< ကမ္ဘာဦး 34 >
1 ၁ ယာကုပ် ၏မယား၊ လေအာ ဘွားမြင် သောသမီး ဒိန သည်၊ ထိုပြည် ၏ အမျိုးသမီး တို့ကို အကြည့်အရှု သွားရာ တွင်၊
2 ၂ ထိုပြည် ကို အစိုးရ သောဟိဝိ အမျိုး၊ ဟာမော် မင်း ၏သား ရှေခင် သည် ဒိန ကိုမြင် လျှင် ၊ ယူ သွား၍ အိပ် ဘော်ပြုလျက် ၊ သူ့ အသရေကို ရှုတ်ချ လေ၏။
3 ၃ နောက်မှသူ့ကိုချစ်သောစိတ် မကုန်၊ အမြဲ ချစ် ၍ ၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ၏။
4 ၄ ခမည်း တော်ဟာမော် ထံသို့ လည်း ဝင်၍၊ ဤ မိန်းမ ကို အကျွန်ုပ် ကြင်ဘက် ဖြစ်စေခြင်းငှါ ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို ၏။
5 ၅ ယာကုပ် သည် မိမိ သမီး ဒိန ကို၊ ရှေခင်မင်းသားရှုတ်ချ ကြောင်း ကို ကြား သိသော် လည်း၊ မိမိ သား တို့သည် တော အရပ်မှာ တိရစ္ဆာန် တို့နှင့်အတူ ရှိ သည်ဖြစ်၍ ၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ် စွာနေလေ၏။
6 ၆ ထိုနောက် ၊ ရှေခင် အဘ ဟာမော် မင်းသည် ယာကုပ် နှင့် နှုတ်ဆက် ခြင်းငှါ လာ ၍၊
7 ၇ ယာကုပ် ၏သား တို့လည်း သိတင်း ကြားသောအခါ၊ တော အရပ်မှ ပြန်ရောက် ကြ၏။ ထိုမင်းသားသည် ယာကုပ် ၏သမီး နှင့် အိပ် မိ၍၊ ဣသရေလ အမျိုး၌ မိုက် သောအမှု၊ မ ပြု အပ်သော အရာကို ပြု မိသောကြောင့် ၊ သူတို့သည် စိတ်နာ ၍ အလွန် အမျက်ထွက် ကြ၏။
8 ၈ ဟာမော် မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့ သား ရှေခင် သည်၊ သင် တို့သမီး ကို အလွန် ချစ်အားကြီးပါ၏။ ထိမ်းမြားပေးစား ကြပါလော့။
9 ၉ သင် တို့သည် ငါ တို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက်၊ သင် တို့သမီး ကို ပေးစား ကြလော့။ ငါ တို့သမီး နှင့် လည်း စုံဘက် ကြလော့။
10 ၁၀ သင်တို့သည် ငါ တို့နှင့်အတူ နေ ၍ ၊ ဤပြည် ၌ အဆီးအတားမရှိ၊ နေရာ ချလျက် ၊ ဖေါက် ကားရောင်းဝယ် ခြင်းကို ပြု၍ ၊ အပိုင်ယူ ကြလော့ဟု ဆိုလေ၏။
11 ၁၁ ရှေခင် ကလည်း ၊ သင် တို့စိတ် နှင့်တွေ့ ကြပါစေ။ တောင်း သမျှ ကို ပေး ပါမည်။
12 ၁၂ ကန်တော့ ဥစ္စာဖြစ်စေ ၊ လက်ဆောင် ပဏ္ဏာဖြစ်စေ ၊ နည်းများမဆို၊ တောင်း သည့်အတိုင်း ပေး ပါမည်။ ဤမိန်းမ ကိုသာ ငါ့ အား ထိမ်းမြားပေးစား ကြပါဟု၊ မိန်းမ ၏အဘ နှင့် မောင် တို့အား ဆို လေ၏။
13 ၁၃ ယာကုပ် ၏ သား တို့သည်၊ နှမ ဒိန ကို ရှေခင် မင်းသားရှုတ်ချ သောအကြောင်း ကို ဆင်ခြင် ၍ ၊ မင်းသား နှင့်အဘ ဟာမော် ကို ပရိယာယ် ဖြင့် ပြန် ပြောသည်မှာ၊
14 ၁၄ ကျွန်ုပ်တို့ နှမ ကို အရေဖျား လှီးမင်္ဂလာကို မခံ သော သူ အား မ ပေးစား နိုင် ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ ဘွယ် သောအကြောင်းဖြစ်ပါ၏။
15 ၁၅ သင် တို့သည် ကျွန်ုပ် တို့ ဘာသာအတိုင်း ပြု ၍ ၊ ယောက်ျား တိုင်း အရေဖျား လှီးမင်္ဂလာကို ခံလျှင် ၊ ကျွန်ုပ်တို့သည် ဝန်ခံ ကြပါမည်။
16 ၁၆ သို့ပြုလျှင် ၊ ကျွန်ုပ် တို့သမီး ကို သင် တို့အား ပေးစား ၍ ၊ သင် တို့၏သမီး နှင့် လည်း စုံဘက် ကြသဖြင့် ၊ သင် တို့နှင့်အတူ နေထိုင် ၍ ၊ တမျိုး တည်းဖြစ် ကြလိမ့်မည်။
17 ၁၇ သို့မဟုတ် ကျွန်ုပ် တို့စကားကို နား မ ထောင်၊ အရေဖျား လှီးမင်္ဂလာကိုမခံလျှင် ၊ ကျွန်ုပ် တို့ သမီး ကိုယူ ၍ သွား မည်ဟုဆို ကြ၏။
