< ကမ္ဘာဦး 40 >
1 ၁ ထို နောက်မှအဲဂုတ္တု ရှင်ဘုရင် ထံ ဖလား တော် ဝန်နှင့် စား တော်ဝန်တို့သည် မိမိ တို့အရှင် အဲဂုတ္တု ရှင်ဘုရင် ကို ပြစ်မှား ကြ၏။
And it came to pass after these things, that the butler of the king of Egypt, and the baker, had sinned against their lord the king of Egypt.
2 ၂ ဖါရော ဘုရင်သည် ထို အမတ် နှစ် ယောက်တည်းဟူသောဖလား တော်ဝန်နှင့် စား တော်ဝန်တို့ကို အမျက်ထွက် ၍၊
Then fell the wroth of Pharaoh upon his two courtiers, upon the chief of the butlers, and upon the chief of the bakers;
3 ၃ ယောသပ် အချုပ် ခံရာ ထောင် တည်းဟူသော ကိုယ်ရံတော် မှူး၏အိမ် ၌ ချုပ် ထားတော်မူ၏။
so he delivered them up into the ward of the house of the chief of the royal executioners, into the prison, —the place where Joseph was imprisoned.
4 ၄ ကိုယ်ရံတော် မှူးသည် သူ တို့ကို ယောသပ် ၌ အပ်၍၊ ယောသပ်သည် ပြု စုရ၏။ သူတို့လည်း အင်တန် ကာလ အချုပ် ခံလျက် နေ ရကြ၏။
And the chief of the royal executioners charged Joseph with them and he waited upon them, and they were some days in ward.
5 ၅ ထိုသို့ထောင် ထဲ မှာ အချုပ် ခံလျက်နေရသော အဲဂုတ္တု ရှင် ဘုရင်၏ ဖလား တော်ဝန်နှင့် စား တော်ဝန် နှစ် ယောက်တို့သည်၊ အသီးအသီး မိမိ တို့ ကိုယ်စီဆိုင်သော အနက် နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့် ခြင်း တွင် တယောက်တနည်းစီ မြင် မက်ကြ၏။
And they dreamed a dream they two, each man, his dream in one night, each man, according to the interpretation of his dream, —the butler and the baker who belonged to the king of Egypt, who were imprisoned in the prison.
6 ၆ နံနက် အချိန်ရောက် မှ ယောသပ် သည် သူ တို့ ထံ သို့ဝင် ၍ ကြည့်ရှု သောအခါ ၊ သူ တို့မျက်နှာ ညှိုးငယ်လျက် ရှိသည်ကိုမြင် လျှင်၊
And Joseph came in unto them in the morning, —and looked at them, and lo! they were sad.
7 ၇ သင် တို့သည် ယနေ့ အဘယ်ကြောင့် မျက်နှာ ညှိုးငယ် သနည်းဟု မိမိ သခင် အိမ် ၌ မိမိ နှင့်အတူ အချုပ် ခံ နေရသော ဖါရော မင်း၏ အမတ် တို့အား မေး ၏။
So he asked Pharaoh’s courtiers who were with him in the ward of his lord’s house, saying, Why are your faces troubled to-day!
8 ၈ သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင် ဆိုင်တော်မူသည် မ ဟုတ်လော။ သို့ဖြစ်၍သင်တို့အိပ်မက်ကို ကျွန်ုပ် အား ကြား ပြောကြပါဟုဆို ၏။
And they said unto him, A dream, have we dreamed, but there is none, to interpret, it. Then said Joseph unto them—Is it not unto God, that interpretations belong? Relate it. I pray you, to me.
9 ၉ ထိုအခါ ဖလား တော်ဝန်သည် မိမိ အိပ်မက် ကို ယောသပ် အား ကြား ပြောသည်ကား၊ ငါ မြင်မက်သော အိပ်မက် တွင် ၊ ငါ့ ရှေ့ မှာ စပျစ် နွယ်ပင် ရှိ၏။
And the chief of the butlers related his dream to Joseph, —and said to him, In my dream, then lo! a vine, before me;
10 ၁၀ ထိုစပျစ် နွယ်ပင်၌ အလက် သုံး လက်ရှိ၏။ ထိုအလက်တို့၌ ပန်း ငုံကဲ့သို့ရှိ၏။ အပွင့် လည်း ပွင့်၏။ အသီး ပြွတ် တို့လည်း မှည့် သောစပျစ် သီး ဖြစ်လေ၏။
and, in the vine, three shoots, —and the same at sprouting time, had shot up her blossom, and her clusters had brought to perfection ripe grapes.
11 ၁၁ ဖါရော မင်း၏ ဖလား တော်ကို ငါ ကိုင် လျက် ၊ ထိုစပျစ် သီးကိုယူ ၍ ဖလား တော်၌ ညှစ် ပြီးမှ လက် တော် တွင် ဆက်သည်ဟုပြောဆို၏။
Now, the cup of Pharaoh, being in my hand, I took the ripe grapes and pressed them out into the cup of Pharaoh, and set the cup upon Pharaoh’s palm.
