< ကမ္ဘာဦး 31 >
1 ၁ ထိုအခါ လာဗန် သား တို့က၊ ငါ တို့သခင် ၏ဥစ္စာရှိသမျှ ကို ယာကုပ် သည် ယူ သွားလေပြီတကား၊ ငါ တို့အဘ ၏ဥစ္စာအားဖြင့် ၊ သူ၌ဤ မည်သော စည်းစိမ် ရှိသမျှ သည် ဖြစ် လေပြီဟု၊ ဆို ကြသည်ကို ယာကုပ်ကြား ၍၊
But after that he heard the words of the sons of Laban, saying: Jacob hath taken away all that was our father’s, and being enriched by his substance is become great:
2 ၂ လာဗန် ၏ မျက်နှာ ကို ကြည့် သောအခါ ၊ ရှေ့ က ကဲ့သို့ မဟုတ် ၊ ခြားနားသည်ကို သိ မြင်၏။
And perceiving also that Laban’s countenance was not towards him as yesterday and the other day,
3 ၃ ထာဝရဘုရား ကလည်း ၊ သင် ၏ဘိုး ဘနေသောပြည် ၊ သင် ၏အမျိုးသား ချင်းထံ သို့ပြန် သွားလော့။ ငါသည် သင့် ဘက် ၌ရှိ နေမည်ဟု ယာကုပ် အား မိန့် တော်မူ ၏။
Especially the Lord saying to him: Return into the land of thy fathers, and to thy kindred, and I will be with thee.
4 ၄ ယာကုပ် သည် လူကိုစေလွှတ် ၍ ၊ ရာခေလ နှင့် လေအာ ကို ၊ သိုး စုရှိရာတော သို့ ခေါ် ပြီးလျှင်၊
He sent, and called Rachel and Lia into the field, where he fed the flocks,
5 ၅ သင် တို့အဘ ၏ မျက်နှာ သည် ငါ ၌ ရှေ့ ကကဲ့သို့ မ ဟုတ်၊ ခြားနားသည်ကို ငါ သိ မြင်၏။ သို့သော်လည်း ၊ ငါ့ အဘ ၏ဘုရားသခင် သည်၊ ငါ့ ဘက် ၌ ရှိ တော်မူ၏။
And said to them: I see your father’s countenance is not towards me as yesterday and the other day: but the God of my father hath been with me.
6 ၆ သင် တို့အဘ ၏အမှုကို၊ ငါ တတ် နိုင်သမျှ အတိုင်း၊ ငါစောင့် သည်ကို သင် တို့သိ ကြ၏။
And you know that I have served your father to the uttermost of my power.
7 ၇ သင် တို့အဘ သည်လည်း ငါ့ ကိုလှည့်စား ၍ ၊ ငါ ရထိုက်သော အခ ကိုဆယ် ကြိမ် လဲ ခဲ့ပြီ။ သို့သော်လည်း ၊ ငါ့ ကိုညှဉ်းဆဲ စေခြင်းငှါ ၊ ဘုရားသခင် အခွင့် ပေးတော်မ မူ။
Yea, your father also hath overreached me, and hath changed my wages ten times: and yet God hath not suffered him to hurt me.
8 ၈ သူက၊ ပြောက် သောအကောင်တို့သည်၊ သင် ၏ အခ ဖြစ်စေ ဟုဆို လျှင် ၊ သိုး ၊ ဆိတ်ရှိသမျှ တို့သည် ပြောက် သောအကောင်တို့ကို မွေး ကြ၏။ ကျား သော အကောင်တို့ သည်၊ သင် ၏အခ ဖြစ်စေ ဟုဆို လျှင် ၊ သိုး ၊ ဆိတ် ရှိသမျှ တို့ သည် ကျား သောအကောင်တို့ကို မွေး ကြ၏။
If at any time he said: The speckled shall be thy wages: all the sheep brought forth speckled: but when he said on the contrary: Thou shalt take all the white ones for thy wages: all the flocks brought forth white ones.
