< ကမ္ဘာ​ဦး 38 >

1 ထို ကာလအခါ ယုဒ သည် ညီအစ်ကို နေရာမှ သွား ၍ ၊ ဟိရ အမည် ရှိသော၊ အဒုလံ အမျိုးသား ထံ သို့ဝင် လေ၏။
I taua wa ka maunu atu a Hura I roto i ona tuakana, a peka ana ki tetahi Aturami, ko Hira tona ingoa.
2 ထို အရပ်၌ ရှုအာ အမည် ရှိသော၊ ခါနာန် အမျိုးသား ၏သမီး ကို တွေ့ မြင်၍ ၊ အိမ်ထောင် ဘက် ပြုလျက်၊
A kitea ana e Hura i reira te tamahine a tetahi Kanaani, ko Huaha tona ingoa: na ka tango ia i a ia, a haere ana ki roto, ki a ia.
3 ထိုမိန်းမသည် ပဋိသန္ဓေ ယူ၍ သား ကို ဘွားမြင် ၏။ ထို သားကို ဧရ အမည် ဖြင့် မှည့် လေ၏။
Na ka hapu ia, a ka whanau he tama; a huaina iho tona ingoa ko Ere:
4 တဖန် ပဋိသန္ဓေ ယူပြန်၍ ဘွားမြင် သောသား ကို ဩနန် အမည် ဖြင့် မှည့် လေ၏။
Na ka hapu ano ia, a ka whanau he tama; a huaina iho tona ingoa ko Onana.
5 တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင် သောသား ကို ရှေလ အမည် ဖြင့် မှည့် လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ် မြို့မှာ ရှိ သတည်း။
A ka hapu ano ia, a ka whanau he tama; a huaina iho tona ingoa ko Heraha: i Ketipi hoki te tane i tona whanautanga.
6 ထိုနောက်မှ ယုဒ သည် မိမိ သားဦး ဧရ ကို တာမာ အမည် ရှိသောသတို့သမီး နှင့် စုံဘက် စေ၏။
Na ka tangohia e Hura he wahine ma Ere, ma tana matamua, ko tona ingoa ko Tamara.
7 ယုဒ ၏သားဦး ဧရ သည် ထာဝရဘုရား ရှေ့ ၌ ဆိုး သောသူဖြစ် ၍ ၊ သူ့ ကိုထာဝရဘုရား ကွပ်မျက် တော်မူ ၏။
He tangata kino a Ere matamua a Hura ki ta Ihowa titiro; a whakamatea ana ia e Ihowa.
8 ထိုအခါ ယုဒ သည် ဩနန် ကို ခေါ်ပြီးလျှင်၊ သင် ၏အစ်ကို မယား ထံသို့ ဝင် ၍ သူ နှင့် အိမ်ထောင် ဘက် ပြုသဖြင့်၊ အစ်ကို အမျိုး ကို ဆက်နွှယ် လော့ဟုဆို ၏။
Na ka mea a Hura ki a Onana, Haere ki roto, ki te wahine a tou tuakana, hei whakakapi mo te whawharua, kia whai uri ai tou tuakana.
9 ဩနန် သည် သားကိုရလျှင်မူကား၊ မိမိ သား မမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမ ပေး လိုဘဲ၊ အစ်ကို မယား ထံ သို့ဝင် သောအခါ ၊ သုတ်ရည်ကိုထုတ်၍ စွန့် လေ၏။
I mohio ano a Onana e kore e waiho te uri mona; a, i tona haerenga ki te wahine a tona tuakana, na ka tukua e ia kia heke atu ki te whenua, kei hoatu e ia he uri ki tona tuakana.
10 ၁၀ ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်၊ ဩနန် ကိုလည်း ကွပ်မျက် တော်မူ၏။
He kino hoki tana mahi ki ta Ihowa titiro: na ka whakamatea hoki ia.
