< ကမ္ဘာဦး 36 >
1 ၁ ဧဒုံ အမည်ရှိ သောဧသော အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များဟူမူကား၊
Now these are the generations of Esau (the same is Edom).
2 ၂ ဧသော သည် ဟိတ္တိ အမျိုးဧလုန် ၏သမီး အာဒ တယောက်၊ ဟိဝိ အမျိုးဇိဘောင် သား အာန ၏ သမီး အဟောလိဗာမ တယောက်၊ ခါနာန် အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊
Esau took his wives of the daughters of Canaan; Adah the daughter of Elon the Hittite, and Oholibamah the daughter of Anah, the daughter of Zibeon the Hivite;
3 ၃ ဣရှမေလ သမီး တည်းဟူသောနဗာယုတ် နှမ ဗာရှမတ် တယောက်နှင့် ၎င်း အိမ် ထောင်လေ၏။
and Basemath Ishmael’s daughter, sister of Nebaioth.
4 ၄ ဧသော မယား အာဒ ဘွား သော သားကား၊ ဧလိဖတ် ၊ ဗာရှမတ် ဘွား သောသားရွေလ တည်း။
And Adah bare to Esau Eliphaz; and Basemath bare Reuel;
5 ၅ အဟောလိဗာမ ဘွား သော သားကား၊ ယုရှ ၊ ယာလံ ၊ ကောရ တည်း။ ဤ သူတို့ကား၊ ခါနာန် ပြည် ၌ ဧသော မြင် သောသားတည်း။
and Oholibamah bare Jeush, and Jalam, and Korah: these are the sons of Esau, which were born unto him in the land of Canaan.
6 ၆ ဧသော သည် မယား သား သမီး နှင့်တကွ ၊ အိမ်သူ အိမ်သားအပေါင်း တို့ကို၎င်း၊ သိုး နွား စသည်တို့နှင့် တိရစ္ဆာန် ရှိသမျှ တို့ကို၎င်း၊ ခါနာန် ပြည် ၌ ရ တတ်သော ဥစ္စာ ရှိသမျှ တို့ကို၎င်းယူ ၍ ၊ ညီ ယာကုပ် ထံ မှ ပြောင်းသွား လေ၏။
And Esau took his wives, and his sons, and his daughters, and all the souls of his house, and his cattle, and all his beasts, and all his possessions, which he had gathered in the land of Canaan; and went into a land away from his brother Jacob.
7 ၇ အကြောင်း မူကား၊ ထို သူနှစ်ပါးတို့သည် ဥစ္စာ များ လွန်းသောကြောင့်တရပ် တည်းမ နေ နိုင်ကြ။ သူ တို့ နေရာမြေ သည်၊ သူ တို့တိရစ္ဆာန် များကြောင့် မဆံ့ နိုင်ရာ။
For their substance was too great for them to dwell together; and the land of their sojournings could not bear them because of their cattle.
8 ၈ သို့ဖြစ်၍ ဧဒုံ အမည်ရှိသောဧသော သည် စိရ တောင် ပေါ်မှာ နေ လေ၏။
And Esau dwelt in mount Seir: Esau is Edom.
9 ၉ စိရ တောင် ပေါ်မှာ ဧဒုံ အမျိုးသားတို့၏ အဘ ဧသော ၏ သားစဉ် မြေးဆက်တို့ကို ဆိုပေအံ့။
And these are the generations of Esau the father of the Edomites in mount Seir:
10 ၁၀ ဧသော ၏ သား တို့အမည် ကား၊ မယား အာဒ ဘွားသောသား ဧလိဖတ် ၊ မယား ဗာရှမတ် ဘွားသော သား ရွေလ တည်း။
these are the names of Esau’s sons; Eliphaz the son of Adah the wife of Esau, Reuel the son of Basemath the wife of Esau.
11 ၁၁ ဧလိဖတ် သား ကား၊ တေမန် ၊ ဩမရ ၊ ဇေဖေါ ၊ ဂါတံ ၊ ကေနတ် တည်း။
And the sons of Eliphaz were Teman, Omar, Zepho, and Gatam, and Kenaz.
