< ကမ္ဘာ​ဦး 41 >

1 ထိုနောက် နှစ် နှစ်လွန် သောအခါ ၊ ဖါရော မင်း သည် အိပ်မက် ကို မြင်မက်သည်ကား၊ မိမိသည် မြစ် နား ၌ ရပ် နေ၏။
post duos annos vidit Pharao somnium putabat se stare super fluvium
2 အဆင်း လှ ၍ ဝ သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက်၍ မြစ်နားမှာပေါက်သော မြက်ပင် ကို စား လျက် နေကြ၏။
de quo ascendebant septem boves pulchrae et crassae nimis et pascebantur in locis palustribus
3 ထိုနွားတို့နောက်မှ အဆင်း မ လှ၊ ပိန်သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက် ၍ အရင်နွား တို့ အနား ၌ ကမ်း ပေါ် မှာ ရပ် နေကြ၏။
aliae quoque septem emergebant de flumine foedae confectaeque macie et pascebantur in ipsa amnis ripa in locis virentibus
4 အဆင်း မ လှ ပိန် သောနွား တို့သည်၊ အဆင်း လှ ၍ ဝ သောနွား ခုနစ် ကောင်တို့ကို ကိုက်စား ကြ၏။ ဖါရော မင်းလည်း နိုး လေ၏။
devoraveruntque eas quarum mira species et habitudo corporum erat expergefactus Pharao
5 တဖန် အိပ် ပြန်၍ အိပ်မက် ကို မြင်မက်ပြန်သည် ကား၊ အလုံး ကြီး ၍ ကောင်း သော စပါးခုနစ် နှံတို့သည် စပါး တပင် တည်း၌ ဖြစ်ကြ၏။
rursum dormivit et vidit alterum somnium septem spicae pullulabant in culmo uno plenae atque formonsae
6 ထိုနောက်မှ အလုံး သေး၍ အရှေ့ လေဖြင့် ပျက် သော စပါး ခုနစ် နှံတို့သည် ပေါက် ကြ၏။
aliae quoque totidem spicae tenues et percussae uredine oriebantur
7 အလုံး သေးသော စပါး ခုနစ် နှံတို့သည် အလုံး ကြီး၍ ကောင်း သော စပါး ခုနစ်နှံတို့ကို စား ကြ၏။ ဖါရော မင်းလည်း နိုး ၍ အိပ်မက် ဖြစ်သည်ကို သိ လေ၏။
devorantes omnem priorum pulchritudinem evigilans post quietem
8 နံနက် အချိန် ရောက် သောအခါ ၊ ဖါရော မင်း သည် စိတ် ပူပန် ၍ ၊ အဲဂုတ္တု ဗေဒင် တတ် ပညာရှိအပေါင်း တို့ကို ခေါ် ၍ အိပ်မက် တော်ကို ပြန်ကြား တော်မူ၏။ သို့သော်လည်း ရှေ့ တော်၌အနက် ကို ဘတ်နိုင်သောသူ တယောက် မျှမရှိ။
et facto mane pavore perterritus misit ad coniectores Aegypti cunctosque sapientes et accersitis narravit somnium nec erat qui interpretaretur
9 ထိုအခါ ဖလား တော်ဝန်က ၊ ကျွန်တော် သည် ကိုယ် အပြစ် ကို ယနေ့ အောက်မေ့ ပါ၏။
tunc demum reminiscens pincernarum magister ait confiteor peccatum meum
10 ၁၀ ဖါရော ဘုရင်သည် ကျွန်တော် နှင့် စား တော်ဝန် ကို အမျက်ထွက် ၍ ကိုယ်ရံတော် မှူးအိမ် ၌ ချုပ် ထားတော်မူ သောအခါ၊
iratus rex servis suis me et magistrum pistorum retrudi iussit in carcerem principis militum
11 ၁၁ ကျွန်တော် တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက် နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့် ခြင်း တွင် မြင် မက်ကြပါ၏။
