< ကမ္ဘာဦး 35 >
1 ၁ ထိုနောက် ဘုရားသခင် က၊ သင်ထ ၍ ဗေသလ အရပ်သို့ သွားနေ လော့။ သင် သည် အစ်ကို ဧသော ထံ မှ ပြေး သောအခါ ၊ သင့် အား ထင်ရှား သော ဘုရား သခင်အဘို့ ၊ ထို အရပ်၌ ယဇ် ပလ္လင်ကို တည် လော့ဟု၊ ယာကုပ် အား မိန့် တော်မူ၏။
God said to Jacob, “Arise, go up to Bethel, and stay there. Build an altar there to God, who appeared to you when you fled from Esau your brother.”
2 ၂ ထိုအခါ ယာကုပ် သည် အိမ်သူ အိမ်သားများနှင့် ၊ မိမိ ၌ ရှိသောသူ အပေါင်း တို့ကို ခေါ် ၍၊ သင် တို့တွင် ပါ သော၊ တပါး အမျိုးသားတို့၏ ဘုရား တို့ကို ပယ် ပစ် ကြလော့။ အဝတ် ကို လဲ ၍ သန့်ရှင်း ခြင်း ရှိစေကြလော့။
Then Jacob said to his household and to all who were with him, “Put away the foreign gods that are among you, purify yourselves, and change your clothes.
3 ၃ ယခုထ ၍ ဗေသလ အရပ်သို့သွား ကြစို့။ ငါသည် ဆင်းရဲ ခံရသောကာလ ငါ့ ကိုထူး ၍၊ ငါသွား သော လမ်း ၌ ကြွတော်မူသောဘုရား သခင်အဘို့ ထို အရပ်၌ ယဇ် ပလ္လင်ကို ငါတည် မည်ဟု ဆိုလေ၏။
Then let us depart and go up to Bethel. I will build an altar there to God, who answered me in the day of my distress, and has been with me wherever I have gone.”
4 ၄ သူတို့သည်လည်း၊ မိမိ တို့၌ ပါ သောတပါး အမျိုးသားတို့၏ ဘုရား အပေါင်း တို့နှင့်၊ နား ၌ ပန်သော နား ပန်တန်ဆာရှိသမျှတို့ကို၊ ယာကုပ် အား ပေး ၍ ၊ ယာကုပ် လည်း၊ ရှေခင် မြို့နား တွင် ရှိသော သပိတ် ပင် အောက် ၌ မြှုပ် ထားလေ၏။
So they gave to Jacob all the foreign gods that were in their hand, and the rings that were in their ears. Jacob buried them under the oak that was near Shechem.
5 ၅ သူတို့ပြောင်း သွား ကြသောအခါ ၊ ပတ်ဝန်းကျင် မြို့ သားတို့သည်၊ ဘုရားသခင် ကို ကြောက်ရွံ့ ၍ ၊ ယာကုပ် သား တို့ကို မ လိုက် ဝံ့ဘဲနေကြ၏။
As they traveled, God made panic to fall on the cities that were around them, so those people did not pursue the sons of Jacob.
6 ၆ ယာကုပ် သည် မိမိ ၌ ပါသောသူ အပေါင်း နှင့်တကွ ၊ ခါနာန် ပြည် လုဇ မြို့တည်းဟူသော၊ ဗေသလ အရပ်သို့ ရောက် ကြသော်၊
So Jacob arrived at Luz (that is, Bethel), which is in the land of Canaan, he and all the people who were with him.
7 ၇ ယဇ် ပလ္လင်ကိုတည် ၍ ၊ ထိုအရပ် ကို ဗေသလ အမည်ဖြင့် တဖန် သမုတ် ပြန်လေ၏။ အကြောင်း မူကား၊ အစ်ကို ထံ မှ ပြေး သောအခါ ၊ ထို အရပ်၌ ဘုရားသခင် ထင်ရှား တော်မူသတည်း။
He built an altar there and called the place El Bethel, because there God had revealed himself to him, when he was fleeing from his brother.
