< ကမ္ဘာ​ဦး 32 >

1 ယာကုပ် သည် ခရီး သွားပြန် ၍ ၊ ဘုရားသခင် ၏ ကောင်းကင် တမန်တို့သည် ကြိုဆို ခြင်းငှါ လာကြသည်ကို၊
This chapter is missing in the source text.
2 ယာကုပ် မြင် လျှင် ဘုရားသခင် ၏ တပ် တော်ဖြစ် သည်ဟု ဆို ၍ ၊ ထို အရပ် ကို မဟာနိမ် အမည် ဖြင့် မှည့် လေ ၏။
3 ထိုအခါ ယာကုပ် သည်၊ အစ်ကို ဧသော နေရာ ဧဒုံ ပြည် တည်းဟူသောစိရ ပြည် သို့ ၊ တမန် တို့ကို မိမိ ရှေ့ မှာ စေလွှတ် ၍ မှာလိုက်သည်ကား၊
4 ကိုယ်တော် ၏ကျွန် ယာကုပ် က၊ ကျွန်တော်သည် လာဗန် ထံ မှာတည်းခို ၍ ၊ ယခု တိုင်အောင် နေ ပါပြီ။
5 ကျွန်တော် ၌ နွား ၊ မြည်း ၊ သိုး ၊ ဆိတ်၊ ကျွန် ယောက်ျား မိန်းမ များ ရှိ ကြပါ၏။ ကျွန်တော် သည် သခင် ၏ စိတ် တော်နှင့် တွေ့ စေခြင်းငှါ ၊ လျှောက်ကြားလိုက်ပါသည် ဟု၊ ငါ့ သခင် ဧသော ကို လျှောက် ကြဟု မှာ လိုက် လေ၏။
6 တမန် တို့လည်း ယာကုပ် ထံ သို့ပြန်လာ ၍ ၊ ကျွန်တော်တို့သည်၊ ကိုယ်တော် ၏အစ်ကို ဧသော ထံ သို့ ရောက် ခဲ့ပါပြီ။ သူ သည်ကိုယ်တော် ကို တွေ့ ခြင်းငှါ ၊ လူ လေး ရာ နှင့် ချီ လာပါသည်ဟု လျှောက် ကြ၏။
7 ထိုအခါ ယာကုပ် သည်၊ အလွန် ကြောက် ၍ စိတ် ပူပန်လျှင်၊ မိမိ တွင်ပါ သော လူ စု၊ သိုး ဆိတ်စု၊ နွား စု၊ ကုလားအုပ် များတို့ကို နှစ် စု ခွဲ ၍ ထားလေ၏။
8 အကြောင်း မူကား၊ တ စု ကို ဧသော တွေ့၍ လုပ်ကြံ လျှင် ၊ ကြွင်း သော တစု လွတ် လိမ့်မည်ဟု ဆို ၏။
9 တဖန် ယာကုပ် က၊ အကျွန်ုပ် အဘ အာဗြဟံ ၏ ဘုရားသခင် ၊ အကျွန်ုပ် အဘ ဣဇာက် ၏ဘုရားသခင် ၊ ထာဝရဘုရား ကိုယ်တော်က၊ သင် ၏ပြည် သင် ၏ အမျိုးသား ချင်းတို့ ထံ သို့ပြန် လော့။ ငါသည် သင် ၌ ကျေးဇူး ပြုမည် ဟု မိန့် တော်မူပါပြီ။
10 ၁၀ ကိုယ်တော် ကျွန် ၌ ပြ တော်မူသောကရုဏာ သစ္စာ တော်အငယ်ဆုံးကို မျှ အကျွန်ုပ်မ ခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤ ယော်ဒန် မြစ်ကို လက်စွဲတောင်ဝေး နှင့် သာ ကူး ပါ၏။ ယခု မူကား ၊ အပေါင်းအသင်း နှစ် စုဖြစ် ပါ၏။