18 ၁၈ ထို စကား ကို ဟာမော် မင်းနှင့် သား တော်ရှေခင် သည် နှစ်သက် ၍၊၊
19 ၁၉ ထိုမင်းသား သည်၊ ယာကုပ် ၏သမီး ကို ချစ် အားကြီး သောကြောင့် ၎င်း၊ အဘ ၏ အမျိုးသား ချင်းအပေါင်း တို့ထက် အသရေ ရှိသောကြောင့် ၎င်း၊ ချက်ခြင်းဝန်ခံလေ ၏။
20 ၂၀ ထိုအခါ ၊ ဟာမော် မင်းနှင့် သား တော် ရှေခင် သည်၊ မိမိ မြို့ တံခါး သို့ သွား ၍ ၊ မြို့ သား တို့နှင့် နှုတ်ဆက်လျက်၊
21 ၂၁ အချင်းတို့၊ ဤ သူ တို့သည် ငါ တို့နှင့် သင့်တင့် ကြပြီ။ ငါတို့ပြည် ၌ နေ ၍ ဖေါက်ကား ရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည် သည် သူ တို့နေသာအောင် ကျယ် ပေ၏။ သူ တို့သမီး များနှင့် အိမ်ထောင် ဘက် ပြု ကြ စို့။ ငါ တို့သမီး များကိုလည်း သူ တို့အား ထိမ်းမြား ပေးစားကြစို့။
22 ၂၂ သို့ရာတွင်သူ တို့သည် အရေဖျား လှီးမင်္ဂလာ ကိုခံသကဲ့သို့ ၊ ငါ တို့တွင် ယောက်ျား တိုင်း အရေဖျား လှီး မင်္ဂလာကို ခံမှ သာ၊ ထိုလူ တို့သည် ငါ တို့တွင် နေ ၍ တမျိုး တည်း ဖြစ်စေ ခြင်းငှါ ဝန်ခံ ကြလိမ့်မည်။
23 ၂၃ သူ တို့၏သိုး နွားမှစ၍ တိရစ္ဆာန် များ၊ ဥစ္စာ များတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့ အလိုသို့လိုက်ကြစို့။ သို့ပြုလျှင် သူ တို့သည် ငါ တို့တွင် နေ ကြလိမ့်မည်ဟု၊
24 ၂၄ ဟာမော် မင်းနှင့် သား တော်ရှေခင် ပြောသော စကားကို၊ မြို့ တံခါး မှ ထွက် သောသူအပေါင်း တို့သည် နားထောင် ၍ ယောက်ျား ရှိသမျှ တို့သည် အရေဖျား လှီး မင်္ဂလာကိုခံကြ၏။
25 ၂၅ ထိုသို့ခံ ၍ သုံး ရက်မြောက်သောနေ့ ၌ ၊ အလွန် နာကြသောအခါ ၊ ယာကုပ် သား ၊ ဒိန ၏မောင် ရှိမောင် နှင့် လေဝိ ညီနောင်နှစ် ယောက်တို့သည်၊ ထား လက်နက်တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိ မရှိသော ထိုမြို့ ကို တိုက် ၍ ၊ ယောက်ျား အပေါင်း တို့ကိုသတ် လေ၏။
26 ၂၆ ဟာမော် မင်းနှင့် သား တော်ရှေခင် ကိုလည်း ထား လက်နက် ဖြင့် သတ် ပြီးလျှင်၊ ဒိန ကို ရှေခင် အိမ် မှ နှုတ် ယူ၍ ပြန် သွားကြ၏။
27 ၂၇ မိမိ တို့နှမ ရှုတ်ချ ခြင်းကို ခံရသောကြောင့် ၊ တဖန်ယာကုပ် သား တို့သည် အသေ သတ်ပြီးသောသူတို့ ဆီသို့ သွား ပြန်၍၊ မြို့ ကိုလုယက် ဖျက်ဆီးသဖြင့်၊
28 ၂၈ သူ တို့ သိုး ၊ ဆိတ်၊ နွား ၊ မြည်း မှစ၍ ၊ မြို့ ၌ ရှိသမျှ ၊ လယ် ၌ ရှိသမျှ သော ဥစ္စာကို၎င်း၊
29 ၂၉ သူ တို့သားမယား သူငယ် အပေါင်း ကို၎င်းသိမ်းယူ ၍ ၊ အိမ် တို့၌ ရှိသမျှ ကိုလည်း လုယက် ဖျက်ဆီးကြ၏။
30 ၃၀ ထိုအခါ ယာကုပ် က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲကြပြီတကား။ ခါနနိ လူ၊ ဖေရဇိ လူတည်းဟူသော၊ ဤပြည် သား တို့သည် ငါ့ ကို ရွံရှာ အောင် ပြုကြပြီတကား။ ငါ တို့၌ လူ အရေ အတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး ၍ ငါ့ ကိုတိုက် သတ်သဖြင့် ၊ ငါ နှင့် ငါ့ အိမ်သူ အိမ်သားတို့ကို ဖျက်ဆီး ကြလိမ့်မည်ဟု ၊ ရှိမောင် နှင့် လေဝိ တို့အား ဆို လေသော်၊
31 ၃၁ သူတို့က၊ ငါ တို့နှမ ကို ပြည်တန်ဆာ ကဲ့သို့ မှတ်၍ ပြု ရမည်လောဟု ပြန် ဆိုလေ၏။