< ကမ္ဘာဦး 37 >
1 ၁ ယာကုပ် သည် မိမိ အဘ တည်းခို ရာခါနာန် ပြည် ၌ နေ ၏။
And Jacob dwelt in the land where his father sojourned, in the land of Chanaan.
2 ၂ ယာကုပ် အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များ ဟူမူကား ၊ ယောသပ် သည် အသက် တဆယ် ခုနစ် နှစ်ရှိ ၍၊ အစ်ကို တို့နှင့်အတူ သိုး ဆိတ်များကို ထိန်း လေ၏။ အဘ ၏မယား ဗိလဟာ နှင့် ဇိလပ ၏သား တို့နှင့်အတူ နေ၍၊ သူ တို့အပြစ် ကို အဘ အား ကြား ပြောတတ်၏။
And these are the generations of Jacob. And Joseph was seventeen years old, feeding the sheep of his father with his brethren, being young; with the sons of Balla, and with the sons of Zelpha, the wives of his father; and Joseph brought to Israel their father their evil reproach.
3 ၃ ဣသရေလ သည် အသက် ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့် ၊ အခြားသော သား အပေါင်း တို့ကို ချစ် သည်ထက် ယောသပ် ကို သာ၍ချစ်၏။ အဆင်း အရောင်ထူးခြားသော အင်္ကျီ ကို ချုပ် ၍ ပေး၏။
And Jacob loved Joseph more than all his sons, because he was to him the son of old age; and he made for him a coat of many colours.
4 ၄ အဘ သည် မိမိသားအပေါင်းတို့တွင်၊ ယောသပ် ကိုသာ၍ ချစ် ကြောင်းကို၊ အစ်ကို တို့သည် သိမြင် သောအခါ ၊ သူ့ ကိုမုန်း ၍ မေတ္တာ စကားကို သူ့ အား မ ပြော နိုင်ကြ။
And his brethren having seen that his father loved him more than all his sons, hated him, and could not speak anything peaceable to him.
5 ၅ ယောသပ် သည် အိပ်မက် ကို မြင် ၍ ၊ အစ်ကို တို့ အား ပြန်ပြော သဖြင့် ၊ သူတို့သည် သာ၍ မုန်း ကြ၏။
And Joseph dreamed a dream, and reported it to his brethren.
6 ၆ အိပ်မက်ကို အဘယ်သို့ပြန်ပြောသနည်းဟူမူကား၊ ကျွန်ုပ်မြင် ရသောအိပ်မက် ကို နားထောင် ကြပါ လော့။
And he said to them, Hear this dream which I have dreamed.
7 ၇ ကျွန်ုပ် တို့သည် လယ် ၌ ကောက်လှိုင်း ကို စည်း ၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်း သည် ထ ၍ မတ်တတ်နေသဖြင့်၊ သင် တို့၏ ကောက်လှိုင်း တို့သည် ဝိုင်း ၍ ရပ် လျက် ၊ ကျွန်ုပ် ကောက်လှိုင်း ကို ရှိခိုး ကြသည်ဟု ပြောဆို လေ၏။
I thought ye were binding sheaves in the middle of the field, and my sheaf stood up and was erected, and your sheaves turned round, and did obeisance to my sheaf.
8 ၈ အစ်ကို တို့ကလည်း၊ သင်သည် ငါ တို့၌ မင်း ပြု ရလိမ့်မည်လော၊ ငါ တို့ကို အစိုး ရလိမ့်မည်လောဟု ပြန် ဆို ၍ ၊ သူ ၏အိပ်မက် နှင့် သူ ၏စကား အကြောင်း ကြောင့် သာ၍ မုန်း ကြ၏။
And his brethren said to him, Shalt thou indeed reign over us, or shalt thou indeed be lord over us? And they hated him still more for his dreams and for his words.
9 ၉ တဖန် အိပ်မက် ကိုမြင် ပြန်၍ အစ်ကို တို့အား ၊ အခြားသော အိပ်မက် ကို ကျွန်ုပ်မြင် ရပြီ။ နေ ၊ လ နှင့်တကွ ၊ ကြယ် ဆယ့် တလုံး တို့သည်၊ ကျွန်ုပ် ကို ရှိခိုး ကြ၏ဟု ကြားပြော လေ၏။
And he dreamed another dream, and related it to his father, and to his brethren, and said, Behold, I have dreamed another dream: as it were the sun, and the moon, and the eleven stars did me reverence.
