< ကမ္ဘာ​ဦး 34 >

1 ယာကုပ် ၏မယား၊ လေအာ ဘွားမြင် သောသမီး ဒိန သည်၊ ထိုပြည် ၏ အမျိုးသမီး တို့ကို အကြည့်အရှု သွားရာ တွင်၊
တစ်​နေ့​သ​၌​ယာ​ကုပ်​နှင့်​လေ​အာ​တို့​၏​သ​မီး ဒိ​န​သည် ခါ​နာန်​အ​မျိုး​သ​မီး​တို့​ထံ​အ​လည် အ​ပတ်​သွား​၏။-
2 ထိုပြည် ကို အစိုးရ သောဟိဝိ အမျိုး၊ ဟာမော် မင်း ၏သား ရှေခင် သည် ဒိန ကိုမြင် လျှင် ၊ ယူ သွား၍ အိပ် ဘော်ပြုလျက် ၊ သူ့ အသရေကို ရှုတ်ချ လေ၏။
ထို​ဒေ​သ​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး​သား ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင် လျှင်​အ​ဋ္ဌမ္မ​သိမ်း​ပိုက်​၍​မ​တ​ရား​ပြု​ကျင့် လေ​၏။-
3 နောက်မှသူ့ကိုချစ်သောစိတ် မကုန်၊ အမြဲ ချစ် ၍ ၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ၏။
သို့​ရာ​တွင်​သူ​သည်​ဒိ​န​၏​ရုပ်​ရည်​ကို​စွဲ​မက် သ​ဖြင့် မေတ္တာ​သက်​ဝင်​လာ​သော​ကြောင့်​သူ့​အား မေတ္တာ​တုံ့​ပြန်​ရန်​ဖျောင်း​ဖျ​လေ​သည်။-
4 ခမည်း တော်ဟာမော် ထံသို့ လည်း ဝင်၍၊ ဤ မိန်းမ ကို အကျွန်ုပ် ကြင်ဘက် ဖြစ်စေခြင်းငှါ ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို ၏။
ထို့​ကြောင့်​ရှေ​ခင်​သည်​သူ​၏​ဖ​ခင်​အား ဒိ​န​ကို လက်​ထပ်​ယူ​နိုင်​ရန်​ကြောင်း​လမ်း​ပေး​ပါ​ဟု တောင်း​ပန်​လေ​၏။
5 ယာကုပ် သည် မိမိ သမီး ဒိန ကို၊ ရှေခင်မင်းသားရှုတ်ချ ကြောင်း ကို ကြား သိသော် လည်း၊ မိမိ သား တို့သည် တော အရပ်မှာ တိရစ္ဆာန် တို့နှင့်အတူ ရှိ သည်ဖြစ်၍ ၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ် စွာနေလေ၏။
ယာ​ကုပ်​သည်​သူ​၏​သ​မီး​ဒိ​န​မ​တ​ရား​ပြု ကျင့်​ခံ​ရ​ကြောင်း​ကို​ကြား​သိ​ရ​သော်​လည်း သူ ၏​သား​တို့​သည်​တိရစ္ဆာန်​များ​ကို​စား​ကျက်​၌ ထိန်း​ကျောင်း​ရာ​မှ​ပြန်​မ​ရောက်​ကြ​သေး​သ​ဖြင့် မည်​သို့​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​လေ​၏။-
6 ထိုနောက် ၊ ရှေခင် အဘ ဟာမော် မင်းသည် ယာကုပ် နှင့် နှုတ်ဆက် ခြင်းငှါ လာ ၍၊
ယာ​ကုပ်​၏​သား​များ​စား​ကျက်​ထဲ​မှ​ပြန်​လာ နေ​ခိုက်၊-
7 ယာကုပ် ၏သား တို့လည်း သိတင်း ကြားသောအခါ၊ တော အရပ်မှ ပြန်ရောက် ကြ၏။ ထိုမင်းသားသည် ယာကုပ် ၏သမီး နှင့် အိပ် မိ၍၊ ဣသရေလ အမျိုး၌ မိုက် သောအမှု၊ မ ပြု အပ်သော အရာကို ပြု မိသောကြောင့် ၊ သူတို့သည် စိတ်နာ ၍ အလွန် အမျက်ထွက် ကြ၏။
ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​သည်​ကြောင်း​လမ်း​ရန် ကိစ္စ​နှင့်​ယာ​ကုပ်​ထံ​သို့​ရောက်​ရှိ​လာ​၏။ ယာ​ကုပ် ၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​အား​ရှေ​ခင် က​မ​တ​ရား​ပြု​ကျင့်​ခြင်း​ဖြင့် ဣ​သ​ရေ​လ တစ်​မျိုး​လုံး​ကို​စော်​ကား​ကြောင်း​ကြား​ရ​သော အ​ခါ မ​ပြု​အပ်​သော​ယုတ်​မာ​မှု​ကို​ပြု​သော ကြောင့်​စိတ်​နာ​၍​အ​လွန်​ဒေါ​သ​အ​မျက်​ထွက် ကြ​လေ​သည်။-
8 ဟာမော် မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့ သား ရှေခင် သည်၊ သင် တို့သမီး ကို အလွန် ချစ်အားကြီးပါ၏။ ထိမ်းမြားပေးစား ကြပါလော့။
ဟာ​မော်​က​သူ​တို့​အား``ငါ့​သား​ရှေ​ခင်​သည် သင်​တို့​၏​သ​မီး​ကို​ချစ်​ကြိုက်​နေ​ပါ​ပြီ။ သင်​တို့​၏​သ​မီး​နှင့်​ထိမ်း​မြား​လက်​ထပ် ခွင့်​ပေး​ကြ​ပါ။-
9 သင် တို့သည် ငါ တို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက်၊ သင် တို့သမီး ကို ပေးစား ကြလော့။ ငါ တို့သမီး နှင့် လည်း စုံဘက် ကြလော့။
ငါ​တို့​လူ​မျိုး​နှင့်​သင်​တို့​လူ​မျိုး​ထိမ်း​မြား နိုင်​ရန်​သ​ဘော​တူ​ကြ​ပါ​စို့။-
10 ၁၀ သင်တို့သည် ငါ တို့နှင့်အတူ နေ ၍ ၊ ဤပြည် ၌ အဆီးအတားမရှိ၊ နေရာ ချလျက် ၊ ဖေါက် ကားရောင်းဝယ် ခြင်းကို ပြု၍ ၊ အပိုင်ယူ ကြလော့ဟု ဆိုလေ၏။
၁၀သင်​တို့​ဤ​ပြည်​၌​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ ပါ။ ကြိုက်​နှစ်​သက်​ရာ​အ​ရပ်​ကို​ရွေး​၍​နေ​ကြ ပါ။ လွတ်​လပ်​စွာ​ရောင်း​ဝယ်​ဖောက်​ကား​ကြ​ပါ။ ပစ္စည်း​ဥစ္စာ​ကို​လည်း​ပိုင်​ဆိုင်​ကြ​ပါ'' ဟု​ဆို လေ​၏။
11 ၁၁ ရှေခင် ကလည်း ၊ သင် တို့စိတ် နှင့်တွေ့ ကြပါစေ။ တောင်း သမျှ ကို ပေး ပါမည်။
၁၁ထို​နောက်​ရှေ​ခင်​က​ဒိ​န​၏​ဖ​ခင်​နှင့်​အစ်​ကို တို့​အား``သင်​တို့​ထံ​မှ​မျက်​နှာ​သာ​ရ​မည်​ဆို လျှင်​သင်​တို့​တောင်း​သ​မျှ​ကို​ပေး​ပါ​မည်။-
12 ၁၂ ကန်တော့ ဥစ္စာဖြစ်စေ ၊ လက်ဆောင် ပဏ္ဏာဖြစ်စေ ၊ နည်းများမဆို၊ တောင်း သည့်အတိုင်း ပေး ပါမည်။ ဤမိန်းမ ကိုသာ ငါ့ အား ထိမ်းမြားပေးစား ကြပါဟု၊ မိန်းမ ၏အဘ နှင့် မောင် တို့အား ဆို လေ၏။
၁၂သင်​တို့​အ​လို​ရှိ​သ​မျှ​မင်္ဂ​လာ​ကြေး​နှင့် လက်​ဖွဲ့​ပစ္စည်း​ကို​အ​မြင့်​ဆုံး​သတ်​မှတ်​တောင်း ဆို​ကြ​ပါ။ ဒိ​န​ကို​လက်​ထပ်​ခွင့်​ပေး​မည်​ဆို လျှင်​သင်​တို့​တောင်း​ဆို​သ​မျှ​ကို​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။