ubi una nocte uterque vidimus somnium praesagum futurorum
12 ၁၂ ကျွန်တော် တို့၌ ကိုယ်ရံတော် မှူး၏ကျွန် ဟေဗြဲ လုလင် တယောက်ရှိ၏။ ထိုသူ အား ကျွန်တော်တို့သည် ကြားပြော ၍ သူ သည် အိပ်မက် ၏အနက် ကို ဘတ်ပါ၏။ တ ယောက်စီမြင် မက်သည်အတိုင်း ဘတ် ပါ၏။
erat ibi puer hebraeus eiusdem ducis militum famulus cui narrantes somnia
13 ၁၃ ဘတ် သည်အတိုင်း လည်း မှန် ပါ၏။ ကျွန်တော် သည်အရင်အရာ ကိုရ ပြန်၍၊ စား တော်ဝန်မူကား ၊ ဆွဲ ထား ခြင်းကိုခံရပါသည်ဟု လျှောက်လေ၏။
audivimus quicquid postea rei probavit eventus ego enim redditus sum officio meo et ille suspensus est in cruce
14 ၁၄ ထိုအခါ ဖါရော မင်းသည် လူကိုစေလွှတ် ၍ ယောသပ် ကို ခေါ် တော်မူ၏။ ယောသပ်သည် ထောင် ထဲ က အလျင် အမြန်ထွက်ရ၍ ၊ မုတ်ဆိတ် ညှပ်ခြင်း၊ အဝတ် လဲ ခြင်းကို ပြုပြီး မှ အထံ တော်သို့ ဝင် ရ၏။
protinus ad regis imperium eductum de carcere Ioseph totonderunt ac veste mutata obtulerunt ei
15 ၁၅ ဖါရော မင်းကလည်း ၊ ငါသည်အိပ်မက် ကို မြင် မက်ပြီ။ အနက်ကို အဘယ် သူမျှမဘတ် နိုင်။ သင် သည် အိပ်မက် ကို နားလည် သော ဉာဏ်နှင့် အနက် ဘတ်နိုင် သည်ကို ငါကြား ရပြီဟုဆို ၏။
cui ille ait vidi somnia nec est qui edisserat quae audivi te prudentissime conicere
16 ၁၆ ယောသပ် ကလည်း ၊ ကျွန်တော် သည် အလို အလျောက်မ တတ်နိုင်ပါ။ ဘုရားသခင် သည် မင်္ဂလာ အဖြေ စကားကို ဖါရော ဘုရင်အား ပေး တော်မူပါစေသော ဟု လျှောက် လေ၏။
respondit Ioseph absque me Deus respondebit prospera Pharaoni
17 ၁၇ ဖါရော မင်းကလည်း ၊ ငါ မြင် မက်သည်မှာ ၊ မြစ် နား ၌ ငါ ရပ် နေ၏။
narravit ergo ille quod viderat putabam me stare super ripam fluminis
18 ၁၈ အဆင်း လှ ၍ ဝ သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက် ၍ ၊ မြစ်နားမှာပေါက်သော မြက်ပင် ကို စား လျက် နေကြ၏။
et septem boves de amne conscendere pulchras nimis et obesis carnibus quae in pastu paludis virecta carpebant
19 ၁၉ ထိုနွားတို့နောက်မှ၊ အဆင်း မ လှ ပိန် ကြုံသော နွား ခုနစ် ကောင်တို့သည် ထွက် လာကြ၏။ ထိုမျှလောက် အရုပ် ဆိုးသော နွားတို့ကို အဲဂုတ္တု ပြည် တရှောက်လုံး တွင် တခါမျှ မမြင် ရစဖူး။
et ecce has sequebantur aliae septem boves in tantum deformes et macilentae ut numquam tales in terra Aegypti viderim
20 ၂၀ အဆင်းမ လှ ပိန် သောနွား တို့သည်၊ ဝ သော အရင် နွား ခုနစ် ကောင်တို့ကို ကိုက်စား ကြ၏။
quae devoratis et consumptis prioribus
21 ၂၁ စားပြီးသောနောက်၊ စား မှန်းကို အဘယ်သူမျှမ သိ ရ။ အရင် ကဲ့သို့ အရုပ် ဆိုး သေး၏။ ငါလည်း နိုး ၏။
nullum saturitatis dedere vestigium sed simili macie et squalore torpebant evigilans rursum sopore depressus