10 ၁၀ ထိုသို့အဘ နှင့် အစ်ကို တို့အား ကြားပြော သောအခါ ၊ အဘ က ၊ သင်မြင် သောအိပ်မက် သည် အဘယ်သို့ နည်း။ ငါ နှင့် သင် ၏အမိ ၊ သင် ၏ အစ်ကို တို့သည် သင့် ထံ သို့ စင်စစ် လာ ၍ ဦးညွှတ် ချရမည်လောဟူ၍၊ သူ့ ကို ဆုံးမ လေ၏။
And his father rebuked him, and said to him, What is this dream which thou hast dreamed? shall indeed both I and thy mother and thy brethren come and bow before thee to the earth?
11 ၁၁ အစ်ကို တို့သည် သူ့ ကို ငြူစူ ကြ၏။ အဘ သည် ထိုအရာ ကို မှတ် လေ၏။
And his brethren envied him; but his father observed the saying.
12 ၁၂ အစ်ကို တို့သည် အဘ ၏သိုး ဆိတ်များကို ရှေခင် မြို့မှာ ထိန်း ခြင်းငှါ သွား ကြ၏။
And his brethren went to feed the sheep of their father to Sychem.
13 ၁၃ ဣသရေလ သည် ယောသပ် ကို ခေါ် ၍ ၊ သင် ၏ အစ်ကို တို့သည် သိုးဆိတ်များကို ရှေခင် မြို့မှာ ထိန်း ကြသည်မ ဟုတ်လော။ လာ ပါ။ သင့် ကို သူ တို့ရှိရာသို့ ငါ စေလွှတ် မည်ဟုခေါ်လျှင်၊ ကျွန်ုပ် ရှိ ပါသည်ဟုဆို သော်၊
And Israel said to Joseph, Do not thy brethren feed their flock in Sychem? Come, I will send thee to them; and he said to him, Behold, I [am here].
14 ၁၄ အဘ က သွား ပါ၊ အစ်ကို တို့သည် ချမ်းသာ သလော၊ သိုး ဆိတ်တို့လည်း ကောင်းမွန် စွာရှိသလောဟူ၍ကြည့်ရှု ပြီးလျှင် ၊ ငါ့ အားသိတင်း ကြားပြော ပါဟု မှာ လိုက်လျက်၊ ဟေဗြုန် ချိုင့် မှ စေလွှတ် သဖြင့် ၊ သူသည် ရှေခင် မြို့သို့ ရောက် လေ၏။
And Israel said to him, Go and see if thy brethren and the sheep are well, and bring me word; and he sent him out of the valley of Chebron, and he came to Sychem.
15 ၁၅ တော ၌ လှည့်လည် စဉ်တွင်၊ တစုံတယောက် သောသူနှင့် တွေ့ ၍ ထိုသူ က၊ သင်သည် ဘာ ကိုရှာ သနည်း ဟုမေး လျှင်၊
And a man found him wandering in the field; and the man asked him, saying, What seekest thou?
16 ၁၆ အစ်ကို များကို ရှာ ၏။ အဘယ် မှာထိန်း ကြသည် ကို ပြော ပါဟုဆိုသော်၊
And he said, I am seeking my brethren; tell me where they feed [their flocks].
17 ၁၇ ထိုသူ က၊ ဤ အရပ်မှ ထွက် သွားပြီ။ ဒေါသန် မြို့သို့ သွား ကြစို့ဟု သူတို့ပြော သံကို ကျွန်ုပ်ကြား ခဲ့ပြီဟုဆို ၏။ ယောသပ် သည်လည်း ၊ အစ်ကို တို့ကို လိုက် ရှာ၍ ဒေါသန် မြို့မှာ တွေ့ လေ၏။
And the man said to him, They have departed hence, for I heard them saying, Let us go to Dothaim; and Joseph went after his brethren, and found them in Dothaim.
18 ၁၈ အနီးသို့မ ရောက် မှီ အဝေး ၌ ရှိစဉ်ပင်၊ အစ်ကိုတို့ သည်မြင် လျှင် ၊ သတ် ခြင်းငှါ တိုင်ပင် လျက်၊
And they spied him from a distance before he drew nigh to them, and they wickedly took counsel to slay him.
19 ၁၉ ကြည့် လော့။ အိပ်မက် ဆရာ လာ ပြီ။
And each said to his brother, Behold, that dreamer comes.