13 ၁၃ ယာကုပ် ၏ သား တို့သည်၊ နှမ ဒိန ကို ရှေခင် မင်းသားရှုတ်ချ သောအကြောင်း ကို ဆင်ခြင် ၍ ၊ မင်းသား နှင့်အဘ ဟာမော် ကို ပရိယာယ် ဖြင့် ပြန် ပြောသည်မှာ၊
၁၃ယာ​ကုပ်​၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​ဒိ​န အား ရှေ​ခင်​က​အ​သ​ရေ​ပျက်​အောင်​ပြု​ကျင့်​ခဲ့ သ​ဖြင့် ရှေ​ခင်​နှင့်​သူ​၏​ဖ​ခင်​ကို​ပ​ရိ​ယာယ်​သုံး ၍​ဖြေ​ကြား​လေ​၏။-
14 ၁၄ ကျွန်ုပ်တို့ နှမ ကို အရေဖျား လှီးမင်္ဂလာကို မခံ သော သူ အား မ ပေးစား နိုင် ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ ဘွယ် သောအကြောင်းဖြစ်ပါ၏။
၁၄သူ​တို့​က``ကျွန်ုပ်​တို့​၏​နှ​မ​ကို​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​မ​ခံ​ရ​သူ​နှင့်​ထိမ်း​မြား​ပေး​ခွင့် မ​ရှိ​ပါ။ ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​အ​တွက် ရှက်​ဖွယ်​ဖြစ်​ပါ​သည်။-
15 ၁၅ သင် တို့သည် ကျွန်ုပ် တို့ ဘာသာအတိုင်း ပြု ၍ ၊ ယောက်ျား တိုင်း အရေဖျား လှီးမင်္ဂလာကို ခံလျှင် ၊ ကျွန်ုပ်တို့သည် ဝန်ခံ ကြပါမည်။
၁၅ကျွန်ုပ်​တို့​သ​ဘော​တူ​လက်​ခံ​နိုင်​မည့်​အ​ချက် တစ်​ချက်​တည်း​သာ​ရှိ​ပါ​သည်။ ထို​အ​ချက်​မှာ သင်​တို့​တွင်​ရှိ​သော​ယောကျာ်း​အား​လုံး​ကျွန်ုပ် တို့​ကဲ့​သို့​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ရ​မည်​ဖြစ်​သည်။-
16 ၁၆ သို့ပြုလျှင် ၊ ကျွန်ုပ် တို့သမီး ကို သင် တို့အား ပေးစား ၍ ၊ သင် တို့၏သမီး နှင့် လည်း စုံဘက် ကြသဖြင့် ၊ သင် တို့နှင့်အတူ နေထိုင် ၍ ၊ တမျိုး တည်းဖြစ် ကြလိမ့်မည်။
၁၆ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​သ​မီး​များ​ကို​သင် တို့​နှင့်​ထိမ်း​မြား​၍ သင်​တို့​သ​မီး​များ​ကို​ကျွန်ုပ် တို့​ထိမ်း​မြား​မည်။ သင်​တို့​ထံ​တွင်​နေ​ထိုင်​ကာ လူ​တစ်​မျိုး​တည်း​ဖြစ်​ရန်​သ​ဘော​တူ​ပါ​မည်။-
17 ၁၇ သို့မဟုတ် ကျွန်ုပ် တို့စကားကို နား မ ထောင်၊ အရေဖျား လှီးမင်္ဂလာကိုမခံလျှင် ၊ ကျွန်ုပ် တို့ သမီး ကိုယူ ၍ သွား မည်ဟုဆို ကြ၏။
၁၇သို့​ရာ​တွင်​သင်​တို့​က​ကျွန်ုပ်​တို့​၏​တောင်း​ဆို ချက်​ကို​ပယ်​၍ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​မ​ခံ​ကြ​ပါ​မူ​ကျွန်ုပ်​တို့​သည် နှ​မ​ကို​ပြန် သိမ်း​၍​သင်​တို့​ထံ​မှ​ထွက်​ခွာ​သွား​ပါ​မည်'' ဟု​ပြော​ကြ​လေ​၏။
