< ကမ္ဘာဦး 33 >
1 ၁ ထိုအခါ ယာကုပ် သည် မြော် ကြည့် ၍ ၊ အစ်ကိုဧသော သည် လူ လေး ရာ ပါလျက် ချီ လာသည်ကိုမြင် လျှင် ၊ လေအာ ၊ ရာခေလ ၊ ကျွန် မနှစ် ယောက်တို့တွင် သား များ တို့ကို ဝေ ပေးလေ၏။
၁ထိုအခါ ယာကုပ်သည် မြော်ကြည့်၍၊ အစ်ကို ဧသောသည် လူလေးရာပါလျက် ချီလာသည်ကိုမြင်လျှင်၊ လေအာ၊ ရာခေလ၊ ကျွန်မနှစ်ယောက်တို့တွင် သားများ တို့ကို ဝေပေးလေ၏။
2 ၂ ကျွန် မနှစ်ယောက်ကိုကား၊ သူ တို့သား များနှင့် ရှေ့ ကနေစေ၍ ၊ လေအာ နှင့် သူ ၏သား တို့ကို အလယ်၌ ၎င်း၊ ရာခေလ နှင့် ယောသပ် ကို နောက် ၌၎င်း ထား လေ ၏။
၂ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့် ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌ ၎င်း၊ ရာခေလနှင့် ယောသပ်ကို နောက်၌၎င်း ထားလေ ၏။
3 ၃ သူ တို့ရှေ့ မှာ ကိုယ်တိုင် လွန် သွား၍ ၊ ခုနစ် ကြိမ် တိုင်အောင် ဦးညွှတ် ပြပ်ဝပ်လျက် ၊ အစ်ကို အနီးသို့ ချဉ်းကပ် လေ၏။
၃သူတို့ရှေ့မှာ ကိုယ်တိုင်လွန်သွား၍၊ ခုနစ်ကြိမ် တိုင်အောင် ဦးညွှတ်ပြပ်ဝပ်လျက်၊ အစ်ကိုအနီးသို့ ချဉ်းကပ်လေ၏။
4 ၄ ထိုအခါ ဧသော သည် ကြိုဆိုခြင်း ငှါ ပြေး လာ၍ ၊ လည် ချင်း ရှက် လျက် ၊ ပိုက်ဘက် နမ်းရှုတ် ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေး ကြ၏။
၄ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှါ ပြေးလာ၍၊ လည်ချင်းရှက်လျက်၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။
5 ၅ ထိုနောက် ၊ မြော် ကြည့် ၍ ၊ မိန်းမ များ၊ သူငယ် များကို မြင် လျှင် ၊ သင် ၌ပါ သောဤ သူတို့သည်၊ အဘယ် သူနည်းဟုမေး သော်၊ ကိုယ်တော် ၏ ကျွန် အား ၊ ဘုရားသခင် ပေး သနားတော်မူသောသူငယ် ဖြစ်ကြပါ၏ဟု ပြန်ပြော ပြီးမှ၊
၅ထိုနောက်၊ မြော်ကြည့်၍၊ မိန်းမများ၊ သူငယ် များကို မြင်လျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ် သူနည်းဟုမေးသော်၊ ကိုယ်တော်၏ ကျွန်အား၊ ဘုရား သခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏ဟု ပြန်ပြောပြီးမှ၊
6 ၆ ကျွန် မတို့သည်၊ မိမိ တို့သား များနှင့် ချဉ်းကပ် ၍ ဦးညွှတ် ကြ၏။
၆ကျွန်မတို့သည်၊ မိမိတို့သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။
7 ၇ ထိုနောက် ၊ လေအာ သည် သူ ၏သား များနှင့် ချဉ်းကပ် ၍ ဦးညွှတ် ကြ၏။ ထိုနောက် ၊ ယောသပ် နှင့် ရာခေလ သည် ချဉ်းကပ် ၍ ဦးညွှတ် ခြင်းကို ပြုကြ၏။
၇ထိုနောက်၊ လေအာသည် သူ၏သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက်၊ ယောသပ်နှင့် ရာခေလသည် ချဉ်းကပ်၍ ဦးညွှတ်ခြင်းကို ပြုကြ၏။