22 ၂၂ တဖန် ငါ မြင် မက် ပြန်သည် ကား၊ အလုံး ကြီး၍ ကောင်း သော စပါး ခုနစ် နှံတို့သည် စပါးတပင် တည်း၌ ဖြစ် ကြ၏။
vidi somnium septem spicae pullulabant in culmo uno plenae atque pulcherrimae
23 ၂၃ ထိုနောက်မှ ညှိုးနွမ်း လျက် အလုံး သေး၍ အရှေ့ လေဖြင့် ပျက် သော စပါး ခုနစ် နှံတို့သည် ပေါက် ကြ၏။
aliae quoque septem tenues et percussae uredine oriebantur stipula
24 ၂၄ အလုံး သေးသော စပါး နှံတို့သည် ကောင်း သော စပါး ခုနစ် နှံတို့ကို စား ကြ၏။ ထိုအိပ်မက်ကို ဗေဒင် တတ် တို့အား ငါကြား ပြော၍ အနက်ကို အဘယ်သူ မျှမဘတ် နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ၏။
quae priorum pulchritudinem devorarunt narravi coniectoribus somnium et nemo est qui edisserat
25 ၂၅ ယောသပ် ကလည်း၊ ဖါရော ဘုရင် မြင်မက်တော်မူ သောအိပ်မက် ကား တပါးတည်း ဖြစ်ပါ၏။ ဘုရားသခင် ပြု လတံ့သောအမှု ကို ဖါရော ဘုရင်အား ပြ တော်မူပြီ။
respondit Ioseph somnium regis unum est quae facturus est Deus ostendit Pharaoni
26 ၂၆ ကောင်း သော နွား ခုနစ် ကောင်တို့သည် ခုနစ် နှစ် ဖြစ်ပါ၏။ ကောင်း သောစပါး ခုနစ် နှံတို့သည်လည်း ခုနစ် နှစ် ဖြစ်ပါ၏။ အိပ်မက် တော်ကား တပါး တည်း ဖြစ်ပါ၏။
septem boves pulchrae et septem spicae plenae septem ubertatis anni sunt eandemque vim somnii conprehendunt
27 ၂၇ ထိုနွားတို့နောက် ထွက် လာသောနွား၊ ပိန် ၍ အရုပ် ဆိုးသော နွား ခုနစ် ကောင်တို့သည် ခုနစ် နှစ် ဖြစ်ပါ ၏။ အရှေ့ လေဖြင့်ပျက် သော စပါး ဖျင်း ခုနစ် နှံတို့သည် လည်း၊ အစာခေါင်းပါး သော ခုနစ် နှစ် ဖြစ် ပါ၏။
septem quoque boves tenues atque macilentae quae ascenderunt post eas et septem spicae tenues et vento urente percussae septem anni sunt venturae famis
28 ၂၈ ဖါရော ဘုရင်အား ကျွန်တော်လျှောက် လိုသော အရာ ဟူမူကား ၊ ဘုရားသခင် ပြု လတံ့သော အမှုကိုဖါရော ဘုရင်အား ပြ တော်မူ၏။
qui hoc ordine conplebuntur
29 ၂၉ အဲဂုတ္တု ပြည် တရှောက်လုံး တွင် ဝ ပြောသောနှစ် ခုနစ် နှစ် ရှိ လိမ့်မည်။
ecce septem anni venient fertilitatis magnae in universa terra Aegypti
30 ၃၀ ထိုနောက်မှ အစာခေါင်းပါး သောနှစ် ခုနစ် နှစ် ပေါ် လာ၍ ၊ အဲဂုတ္တု ပြည် ၌ အလုံးစုံ သော ဝ ပြောခြင်းသည် တိမ်မြုပ် လျက် အစာခေါင်းပါး ခြင်းအားဖြင့်တပြည် လုံးပျက်စီး လိမ့်မည်။
quos sequentur septem anni alii tantae sterilitatis ut oblivioni tradatur cuncta retro abundantia consumptura est enim fames omnem terram
31 ၃၁ အစာခေါင်းပါး ခြင်းသည် အလွန် အားကြီး သောကြောင့် ၊ အရင် ဝပြောခြင်း၏ လက္ခဏာမ ထင် ရ။
et ubertatis magnitudinem perditura inopiae magnitudo