11 ၁၁ သားငယ်ရှေလသည် အစ်ကို တို့သေသကဲ့သို့ သေ မည်ဟုယုဒ သည် စိုးရိမ် ၍ ၊ မိမိ ချွေးမ တာမာ ကို ခေါ်ပြီးလျင်၊ ငါ့ သား ရှေလ မ ကြီး မှီ သင်သည် သင့် အဘ အိမ် ၌ မုတ်ဆိုးမ ပြု၍ နေ ပါဟုဆိုသည်အတိုင်း၊ တာမာ သွား ၍ မိမိ အဘ ၏အိမ် ၌နေ လေ၏။
Katahi ka mea a Hura ki a Tamara, ki tana hunaonga, Me noho pouaru koe ki te whare o tou papa, kia kaumatua ra ano a Heraha, taku tama; i mea hoki ia, Kei mate ano hoki tenei, kei pera me ona tuakana. Na ka haere a Tamara, a noho ana i te whare o tona papa.
12 ၁၂ ကာလ အတန်ကြာ သော် ၊ ရှုအာ သမီး ဖြစ်သော ယုဒ မယား လည်း သေ လေ၏။ ယုဒ သည်နှစ်သိမ့် ပြီးမှ ၊ မိမိ သိုးမွေး ညှပ်သောသူတို့ရှိ ရာ တိမနတ် မြို့သို့ မိမိ အဆွေ အဒုလံ အမျိုး ဟိရ နှင့်အတူ သွား လေ၏။
A, ka maha nga ra, ka mate te tamahine a Huaha, te wahine a Hura; a ka marie a Hura, a ka haere raua ko tona hoa ko Hira Aturami ki runga ki Timinata, ki ana kaikutikuti hipi.
13 ၁၃ မိမိ ယောက္ခမ သည် သိုးမွေး ကိုညှပ် ခြင်းငှါ ၊ တိမနတ် မြို့သို့ သွား ကြောင်းကို၊ တာမာ ကြား လျှင်၊
A ka korerotia ki a Tamara, ka meatia, Ko tou hungawai tenei te haere ake nei ki Timinata, ki te kutikuti i ana hipi.
14 ၁၄ မုတ်ဆိုးမ အဝတ် ကို ချွတ် ၍ မျက်နှာဖုံး နှင့် မျက်နှာ ကိုဖုံး လျက် ၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ် မြို့ သို့ သွားသောလမ်း အနား ၊ ဧနိမ် မြို့တံခါး ဝ၌ ထိုင် နေလေ ၏။ အကြောင်း မူကား၊ ရှေလ ကြီးသော်လည်း ၊ မိမိ နှင့် အိမ်ထောင် ဘက်မ ပြု ရဟု သိမြင် သောကြောင့် တည်း။
Na ka whakarerea atu e ia ona kakahu pouaru, ka hipoki i a ia ki tona arai, roropi tonu ki a ia, a ka noho i te tomokanga ki Enaima, i te huarahi ki Timinata; i kite hoki ia kua kaumatua a Heraha, a kahore ano ia i hoatu hei wahine mana.
15 ၁၅ ယုဒ သည် ထိုမိန်းမ ကိုမြင် သောအခါ ၊ သူသည် မိမိ မျက်နှာ ကိုဖုံး ၍ နေသောကြောင့် ၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ် လျက်၊
Na, ka kite a Hura i a ia, hua noa ia he wahine kairau; no te mea i hipokina tona mata.
16 ၁၆ လမ်း ကိုလွှဲ ၍ အနားသို့ ချဉ်းပြီးလျှင် ၊ သင့် ထံ သို့ငါဝင် ရသောအခွင့်ကိုပေးပါလော့ဟု ဆို လေသော်၊ မိန်းမက၊ သင်သည် ကျွန်မ ထံ သို့ဝင် လိုသောငှါအဘယ် ဆုကို ပေး မည်နည်းဟုမေးလျှင်၊
Na ka peka ia ki te ara ki a ia, ka mea, Tukua atu ahau, ne? kia haere atu ki a koe; kihai hoki ia i mohio ko tana hunaonga ia. A ka mea ia, He aha tau e homai ai ki ahau, ki te haere mai koe ki ahau?