8 ၈ ဧသောကလည်း၊ ကျွန်ုပ်တွေ့ သော တိရစ္ဆာန် စု အပေါင်း တို့သည်၊ အဘယ်သို့ သောအရာနည်းဟုမေး လျှင်၊ သခင် ၏စိတ် တော်နှင့် တွေ့ စေခြင်းငှါ ဖြစ်ပါသည် ဟု ပြန်ပြော ၏။
၈ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စု အပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟု မေး လျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှါ ဖြစ်ပါသည် ဟု ပြန်ပြော၏။
9 ၉ ဧသော ကလည်း၊ ငါ့ ညီ ၊ ငါ ၌ လုံလောက် အောင် ရှိ ၏။ သင် ၏ ဥစ္စာတို့ကို ယူ ထားဦးလော့ဟုဆို ၏။
၉ဧသောကလည်း၊ ငါ့ညီ၊ ငါ၌ လုံလောက်အောင် ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။
10 ၁၀ ယာကုပ် ကလည်း ၊ ထိုသို့မဆိုပါနှင့်။ စိတ်တော် နှင့် တွေ့ သည်မှန်လျှင် ၊ ကျွန်တော် ဆက် သော လက်ဆောင် ကို ခံယူ တော်မူပါ။ ဘုရားသခင် ၏ မျက်နှာ တော် ကို ဖူးမြင် ရသကဲ့သို့ ၊ ကိုယ်တော် ၏ မျက်နှာ ကို ဖူးမြင် ရပါ၏။ စိတ် တော်သည်လည်းနူးညွတ် ပါ၏။
၁၀ယာကုပ်ကလည်း၊ထိုသို့မဆိုပါနှင့်။ စိတ်တော် နှင့် တွေ့သည်မှန်လျှင်၊ ကျွန်တော်ဆက်သော လက် ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏ မျက်နှာတော် ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏ မျက်နှာကို ဖူးမြင် ရပါ၏။ စိတ်တော်သည်လည်းနူးညွတ်ပါ၏။
11 ၁၁ ကိုယ်တော် ထံ သို့ရောက် သော ကျွန်တော် ၏ မင်္ဂလာ ကိုခံယူ တော်မူပါ။ ဘုရားသခင် သည်၊ ကျွန်တော် ၌ များစွာသောကျေးဇူး ကို ပြုတော်မူပြီ။ ကျွန်တော် ၌ လုံလောက် အောင်ရှိ ပါ၏ဟူ၍ တိုက်တွန်း သောကြောင့် ခံယူ လေ၏။
၁၁ကိုယ်တော်ထံသို့ရောက်သော ကျွန်တော်၏ မင်္ဂလာကိုခံယူတော်မူပါ။ဘုရားသခင်သည်၊ကျွန်တော်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ကျွန်တော်၌ လုံလောက်အောင်ရှိပါ၏ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏။
12 ၁၂ ဧသောကလည်း၊ ခရီး သွားကြစို့၊ သင့် ရှေ့ မှာ ကျွန်ုပ်သွား မည်ဟုဆို လျှင်၊
၁၂ဧသောကလည်း၊ ခရီးသွားကြစို့၊ သင့်ရှေ့မှာ ကျွန်ုပ်သွားမည်ဟုဆိုလျှင်၊
13 ၁၃ ယာကုပ်က၊ သခင် သိ သည်အတိုင်း၊ ဤသူငယ် တို့သည် နုငယ် ပါ၏။ သား ငယ်ပါသောသိုး ၊ ဆိတ်၊ နွားမ တို့သည် ကျွန်တော် ၌ပါပါ၏။ တနေ့ ခြင်းတွင် အနှင် လွန် လျှင် ၊ ရှိသမျှ တို့သည် သေ ကြပါလိမ့်မည်။
၁၃ယာကုပ်က၊ သခင်သိသည်အတိုင်း၊ ဤသူငယ် တို့သည် နုငယ်ပါ၏။ သားငယ်ပါသော သိုး၊ ဆိတ်၊ နွားမ တို့သည် ကျွန်တော်၌ပါပါ၏။ တနေ့ ခြင်းတွင် အနှင်လွန် လျှင်၊ ရှိသမျှတို့သည် သေကြပါလိမ့်မည်။
