< ကမ္ဘာဦး 4 >
1 ၁ ထိုနောက်၊ လူ အာဒံသည် မယား ဧဝ နှင့်ဆက်ဆံ သဖြင့် ၊ ဧဝသည် ပဋိသန္ဓေ စွဲယူ၍ ၊ ကာဣန ကို ဘွားမြင် လျှင် ၊ ထာဝရ ဘုရား၏ လူ ကို ငါရ ပြီဟုဆို လေ၏။
Or Adam connut Eve sa femme, laquelle conçut, et enfanta Caïn; et elle dit: J'ai acquis un homme de par l'Eternel.
2 ၂ တဖန် သူ့ ညီ အာဗေလ ကို ဘွားမြင် လေ၏။ အာဗေလ ကား သိုး ထိန်း ဖြစ် ၏။ ကာဣန ကားလယ် လုပ် သောသူဖြစ် ၏။
Elle enfanta encore Abel son frère; et Abel fut berger, et Caïn laboureur.
3 ၃ အချိန် စေ့ သောအခါ ၊ ကာဣန သည် ထာဝရဘုရား ထံ ပူဇော်သက္ကာ ဘို့၊ မြေ အသီး ကို ဆောင် ခဲ့၏။
Or il arriva, au bout de quelque temps, que Caïn offrit à l'Eternel une oblation des fruits de la terre;
4 ၄ အာဗေလ သည်လည်း မိမိ သိုး စုတွင် အဦး ဘွားသော သားအချို့နှင့်၊ သိုး ဆီ ဥကိုဆောင် ခဲ့၏။ ထာဝရဘုရား သည် အာဗေလ နှင့် သူ ၏ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မူ၏။
Et qu'Abel aussi offrit des premiers-nés de son troupeau, et de leur graisse; et l'Eternel eut égard à Abel, et à son oblation.
5 ၅ ကာဣန နှင့် သူ ၏ ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မ မူ၊ ထိုကြောင့် ကာဣန သည် အလွန် စိတ်ဆိုး ၍ မျက်နှာ ပျက် လေ၏။
Mais il n'eut point d'égard à Caïn, ni à son oblation; et Caïn fut fort irrité, et son visage fut abattu.
6 ၆ ထာဝရဘုရား ကလည်း သင် သည် အဘယ်ကြောင့် စိတ်ဆိုး သနည်း။ အဘယ်ကြောင့် မျက်နှာ ပျက် သနည်း။
Et l'Eternel dit à Caïn: Pourquoi es-tu irrité? et pourquoi ton visage est-il abattu?
7 ၇ သင်သည် ကောင်းမွန် စွာ ပြုလုပ်အခွင့် မ ရလော။ ကောင်းမွန် စွာ မ ပြုလျှင် ၊ အပြစ် ဖြေသော ယဇ်ကောင် သည်တံခါး နား မှာ ဝပ် လျက်ရှိ၏။ သူ သည် သင် ၏ အလို သို့လိုက်၍၊ သင် သည် သူ့ ကို အုပ်စိုး ရ၏ဟု ကာဣန ကို မိန့် တော်မူ၏။
Si tu fais bien, ne sera-t-il pas reçu? mais si tu ne fais pas bien, le péché est à la porte; or ses désirs se [rapportent] à toi, et tu as Seigneurie sur lui.
8 ၈ ကာဣန ကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီ အာဗေလ ကို ခေါ် ၍ ၊ လယ် သို့ ရောက်သောအခါ၊ ညီ အာဗေလ ကိုရန် ဘက်ပြု၍ သတ် လေ၏။
Or Caïn parla avec Abel son frère, et comme ils étaient aux champs, Caïn s'éleva contre Abel son frère, et le tua.
9 ၉ ထာဝရဘုရား ကလည်း သင့် ညီ အာဗေလ သည် အဘယ်မှာ ရှိသနည်းဟု ကာဣန ကို မေး တော်မူလျှင် အကျွန်ုပ်မ သိ ပါ။ အကျွန်ုပ် သည် ညီ ကို စောင့် ရသောသူ ဖြစ် ပါသလောဟု လျှောက် ဆို၏။
Et l'Eternel dit à Caïn: Où est Abel ton frère? Et il lui répondit: Je ne sais, suis-je le gardien de mon frère, moi?
