< ကမ္ဘာဦး 38 >
1 ၁ ထို ကာလအခါ ယုဒ သည် ညီအစ်ကို နေရာမှ သွား ၍ ၊ ဟိရ အမည် ရှိသော၊ အဒုလံ အမျိုးသား ထံ သို့ဝင် လေ၏။
I A manawa no, iho aku la o Iuda mai kona poe hoahanau aku, a kipa aku la i kekahi kanaka no Adulama, o Hira kona inoa.
2 ၂ ထို အရပ်၌ ရှုအာ အမည် ရှိသော၊ ခါနာန် အမျိုးသား ၏သမီး ကို တွေ့ မြင်၍ ၊ အိမ်ထောင် ဘက် ပြုလျက်၊
Ike aku la o luda i ke kaikamahine a kekahi mamo a Kanaana ilaila, o Sua kona inoa, lawe ae la oia ia ia, a komo aku la io na la.
3 ၃ ထိုမိန်းမသည် ပဋိသန္ဓေ ယူ၍ သား ကို ဘွားမြင် ၏။ ထို သားကို ဧရ အမည် ဖြင့် မှည့် လေ၏။
Hapai iho la oia, a hanau mai la he keikikane; a kapa iho la ia i kona inoa, o Era.
4 ၄ တဖန် ပဋိသန္ဓေ ယူပြန်၍ ဘွားမြင် သောသား ကို ဩနန် အမည် ဖြင့် မှည့် လေ၏။
Hapai hou iho la oia, a hanau mai la he keikikane; a kapa iho la ia i kona inoa, o Onana.
5 ၅ တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင် သောသား ကို ရှေလ အမည် ဖြင့် မှည့် လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ် မြို့မှာ ရှိ သတည်း။
Hapai hou iho la oia a hanau mai la he keikikane; a kapa iho la ia i kona inoa, o Sela: ma Keziba oia i kona wa i hanau ai.
6 ၆ ထိုနောက်မှ ယုဒ သည် မိမိ သားဦး ဧရ ကို တာမာ အမည် ရှိသောသတို့သမီး နှင့် စုံဘက် စေ၏။
Lawe ae la o Iuda i wahine na Era, na kana hiapo, o Tamara kona inoa.
7 ၇ ယုဒ ၏သားဦး ဧရ သည် ထာဝရဘုရား ရှေ့ ၌ ဆိုး သောသူဖြစ် ၍ ၊ သူ့ ကိုထာဝရဘုရား ကွပ်မျက် တော်မူ ၏။
A ua hewa o Era, o ka hiapo a Iuda imua o Iehova; a pepehi iho la o Iehova ia ia.
8 ၈ ထိုအခါ ယုဒ သည် ဩနန် ကို ခေါ်ပြီးလျှင်၊ သင် ၏အစ်ကို မယား ထံသို့ ဝင် ၍ သူ နှင့် အိမ်ထောင် ဘက် ပြုသဖြင့်၊ အစ်ကို အမျိုး ကို ဆက်နွှယ် လော့ဟုဆို ၏။
I aku la o Iuda ia Onana, E komo aku oe i ka wahine a kou kaikuaana, e mare me ia, a e hooku ae i keiki na kou kaikuaana.
9 ၉ ဩနန် သည် သားကိုရလျှင်မူကား၊ မိမိ သား မမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမ ပေး လိုဘဲ၊ အစ်ကို မယား ထံ သို့ဝင် သောအခါ ၊ သုတ်ရည်ကိုထုတ်၍ စွန့် လေ၏။
Ike iho la o Onana, aole nana ke keiki, alaila, i ka manawa ana i komo aku ai i ka wahine a kona kaikuaana, kiki iho la oia i ka mea ma ka honua, o haawi auanei ia i hua na kona kaikuaana.
10 ၁၀ ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်၊ ဩနန် ကိုလည်း ကွပ်မျက် တော်မူ၏။
A o ka mea ana i hana'i, ua hewa ia imua o Iehova: a nana hoi ia i pepehi.