18 ၁၈ ထို စကား ကို ဟာမော် မင်းနှင့် သား တော်ရှေခင် သည် နှစ်သက် ၍၊၊
၁၈ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​အ​တွက်​ထို တောင်း​ဆို​ချက်​ကို​လက်​ခံ​နိုင်​ဖွယ်​ရှိ​၏။ ရှေ​ခင် သည်​ယာ​ကုပ်​၏​သမီး​ကို​အ​လွန်​စွဲ​မက်​နေ သ​ဖြင့်၊-
19 ၁၉ ထိုမင်းသား သည်၊ ယာကုပ် ၏သမီး ကို ချစ် အားကြီး သောကြောင့် ၎င်း၊ အဘ ၏ အမျိုးသား ချင်းအပေါင်း တို့ထက် အသရေ ရှိသောကြောင့် ၎င်း၊ ချက်ခြင်းဝန်ခံလေ ၏။
၁၉ယာ​ကုပ်​၏​သား​များ​ပေး​သော​အ​ကြံ​ကို ချက်​ချင်း​လက်​ခံ​လိုက်​လေ​သည်။ ရှေ​ခင်​သည် ကား​မိ​မိ​၏​အ​မျိုး​သား​ချင်း​တို့​တွင်​အ​ရေး ပါ​အ​ရာ​ရောက်​ဆုံး​သော​ပ္ဂိုလ်​ဖြစ်​၏။
20 ၂၀ ထိုအခါ ၊ ဟာမော် မင်းနှင့် သား တော် ရှေခင် သည်၊ မိမိ မြို့ တံခါး သို့ သွား ၍ ၊ မြို့ သား တို့နှင့် နှုတ်ဆက်လျက်၊
၂၀ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​သည် မြို့ တံ​ခါး​ဝ​ရှိ​စည်း​ဝေး​ရာ​နေ​ရာ​သို့​သွား​၍ မြို့​သား​တို့​အား၊-
21 ၂၁ အချင်းတို့၊ ဤ သူ တို့သည် ငါ တို့နှင့် သင့်တင့် ကြပြီ။ ငါတို့ပြည် ၌ နေ ၍ ဖေါက်ကား ရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည် သည် သူ တို့နေသာအောင် ကျယ် ပေ၏။ သူ တို့သမီး များနှင့် အိမ်ထောင် ဘက် ပြု ကြ စို့။ ငါ တို့သမီး များကိုလည်း သူ တို့အား ထိမ်းမြား ပေးစားကြစို့။
၂၁``ဤ​သူ​တို့​သည်​ငါ​တို့​ကို​ဖော်​ရွေ​ကြ​ပါ​၏။ သူ​တို့​အား​ငါ​တို့​ပြည်​၌​နေ​၍​လွတ်​လပ်​စွာ သွား​လာ​ခွင့်​ရှိ​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင်​ကျယ်​ဝန်း​ပါ​သည်။ ငါ တို့​သည်​သူ​တို့​၏​သ​မီး​များ​ကို​ထိမ်း​မြား ၍​သူ​တို့​က​လည်း​ငါ​တို့​၏​သ​မီး​များ​ကို ထိမ်း​မြား​ပါ​စေ။-
22 ၂၂ သို့ရာတွင်သူ တို့သည် အရေဖျား လှီးမင်္ဂလာ ကိုခံသကဲ့သို့ ၊ ငါ တို့တွင် ယောက်ျား တိုင်း အရေဖျား လှီး မင်္ဂလာကို ခံမှ သာ၊ ထိုလူ တို့သည် ငါ တို့တွင် နေ ၍ တမျိုး တည်း ဖြစ်စေ ခြင်းငှါ ဝန်ခံ ကြလိမ့်မည်။
၂၂သို့​ရာ​တွင်​ငါ​တို့​ယောကျာ်း​အား​လုံး​က​သူ တို့​နည်း​တူ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ကြ​ပါ​မှ သူ​တို့​သည်​ငါ​တို့​နှင့်​အ​တူ​နေ ထိုင်​၍ ငါ​တို့​နှင့်​လူ​တစ်​မျိုး​တည်း​ဖြစ်​နိုင်​မည် ဟု​ဆို​ပါ​သည်။-