17 ၁၇ ယုဒက၊ ဆိတ် သငယ် ကိုပေး လိုက်မည်ဟု ဆို လေ ၏။ မိန်းမကလည်း၊ မ ပေး လိုက်မှီ တစုံတခုသောအရာကို ပေါင် ထားမည်လောဟုမေး လျှင်၊
A ka mea ia, Ka tukua atu e ahau tetahi kuao koati o te kahui. A ka mea ia, Ka homai ranei e koe tetahi taunaha ki ahau, kia tukua mai ra ano taua mea e koe?
18 ၁၈ ယုဒက အဘယ် အရာကို ပေါင် စေချင်သနည်း ဟု ပြန်၍မေး လေသော် ၊ မိန်းမက၊ သင် ၏တံဆိပ် ၊ စလွယ် ၊ လက်စွဲ တောင်ဝေး တို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ် ၍ မိန်းမ ထံ သို့ဝင် သဖြင့် ၊ သူသည် ပဋိသန္ဓေစွဲ ယူလေ၏။
A ka mea ia, He aha te taunaha e hoatu e ahau ki a koe? Ka mea ia, Ko tou hiri, me au tau, me tau tokotoko i tou ringa. Na ka hoatu e ia ki a ia, a ka haere atu ia ki a ia, a ka hapu ia i a ia.
19 ၁၉ ထိုနောက်မှ ၊ မိန်းမသည် ထ သွား ၍ မျက်နှာဖုံး ကို ချွတ် ပြီးလျှင် ၊ မုတ်ဆိုးမ အဝတ် ကို ဝတ်မြဲဝတ် ပြန်လေ၏။
Na ka whakatika ia, a haere ana, whakarerea ana e ia tona arai, a kakahuria iho ona kakahu pouaru.
20 ၂၀ ယုဒ သည် မိန်းမ ၌ပေါင် သောဥစ္စာကို ရွေး ယူ ခြင်းငှါ ၊ မိမိ အဆွေ အဒုလံ အမျိုးသားတွင် ဆိတ် သငယ် ကိုပေး လိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမ ကို မ တွေ့ လျှင်၊
Na ka hoatu te kuao koati e Hura kia kawea e tona hoa e te Aturami, ki te tiki i te taunaha i te ringa o te wahine; a kihai ia i kitea.
21 ၂၁ ဧနိမ် မြို့လမ်း နား မှာ ထိုင်နေသောပြည်တန်ဆာမ သည် အဘယ် မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေး လေသော်၊ အရပ်သားတို့က ဤ အရပ်၌ ပြည်တန်ဆာမ မ ရှိ ဟုဆို ကြလျှင်၊
A ka ui ia ki nga tangata o taua wahi, ka mea, Kei hea te wahine kairau i Enaima nei i te taha o te ara? A ka mea ratou, Kahore he wahine kairau i konei.
22 ၂၂ ယုဒ ထံ သို့ ပြန် ၍ ၊ ကျွန်ုပ်သည် ထိုမိန်းမ ကို ရှာ၍မ တွေ့။ အရပ် သား တို့ကလည်း ၊ ဤ အရပ်၌ ပြည်တန်ဆာမ မ ရှိ ဟု ဆိုကြောင်းကို ပြော လေ၏။
Na ka hoki ia ki a Hura, ka mea, Kahore ia i kitea e ahau; e mea ana hoki nga tangata o tera wahi, kahore he wahine kairau i reira.
23 ၂၃ ယုဒ ကလည်း ၊ အရှက် မကွဲမည်အကြောင်း ၊ ယူ ပါ လေစ။ ကြည့် ပါ။ ဤ ဆိတ် သငယ်ကို ကျွန်ုပ်ပေး လိုက်၍ သင်သည် မိန်းမ ကိုရှာ၍ မ တွေ့ ပါတကားဟုဆို ၏။
Na ka mea a Hura, Tukua kia tangohia e ia, kei tawaia taua: titiro hoki, kua tukua atu nei e ahau te kuao nei, a kihai ia i kitea e koe.
