< ကမ္ဘာ​ဦး 40 >

1 ထို နောက်မှအဲဂုတ္တု ရှင်ဘုရင် ထံ ဖလား တော် ဝန်နှင့် စား တော်ဝန်တို့သည် မိမိ တို့အရှင် အဲဂုတ္တု ရှင်ဘုရင် ကို ပြစ်မှား ကြ၏။
ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော် ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင် အဲဂုတ္တု ရှင်ဘုရင်ကို ပြစ်မှားကြ၏။
2 ဖါရော ဘုရင်သည် ထို အမတ် နှစ် ယောက်တည်းဟူသောဖလား တော်ဝန်နှင့် စား တော်ဝန်တို့ကို အမျက်ထွက် ၍၊
ဖါရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်း ဟူသော ဖလားတော်ဝန်နှင့်စားတော်ဝန်တို့ကို အမျက် ထွက်၍၊
3 ယောသပ် အချုပ် ခံရာ ထောင် တည်းဟူသော ကိုယ်ရံတော် မှူး၏အိမ် ၌ ချုပ် ထားတော်မူ၏။
ယောသပ်အချုပ်ခံရာ ထောင်တည်းဟူသော ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏။
4 ကိုယ်ရံတော် မှူးသည် သူ တို့ကို ယောသပ် ၌ အပ်၍၊ ယောသပ်သည် ပြု စုရ၏။ သူတို့လည်း အင်တန် ကာလ အချုပ် ခံလျက် နေ ရကြ၏။
ကိုယ်ရံတော်မှူးသည် သူတို့ကို ယောသပ်၌ အပ်၍၊ ယောသပ်သည် ပြုစုရ၏။သူတို့လည်း အင်တန် ကာလ အချုပ်ခံလျက် နေရကြ၏။
5 ထိုသို့ထောင် ထဲ မှာ အချုပ် ခံလျက်နေရသော အဲဂုတ္တု ရှင် ဘုရင်၏ ဖလား တော်ဝန်နှင့် စား တော်ဝန် နှစ် ယောက်တို့သည်၊ အသီးအသီး မိမိ တို့ ကိုယ်စီဆိုင်သော အနက် နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့် ခြင်း တွင် တယောက်တနည်းစီ မြင် မက်ကြ၏။
ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန် နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်ကို တညဉ့်ခြင်းတွင် တယောက်တနည်းစီ မြင်မက်ကြ၏။
6 နံနက် အချိန်ရောက် မှ ယောသပ် သည် သူ တို့ ထံ သို့ဝင် ၍ ကြည့်ရှု သောအခါ ၊ သူ တို့မျက်နှာ ညှိုးငယ်လျက် ရှိသည်ကိုမြင် လျှင်၊
နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ ထံသို့ဝင်၍ ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက် ရှိသည်ကိုမြင်လျှင်၊
7 သင် တို့သည် ယနေ့ အဘယ်ကြောင့် မျက်နှာ ညှိုးငယ် သနည်းဟု မိမိ သခင် အိမ် ၌ မိမိ နှင့်အတူ အချုပ် ခံ နေရသော ဖါရော မင်း၏ အမတ် တို့အား မေး ၏။
သင်တို့သည် ယနေ့အဘယ်ကြောင့် မျက်နှာ ညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူ အချုပ်ခံ နေရသော ဖါရောမင်း၏ အမတ်တို့အား မေး၏။
8 သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင် ဆိုင်တော်မူသည် မ ဟုတ်လော။ သို့ဖြစ်၍သင်တို့အိပ်မက်ကို ကျွန်ုပ် အား ကြား ပြောကြပါဟုဆို ၏။
သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို၏။
9 ထိုအခါ ဖလား တော်ဝန်သည် မိမိ အိပ်မက် ကို ယောသပ် အား ကြား ပြောသည်ကား၊ ငါ မြင်မက်သော အိပ်မက် တွင် ၊ ငါ့ ရှေ့ မှာ စပျစ် နွယ်ပင် ရှိ၏။
ထိုအခါ ဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သော အိပ်မက်တွင်၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင် ရှိ၏။
10 ၁၀ ထိုစပျစ် နွယ်ပင်၌ အလက် သုံး လက်ရှိ၏။ ထိုအလက်တို့၌ ပန်း ငုံကဲ့သို့ရှိ၏။ အပွင့် လည်း ပွင့်၏။ အသီး ပြွတ် တို့လည်း မှည့် သောစပျစ် သီး ဖြစ်လေ၏။
၁၀ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်း ပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီး ဖြစ်လေ၏။
11 ၁၁ ဖါရော မင်း၏ ဖလား တော်ကို ငါ ကိုင် လျက် ၊ ထိုစပျစ် သီးကိုယူ ၍ ဖလား တော်၌ ညှစ် ပြီးမှ လက် တော် တွင် ဆက်သည်ဟုပြောဆို၏။
၁၁ဖါရောမင်း၏ ဖလားတော်ကို ငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော် တွင် ဆက်သည်ဟုပြောဆို၏။
12 ၁၂ ယောသပ် ကလည်း သင် ၏အိပ်မက် အနက် ဟူမူကား ၊ စပျစ်နွယ်သုံး လက် တို့သည် သုံး ရက် ဖြစ်၏။
၁၂ယောသပ်ကလည်း သင်၏အိပ်မက်အနက် ဟူမူကား၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ်၏။