12 ၁၂ ဧသော သား ဧလိဖတ် ၏ မယားငယ် ၊ တိမန ဘွား သောသားကား၊ အာမလက် တည်း။ ဤ သူတို့သည် ဧသော မယား အာဒ ၏အနွှယ် ဖြစ် သတည်း။
And Timna was concubine to Eliphaz Esau’s son; and she bare to Eliphaz Amalek: these are the sons of Adah Esau’s wife.
13 ၁၃ ရွေလ သား ကား၊ နာဟတ် ၊ ဇေရ ၊ ရှမ္မ ၊ မိဇ္ဇ တည်း။ ဤ သူတို့သည် ဧသော မယား ဗာရှမတ် ၏အနွှယ် ဖြစ် သတည်း။
And these are the sons of Reuel; Nahath, and Zerah, Shammah, and Mizzah: these were the sons of Basemath Esau’s wife.
14 ၁၄ ဇိဘောင် သား အာန ၏သမီး ၊ ဧသော မယား အဟောလိဗာမ ဘွား သောသား ကား၊ ယုရှ ၊ ယာလံ ၊ ကောရ တည်း။
And these were the sons of Oholibamah the daughter of Anah, the daughter of Zibeon, Esau’s wife: and she bare to Esau Jeush, and Jalam, and Korah.
15 ၁၅ ဧသော သား တို့တွင် ဗိုလ် လုပ်သောသူဟူမူကား ၊ သားဦး ဧလိဖတ် ၏သား ဗိုလ် တေမန် ၊ ဗိုလ် ဩမရ ၊ ဗိုလ် ဇေဖေါ ၊ ဗိုလ် ကေနတ်၊
These are the dukes of the sons of Esau: the sons of Eliphaz the firstborn of Esau; duke Teman, duke Omar, duke Zepho, duke Kenaz,
16 ၁၆ ဗိုလ် ဂါတံ ၊ ဗိုလ် အာမလက် တည်း။ ဤ ဗိုလ် တို့ သည် အာဒ ၏အနွှယ် ၊ ဧဒုံ ပြည် ၌ ဧလိဖတ် ရသောသားဖြစ်သတည်း။
duke Korah, duke Gatam, duke Amalek: these are the dukes that came of Eliphaz in the land of Edom; these are the sons of Adah.
17 ၁၇ ဧသော သား ရွေလ ၏ သား ကား၊ ဗိုလ် နာဟတ် ၊ ဗိုလ် ဇေရ ၊ ဗိုလ် ရှမ္မ ၊ ဗိုလ် မိဇ္ဇ တည်း။ ဤ ဗိုလ် တို့သည် ဧသော မယား ဗာရှမတ် ၏အနွှယ် ၊ ဧဒုံ ပြည် ၌ ရွေလ ရသောသားဖြစ်သတည်း။
And these are the sons of Reuel Esau’s son; duke Nahath, duke Zerah, duke Shammah, duke Mizzah: these are the dukes that came of Reuel in the land of Edom; these are the sons of Basemath Esau’s wife.
18 ၁၈ ဧသော မယား အဟောလိဗာမ ၏ သား ကား၊ ဗိုလ် ယုရှ ၊ ဗိုလ် ယာလံ ၊ ဗိုလ် ကောရ တည်း။ ဤ ဗိုလ် တို့သည် အာန ၏သမီး ၊ ဧသော မယား အဟောလိဗာမ သား ဖြစ်သတည်း။
And these are the sons of Oholibamah Esau’s wife; duke Jeush, duke Jalam, duke Korah: these are the dukes that came of Oholibamah the daughter of Anah, Esau’s wife.
19 ၁၉ ဧဒုံ အမည်ရှိသောဧသော ၏ သား မြေးများ၊ သူ တို့တွင် ဗိုလ် လုပ်သောသူများ၊ ဤ သို့တည်း။
These are the sons of Esau, and these are their dukes: the same is Edom.