24 ၂၄ ထိုနောက် သုံး လ ခန့် လွန်သည်ရှိ သော်၊ သူတပါး က၊ သင် ၏ချွေးမ တာမာ သည် ပြည်တန်ဆာ လုပ်၍ မ တရားသောမေထုန် ပြုသဖြင့် ကိုယ်ဝန် ဆောင်လျက် နေပြီတကားဟု ယုဒ အား ပြောဆို လျှင်၊ ယုဒ က သူ့ ကို ထုတ် ၍ မီးရှို့ စေဟု စီရင် လေ၏။
A ka toru nga marama, na ka korerotia ki a Hura, ka meatia, Kua kairau a Tamara, tau hunaonga; kua hapu ano hoki ia i ona kairautanga. A ka mea a Hura, Kawea ki waho, kia tahuna.
25 ၂၅ ထုတ် သောအခါ ၊ တာမာ သည် တံဆိပ် ၊ စလွယ် ၊ တောင်ဝေး တို့ကို ယောက္ခမ ထံ သို့ ပို့ စေ၍၊ ဤ ဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မ သည် ပဋိသန္ဓေ ယူပြီ။ ဤ ဥစ္စာတို့သည် အဘယ်သူ ၏ ဥစ္စာဖြစ်သည်ကို ကြည့် ပါလော့ဟု မှာ လိုက်၏။
A, ka kawea ia ki waho, ka tono tangata ia ki tona hungawai, ka mea, Na te tangata nana enei mea toku hapu: i mea ano ia, Tena, tirohia, na wai enei, te hiri nei, me nga tau, me te tokotoko.
26 ၂၆ ထိုဥစ္စာ ကိုယုဒ မှတ်မိ ၍ သူ အပြစ်ထက် ငါ့ အပြစ်သာ၍ ကြီးပေ၏။ သူ့ အား ငါ့ သား ရှေလ ကို ငါမ ပေးစား ဘဲနေမိပြီဟု ပြောဆို ၏။ နောက်တဖန် သူ့ ကို မ ချဉ်းကပ် ဘဲနေ၏။
Na ka mohiotia e Hura, a ka mea ia, Nui atu tona tika i toku; kihai hoki ia i hoatu e ahau ki a Heraha, ki taku tama. A kihai ia i mohio ki a ia i muri iho.
27 ၂၇ ထိုနောက် တာမာ သည် သားဘွား ချိန် ရောက် လျှင် ၊ ဝမ်း ထဲ တွင် သား နှစ်ယောက်ရှိ ၏။
A ka taka ki te wa e whanau ai ia, na, he mahanga kei roto i tona kopu.
28 ၂၈ ဘွား စဉ်တွင် သားတယောက်သည် လက် ကို ထုတ် ဆန့်၍ ၊ ဝမ်းဆွဲ က ဤ သူငယ်သည် အရင် ဘွား လိမ့်မည် ဟုဆို လျက် လက် ကိုကိုင် ၍ နီ သောကြိုးနှင့် စည်း လေ ၏။
A, i tona whanautanga, na ka torona te ringa o tetahi: na ka mau te kaiwhakawhanau ki te miro whero, a herea ana ki tona ringa, ka mea, Ko tenei i puta mai i mua.
29 ၂၉ သို့သော်လည်း ထိုသူသည်မိမိ လက် ကိုရုပ် ပြန်၍ သူ့ အစ်ကို ဘွား သည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့် အနိုင် အထက်ပြုရသနည်း။ အနိုင်အထက် ပြုသော ဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ ကိုဖါရက် အမည် ဖြင့် မှည့် လေ၏။
A, i tana whakahokinga atu i tona ringa, na ka puta mai tona tuakana; a ka mea ia, Ka tae tou pakaru mai! nau te pakaru mai: koia i huaina ai tona ingoa ko Parete.
30 ၃၀ ထိုနောက်မှ လက် ၌ ကြိုးနီ စည်းသောညီ ဘွား ၍၊ သူ့ ကိုဇာရ အမည် ဖြင့် မှည့် သတည်း။
A muri iho ka puta tona teina, i herea nei tona ringa ki te miro whero: a ka huaina tona ingoa ko Teraha.

< ကမ္ဘာ​ဦး 38 >