11 ၁၁ သားငယ်ရှေလသည် အစ်ကို တို့သေသကဲ့သို့ သေ မည်ဟုယုဒ သည် စိုးရိမ် ၍ ၊ မိမိ ချွေးမ တာမာ ကို ခေါ်ပြီးလျင်၊ ငါ့ သား ရှေလ မ ကြီး မှီ သင်သည် သင့် အဘ အိမ် ၌ မုတ်ဆိုးမ ပြု၍ နေ ပါဟုဆိုသည်အတိုင်း၊ တာမာ သွား ၍ မိမိ အဘ ၏အိမ် ၌နေ လေ၏။
Alaila, i aku la o Iuda ia Tamara, E noho kane ole oe ma ka hale o kou makuakane, a ka manawa e nui ai kuu keikikane o Sela: no ka mea, i iho la ia, O make paha hoi oia, e like me kona mau kaikuaana. Hele aku la o Tamara a noho iho la ma ka hale o kona makuakane.
12 ၁၂ ကာလ အတန်ကြာ သော် ၊ ရှုအာ သမီး ဖြစ်သော ယုဒ မယား လည်း သေ လေ၏။ ယုဒ သည်နှစ်သိမ့် ပြီးမှ ၊ မိမိ သိုးမွေး ညှပ်သောသူတို့ရှိ ရာ တိမနတ် မြို့သို့ မိမိ အဆွေ အဒုလံ အမျိုး ဟိရ နှင့်အတူ သွား လေ၏။
A nui na la i hala, make iho la ke kaikamahine a Sua, o ka luda wahine; a pau ko Iuda kanikau ana, pii aku la ia i Timenata i kona poe ako hipa, oia a me kona makamaka o Hira no Adulama.
13 ၁၃ မိမိ ယောက္ခမ သည် သိုးမွေး ကိုညှပ် ခြင်းငှါ ၊ တိမနတ် မြို့သို့ သွား ကြောင်းကို၊ တာမာ ကြား လျှင်၊
Hai aku la kekahi ia Tamara, Ea, e pii ana kou makuahunowaikane i Timenata e ako i kana hipa.
14 ၁၄ မုတ်ဆိုးမ အဝတ် ကို ချွတ် ၍ မျက်နှာဖုံး နှင့် မျက်နှာ ကိုဖုံး လျက် ၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ် မြို့ သို့ သွားသောလမ်း အနား ၊ ဧနိမ် မြို့တံခါး ဝ၌ ထိုင် နေလေ ၏။ အကြောင်း မူကား၊ ရှေလ ကြီးသော်လည်း ၊ မိမိ နှင့် အိမ်ထောင် ဘက်မ ပြု ရဟု သိမြင် သောကြောင့် တည်း။
Wehe ae la ia i kona mau kapa makena, a uhi iho la ia ia iho i ka palemaka, aahu iho la ia ia iho, a noho iho la ma ka pukapa o Enaima ma kapa alanui e hele ai i Timenata: no ka mea, ike aku la ia, ua nui ae la o Sela, aole hoi i haawiia oia i wahine naua.
15 ၁၅ ယုဒ သည် ထိုမိန်းမ ကိုမြင် သောအခါ ၊ သူသည် မိမိ မျက်နှာ ကိုဖုံး ၍ နေသောကြောင့် ၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ် လျက်၊
A ike aku la o Iuda ia ia, manao iho la ia he wahine hookamakama kela; no ka mea, ua paleia kona maka.
16 ၁၆ လမ်း ကိုလွှဲ ၍ အနားသို့ ချဉ်းပြီးလျှင် ၊ သင့် ထံ သို့ငါဝင် ရသောအခွင့်ကိုပေးပါလော့ဟု ဆို လေသော်၊ မိန်းမက၊ သင်သည် ကျွန်မ ထံ သို့ဝင် လိုသောငှါအဘယ် ဆုကို ပေး မည်နည်းဟုမေးလျှင်၊
Kipa ae la ia io na la ma kapa alanui, i aku la, Ea, ke noi aku nei au ia oe, e ae mai ia'u e komo aku iou la; (no ka mea, aole ia i ike, o kana hunona wahine ia.) Ninau mai la kela, Heaha kau e haawi mai ai ia'u, i mea e komo mai ai oe i o'u nei?