11 ၁၁ သို့ဖြစ်၍ ၊ အကျွန်ုပ် ကို အစ်ကို ဧသော လက် မှ ကယ်လွှတ် တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ ၍ အကျွန်ုပ် ကို၎င်း ၊ သား မယား တို့ကို၎င်းသတ် မည်ဟု အလွန်စိုးရိမ် ပါ၏။
12 ၁၂ ကိုယ်တော်က၊ ငါသည်သင် ၌ အမှတ်ကျေးဇူး ပြု၍ ၊ မ ရေတွက် နိုင်အောင် များပြား သော သမုဒ္ဒရာ သဲ လုံး နှင့်အမျှ သင် ၏အမျိုးအနွယ် ကို ငါဖြစ် စေမည်ဟု မိန့် တော်မူပါပြီဟု တောင်းလျောက်လေ၏။
13 ၁၃ ထို အရပ်၌ တညဉ့် ပတ်လုံး နေ ပြီးမှ ၊ မိမိ လက် ရှိ ဥစ္စာ စုထဲက အစ်ကို ဧသော အား လက်ဆောင် ဆက်စရာ ဘို့၊
14 ၁၄ ဆိတ် မနှစ် ရာ၊ ဆိတ် ထီးနှစ် ဆယ်၊ သိုး မနှစ် ရာ၊ သိုး ထီးနှစ် ဆယ်၊
15 ၁၅ နို့စို့သား ငယ်နှင့်တကွ ၊ နို့ညှစ်ကုလားအုပ် မ သုံး ဆယ်၊ နွား မလေး ဆယ်၊ နွား ထီးတ ဆယ်၊ မြည်း မ နှစ် ဆယ်နှင့် မြည်း ကလေးတ ဆယ်တို့ကို ယူ၍၊
16 ၁၆ အသီးအသီးတစု တခြားစီ ခွဲသန့်လျက်၊ ကျွန် တို့ လက် သို့ အပ် ပြီးလျှင် ၊ သင်တို့သည် ငါ့ ရှေ့ မှာကူး သွား၍ ၊ တစု နှင့် တစု ကို ခရီးကွာ စေလော့ဟု၊ ကျွန် တို့အား မှာ ထားလေ၏။
17 ၁၇ ရှေ့ဦးစွာ သွားသောသူကိုလည်း၊ ငါ့ အစ်ကို ဧသော သည် သင့် ကိုတွေ့ ၍ ၊ သင် ကား၊ အဘယ်သူ ၏ လူဖြစ်သနည်း၊ အဘယ် အရပ်သို့ သွား သနည်း။ သင့် ရှေ့ မှာရှိသော တရိစ္ဆာန် များကား အဘယ်သူ ၏ ဥစ္စာ ဖြစ်သနည်းဟုမေး လျှင်၊
18 ၁၈ ကိုယ်တော် ကျွန် ယာကုပ် ၏ဥစ္စာဖြစ်ပါ၏။ သခင် ဧသော အား ဆက်သ လိုက်သော လက်ဆောင် ဖြစ်ပါ၏။ သူ သည်လည်း နောက် မှာ ရှိပါ၏ဟု၊ လျှောက် ရမည်ဟု မှာ ထားလေ၏။
19 ၁၉ ထိုနည်းတူ ၊ ဒုတိယ သူ၊ တတိယ သူမှစ၍ ၊ အစုစု တို့နှင့် လိုက် သောသူအပေါင်း ကိုလည်း ၊ သင် တို့သည် ဧသော နှင့် တွေ့ လျှင် ၊ ဤ သို့လျှောက် ရမည်ဟူ၍၎င်း၊
20 ၂၀ ကိုယ်တော် ကျွန် ယာကုပ် သည်လည်း နောက် မှာ ရှိပါ၏ဟု၊ ကြား လျှောက်ရမည်ဟူ၍ ၎င်း မှာထားလေ၏။ ယာကုပ်က၊ ယခု ငါ့ ရှေ့ တွင် ထွက်သွား သော လက်ဆောင် ဖြင့် ၊ သူ၏စိတ်ကို ငါဖြေ မည်။ နောက်မှ မျက်နှာချင်းဆိုင် တွေ့ သောအခါ၊ ငါ့ ကိုလက်ခံ ကောင်း လက်ခံလိမ့်မည်ဟု အကြံ ရှိသတည်း။