32 ၃၂ ဖါရော ဘုရင်သည် ထပ်၍ အိပ်မက် မြင်ရသည် အရာမှာ၊ ထိုအမှု ကို ဘုရားသခင် မြဲမြံ ခိုင်ခံ့စေ၍ အလျင်အမြန် စီရင် တော်မူလိမ့်မည်။
quod autem vidisti secundo ad eandem rem pertinens somnium firmitatis indicium est eo quod fiat sermo Dei et velocius impleatur
33 ၃၃ သို့ဖြစ်၍ ဖါရော ဘုရင်သည် ဉာဏ် ပညာနှင့် ပြည့်စုံ သောသူ ကို ရွေးချယ် ၍ အဲဂုတ္တု ပြည် ကို အုပ်စိုး စေတော်မူပါ။
nunc ergo provideat rex virum sapientem et industrium et praeficiat eum terrae Aegypti
34 ၃၄ ခန့်ထားတော်မူသောသူသည်လည်း တပြည် လုံး၌ အကြီး အကြပ်တို့ကို ခန့် ထား၍ ၊ ဝပြော သောနှစ် ခုနစ် နှစ် ပတ်လုံး တပြည် လုံးတွင် ငါး ဘို့တဘို့ကောက်ယူကြ ပါစေ။
qui constituat praepositos per singulas regiones et quintam partem fructuum per septem annos fertilitatis
35 ၃၅ ထို သူတို့သည်ဖြစ် လတံ့သော မင်္ဂလာ နှစ် တို့တွင် ရိက္ခါ ရှိသမျှ ကို စုရုံး ၍ ဖါရော ဘုရင်ထံ တော်၌ စပါး များ ကို ဆည်းဘူး ကြပါစေ။ မြို့ များ၌ လည်း ရိက္ခါ ကို သို ထား ကြပါစေ။
qui iam nunc futuri sunt congreget in horrea et omne frumentum sub Pharaonis potestate condatur serveturque in urbibus
36 ၃၆ သို့ဖြစ်၍ အဲဂုတ္တု ပြည် ၌ အစာခေါင်းပါး သောနှစ် ခုနစ် နှစ်ရောက် သောအခါ ၊ ပြည် သူပြည်သားစားစရာ ဘို့ သို ထားလျက် ရှိ နှင့်၍ အစာခေါင်းပါး သော ကာလတွင် ပြည် တော်မ ပျက် ရဟု ဖါရောမင်းအား လျှောက်လေ၏။
et paretur futurae septem annorum fami quae pressura est Aegyptum et non consumetur terra inopia
37 ၃၇ ထိုသို့ ယောသပ်လျှောက်သောစကား ကို ဖါရော မင်းအစရှိသော ကျွန် တော်မျိုးအပေါင်း တို့သည် နှစ်သက် ကြ၍၊
placuit Pharaoni consilium et cunctis ministris eius
38 ၃၈ ဖါရော မင်းက ၊ ဘုရားသခင် ၏ ဝိညာဉ် တော်ကို ရ၍ ဤ ကဲ့သို့ သောသူ ကို အဘယ်မှာ ရှာ ၍ တွေ့မည်နည်း ဟု ကျွန် တော်မျိုးတို့အား မိန့် တော်မူ၏။
locutusque est ad eos num invenire poterimus talem virum qui spiritu Dei plenus sit
39 ၃၉ ယောသပ် အား လည်း ၊ ဘုရားသခင် သည် ဤအမှု အလုံးစုံ တို့ကို သင့် အား ပြု တော်မူသည်ဖြစ်၍သင် ကဲ့သို့ ဉာဏ် ပညာနှင့် ပြည့်စုံ သောသူ မရှိ။
dixit ergo ad Ioseph quia ostendit Deus tibi omnia quae locutus es numquid sapientiorem et similem tui invenire potero
40 ၄၀ သင် သည် နန်းတော် အုပ် ဖြစ် ရမည်။ သင် ၏ စကား အတိုင်း ငါ ၏ပြည်သား အပေါင်း တို့ကို ငါစီရင် စေမည်။ ရာဇ ပလ္လင်အားဖြင့်သာ ငါသည် သင့် ထက် ကြီးမြတ် မည်ဟု မိန့်တော်မူ၏။
tu eris super domum meam et ad tui oris imperium cunctus populus oboediet uno tantum regni solio te praecedam
41 ၄၁ တဖန် ကြည့် ပါ၊ အဲဂုတ္တု ပြည် တပြည်လုံး ကို သင် အုပ်စိုး စေခြင်းငှါ ငါခန့် ထားပြီဟု ယောသပ် အား မိန့် တော်မူလျက်၊