17 ၁၇ ယုဒက၊ ဆိတ် သငယ် ကိုပေး လိုက်မည်ဟု ဆို လေ ၏။ မိန်းမကလည်း၊ မ ပေး လိုက်မှီ တစုံတခုသောအရာကို ပေါင် ထားမည်လောဟုမေး လျှင်၊
I aku la ia, E hoouka aku au i wahi kao keiki no ka poe holoholona mai I mai la kela, Aole anei oe e haawi mai i hoailona, a hoouka mai oe ia mea?
18 ၁၈ ယုဒက အဘယ် အရာကို ပေါင် စေချင်သနည်း ဟု ပြန်၍မေး လေသော် ၊ မိန်းမက၊ သင် ၏တံဆိပ် ၊ စလွယ် ၊ လက်စွဲ တောင်ဝေး တို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ် ၍ မိန်းမ ထံ သို့ဝင် သဖြင့် ၊ သူသည် ပဋိသန္ဓေစွဲ ယူလေ၏။
I aku la oia, Heaha ka hoailona a'u e haawi aku ai ia oe? I mai la kela, O kou apolima, me kou kaula hoolewa, a me ke kookoo maloko o kou lima. Haawi aku la oia ia ia, a komo aku la io na la, a hapai iho la kela ma ona la.
19 ၁၉ ထိုနောက်မှ ၊ မိန်းမသည် ထ သွား ၍ မျက်နှာဖုံး ကို ချွတ် ပြီးလျှင် ၊ မုတ်ဆိုးမ အဝတ် ကို ဝတ်မြဲဝတ် ပြန်လေ၏။
Ku ae la ia, hele aku la, a waiho iho la i kona pale maka, a aahu hou iho la i kona mau kapa no ka noho wahine kanemake ana.
20 ၂၀ ယုဒ သည် မိန်းမ ၌ပေါင် သောဥစ္စာကို ရွေး ယူ ခြင်းငှါ ၊ မိမိ အဆွေ အဒုလံ အမျိုးသားတွင် ဆိတ် သငယ် ကိုပေး လိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမ ကို မ တွေ့ လျှင်၊
Hoouka aku la o Iuda i ke kao keiki ma ka lima o kona makamaka no Adulama, i loaa mai ai kana hooiaio mai ka lima mai o ka wahine: aole nae i loaa ua wahine la ia ia.
21 ၂၁ ဧနိမ် မြို့လမ်း နား မှာ ထိုင်နေသောပြည်တန်ဆာမ သည် အဘယ် မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေး လေသော်၊ အရပ်သားတို့က ဤ အရပ်၌ ပြည်တန်ဆာမ မ ရှိ ဟုဆို ကြလျှင်၊
Ninau aku la ia i na kanaka o ia wahi, i aku la, Auhea la ka wahine hookamakama i noho ma Enaima, ma kapa alanui? I mai la lakou, Aohe wahine hookamakama ia nei.
22 ၂၂ ယုဒ ထံ သို့ ပြန် ၍ ၊ ကျွန်ုပ်သည် ထိုမိန်းမ ကို ရှာ၍မ တွေ့။ အရပ် သား တို့ကလည်း ၊ ဤ အရပ်၌ ပြည်တန်ဆာမ မ ရှိ ဟု ဆိုကြောင်းကို ပြော လေ၏။
Hoi hou aku la ia io Iuda la i aku la, Aohe i loaa ia ia'u; a ua i mai hoi na kanaka o ia wahi, aole wahine hookamakama ia nei.
23 ၂၃ ယုဒ ကလည်း ၊ အရှက် မကွဲမည်အကြောင်း ၊ ယူ ပါ လေစ။ ကြည့် ပါ။ ဤ ဆိတ် သငယ်ကို ကျွန်ုပ်ပေး လိုက်၍ သင်သည် မိန်းမ ကိုရှာ၍ မ တွေ့ ပါတကားဟုဆို ၏။
I aku la o Iuda, E aho no e lilo ia mau mea nona, o hoohilahilaia kaua: aia hoi, hoouka aku no au i keia kao keiki, aole ka i loaa ka wahine ia oe.