21 ၂၁ ထိုသို့ ယာကုပ် ရှေ့မှာ လက်ဆောင် သည် အရင် ကူး သွား၍ ၊ သူ ကိုယ်တိုင်ထို ညဉ့် ၌ လူ အစုအဝေးနှင့်အတူ အိပ် ၍ နေ၏။
22 ၂၂ ညဉ့် မကုန်မှီထ ၍ မယား နှစ် ယောက်၊ ကျွန် မနှစ် ယောက်၊ သား တဆယ် နှင့် တ ယောက်တို့ကို ဆောင်ယူ ၍ ၊ ယဗ္ဗုတ် ချောင်းရေတိမ်ရာအရပ် ကိုကူး လေ၏။
23 ၂၃ ထိုသို့ သူ တို့ကိုယူ ၍ မိမိ ဥစ္စာရှိသမျှနှင့်တကွချောင်း တစ် ဖက်သို့ ကူး စေပြီးမှ၊
24 ၂၄ ယာကုပ် သည် တယောက် တည်းနေရစ် ၍ ၊ လူ တဦးသည် မိုဃ်းလင်း သည်တိုင်အောင် သူ နှင့် လုံး ထွေး လေ၏။
25 ၂၅ ထိုသူသည် မိမိ မ နိုင် မှန်းကို သိ လျှင် ၊ ယာကုပ် ပေါင် ချန် ကို ထိုး ၍ ၊ လုံးထွေး စဉ် တွင်ပေါင် ဆစ် ပြုတ် လေ ၏။
26 ၂၆ ထိုသူကလည်း၊ ငါ့ ကိုလွှတ် ပါ၊ မိုဃ်းလင်း ဆဲရှိ ပြီ ဟုဆို လျှင် ၊ ယာကုပ်က၊ ကိုယ်တော် သည် အကျွန်ုပ် ကို ကောင်းကြီး မ ပေးလျှင် ၊ မ သွား ရဟုဆို ၏။
27 ၂၇ ထိုသူ က လည်း ၊ သင် ၏အမည် ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ ယာကုပ် ဖြစ်ပါသည်ဟု ပြန်ဆို ၏။
28 ၂၈ နောင် ၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ၊ ဣသရေလ ဟူ၍ခေါ်ရမည်။ အကြောင်း မူကား၊ သင်သည် ဘုရားသခင် နှင့် ၎င်း ၊ လူ နှင့် ၎င်း ၊ မင်းကဲ့သို့ပြိုင် ၍ နိုင် လေပြီဟု မိန့် တော်မူ၏။
29 ၂၉ ယာကုပ် ကလည်း ၊ နာမ တော်ကား အဘယ်သို့နည်း။ အကျွန်ုပ်အား ဘော်ပြ တော်မူပါဟု မေးလျှောက် လျှင် ၊ ငါ့ နာမ ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၍ ၊ ထို အရပ်၌ ကောင်းကြီး ပေးတော်မူ၏။
30 ၃၀ ထိုအရပ် ကို ပေညေလ ဟူ၍၊ ယာကုပ် သည် သမုတ် လေ၏။ အကြောင်း မူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင် ၍ ဖူးမြင် ရသော်လည်း၊ အသက် ချမ်းသာ ပြီဟု ဆိုသတည်း။
31 ၃၁ ပေနွေလ အရပ်ကို ယာကုပ်လွန် သွားသောအခါ ၊ နေ ထွက် ချိန်ရှိ၍ ၊ သူ သည် ထော့နဲ့ သွားလေ၏။
32 ၃၂ ထိုသို့ ယာကုပ် ၏ပေါင်ချန် အကြောကြီးကို ထိုး တော်မူသောကြောင့် ၊ ဣသရေလ အမျိုးသား တို့သည်၊ ပေါင်ချန် ၌ ရှိသောအကြော ကြီးကို ယနေ့ တိုင်အောင် မ စား ရှောင်လေ့ရှိကြ၏။

< ကမ္ဘာ​ဦး 32 >