20 ၂၀ ထိုပြည် ၌နေ သောဟောရိ အမျိုး၊ စိရ ၏သား ကား၊ လောတန် ၊ ရှောဗလ ၊ ဇိဘောင် ၊ အာန၊
These are the sons of Seir the Horite, the inhabitants of the land; Lotan and Shobal and Zibeon and Anah,
21 ၂၁ ဒိရှုန် ၊ ဧဇာ ၊ ဒိရှန် တည်း။ ဤ သူတို့သည် ဧဒုံ ပြည် ၌ ဟောရိ အမျိုး၊ စိရ ၏သား တို့တွင် ဗိုလ် လုပ်သောသူဖြစ် သတည်း။
and Dishon and Ezer and Dishan: these are the dukes that came of the Horites, the children of Seir in the land of Edom.
22 ၂၂ လောတန် သား ကား၊ ဟောရိ နှင့် ဟေမံ တည်း။
And the children of Lotan were Hori and Hemam; and Lotan’s sister was Timna.
23 ၂၃ ရှောဗလ သား ကား၊ အာလဝန် ၊ မနာဟတ် ၊ ဧဗလ ၊ ရှေဖေါ ၊ ဩနံ တည်း။
And these are the children of Shobal; Alvan and Manahath and Ebal, Shepho and Onam.
24 ၂၄ ဇိဘောင် သား ကား၊ အာယ နှင့် အာန တည်း။ ထို အာန ကား ၊ အဘ ဇိဘောင် ၏ မြည်း တို့ကို ထိန်း သောအခါ ၊ တော ၌ နွေး သော စမ်းရေတွင်းတို့ကို တွေ့ သောသူ ပေတည်း။
And these are the children of Zibeon; Aiah and Anah: this is Anah who found the hot springs in the wilderness, as he fed the asses of Zibeon his father.
25 ၂၅ အာန သား ကား၊ ဒိရှုန် နှင့် သမီး အဟောလိဗာမ တည်း။
And these are the children of Anah; Dishon and Oholibamah the daughter of Anah.
26 ၂၆ ဒိရှုန် သား ကား၊ ဟင်္ဒန် ၊ ဧရှဗန် ၊ ဣသရန် ၊ ခေရန် တည်း။
And these are the children of Dishon; Hemdan and Eshban and Ithran and Cheran.
27 ၂၇ ဧဇာ သား ကား၊ ဗိလဟန် ၊ ဇာဝန် ၊ အာကန် တည်း။
These are the children of Ezer; Bilhan and Zaavan and Akan.
28 ၂၈ ဒိရှန် သား ကား၊ ဥဇ နှင့် အာရန် တည်း။
These are the children of Dishan; Uz and Aran.
29 ၂၉ ဟောရိ အမျိုးဗိုလ် များကား ၊ ဗိုလ် လောတန် ၊ ဗိုလ် ရှောဗလ ၊ ဗိုလ် ဇိဘောင် ၊ ဗိုလ် အာန၊
These are the dukes that came of the Horites; duke Lotan, duke Shobal, duke Zibeon, duke Anah,
30 ၃၀ ဗိုလ် ဒိရှုန် ၊ ဗိုလ် ဧဇာ ၊ ဗိုလ် ဒိရှန် တည်း။ ဤ သူတို့ သည် စိရ ပြည် ၌ ဗိုလ် လုပ်သောသူ တို့ တွင်၊ ဟောရိ အမျိုး ဗိုလ် ဖြစ်သတည်း။
duke Dishon, duke Ezer, duke Dishan: these are the dukes that came of the Horites, according to their dukes in the land of Seir.
31 ၃၁ ဣသရေလ အမျိုး ၌ အစိုး ရသောမင်း ကြီး မ ရှိမှီ၊ ဧဒုံ ပြည် ၌ အစိုး ရသောမင်းကြီး ဟူမူကား၊
And these are the kings that reigned in the land of Edom, before there reigned any king over the children of Israel.
32 ၃၂ ဗောရ သား ဗေလာ သည် ဧဒုံ ပြည်၌ မင်း ပြု၏။ မြို့ တော်ကား၊ ဒိန္နာဗာ မြို့တည်း။
And Bela the son of Beor reigned in Edom; and the name of his city was Dinhabah.