12 ၁၂ ယောသပ် ကလည်း သင် ၏အိပ်မက် အနက် ဟူမူကား ၊ စပျစ်နွယ်သုံး လက် တို့သည် သုံး ရက် ဖြစ်၏။
And Joseph said to him, This, is the interpretation thereof, —The three shoots are three days:
13 ၁၃ သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ချီးမြှောက် ၍ သင် ၏အရာ ကို ပြန် ပေးတော်မူသဖြင့် ၊ သင်သည်အထက် က ဖလား တော်ဝန်ဖြစ် ၍ပြုဘူးသည် နည်းတူ ၊ တဖန်ဖလား တော်ကို ဖါရော မင်း၏လက် တွင် ဆက်မြဲ ဆက် ရလိမ့်မည်။
In three days more, will Pharaoh lift up thy head, and restore thee to thine office, and thou shalt set the cup of Pharaoh in his hand, according to the former custom when thou wast his butler.
14 ၁၄ သင်သည် ချမ်းသာရသောအခါ ကျွန်ုပ် ကို အောက်မေ့ ၍ ကျေးဇူး ပြုပါလော့။ ဖါရော ဘုရင်ကိုလျှောက်၍ ကျွန်ုပ် ကို ဤ အိမ် မှ နှုတ် ယူပါ။
But if thou remember how I was with thee when it shall go well with thee, then wilt thou I pray thee do me a lovingkindness, —and make mention of me unto Pharaoh, and bring me forth out of this house;
15 ၁၅ အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲ ပြည် မှ ခိုး ယူခဲ့ ကြ၏။ ဤ ပြည်မှာလည်း ကျွန်ုပ် ၌ အပြစ် မ ရှိဘဲ ထောင်ထဲမှာ လှောင် ထားကြသည်ဟုဆို၏။
For I was, stolen, out of the land of the Hebrews, —and, even here, had I done nothing, that they should have put me in the dungeon,
16 ၁၆ ထိုအိပ်မက်အနက် ကောင်း သည်ကို စား တော် ဝန် သိ မြင်လျှင် ၊ ငါ သည်လည်း ဖြူသောတောင်း သုံး လုံးကို ကိုယ်တိုင် ရွက် နေသည်ကို မြင် မက်၏။
Then the chief of the bakers, seeing that he had well interpreted, said unto Joseph, I, too, was in my dream, when lo! three wicker baskets of fine bread were on my head;
17 ၁၇ အပေါ် တောင်း တွင် ဖါရော မင်းစားတော်ခေါ် ဘို့ ချက် ပြီးသော ခဲဘွယ် စားဘွယ်အမျိုးမျိုး ရှိ၍၊ ငှက် တို့သည်လည်း ငါ ရွက် သော တောင်း ထဲ ကနှုတ်၍ စား ကြသည်ဟု ယောသပ် အား ပြောဆို ၏။
and, in the uppermost basket, was some of every kind of food for Pharaoh that a baker could make, —but, the birds, kept eating them out of the basket from off my head.
18 ၁၈ ယောသပ် ကလည်း ၊ သင်၏အိပ်မက်အနက် ဟူမူကား ၊ တောင်း သုံး လုံးသည် သုံး ရက် ဖြစ်၏။
And Joseph responded and said, This, is the interpretation thereof, The three baskets, are, three days:
19 ၁၉ သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင် ၌ ဆွဲ ထားတော်မူ၍၊ ငှက် တို့သည် သင် ၏အသား ကို နှုတ်၍စား ကြလိမ့်မည်ဟု ပြန်ပြော ၏။
In three days more, will Pharaoh lift up thy head from off thee, and hang thee upon a tree, and the birds shall eat thy flesh from off thee.
20 ၂၀ ထိုနောက် သုံး ရက် လွန်သောအခါ၊ ဖါရော မင်း ဘွား သောနေ့ရက် ၌ နှစ်စဉ်ပွဲ ကိုခံ ၍ ကျွန်တော် မျိုး အပေါင်း တို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလား တော်ဝန် ၏ဦးခေါင်း နှင့် စား တော်ဝန်၏ဦးခေါင်း ကို ကျွန်တော် မျိုး တို့တွင် ဖေါ် တော်မူ၍၊
And it came to pass on the third day the birthday of Pharaoh, that he made a banquet for all his servants, and uplifted the head of the chief of the butlers and the head of the chief of the bakers in the midst of his servants;
21 ၂၁ အိပ်မက် အနက်ကို ယောသပ် ဘတ် သည် အတိုင်း ၊ ဖလား တော်ဝန်ကို အထက် အရာ၌ တဖန် ခန့်ထား တော်မူသဖြင့် ၊ သူ သည်ဖလား တော်ကို ဖါရော မင်း၏လက် တွင် ဆက် မြဲဆက်ရ၏။
and restored the chief of the butlers to his butlership, so that he set the cup upon the palm of Pharaoh;
22 ၂၂ စား တော်ဝန်ကိုမူကား ၊ ဆွဲ ထားတော်မူ၏။
but, the chief of the bakers, he hanged, —as, Joseph, had interpreted unto them.
23 ၂၃ သို့သော်လည်း ဖလား တော်ဝန်သည် ယောသပ် ကို မ အောက်မေ့ ဘဲ မေ့လျော့ ၍နေလေ၏။
Yet the chief of the butlers made no mention of Joseph but did forget him.