24 ၂၄ ထိုနောက် သုံး လ ခန့် လွန်သည်ရှိ သော်၊ သူတပါး က၊ သင် ၏ချွေးမ တာမာ သည် ပြည်တန်ဆာ လုပ်၍ မ တရားသောမေထုန် ပြုသဖြင့် ကိုယ်ဝန် ဆောင်လျက် နေပြီတကားဟု ယုဒ အား ပြောဆို လျှင်၊ ယုဒ က သူ့ ကို ထုတ် ၍ မီးရှို့ စေဟု စီရင် လေ၏။
A hala na malama ekolu paha, hai mai la kekahi ia Iuda, i ka i ana, Ua moekolohe iho nei kau hunonawahine o Tamara; aia hoi, ua hapai oia ma ka moekolohe. I aku la o Iuda, E kaiia mai oia, i puhiia'i ia i ke ahi.
25 ၂၅ ထုတ် သောအခါ ၊ တာမာ သည် တံဆိပ် ၊ စလွယ် ၊ တောင်ဝေး တို့ကို ယောက္ခမ ထံ သို့ ပို့ စေ၍၊ ဤ ဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မ သည် ပဋိသန္ဓေ ယူပြီ။ ဤ ဥစ္စာတို့သည် အဘယ်သူ ၏ ဥစ္စာဖြစ်သည်ကို ကြည့် ပါလော့ဟု မှာ လိုက်၏။
A kaiia'ku oia, hoouna mai la ia, i mai la i kona makuahunowaikane, Na ke kanaka nana keia mau mea au i hapai ai. I mai la hoi oia, E nana oe, ea, i ike i ka mea nana keia mau mea, o ke apolima, me ke kaula hoolewa, a me ke kookoo.
26 ၂၆ ထိုဥစ္စာ ကိုယုဒ မှတ်မိ ၍ သူ အပြစ်ထက် ငါ့ အပြစ်သာ၍ ကြီးပေ၏။ သူ့ အား ငါ့ သား ရှေလ ကို ငါမ ပေးစား ဘဲနေမိပြီဟု ပြောဆို ၏။ နောက်တဖန် သူ့ ကို မ ချဉ်းကပ် ဘဲနေ၏။
A ike iho la o Iuda, i aku la, Ua oi aku kona pono i ko'u; no ka mea, aole au i haawi aku ia ia na kuu keiki na Sela. Aole hoi o Iuda i ike hou ia ia.
27 ၂၇ ထိုနောက် တာမာ သည် သားဘွား ချိန် ရောက် လျှင် ၊ ဝမ်း ထဲ တွင် သား နှစ်ယောက်ရှိ ၏။
A i ka manawa o kona haakohi ana, aia hoi, he mau mahoe maloko o kona opu.
28 ၂၈ ဘွား စဉ်တွင် သားတယောက်သည် လက် ကို ထုတ် ဆန့်၍ ၊ ဝမ်းဆွဲ က ဤ သူငယ်သည် အရင် ဘွား လိမ့်မည် ဟုဆို လျက် လက် ကိုကိုင် ၍ နီ သောကြိုးနှင့် စည်း လေ ၏။
A i ka hanau ana, puka mai la ka lima o kekahi; lalau aku la ka palekeiki i ua lima la a nakii iho la i ke kaula ulaula ilaila, i mai la, Eia ka hanau mua.
29 ၂၉ သို့သော်လည်း ထိုသူသည်မိမိ လက် ကိုရုပ် ပြန်၍ သူ့ အစ်ကို ဘွား သည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့် အနိုင် အထက်ပြုရသနည်း။ အနိုင်အထက် ပြုသော ဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ ကိုဖါရက် အမည် ဖြင့် မှည့် လေ၏။
A i ka huki hou ana o kona lima iloko, aia hoi, puka e mai la kona hoahanau: i aku la ke palekeiki, Heaha kau i poha wale mai? Maluna iho ou keia nahae: nolaila, kapa iho la ia i kona inoa o Pareza.
30 ၃၀ ထိုနောက်မှ လက် ၌ ကြိုးနီ စည်းသောညီ ဘွား ၍၊ သူ့ ကိုဇာရ အမည် ဖြင့် မှည့် သတည်း။
Mahope iho puka mai la ke kaikaina, ia ia ke kaula ulaula ma kona lima: a ua kapaia kona inoa o Zara.