23 ၂၃ သူ တို့၏သိုး နွားမှစ၍ တိရစ္ဆာန် များ၊ ဥစ္စာ များတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့ အလိုသို့လိုက်ကြစို့။ သို့ပြုလျှင် သူ တို့သည် ငါ တို့တွင် နေ ကြလိမ့်မည်ဟု၊
၂၃သူ​တို့​အား​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​စေ​ရန်​သ ဘော​တူ​ကြ​မည်​ဆို​လျှင် သူ​တို့​၏​သိုး၊ ဆိတ်​မှ စ​၍​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း ငါ​တို့​ပိုင်​ဆိုင်​လာ​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​လေ​၏။-
24 ၂၄ ဟာမော် မင်းနှင့် သား တော်ရှေခင် ပြောသော စကားကို၊ မြို့ တံခါး မှ ထွက် သောသူအပေါင်း တို့သည် နားထောင် ၍ ယောက်ျား ရှိသမျှ တို့သည် အရေဖျား လှီး မင်္ဂလာကိုခံကြ၏။
၂၄မြို့​သား​တို့​သည်​လည်း​ဟာ​မော်​နှင့်​သူ​၏​သား ရှေ​ခင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​သ​ဘော​တူ လက်​ခံ​၍ ယောကျာ်း​မှန်​သ​မျှ​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​ခံ​ကြ​၏။
25 ၂၅ ထိုသို့ခံ ၍ သုံး ရက်မြောက်သောနေ့ ၌ ၊ အလွန် နာကြသောအခါ ၊ ယာကုပ် သား ၊ ဒိန ၏မောင် ရှိမောင် နှင့် လေဝိ ညီနောင်နှစ် ယောက်တို့သည်၊ ထား လက်နက်တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိ မရှိသော ထိုမြို့ ကို တိုက် ၍ ၊ ယောက်ျား အပေါင်း တို့ကိုသတ် လေ၏။
၂၅ထို​နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​မြို့​သား တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကြောင့်​ဝေ​ဒ​နာ ခံ​နေ​ရ​စဉ် ယာ​ကုပ်​၏​သား​များ​ဖြစ်​ကြ​သော ဒိ​န​၏​အစ်​ကို​ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ဋ္ဌား ကို​စွဲ​ကိုင်​လျက် မြို့​တွင်း​သို့​အ​မှတ်​မ​ထင်​ဝင် ရောက်​ပြီး​လျှင်​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို​သတ် လေ​၏။-
26 ၂၆ ဟာမော် မင်းနှင့် သား တော်ရှေခင် ကိုလည်း ထား လက်နက် ဖြင့် သတ် ပြီးလျှင်၊ ဒိန ကို ရှေခင် အိမ် မှ နှုတ် ယူ၍ ပြန် သွားကြ၏။
၂၆သူ​တို့​သည်​ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​ကို လည်း​ခုတ်​သတ်​၍ ရှေ​ခင်​၏​အိမ်​မှ​ဒိ​န​ကို​ကယ် ယူ​ခဲ့​ပြီး​လျှင်​အိမ်​သို့​ပြန်​လာ​ခဲ့​ကြ​လေ​၏။-