8 ၈ ရေဗက္က ၏အထိန်း ဒေဗောရ သေ ၍ ၊ ဗေသလ အရပ်၌ သပိတ် ပင်အောက် တွင် သင်္ဂြိုဟ် ခြင်းကို ခံရလေ ၏။ ထို အပင်ကို အာလုမ္ဘာကုတ် ဟူ၍တွင် သတည်း။
Deborah, Rebekah's nurse, died. She was buried down from Bethel under the oak tree, so it was called Allon Bakuth.
9 ၉ ယာကုပ် သည် ပါဒနာရံ အရပ်မှ ပြန် လာသောနောက် ၊ တဖန်ဘုရားသခင် ထင်ရှား ၍ ကောင်းကြီး ပေး တော်မူပြီးလျှင်၊
When Jacob came from Paddan Aram, God appeared to him again and blessed him.
10 ၁၀ သင် သည် ယခု ယာကုပ် အမည် ရှိ၏။ နောင်၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ။ ဣသရေလ ဟူ၍ခေါ်ရမည်ဟု မိန့် တော်မူလျက် ဣသရေလ အမည် ဖြင့် သမုတ် တော်မူ၏။
God said to him, “Your name is Jacob, but your name will no longer be called Jacob. Your name will be Israel.” So God called his name Israel.
11 ၁၁ တဖန် ဘုရားသခင် က၊ ငါ သည် အနန္တ တန်ခိုးရှင်ဘုရား သခင်ဖြစ်၏။ တိုးပွါး များပြားလော့။ လူ တမျိုး မက၊ အမျိုးမျိုးတို့သည် သင် ၌ ဖြစ် ကြလိမ့်မည်။ ရှင် ဘုရင်တို့သည် သင် ၏ အမျိုးအနွယ်၌ ဖြစ် ကြလိမ့်မည်။
God said to him, “I am God Almighty. Be fruitful and multiply. A nation and a company of nations will come from you, and kings will be among your descendants.
12 ၁၂ အာဗြဟံ နှင့် ဣဇာက် အား ငါပေး သော မြေ ကို သင် နှင့် သင် ၏ အမျိုးအနွယ် အား ငါပေး မည်ဟု မိန့် တော်မူ ၏။
The land that I gave to Abraham and Isaac, I will give to you. To your descendants after you I also give the land.”
13 ၁၃ ထိုသို့ ယာကုပ် နှင့် နှုတ်ဆက်၍ မိန့် မြွက်တော်မူရာအရပ် မှ ၊ ဘုရားသခင် တက် ကြွတော်မူ၏။
God went up from him in the place where he spoke with him.
14 ၁၄ ဘုရားသခင်နှုတ်ဆက်၍ မိန့် မြွက်တော်မူရာ အရပ် ၌ ၊ ယာကုပ် သည် ကျောက်တိုင် ကို စိုက် ၍ ၊ ကျောက်ဖျာ ပေါ် ၌ သွန်းလောင်း ရာ ပူဇော် သက္ကာကို၎င်း၊ ဆီ ကို ၎င်း လောင်း လေ၏။
Jacob set up a pillar in the place where God had spoken to him, a pillar of stone. He poured out a drink offering over it and poured oil on it.
15 ၁၅ ဗျာဒိတ် တော်ကို ခံရသောထိုအရပ် ကိုလည်း၊ ဗေသလ ဟူ၍တဖန် သမုတ် ပြန်လေ၏။
Jacob called the name of the place where God spoke with him, Bethel.
16 ၁၆ ထိုနောက် တဖန် ဗေသလ အရပ်မှ ခရီး သွားပြန်၍ ၊ ဧဖရတ် မြို့နှင့် နီးသောအခါ၊ ရာခေလ သည် သားဘွား အံ့သောအချိန် ရောက်၍၊ ပြင်းစွာသော ဝေဒနာကို ခံရ၏။
They journeyed on from Bethel. While they were still some distance from Ephrath, Rachel went into labor. She had hard labor.
17 ၁၇ ထိုသို့ ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲ က၊ မ စိုးရိမ် နှင့်၊ သား ယောက်ျားကို ရပြီဟုဆို လေ၏။
While she was in hardest labor, the midwife said to her, “Do not be afraid, for now you will have another son.”