10 ၁၀ ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်း။ သင် ညီ အသွေး ၏အသံ သည် မြေ ထဲက ငါ့ ကို အော်ဟစ် လျက်ရှိသည်တကား။
Et Dieu dit: Qu'as-tu fait? La voix du sang de ton frère crie de la terre à moi.
11 ၁၁ သို့ဖြစ်၍ သင့် ညီ ၏ အသွေး ကိုခံယူ ခြင်းငှါ ၊ မိမိ ပစပ် ကိုဖွင့် သော မြေကြီး ၏ ကျိန် ခြင်းကို သင် သည် ခံရသောကြောင့်၊
Maintenant donc tu [seras] maudit, [même] de la part de la terre, qui a ouvert sa bouche pour recevoir de ta main le sang de ton frère.
12 ၁၂ ယခုမှစ၍မြေ ၌လုပ် သောအခါ ပကတိ အတိုင်း အသီးအနှံ ကို မ ရရ။ မြေကြီး ပေါ် မှ ပြေးရသောသူ၊ အရပ်ရပ်လည် ရသောသူဖြစ် ရလိမ့်မည်ဟု မိန့် တော်မူ၏။
Quand tu laboureras la terre, elle ne te rendra plus son fruit, et tu seras vagabond et fugitif sur la terre.
13 ၁၃ ကာဣန ကလည်း အကျွန်ုပ် အပြစ် သည် မဖြေ နိုင်အောင် ကြီး ပါသလော။
Et Caïn dit à l'Eternel: Ma peine est plus grande que je ne puis porter.
14 ၁၄ အကျွန်ုပ် ကို မြေကြီး ပြင် မှယနေ့ နှင်ထုတ် တော်မူပြီ၊ မျက်နှာ တော်ကိုလည်း မမြင် ရ။ မြေကြီး ပေါ် မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ် ပါရမည်။ တွေ့ သမျှ သောသူတို့ သည် အကျွန်ုပ် ကိုသတ် ပါလိမ့်မည် ဟု ထာဝရဘုရား ကို လျှောက် ဆို၏။
Voici, tu m'as chassé aujourd'hui de cette terre-ci, et je serai caché de devant ta face, et serai vagabond et fugitif sur la terre, et il arrivera que quiconque me trouvera, me tuera.
15 ၁၅ ထာဝရဘုရား ကလည်း သို့ဖြစ်၍ ကာဣန ကို သတ် သောသူမည်သည်ကား၊ ခုနစ် ဆသောအပြစ် ဒဏ်ကိုခံ ရလိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊ ကာဣန ကိုတွေ့ သောသူ တစုံတယောက် မျှ မ သတ် စေခြင်းငှါ၊ ထာဝရဘုရား သည် သူ ၌ အမှတ် ပေး တော်မူ၏။
Et l'Eternel lui dit: C'est pourquoi quiconque tuera Caïn sera puni sept fois davantage. Ainsi l'Eternel mit une marque sur Caïn, afin que quiconque le trouverait, ne le tuât point.
16 ၁၆ ကာဣန သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ၊ ဧဒင် ပြည် အရှေ့ ၊ နောဒ ပြည် တွင် နေ လေ၏။
Alors Caïn sortit de devant la face de l'Eternel, et habita au pays de Nod, vers l'Orient d'Héden.
17 ၁၇ ထိုအခါ ကာဣန သည် မိမိ မယား နှင့် ဆက်ဆံ သဖြင့်၊ သူ သည် ပဋိသန္ဓေစွဲယူ၍ ၊ သားဧနောက် ကို ဘွားမြင် လေ၏။ ကာဣန သည်လည်း မြို့ ကိုတည် ၍ မိမိ သား ၏ အမည် အလိုက် ၊ ထိုမြို့ ကို ဧနောက် မြို့ဟု သမုတ် လေ၏။
Puis Caïn connut sa femme, qui conçut et enfanta Hénoc; et il bâtit une ville, et appela la ville Hénoc, du nom de son fils.