dicens quoque rursum Pharao ad Ioseph ecce constitui te super universam terram Aegypti
42 ၄၂ လက်စွပ် တော်ကိုချွတ် ၍ ယောသပ် လက် ၌ စွပ် စေတော်မူ၏။ ပိတ်ချော အဝတ် ကိုလည်း ဝတ် စေ၍ ၊ လည်ပင်း ၌ ရွှေ စလွယ် ကိုဆွဲ ပြီးလျှင်၊
tulit anulum de manu sua et dedit in manu eius vestivitque eum stola byssina et collo torquem auream circumposuit
43 ၄၃ ဒုတိယ ရထား တော်ကို စီး စေတော်မူ၏။ ပြပ်ဝပ် ၍ နေကြဟု သူ့ ရှေ့ မှာ ဟစ် ကြ၏။ ထိုသို့လျှင် အဲဂုတ္တု ပြည် တပြည်လုံး ကို အုပ်စိုး စေတော်မူ၏။
fecitque ascendere super currum suum secundum clamante praecone ut omnes coram eo genuflecterent et praepositum esse scirent universae terrae Aegypti
44 ၄၄ ဖါရော မင်းကလည်း၊ ငါ သည် ဖါရော ဘုရင် မှန်၏။ သို့ဖြစ်၍ သင် ၏အခွင့် မရှိလျှင် အဲဂုတ္တု ပြည် တရှောက်လုံး တွင် အဘယ်သူမျှမိမိ လက် ခြေ ကိုမ ကြွ ရဟု မိန့် တော်မူ၏။
dixit quoque rex ad Ioseph ego sum Pharao absque tuo imperio non movebit quisquam manum aut pedem in omni terra Aegypti
45 ၄၅ ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏ တည်း ဟူသောဘွဲ့ နာမနှင့်ယောသပ် ကို ချီးမြှောက် ၍ ဩန မြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရ ၏သမီး အာသနတ် နှင့် စုံဘက် စေတော်မူ၏။ ထိုသို့ယောသပ် သည် အဲဂုတ္တု နိုင်ငံ အုပ်အရာနှင့် အထံ တော်ကထွက် လေ၏။
vertitque nomen illius et vocavit eum lingua aegyptiaca Salvatorem mundi dedit quoque illi uxorem Aseneth filiam Putiphare sacerdotis Heliopoleos egressus itaque Ioseph ad terram Aegypti
46 ၄၆ ယောသပ် သည် အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်း ထံ ၌ အခွင့် ရသောအခါ ၊ အသက် အနှစ်သုံးဆယ် ရှိသတည်း။ အထံတော်ကထွက် ၍ အဲဂုတ္တု ပြည် တရှောက်လုံး သို့ သွား လေ၏။
triginta autem erat annorum quando stetit in conspectu regis Pharaonis circuivit omnes regiones Aegypti
47 ၄၇ ဝပြော နှစ် ခုနစ် နှစ်ပတ်လုံးမြေ အသီးအနှံတို့ သည် အလွန် များပြားကြ၏။
venitque fertilitas septem annorum et in manipulos redactae segetes congregatae sunt in horrea Aegypti
48 ၄၈ ခုနစ်နှစ်ပတ်လုံးအဲဂုတ္တု ပြည် တွင် ရှိသမျှ သော ရိက္ခါ ကိုစုရုံး ၍ မြို့ တို့၌ သို ထားလေ၏။ မြို့ ပတ်ဝန်းကျင် လယ်တို့၌ရသောရိက္ခါကိုမြို့အသီးအသီးတို့တွင် သိုထား လေ၏။
omnis etiam frugum abundantia in singulis urbibus condita est
49 ၄၉ စပါး ကိုကား သမုဒ္ဒရာ သဲ လုံးနှင့်အမျှ အလွန် များ စွာစု ထား၍ မ ရေတွက် နိုင်အောင် များသောကြောင့် မ ရေတွက် ဘဲနေသတည်း။
