< ကမ္ဘာ​ဦး 35 >

1 ထိုနောက် ဘုရားသခင် က၊ သင်ထ ၍ ဗေသလ အရပ်သို့ သွားနေ လော့။ သင် သည် အစ်ကို ဧသော ထံ မှ ပြေး သောအခါ ၊ သင့် အား ထင်ရှား သော ဘုရား သခင်အဘို့ ၊ ထို အရပ်၌ ယဇ် ပလ္လင်ကို တည် လော့ဟု၊ ယာကုပ် အား မိန့် တော်မူ၏။
Then God told Jacob, “Get ready to go to Bethel and live there. Build an altar there to God, who appeared to you when you were running away from your brother Esau.”
2 ထိုအခါ ယာကုပ် သည် အိမ်သူ အိမ်သားများနှင့် ၊ မိမိ ၌ ရှိသောသူ အပေါင်း တို့ကို ခေါ် ၍၊ သင် တို့တွင် ပါ သော၊ တပါး အမျိုးသားတို့၏ ဘုရား တို့ကို ပယ် ပစ် ကြလော့။ အဝတ် ကို လဲ ၍ သန့်ရှင်း ခြင်း ရှိစေကြလော့။
So Jacob told his family and everyone who was with him, “Get rid of the pagan idols you have with you. Purify yourselves and change your clothes.
3 ယခုထ ၍ ဗေသလ အရပ်သို့သွား ကြစို့။ ငါသည် ဆင်းရဲ ခံရသောကာလ ငါ့ ကိုထူး ၍၊ ငါသွား သော လမ်း ၌ ကြွတော်မူသောဘုရား သခင်အဘို့ ထို အရပ်၌ ယဇ် ပလ္လင်ကို ငါတည် မည်ဟု ဆိုလေ၏။
We have to get ready and go to Bethel so I can build an altar to God who answered me in my time of trouble. He has been with me wherever I went.”
4 သူတို့သည်လည်း၊ မိမိ တို့၌ ပါ သောတပါး အမျိုးသားတို့၏ ဘုရား အပေါင်း တို့နှင့်၊ နား ၌ ပန်သော နား ပန်တန်ဆာရှိသမျှတို့ကို၊ ယာကုပ် အား ပေး ၍ ၊ ယာကုပ် လည်း၊ ရှေခင် မြို့နား တွင် ရှိသော သပိတ် ပင် အောက် ၌ မြှုပ် ထားလေ၏။
They handed over to Jacob all the pagan idols they had, as well as their earrings, and he buried them under the oak tree at Shechem.
5 သူတို့ပြောင်း သွား ကြသောအခါ ၊ ပတ်ဝန်းကျင် မြို့ သားတို့သည်၊ ဘုရားသခင် ကို ကြောက်ရွံ့ ၍ ၊ ယာကုပ် သား တို့ကို မ လိုက် ဝံ့ဘဲနေကြ၏။
As they left on their journey, the terror of God spread over all the surrounding towns, so nobody tried to retaliate against Jacob's sons.
6 ယာကုပ် သည် မိမိ ၌ ပါသောသူ အပေါင်း နှင့်တကွ ၊ ခါနာန် ပြည် လုဇ မြို့တည်းဟူသော၊ ဗေသလ အရပ်သို့ ရောက် ကြသော်၊
Jacob and everyone with him arrived at Luz (also known as Bethel) in the country of Canaan.
7 ယဇ် ပလ္လင်ကိုတည် ၍ ၊ ထိုအရပ် ကို ဗေသလ အမည်ဖြင့် တဖန် သမုတ် ပြန်လေ၏။ အကြောင်း မူကား၊ အစ်ကို ထံ မှ ပြေး သောအခါ ၊ ထို အရပ်၌ ဘုရားသခင် ထင်ရှား တော်မူသတည်း။
He built an altar there and called the place El-Bethel, because that was where God had appeared to him when he was running away from his brother Esau.