27 ၂၇ မိမိ တို့နှမ ရှုတ်ချ ခြင်းကို ခံရသောကြောင့် ၊ တဖန်ယာကုပ် သား တို့သည် အသေ သတ်ပြီးသောသူတို့ ဆီသို့ သွား ပြန်၍၊ မြို့ ကိုလုယက် ဖျက်ဆီးသဖြင့်၊
၂၇ယာ​ကုပ်​၏​အ​ခြား​သော​သား​တို့​က​လည်း​သူ တို့​၏​နှ​မ​အ​သ​ရေ​ဖျက်​ခံ​ရ​ခြင်း​ကို​လက်​စား ချေ​ရန် မိ​မိ​တို့​သတ်​ခဲ့​သော​သူ​တို့​ထံ​သွား​၍​မြို့ ကို​လု​ယက်​ဖျက်​ဆီး​ကြ​လေ​သည်။-
28 ၂၈ သူ တို့ သိုး ၊ ဆိတ်၊ နွား ၊ မြည်း မှစ၍ ၊ မြို့ ၌ ရှိသမျှ ၊ လယ် ၌ ရှိသမျှ သော ဥစ္စာကို၎င်း၊
၂၈သူ​တို့​သည် သိုး​အုပ်၊ ဆိတ်​အုပ်၊ နွား​အုပ်၊ မြည်း အုပ်​နှင့်​မြို့​တွင်း​မြို့​ပြင်​၌​ရှိ​သ​မျှ​သော ပစ္စည်း​များ​ကို​လု​ယူ​ခဲ့​ကြ​သည်။-
29 ၂၉ သူ တို့သားမယား သူငယ် အပေါင်း ကို၎င်းသိမ်းယူ ၍ ၊ အိမ် တို့၌ ရှိသမျှ ကိုလည်း လုယက် ဖျက်ဆီးကြ၏။
၂၉မြို့​သား​တို့​၏​အ​ဖိုး​တန်​ပစ္စည်း​ရှိ​သ​မျှ​နှင့်၊ သား​မ​ယား​နှင့်​က​လေး​သူ​ငယ်​အား​လုံး၊ အိမ်​တွင်း​၌​တွေ့​သ​မျှ​သော​ပစ္စည်း​များ​ကို သိမ်း​ယူ​ခဲ့​ကြ​သည်။
30 ၃၀ ထိုအခါ ယာကုပ် က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲကြပြီတကား။ ခါနနိ လူ၊ ဖေရဇိ လူတည်းဟူသော၊ ဤပြည် သား တို့သည် ငါ့ ကို ရွံရှာ အောင် ပြုကြပြီတကား။ ငါ တို့၌ လူ အရေ အတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး ၍ ငါ့ ကိုတိုက် သတ်သဖြင့် ၊ ငါ နှင့် ငါ့ အိမ်သူ အိမ်သားတို့ကို ဖျက်ဆီး ကြလိမ့်မည်ဟု ၊ ရှိမောင် နှင့် လေဝိ တို့အား ဆို လေသော်၊
၃၀ထို​အ​ခါ​ယာ​ကုပ်​က​ရှိ​မောင်​နှင့်​လေ​ဝိ​တို့ အား``သင်​တို့​သည်​ငါ့​ကို​ဒုက္ခ​ရောက်​စေ​ပြီ။ ဤ ပြည်​မှ​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး သား​တို့​သည်​ငါ့​ကို​မုန်း​ကြ​လိမ့်​မည်။ ငါ့​ထံ​၌ လူ​အင်​အား​အ​နည်း​ငယ်​သာ​ရှိ​သည်။ အ​ကယ်​၍ သူ​တို့​စည်း​ရုံး​ကြ​ပြီး​လျှင်​ငါ့​ကို​တိုက်​ခိုက် ပါ​က ငါ​တို့​မိ​သား​စု​အား​လုံး​သေ​ကြေ ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​ပြော​လေ​၏။
31 ၃၁ သူတို့က၊ ငါ တို့နှမ ကို ပြည်တန်ဆာ ကဲ့သို့ မှတ်၍ ပြု ရမည်လောဟု ပြန် ဆိုလေ၏။
၃၁သူ​တို့​က``ကျွန်​တော်​တို့​၏​နှ​မ​ကို​ပြည့်​တန် ဆာ​အ​ဖြစ်​မ​ခံ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။

< ကမ္ဘာ​ဦး 34 >