33 ၃၃ ဗေလာ မင်းသေ ၍ သူ ၏အရာ ၌ ဗောဇရ အရပ် သား၊ ဇေရ ၏သား ယောဗပ် သည် မင်း ပြုလေ၏။
And Bela died, and Jobab the son of Zerah of Bozrah reigned in his stead.
34 ၃၄ ယောဗပ် မင်းသေ ၍ ၊ သူ ၏အရာ ၌ တေမနိ အရပ် သား ဟုရှံ သည် မင်း ပြုလေ၏။
And Jobab died, and Husham of the land of the Temanites reigned in his stead.
35 ၃၅ ဟုရှံ မင်းသေ ၍ ၊ မောဘ လွင်ပြင် ၌ မိဒျန် လူတို့ ကို လုပ်ကြံ သောသူ၊ ဗေဒဒ် သား ဟာဒဒ် သည်၊ ဟုရှံ အရာ ၌ မင်း ပြုလေ၏။ မြို့ တော်ကား၊ အာဝိတ် မြို့တည်း။
And Husham died, and Hadad the son of Bedad, who smote Midian in the field of Moab, reigned in his stead: and the name of his city was Avith.
36 ၃၆ ဟာဒဒ် မင်းသေ ၍ ၊ သူ ၏အရာ ၌ မာသရက် အရပ်သားစာမလ သည် မင်း ပြုလေ၏။
And Hadad died, and Samlah of Masrekah reigned in his stead.
37 ၃၇ စာမလ မင်းသေ ၍ ၊ သူ ၏အရာ ၌ မြစ် နားမှာ နေသောရဟောဘုတ် အရပ်သားရှောလ သည် မင်း ပြု လေ၏။
And Samlah died, and Shaul of Rehoboth by the River reigned in his stead.
38 ၃၈ ရှောလ မင်းသေ ၍ သူ ၏အရာ ၌၊ အာခဗော် သား ဗာလဟာနန် သည် မင်း ပြုလေ၏။
And Shaul died, and Baal-hanan the son of Achbor reigned in his stead.
39 ၃၉ အာခဗော် သား ဗာလဟာနန် မင်းသေ ၍ သူ ၏ အရာ ၌ဟာဒါ သည် မင်း ပြုလေ၏။ မြို့ တော်ကား၊ ပေါ မြို့ တည်း။ မျောက်သားတော်ကား၊ မေဇဟပ် သမီး မာတရက် ၏သမီး မဟေတဗေလ တည်း။
And Baal-hanan the son of Achbor died, and Hadar reigned in his stead: and the name of his city was Pau; and his wife’s name was Mehetabel, the daughter of Matred, the daughter of Me-zahab.
40 ၄၀ ဧသော မှ ဆင်းသက်၍ မိမိ အမျိုး အနွယ်၊ နေရာ အရပ်၊ ခံရသောဘွဲ့ နာမအလိုက် ၊ ဗိုလ် လုပ်သောသူ ဟူမူကား ၊ ဗိုလ် တိမနာ ၊ ဗိုလ် အာလဝ ၊ ဗိုလ် ယေသက်၊
And these are the names of the dukes that came of Esau, according to their families, after their places, by their names; duke Timna, duke Alvah, duke Jetheth;
41 ၄၁ ဗိုလ် အဟောလိဗာမ ၊ ဗိုလ် ဧလာ ၊ ဗိုလ် ပိနုန်၊
duke Oholibamah, duke Elah, duke Pinon;
42 ၄၂ ဗိုလ် ကေနတ် ၊ ဗိုလ် တေမန် ၊ ဗိုလ် မိဗဇာ၊
duke Kenaz, duke Teman, duke Mibzar;
43 ၄၃ ဗိုလ် မာဂဒျေလ ၊ ဗိုလ် ဣရံ တည်း။ ဤ သူတို့သည် မိမိ နေရာ အရပ်၊ မိမိ ပိုင် သော ပြည် ၌ ၊ ဧဒုံ ဗိုလ် များ ဖြစ်သတည်း။ ဧသော သည် ဧဒုံ အမျိုးသားတို့၏ အဘ ဖြစ်သတည်း။
duke Magdiel, duke Iram: these be the dukes of Edom, according to their habitations in the land of their possession. This is Esau the father of the Edomites.