8 ရေဗက္က ၏အထိန်း ဒေဗောရ သေ ၍ ၊ ဗေသလ အရပ်၌ သပိတ် ပင်အောက် တွင် သင်္ဂြိုဟ် ခြင်းကို ခံရလေ ၏။ ထို အပင်ကို အာလုမ္ဘာကုတ် ဟူ၍တွင် သတည်း။
Deborah, Rebekah's nurse, died and was buried under the oak near Bethel. So it was named “the oak of weeping.”
9 ယာကုပ် သည် ပါဒနာရံ အရပ်မှ ပြန် လာသောနောက် ၊ တဖန်ဘုရားသခင် ထင်ရှား ၍ ကောင်းကြီး ပေး တော်မူပြီးလျှင်၊
God appeared to Jacob again and blessed him after his return from Paddan-aram.
10 ၁၀ သင် သည် ယခု ယာကုပ် အမည် ရှိ၏။ နောင်၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ။ ဣသရေလ ဟူ၍ခေါ်ရမည်ဟု မိန့် တော်မူလျက် ဣသရေလ အမည် ဖြင့် သမုတ် တော်မူ၏။
God told him, “Jacob will not be your name any longer. Instead of Jacob your name will be Israel.” So God called him Israel.
11 ၁၁ တဖန် ဘုရားသခင် က၊ ငါ သည် အနန္တ တန်ခိုးရှင်ဘုရား သခင်ဖြစ်၏။ တိုးပွါး များပြားလော့။ လူ တမျိုး မက၊ အမျိုးမျိုးတို့သည် သင် ၌ ဖြစ် ကြလိမ့်မည်။ ရှင် ဘုရင်တို့သည် သင် ၏ အမျိုးအနွယ်၌ ဖြစ် ကြလိမ့်မည်။
Then God said, “I am God Almighty! Reproduce, increase, and you will become a nation—in fact a group of nations—and kings will be among your descendants.
12 ၁၂ အာဗြဟံ နှင့် ဣဇာက် အား ငါပေး သော မြေ ကို သင် နှင့် သင် ၏ အမျိုးအနွယ် အား ငါပေး မည်ဟု မိန့် တော်မူ ၏။
I will give to you and to your descendants the land I also gave to Abraham and Isaac.”
13 ၁၃ ထိုသို့ ယာကုပ် နှင့် နှုတ်ဆက်၍ မိန့် မြွက်တော်မူရာအရပ် မှ ၊ ဘုရားသခင် တက် ကြွတော်မူ၏။
Then God left the place where he had been speaking to Jacob.
14 ၁၄ ဘုရားသခင်နှုတ်ဆက်၍ မိန့် မြွက်တော်မူရာ အရပ် ၌ ၊ ယာကုပ် သည် ကျောက်တိုင် ကို စိုက် ၍ ၊ ကျောက်ဖျာ ပေါ် ၌ သွန်းလောင်း ရာ ပူဇော် သက္ကာကို၎င်း၊ ဆီ ကို ၎င်း လောင်း လေ၏။
Afterwards Jacob set up a stone pillar where God had spoken with him. He poured out a drink offering on it, and also olive oil.
15 ၁၅ ဗျာဒိတ် တော်ကို ခံရသောထိုအရပ် ကိုလည်း၊ ဗေသလ ဟူ၍တဖန် သမုတ် ပြန်လေ၏။
Jacob called the place Bethel, because he had spoken with God there.
16 ၁၆ ထိုနောက် တဖန် ဗေသလ အရပ်မှ ခရီး သွားပြန်၍ ၊ ဧဖရတ် မြို့နှင့် နီးသောအခါ၊ ရာခေလ သည် သားဘွား အံ့သောအချိန် ရောက်၍၊ ပြင်းစွာသော ဝေဒနာကို ခံရ၏။
Then they moved on from Bethel. While they were still some distance from Ephrath, Rachel went into labor and had great difficulty giving birth.
17 ၁၇ ထိုသို့ ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲ က၊ မ စိုးရိမ် နှင့်၊ သား ယောက်ျားကို ရပြီဟုဆို လေ၏။
When she was in the worst birth-pains, the midwife told her, “Don't give up—you have another son!”
