သို့ရောက် လျှင် ၊ မိမိ တို့၌ ဖြစ် လေသမျှ တို့ကို ကြား ပြောသည်ကား၊
And they came to Jacob their father to the land of Canaan, and told him all that befell them, saying,
30 ၃၀ ထိုပြည် ကိုအုပ်စိုး သောသူ သည် ကြမ်းတမ်း စွာ ပြော လျက် ၊ ကျွန်ုပ် တို့ကို ထိုပြည် ၌ သူလျှို လုပ်သူဟူ၍ မှတ် လေ၏။
The man [who is] the lord of the land, spoke roughly to us, and took us for spies of the country.
31 ၃၁ ကျွန်ုပ် တို့ကလည်း ၊ ကျွန်တော် တို့သည် ဖြောင့်မတ် သောသူဖြစ် ကြပါ၏။ သူလျှို မ ဟုတ်ပါ။
And we said to him, We [are] true [men]; we are no spies:
32 ၃၂ တဘ တည်းသား ၊ ညီအစ်ကို ချင်း တကျိပ် နှစ် ယောက်ဖြစ်ကြပါ၏။ တ ယောက်ကားမ ရှိပါ။ အငယ်ဆုံး သောသူကား ခါနာန် ပြည် ၌ အဘ နှင့်အတူ ယခု ရှိရစ် ပါသည်ဟု လျှောက်သောအခါ၊
We [are] twelve brethren, sons of our father: one [is] not, and the youngest [is] this day with our father in the land of Canaan.
33 ၃၃ ထိုပြည် ကို အုပ်စိုး သောသခင်က၊ သင် တို့သည် ဖြောင့်မတ် သောသူမှန် သည်ကို အဘယ်သို့ငါသိ နိုင်မည်နည်း ဆိုသော်၊ သင် တို့ညီအစ်ကို တို့ တွင် တစုံတယောက် ကို ငါ့ ထံ ၌ထား ရစ်ကြလော့။ သင် တို့အိမ်သူ အိမ်သားတို့၌ အစာ ခေါင်းပါးသောကြောင့် အစာကိုယူ ၍ သွား ကြလော့၊
And the man, the lord of the country, said to us, By this shall I know that ye [are] true [men]: leave one of your brethren [here] with me, and take [food for] the famine of your households, and depart:
34 ၃၄ အငယ်ဆုံး သောညီ ကို ငါ့ ထံ သို့ဆောင် ခဲ့ကြလော့။ သို့ပြုလျှင်သင် တို့သည် သူလျှို မ ဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိ လိမ့်မည်။ သင် တို့ညီအစ်ကို ကို လည်း ငါပြန် ၍အပ်မည်။ သင်တို့သည် ပြည် တော်၌ ဖေါက် ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊
And bring your youngest brother to me: then shall I know that ye [are] no spies, but [that] ye [are] true [men]: then will I deliver to you your brother, and ye shall traffick in the land.
35 ၃၅ မိမိ တို့အိတ် များအထဲက စပါးကို ထုတ် သောအခါ ၊ အသီးအသီး ဆိုင်သော ငွေ ထုပ် တို့သည် မိမိ တို့အိတ် ၌ ရှိ ကြ၏။ ငွေ ထုပ် များကို သူ တို့နှင့် အဘ သည် မြင် သောအခါ ကြောက်လန့် ကြ၏။
And it came to pass as they emptied their sacks, that behold, every man's bundle of money [was] in his sack; and when they and their father saw the bundles of money, they were afraid.
36 ၃၆ အဘ ယာကုပ် ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လု ယူကြပြီ။ ယောသပ် မ ရှိ၊ ရှိမောင် မ ရှိ၊ ဗင်္ယာမိန် ကိုလည်း ယူ သွားချင်သည်တကား။ ဤ အမှုအလုံးစုံ တို့ သည် ငါ နှင့်ဆန့်ကျင် ဘက်ဖြစ်သည်တကားဟု သူ တို့အား ဆို ၏။
And Jacob their father said to them, Me have ye bereaved: Joseph [is] not, and Simeon [is] not, and ye will take Benjamin [away]: all these things are against me.
37 ၃၇ ရုဗင် ကလည်း ၊ ကျွန်ုပ်သည် ဗင်္ယာမိန် ကို အဘ ထံ သို့ပြန်၍ မ ဆောင် ခဲ့လျှင် ၊ ကျွန်ုပ် သား နှစ် ယောက်တို့ကိုသတ် ပါလော့။ သူ့ ကိုကျွန်ုပ် လက် ၌ အပ် ပါ။ ကျွန်ုပ်တဖန် အဘ ထံ သို့ပြန် ၍ ဆောင်ခဲ့ပါမည်ဟု အဘ အား ဆို ၏။
And Reuben spoke to his father, saying, Slay my two sons, if I bring him not to thee: deliver him into my hand, and I will bring him to thee again.
38 ၃၈ အဘကလည်း၊ သင် တို့နှင့်အတူ ငါ့ သား မ သွား ရ။ သူ ၏အစ်ကို သေ ပြီ။ သူ သည် တယောက် တည်း ကျန်ရစ် ၏။ သင်တို့သွား ရာလမ်း ခရီးတွင် သူ ၌ ဘေး ရောက် လျှင် ၊ သင်တို့သည် ငါ့ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြလိမ့်မည်ဟု ဆို လေ ၏။ (Sheol )
And he said, My son shall not go down with you; for his brother is dead, and he is left alone: if mischief shall befall him by the way in which ye go, then will ye bring down my gray hairs with sorrow to the grave. (Sheol )