18 ၁၈ ရာခေလ သည် သေ အံ့ဆဲဆဲရှိ၍ ၊ နံ ဝိညာဉ် ထွက် စဉ် အခါ၊ ထို သားကို ဗေနောနိ အမည် ဖြင့် မှည့် လေ ၏။ အဘ မူကား ဗင်္ယာမိန် အမည် ဖြင့် မှည့်သတည်း။
As she was dying, with her dying breath she named him Ben-Oni, but his father called him Benjamin.
19 ၁၉ ရာခေလ သေ ၍ ၊ ဗက်လင် အမည်ရှိသောဧဖရတ် မြို့သို့ သွား သော လမ်းခရီးတွင်၊ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။
Rachel died and was buried on the way to Ephrath (that is, Bethlehem).
20 ၂၀ ယာကုပ် လည်း သင်္ချိုင်း အပေါ် မှာ မှတ်တိုင် ကို စိုက် လေ၏။ ထို မှတ်တိုင် ကား၊ ယနေ့ တိုင်အောင် ရာခေလ ၏ သင်္ချိုင်း မှတ်တိုင်ဖြစ်သတည်း။
Jacob set up a pillar upon her grave. It is the marker of Rachel's grave to this day.
21 ၂၁ ဣသရေလ သည် တဖန် ခရီး သွားပြန်၍ ၊ ဧဒါလင့်စင် ကို လွန် ပြီးမှတဲ ကိုဆောက် လေ၏။
Israel traveled on and pitched his tent beyond the watchtower of the flock.
22 ၂၂ ထိုအရပ် ၌ နေ သောအခါ ၊ ရုဗင် သည်သွား ၍ အဘ ၏မယားငယ် ၊ ဗိလဟာ နှင့် အိပ် လေ၏။ ထို သတင်း ကို ဣသရေလ ကြား ၏။
While Israel was living in that land, Reuben slept with Bilhah his father's concubine, and Israel heard of it. Now Jacob had twelve sons.
23 ၂၃ ယာကုပ် သား တကျိပ် နှစ် ပါးရှိ ၏။ လေအာ တွင် မြင်သော သား ကား၊ ယာကုပ် ၏သားဦး ရုဗင် ၊ အစရှိ သော ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန် တည်း။
His sons by Leah were Reuben, Jacob's firstborn, and Simeon, Levi, Judah, Issachar, and Zebulun.
24 ၂၄ ရာခေလ သား ကား၊ ယောသပ် နှင့် ဗင်္ယာမိန် တည်း။
His sons by Rachel were Joseph and Benjamin.
25 ၂၅ ရာခေလ ၏ ကျွန်မ ဗိလဟာ သား ကား၊ ဒန် နှင့် နဿလိ တည်း။
His sons by Bilhah, Rachel's female servant, were Dan and Naphtali.
26 ၂၆ လေအာ ၏ ကျွန်မ ဇိလပ သား ကား၊ ဂဒ် နှင့် အာရှာ တည်း။ ဤ သူတို့ကား၊ ပါဒနာရံ ပြည်၌ ဘွားမြင် သော ယာကုပ် ၏သား များတည်း။
The sons of Zilpah, Leah's female servant, were Gad and Asher. All these were the sons of Jacob who were born to him in Paddan Aram.
27 ၂၇ ထိုနောက် ယာကုပ် သည် အာဗြဟံ နှင့် ဣဇာက် တည်းခို ရာ၊ မံရေ အရပ်၊ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့၌နေ သော၊ အဘ ဣဇာက် ထံ သို့ရောက် လေ၏။
Jacob came to Isaac, his father, in Mamre in Kiriath Arba (the same as Hebron), where Abraham and Isaac had lived.
28 ၂၈ ဣဇာက် အသက် သည် အနှစ် တရာ ရှစ်ဆယ် နှင့် ပြည့်စုံ သည်ရှိသော်၊
Isaac lived for one hundred eighty years.
29 ၂၉ အသက် ကြီးရင့်ရာ၊ ကာလ ပြည့်စုံ ရာ၌ အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက် လေ၏။ သား ဧသော နှင့် ယာကုပ် တို့သည် သင်္ဂြိုဟ် ကြ၏။
Isaac breathed his last and died, and was gathered to his ancestors, an old man full of days. Esau and Jacob, his sons, buried him.