18 ၁၈ ဧနောက် သားကား၊ ဣရဒ် ၊ ဣရဒ် သားကား၊ မဟုယေလ ၊ မဟုယေလ သားကား၊ မသုရှလ ၊ မသုရှလ သားကား၊ လာမက် တည်း။
Puis Hirad naquit à Hénoc, et Hirad engendra Méhujaël, et Méhujaël engendra Méthusaël, et Méthusaël engendra Lémec.
19 ၁၉ လာမက် သည်၊ အာဒ နှင့် ဇိလ အမည် ရှိသောမိန်းမ နှစ် ယောက်နှင့် အိမ်ထောင် ဘက်ပြု၍၊
Et Lémec prit deux femmes; le nom de l'une était Hada, et le nom de l'autre, Tsilla.
20 ၂၀ အာဒံ သည် သားယာဗလ ကိုဘွား မြင်လေ၏။ ထိုသားကား၊ တဲ ၌နေ သောသူ ၊ သိုး နွားစသည်တို့ကို မွေးသောသူတို့ ၏ အဘ ဆရာ ဖြစ် လေသတည်း။
Et Hada enfanta Jabal, qui fut père de ceux qui demeurent dans les tentes, et des pasteurs.
21 ၂၁ ယုဗလ အမည် ရှိသောညီ မူကား၊ စောင်း မျိုး၊ နှဲခရာ မျိုးတို့ကို တီးမှုတ် တတ်သောသူ အပေါင်း တို့၏ အဘ ဆရာဖြစ် လေသတည်း။
Et le nom de son frère fut Jubal, qui fut père de tous ceux qui touchent le violon et les orgues.
22 ၂၂ ဇိလ သည်လည်း ၊ သားတုဗလကာဣန ကို ဘွားမြင် လေ၏။ သူသည် ပန်းတဉ်း သမား၊ ပန်းပဲ သမား အပေါင်း တို့၏ဆရာ ဖြစ်လေ၏။ တုဗလကာဣန ၏နှမ ကား၊ နေမ အမည်ရှိ၏။
Et Tsilla aussi enfanta Tubal-Caïn, qui fut forgeur de toute sorte d'instruments d'airain et de fer; et la sœur de Tubal-Caïn fut Nahama.
23 ၂၃ လာမက် ကလည်း အာဒံ နှင့် ဇိလ ၊ ငါ ပြော သံကို မှတ် ကြလော့။ လာမက် မယား တို့၊ ငါ့ စကား ကို နားထောင် ကြလော့။ ငါ့ ကိုထိခိုက် သော လူ တယောက်တည်းဟူသော ၊ ငါ့ ကိုညှဉ်းဆဲ သောလူပျို တယောက်ကို ငါသတ် ခဲ့ပြီ။
Et Lémec dit à Hada et à Tsilla ses femmes: Femmes de Lémec, entendez ma voix, écoutez ma parole; je tuerai un homme, moi étant blessé, même un jeune homme, moi étant meurtri.
24 ၂၄ ကာဣန သည် ခုနစ် ဆသောတရား ကိုရလျှင်၊ အကယ်၍ လာမက် သည်၊ အဆခုနှစ် ဆယ် ခုနစ် ဆသော တရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို၏။
Car [si] Caïn est vengé sept fois davantage, Lémec le sera soixante-dix sept fois.
25 ၂၅ အာဒံ သည်လည်း မိမိ မယား နှင့် တဖန် ဆက်ဆံ ပြန်လျှင်၊ မယားသည် သား ကို ဘွားမြင် ၍ ရှေသ ဟူသောအမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ၊ ကာဣန သတ် သော အာဗေလ ကိုယ်စား တပါး သောအနွယ် ကို အကျွန်ုပ် အဘို့ ဘုရား သခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။
Et Adam connut encore sa femme, qui enfanta un fils, et il appela son nom Seth, car Dieu m'a, [dit-il], donné un autre fils au lieu d'Abel, que Caïn a tué.
26 ၂၆ ရှေသ သည်လည်း သား ကိုရ ၍ ဧနုတ် ဟူသောအမည် ဖြင့် မှည့် လေ၏။ ထိုကာလ၌ ထာဝရဘုရား ၏ နာမတော် ကို အမှီပြု၍ ကိုးကွယ်စ ပြုကြလေ၏၊
Il naquit aussi un fils à Seth, et il l'appela Enos. Alors on commença d'appeler du nom de l'Eternel.