tantaque fuit multitudo tritici ut harenae maris coaequaretur et copia mensuram excederet
50 ၅၀ အစာခေါင်းပါး သောနှစ် မ ရောက် မှီ၊ ယောသပ် သည် ဩန မြို့၏ယဇ် ပုရောဟိတ်ပေါတိဖေရ ၏သမီး အာသနတ် တွင် သား နှစ် ယောက်တို့ကို မြင် ရ၏။
nati sunt autem Ioseph filii duo antequam veniret fames quos ei peperit Aseneth filia Putiphare sacerdotis Heliopoleos
51 ၅၁ သား ဦးကိုကား မနာရှေ အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ငါ ခံရသမျှ သော ပင်ပန်း ခြင်းနှင့် ငါ့ အဘ ၏ အိမ်သား အပေါင်း တို့ကို ငါ မေ့ စေခြင်းငှါ ဘုရားသခင် ပြုတော်မူပြီဟု ဆိုသတည်း။
vocavitque nomen primogeniti Manasse dicens oblivisci me fecit Deus omnium laborum meorum et domum patris mei
52 ၅၂ နောက် ရသောသားကိုကား၊ ဧဖရိမ် အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ဘုရားသခင် သည် ငါ ဆင်းရဲ ခံရသောပြည် ၌ ငါ့ ကိုပွါး များ စေတော်မူပြီဟု ဆိုသတည်း။
nomen quoque secundi appellavit Ephraim dicens crescere me fecit Deus in terra paupertatis meae
53 ၅၃ ထိုနောက် အဲဂုတ္တု ပြည် ၌ ဝပြော သောနှစ် ခုနစ် နှစ် ကုန် လေ၏။
igitur transactis septem annis ubertatis qui fuerant in Aegypto
54 ၅၄ ယောသပ် ပြော သည်အတိုင်း အစာခေါင်းပါး သော နှစ် တို့သည် ရောက် စ ရှိ၏။ ထိုအခါ ခပ်သိမ်း သော ပြည် တို့၌ အစာခေါင်းပါး ခြင်းရှိ သော်လည်း အဲဂုတ္တု ပြည် ၌ ဆန် စပါးရှိ သေး၏။
coeperunt venire septem anni inopiae quos praedixerat Ioseph et in universo orbe fames praevaluit in cuncta autem terra Aegypti erat panis
55 ၅၅ နောက်တဖန် အဲဂုတ္တု ပြည် သူပြည်သားအပေါင်း တို့သည် မွတ်သိပ် သောအခါ စား စရာကိုရပါ မည်အကြောင်း ဖါရော မင်းထံ ၌ ကြွေးကြော် ကြ၏။ ဖါရော မင်းကလည်း ၊ ယောသပ် ထံ သို့သွား ကြ၊ သူစီရင် သည်အတိုင်း ပြု ကြဟု အဲဂုတ္တု ပြည်သူ ပြည်သားအပေါင်း တို့ကို မိန့် တော်မူ၏။
qua esuriente clamavit populus ad Pharaonem alimenta petens quibus ille respondit ite ad Ioseph et quicquid vobis dixerit facite
56 ၅၆ မြေပြင် တရှောက်လုံး ၌ အစာခေါင်းပါး သောအခါ ၊ ယောသပ် သည် စပါးကျီရှိသမျှ တို့ကို ဖွင့် ၍ အဲဂုတ္တု လူတို့အား ရောင်း လေ၏။ ထိုအခါ အဲဂုတ္တု ပြည် ၌ အစဉ်အတိုင်း အစာခေါင်းပါး သတည်း။
crescebat autem cotidie fames in omni terra aperuitque Ioseph universa horrea et vendebat Aegyptiis nam et illos oppresserat fames
57 ၅၇ ခပ်သိမ်းသော ပြည် တို့၌ လည်း အလွန်အစာ ခေါင်းပါး သောကြောင့် ၊ အသီးသီး သောပြည် သားတို့သည် စပါးကိုဝယ် ခြင်းငှါ အဲဂုတ္တု ပြည် ယောသပ် ထံ သို့လာ ရောက်ကြ၏။
omnesque provinciae veniebant in Aegyptum ut emerent escas et malum inopiae temperarent

< ကမ္ဘာ​ဦး 41 >