14 ၁၄ ထိုကြောင့်သခင် သည်၊ ကိုယ်တော် ၏ ကျွန် ရှေ့ မှာကြွ နှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင် ခဲ့သော တိရစ္ဆာန်များ၊ သူငယ် များ၊ တတ်နိုင်သမျှအတိုင်း ၊ သခင် နေရာ စိရ ပြည်သို့ ရောက် အောင်၊ တဖြည်းဖြည်း ပို့ဆောင် ပါမည်ဟု လျှောက်လေ၏။
၁၄ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ ကျွန်ရှေ့ မှာကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင် ခဲ့သော တိရစ္ဆာန်များ၊သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာ စိရပြည်သို့ ရောက်အောင်၊ တဖြည်းဖြည်း ပို့ဆောင်ပါမည်ဟု လျှောက်လေ၏။
15 ၁၅ ဧသော ကလည်း ၊ သို့ဖြစ်လျှင်အကျွန်ုပ် ၌ ပါ သောသူ အချို့တို့ကို ညီ၌ထား ခဲ့ပါရစေဟုဆိုလျှင် ၊ ယာကုပ်က၊ အဘယ် အကြောင်းရှိပါသနည်း။ သခင် ၏ စိတ် တော်နှင့်တွေ့ ပါစေဟု ပြန် ဆိုသော်၊
၁၅ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ ပါသော သူအချို့တို့ကို ညီ၌ထားခဲ့ပါရစေဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်း ရှိပါသနည်း။ သခင်၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော်၊
16 ၁၆ ဧသော သည် ထိုနေ့ ခြင်းတွင် စိရ ပြည်သို့ ခရီး သွား၍ ပြန် လေ၏။
၁၆ဧသောသည် ထိုနေ့ခြင်းတွင် စိရပြည်သို့ ခရီးသွား၍ ပြန်လေ၏။
17 ၁၇ ယာကုပ် လည်း ၊ သုကုတ် အရပ်သို့ ခရီး သွား၍ ၊ ကိုယ် နေဘို့ အိမ် ကို၎င်း ၊ တိရစ္ဆာန် များနေဘို့ တင်းကုပ် တို့ကို၎င်း၊ ဆောက် လေ၏။ ထို့ကြောင့် ထိုအရပ် ကို၊ သုကုတ် ဟူ၍တွင် လေသတည်း။
၁၇ယာကုပ်လည်း၊ သုကုတ်အရပ်သို့ ခရီးသွား၍၊ ကိုယ်နေဘို့အိမ်ကို၎င်း၊ တိရစ္ဆာန်များနေဘို့ တင်းကုပ် တို့ကို၎င်း၊ ဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍ တွင်လေသတည်း။
18 ၁၈ ထိုနောက်မှ ၊ ရှေခင် မြို့ သို့ ဘေးမဲ့ ရောက် လေ၏။ ပါဒနာရံ ပြည်မှ ပြန်လာ၍၊ ခါနာန် ပြည် သို့ ရောက် သော လမ်းခရီးတွင် ၊ ထိုမြို့ရှိသတည်း။ ထိုမြို့ ရှေ့ မှာတဲ ကို ဆောက်လေ၏။
၁၈ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သော လမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။
19 ၁၉ တဲ ဆောက် ရာမြေ အကွက် ကို ရှေခင် ၏အဘ ၊ ဟာမော် ၏သား တို့တွင်၊ ငွေ တပိဿာ အဘိုးပေး၍ ဝယ် ရသတည်း။
၁၉တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတပိဿာ အဘိုးပေး၍ ဝယ်ရသတည်း။
20 ၂၀ ထို အရပ်၌လည်း ယဇ် ပလ္လင်ကို တည် ပြီးလျှင် ၊ ဧလေလောဣသရေလ ဟူ၍ သမုတ် လေ၏။
၂၀ထိုအရပ်၌လည်း ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ဧလေလောဣသရေလဟူ၍သမုတ်လေ၏။