13 ၁၃ သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ချီးမြှောက် ၍ သင် ၏အရာ ကို ပြန် ပေးတော်မူသဖြင့် ၊ သင်သည်အထက် က ဖလား တော်ဝန်ဖြစ် ၍ပြုဘူးသည် နည်းတူ ၊ တဖန်ဖလား တော်ကို ဖါရော မင်း၏လက် တွင် ဆက်မြဲ ဆက် ရလိမ့်မည်။
၁၃သုံးရက်လွန်မှဖါရောမင်းသည် သင်၏ဦးခေါင်း ကို ချီးမြှောက်၍ သင်၏အရာကိုပြန်ပေးတော်မူသဖြင့်၊ သင်သည်အထက်က ဖလားတော်ဝန်ဖြစ်၍ ပြုဘူးသည် နည်းတူ၊ တဖန်ဖလားတော်ကို ဖါရောမင်း၏လက်တွင် ဆက်မြဲ ဆက်ရလိမ့်မည်။
14 ၁၄ သင်သည် ချမ်းသာရသောအခါ ကျွန်ုပ် ကို အောက်မေ့ ၍ ကျေးဇူး ပြုပါလော့။ ဖါရော ဘုရင်ကိုလျှောက်၍ ကျွန်ုပ် ကို ဤ အိမ် မှ နှုတ် ယူပါ။
၁၄သင်သည် ချမ်းသာရသောအခါ ကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖါရောဘုရင်က တိုလျှောက်၍ ကျွန်ုပ်ကို ဤအိမ်မှနှုတ်ယူပါ။
15 ၁၅ အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲ ပြည် မှ ခိုး ယူခဲ့ ကြ၏။ ဤ ပြည်မှာလည်း ကျွန်ုပ် ၌ အပြစ် မ ရှိဘဲ ထောင်ထဲမှာ လှောင် ထားကြသည်ဟုဆို၏။
၁၅အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှ ခိုးယူ ခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌ အပြစ်မရှိဘဲ ထောင်ထဲမှာ လှောင်ထားကြသည်ဟုဆို၏။
16 ၁၆ ထိုအိပ်မက်အနက် ကောင်း သည်ကို စား တော် ဝန် သိ မြင်လျှင် ၊ ငါ သည်လည်း ဖြူသောတောင်း သုံး လုံးကို ကိုယ်တိုင် ရွက် နေသည်ကို မြင် မက်၏။
၁၆ထိုအိပ်မက်အနက် ကောင်းသည်ကို စားတော် ဝန် သိမြင်လျှင်၊ ငါသည်လည်း ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကို မြင်မက်၏။
17 ၁၇ အပေါ် တောင်း တွင် ဖါရော မင်းစားတော်ခေါ် ဘို့ ချက် ပြီးသော ခဲဘွယ် စားဘွယ်အမျိုးမျိုး ရှိ၍၊ ငှက် တို့သည်လည်း ငါ ရွက် သော တောင်း ထဲ ကနှုတ်၍ စား ကြသည်ဟု ယောသပ် အား ပြောဆို ၏။
၁၇အပေါ်တောင်းတွင် ဖါရောမင်းစားတော်ခေါ် ဘို့ ချက်ပြီးသော ခဲဘွယ်စားဘွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သော တောင်းထဲကနှုတ်၍ စားကြသည်ဟု ယောသပ်အား ပြောဆို၏။
18 ၁၈ ယောသပ် ကလည်း ၊ သင်၏အိပ်မက်အနက် ဟူမူကား ၊ တောင်း သုံး လုံးသည် သုံး ရက် ဖြစ်၏။
၁၈ယောသပ်ကလည်း၊ သင်၏အိပ်မက် အနက်ဟူ မူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။
19 ၁၉ သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင် ၌ ဆွဲ ထားတော်မူ၍၊ ငှက် တို့သည် သင် ၏အသား ကို နှုတ်၍စား ကြလိမ့်မည်ဟု ပြန်ပြော ၏။
၁၉သုံးရက်လွန်မှ ဖါရောမင်းသည် သင်၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကို နှုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။
20 ၂၀ ထိုနောက် သုံး ရက် လွန်သောအခါ၊ ဖါရော မင်း ဘွား သောနေ့ရက် ၌ နှစ်စဉ်ပွဲ ကိုခံ ၍ ကျွန်တော် မျိုး အပေါင်း တို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလား တော်ဝန် ၏ဦးခေါင်း နှင့် စား တော်ဝန်၏ဦးခေါင်း ကို ကျွန်တော် မျိုး တို့တွင် ဖေါ် တော်မူ၍၊
၂၀ထိုနောက် သုံးရက်လွန်သောအခါ၊ ဖါရောမင်း ဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုး အပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန် ၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုး တို့တွင် ဖေါ်တော်မူ၍၊
21 ၂၁ အိပ်မက် အနက်ကို ယောသပ် ဘတ် သည် အတိုင်း ၊ ဖလား တော်ဝန်ကို အထက် အရာ၌ တဖန် ခန့်ထား တော်မူသဖြင့် ၊ သူ သည်ဖလား တော်ကို ဖါရော မင်း၏လက် တွင် ဆက် မြဲဆက်ရ၏။
၂၁အိပ်မက်အနက်ကို ယောသပ်ဘတ်သည် အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တဖန် ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖါရော မင်း၏လက်တွင် ဆက်မြဲဆက်ရ၏။
22 ၂၂ စား တော်ဝန်ကိုမူကား ၊ ဆွဲ ထားတော်မူ၏။
၂၂စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏။
23 ၂၃ သို့သော်လည်း ဖလား တော်ဝန်သည် ယောသပ် ကို မ အောက်မေ့ ဘဲ မေ့လျော့ ၍နေလေ၏။
၂၃သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ် ကို မအောက်မေ့ဘဲ မေ့လျော့၍နေလေ၏။

< ကမ္ဘာ​ဦး 40 >