20 ၂၀ ကိုင်ကြ။ သူ့ ကိုသတ် ၍ တစုံတခု သောတွင်း ထဲ သို့ ချ ပစ်ကြစို့။ ဆိုး သောသားရဲ တစုံတခုကိုက်စား ပြီဟု ပြော ကြစို့။ ထိုသို့ပြုလျှင်၊ သူ ၏ အိပ်မက် တို့သည် အဘယ်သို့ နေရာ ကျမည်ကို ကြည့် ကြစို့ဟု အချင်းချင်းပြောဆိုကြ၏။
Now then come, let us kill him, and cast him into one of the pits; and we will say, An evil wild beast has devoured him; and we shall see what his dreams will be.
21 ၂၁ ထိုစကားကို ရုဗင် ကြား လျှင် ၊ သူ့ကို မ သတ် ဘဲ နေကြစို့ဟုဆို လျက် ၊ သူ တို့လက် မှ ယောသပ် ကို နှုတ် လေ၏။
And Ruben having heard it, rescued him out of their hands, and said, Let us not kill him.
22 ၂၂ တဖန် ရုဗင် က၊ သူ ၏အသွေး ကို မ သွန်း ကြနှင့်။ ကိုယ်လက် နှင့် မ ပြု ဘဲ၊ တော ၌ ဤ မည်သောတွင်း ထဲ သို့ ချ ကြစို့ဟု သူ တို့လက် မှ ယောသပ် ကို နှုတ် ယူ၍၊ အဘ ၌ တဖန် အပ် မည်အကြံရှိသည်နှင့်ဆို လေ၏။
And Ruben said to them, Shed not blood; cast him into one of these pits in the wilderness, but do not lay [your] hands upon him; that he might rescue him out of their hands, and restore him to his father.
23 ၂၃ ယောသပ် သည် အစ်ကို တို့ထံ သို့ရောက် သောအခါ ၊ သူ ဝတ်သောအင်္ကျီ ၊ အဆင်း ထူးခြားသောအင်္ကျီ ကို ချွတ် ပြီးမှ၊
And it came to pass, when Joseph came to his brethren, that they stripped Joseph of his many-coloured coat that was upon him.
24 ၂၄ သူ့ ကိုကိုင် ယူ၍ တွင်း ထဲ သို့ ချ ကြ၏။ ထိုတွင်း ၌ ရေ မရှိ၊ သွေ့ခြောက် သောတွင်း ဖြစ်သတည်း။
And they took him and cast him into the pit; and the pit was empty, it had not water.
25 ၂၅ ထိုနောက် အစာ စား ခြင်းငှါ ထိုင် ကြစဉ် မြော် ကြည့် ၍ ၊ ဣရှမေလ အမျိုးသားအစုအဝေးသည် ဂိလဒ် ပြည်မှ လာ ၍ နံ့သာ မျိုး၊ ဗာလစံစေး ၊ မုရန်စေး များ ကို ကုလားအုပ် ပေါ်၌ တင် ဆောင်လျက်၊ အဲဂုတ္တု ပြည်သို့ ခရီးသွား ကြသည်ကို မြင် လျှင်၊
And they sat down to eat bread; and having lifted up their eyes they beheld, and lo, Ismaelitish travellers came from Galaad, and their camels were heavily loaded with spices, and resin, and myrrh; and they went to bring them to Egypt.
26 ၂၆ ယုဒ က၊ ငါတို့သည် ညီ ကိုသတ် ၍ သေ ကြောင်းကို ဖွက် ထားလျှင် အဘယ် ကျေးဇူး ရှိသနည်း။
And Judas said to his brethren, What profit is it if we slay our brother, and conceal his blood?
27 ၂၇ ကိုင်ကြ။ ကိုယ်တိုင် မ ညှဉ်းဆဲဘဲ၊ ဣရှမေလ လူတို့အား ရောင်း လိုက်ကြစို့။ သူသည် တို့ ညီ ၊ တို့ အမျိုး ဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ် ကိုတို့ သည် ဝန်ခံ ကြ၏။
Come, let us sell him to these Ismaelites, but let not our hands be upon him, because he is our brother and our flesh; and his brethren hearkened.