18 ၁၈ ရာခေလ သည် သေ အံ့ဆဲဆဲရှိ၍ ၊ နံ ဝိညာဉ် ထွက် စဉ် အခါ၊ ထို သားကို ဗေနောနိ အမည် ဖြင့် မှည့် လေ ၏။ အဘ မူကား ဗင်္ယာမိန် အမည် ဖြင့် မှည့်သတည်း။
But she was dying, and with her last breath she named him Benoni. But his father named him Benjamin.
19 ၁၉ ရာခေလ သေ ၍ ၊ ဗက်လင် အမည်ရှိသောဧဖရတ် မြို့သို့ သွား သော လမ်းခရီးတွင်၊ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။
Rachel died and was buried on the way to Ephrath (also known as Bethlehem).
20 ၂၀ ယာကုပ် လည်း သင်္ချိုင်း အပေါ် မှာ မှတ်တိုင် ကို စိုက် လေ၏။ ထို မှတ်တိုင် ကား၊ ယနေ့ တိုင်အောင် ရာခေလ ၏ သင်္ချိုင်း မှတ်တိုင်ဖြစ်သတည်း။
Jacob set up a stone memorial over Rachel's grave, and it's still there to this day.
21 ၂၁ ဣသရေလ သည် တဖန် ခရီး သွားပြန်၍ ၊ ဧဒါလင့်စင် ကို လွန် ပြီးမှတဲ ကိုဆောက် လေ၏။
Israel moved on and camped beyond the watch tower at Eder.
22 ၂၂ ထိုအရပ် ၌ နေ သောအခါ ၊ ရုဗင် သည်သွား ၍ အဘ ၏မယားငယ် ၊ ဗိလဟာ နှင့် အိပ် လေ၏။ ထို သတင်း ကို ဣသရေလ ကြား ၏။
During the time he was living there, Reuben went and slept with Bilhah, his father's concubine, and Israel found out about it. These were the twelve sons of Jacob:
23 ၂၃ ယာကုပ် သား တကျိပ် နှစ် ပါးရှိ ၏။ လေအာ တွင် မြင်သော သား ကား၊ ယာကုပ် ၏သားဦး ရုဗင် ၊ အစရှိ သော ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန် တည်း။
The sons of Leah: Reuben (Jacob's firstborn), Simeon, Levi, Judah, Issachar, and Zebulun.
24 ၂၄ ရာခေလ သား ကား၊ ယောသပ် နှင့် ဗင်္ယာမိန် တည်း။
The sons of Rachel: Joseph and Benjamin.
25 ၂၅ ရာခေလ ၏ ကျွန်မ ဗိလဟာ သား ကား၊ ဒန် နှင့် နဿလိ တည်း။
The sons of Rachel's personal maid Bilhah: Dan and Naphtali.
26 ၂၆ လေအာ ၏ ကျွန်မ ဇိလပ သား ကား၊ ဂဒ် နှင့် အာရှာ တည်း။ ဤ သူတို့ကား၊ ပါဒနာရံ ပြည်၌ ဘွားမြင် သော ယာကုပ် ၏သား များတည်း။
The sons of Leah's personal maid Zilpah: Gad and Asher. These were the sons of Jacob, who were born to him while in Paddan-aram.
27 ၂၇ ထိုနောက် ယာကုပ် သည် အာဗြဟံ နှင့် ဣဇာက် တည်းခို ရာ၊ မံရေ အရပ်၊ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့၌နေ သော၊ အဘ ဣဇာက် ထံ သို့ရောက် လေ၏။
Jacob returned home to his father Isaac at Mamre, near Kiriath-arba (also known as Hebron), where Abraham and Isaac had lived.
28 ၂၈ ဣဇာက် အသက် သည် အနှစ် တရာ ရှစ်ဆယ် နှင့် ပြည့်စုံ သည်ရှိသော်၊
Isaac lived to be 180
29 ၂၉ အသက် ကြီးရင့်ရာ၊ ကာလ ပြည့်စုံ ရာ၌ အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက် လေ၏။ သား ဧသော နှင့် ယာကုပ် တို့သည် သင်္ဂြိုဟ် ကြ၏။
when he breathed his last and died at an old age. He had lived a full life, and now he joined his forefathers in death. His sons Esau and Jacob buried him.

< ကမ္ဘာ​ဦး 35 >