28 ၂၈ ထိုအခါ၊ မိဒျန် အမျိုးသား ကုန်သည် တို့သည် ခရီးသွား ကြစဉ်တွင် ၊ အစ်ကိုတို့သည် ယောသပ် ကို တွင်း ထဲက ဆွဲ တင် ပြီးလျင် ၊ ငွေ အကျပ်နှစ်ဆယ် အဘိုး နှင့် ဣရှမေလ လူတို့အား ရောင်း ၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တု ပြည်သို့ ဆောင်သွား ကြ၏။
And the men, the merchants of Madian, went by, and they drew and lifted Joseph out of the pit, and sold Joseph to the Ismaelites for twenty pieces of gold; and they brought Joseph down into Egypt.
29 ၂၉ ရုဗင် သည်လည်း တွင်း သို့ သွား ၍ ၊ တွင်း ထဲမှာ ယောသပ် မ ရှိသည်ကို မြင် လျင်၊ မိမိ အဝတ် ကို ဆွဲဆုတ် လျက်၊
And Ruben returned to the pit, and sees not Joseph in the pit; and he rent his garments.
30 ၃၀ ညီ တို့ရှိရာသို့ သွား ၍ ၊ သူငယ် မ ရှိပါတကား။ ငါ သည် အဘယ်သို့ သွား ရပါ မည်နည်းဟု ဆို လေ၏။
And he returned to his brethren and said, The boy is not; and I, whither am I yet to go?
31 ၃၁ သူတို့သည်လည်း၊ ယောသပ် အင်္ကျီ ကိုယူ ၍ ၊ ဆိတ် သငယ် ကိုသတ် ပြီးမှ ၊ အင်္ကျီ ကိုအသွေး ၌ နှစ် လေ၏။
And having taken the coat of Joseph, they slew a kid of the goats, and stained the coat with the blood.
32 ၃၂ ထိုနောက်မှ ၊ အဆင်း ထူးခြားသော ထိုအင်္ကျီ ကို ပေး လိုက်၍၊ အချို့တို့သည် အဘ ထံ သို့ဆောင် ခဲ့လျက် ၊ ဤ အင်္ကျီကို အကျွန်ုပ်တို့ တွေ့ ပါပြီ။ သား ၏အင်္ကျီ ဟုတ် သည် မဟုတ်သည်ကို ကြည့် ပါဟုဆို လျှင်၊
And they sent the coat of many colours; and they brought it to their father, and said, This have we found; know if it be thy son's coat or no. And he recognised it, and said, It is my son's coat, an evil wild beast has devoured him; a wild beast has carried off Joseph.
33 ၃၃ ထို အင်္ကျီကို အဘမှတ်မိ ၍ ၊ ငါ့ သား ၏ အင်္ကျီ မှန်၏။ သူ့ ကိုဆိုး သော သားရဲ ကိုက်စား ပြီ။ အကယ်၍ယောသပ် ကိုအပိုင်းပိုင်းကိုက်ဖြတ် ပါပြီတကားဟုဆို လျက်၊
34 ၃၄ မိမိ အဝတ် ကို ဆွဲဆုတ် ၍ ၊ လျှော်တေ အဝတ်ကို ပတ်စည်း သဖြင့် ၊ အင်တန် ကာလပတ်လုံး၊ သား ကြောင့် စိတ် မသာ ညည်းတွားလျက် နေလေ၏။
And Jacob rent his clothes, and put sackcloth on his loins, and mourned for his son many days.
35 ၃၅ သား သမီး အပေါင်း တို့သည်၊ အဘ ကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း ၊ သူသည် နှစ်သိမ့် စေသော စကားကို နား မထောင်ဘဲ၊ ငါ့ သား ရှိ ရာ မရဏာ နိုင်ငံသို့ စိတ် မသာညည်းတွားလျက် ဆင်းသက် တော့မည်ဟု ဆို လေ၏။ ထိုသို့ယောသပ်အဘသည် သား ကြောင့် ငိုကြွေး မြည်တမ်းလျက် နေလေ၏။ (Sheol )
And all his sons and his daughters gathered themselves together, and came to comfort him; but he would not be comforted, saying, I will go down to my son mourning to Hades; and his father wept for him. (Sheol )
36 ၃၆ ယောသပ် ကိုကား၊ မိဒျန် လူတို့သည် အဲဂုတ္တု ပြည် သို့ ဆောင်သွား၍၊ ဖါရော ဘုရင်၏ အမတ် ဖြစ်သော ကိုယ်ရံတော် မှူး၊ ပေါတိဖါ ထံ မှာ ရောင်း ကြ၏။
And the Madianites sold Joseph into Egypt; to Petephres, the eunuch of Pharao, captain of the guard.