9 ၉ ထိုသို့ ဘုရားသခင် သည်၊ သင် တို့အဘ ၏ တိရစ္ဆာန် တို့ကို နှုတ် ၍ ငါ့ အား ပေး တော်မူပြီ။
And God hath taken your father’s substance, and given it to me.
10 ၁၀ ထိုတိရစ္ဆာန် များတို့သည်၊ ရှက်တင် ကြသောအခါ ၊ ငါ မြော် ကြည့် ၍ ၊ တိရစ္ဆာန်မတို့နှင့် ပေါင်းဘော် သော တိရစ္ဆာန်အထီး ရှိသမျှတို့သည်၊ အပြောက် အကျားမှစ၍ ၊ အထွေထွေသော အဆင်းရှိကြောင်းကို အိပ်မက် ၌ ငါမြင် ရ၏။
For after that time came of the ewes conceiving, I lifted up my eyes, and saw in my sleep that the males which leaped upon the females were of divers colours, and spotted, and speckled.
11 ၁၁ ဘုရားသခင် ၏ကောင်းကင် တမန်ကလည်း ၊ ယာကုပ် ဟု အိပ်မက် ၌ ငါ့ ကို ခေါ် လျှင် ၊ ကျွန်ုပ် ရှိ ပါ၏ဟု ငါထူး ၏။
And the angel of God said to me in my sleep: Jacob? And I answered: Here I am.
12 ၁၂ သူ ကလည်း မြော် ၍ကြည့် လော့။ တိရစ္ဆာန် မနှင့် ပေါင်းဘော် သော တိရစ္ဆာန်အထီး ရှိသမျှ တို့သည်၊ အပြောက် အကျားမှစ၍ ၊ အထွေထွေသော အဆင်းရှိကြ ၏။ အကြောင်း မူကား၊ သင် ၌ လာဗန် ပြု သမျှ တို့ကို ငါမြင် ၏။
And he said: Lift up thy eyes, and see that all the males leaping upon the females, are of divers colours, spotted, and speckled. For I have seen all that Laban hath done to thee.
13 ၁၃ ငါ ကား၊ သင်သည် မှတ် တိုင်ကိုဆီ လောင်း၍၊ ငါ ၌ သစ္စာ ပြုရာ ဗေသလ အရပ်၏ဘုရား ဖြစ်၏။ ယခု ထ ၍ ဤ အရပ်မှ ထွက် သဖြင့်၊ အမျိုးသား ချင်းတို့နေသောပြည် သို့ ပြန် သွားလော့ဟု ငါ့အားမိန့်တော်မူ၏ဟု ယာကုပ်သည် ကြားပြောပြီးလျှင်၊
I am the God of Bethel, where thou didst anoint the stone, and make a vow to me. Now therefore arise, and go out of this land, and return into thy native country.
14 ၁၄ ရာခေလ နှင့် လေအာ တို့က၊ အကျွန်ုပ် တို့သည် ကိုယ်အဘ ၏အိမ် နှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ အမွေခံ ရသေး သနည်း။
And Rachel and Lia answered: Have we any thing left among the goods and inheritance of our father’s house?
15 ၁၅ သူ သည် ကျွန်ုပ်တို့ကို တကျွန်း တနိုင်ငံသားကဲ့သို့ မှတ် တတ်သည်မ ဟုတ်လော။ ကျွန်ုပ် တို့ကို ရောင်း စား ခဲ့ပြီ တကား။
Hath he not counted us as strangers and sold us, and eaten up the price of us?
16 ၁၆ ကျွန်ုပ် တို့အဘ မှ ဘုရားသခင် ရုပ်သိမ်း တော်မူသော စည်းစိမ် ရှိသမျှ သည် ငါ တို့ဥစ္စာ၊ ငါ တို့ သားသမီး များ ဥစ္စာဖြစ် ၏။ သို့ဖြစ်၍ ဘုရားသခင် မှာ ထားတော်မူသည် အတိုင်း ယခု တွင် ပြု ပါလော့ဟုပြန်ပြော ကြ၏။
But God hath taken our father’s riches, and delivered them to us, and to our children: wherefore do all that God hath commanded thee.
17 ၁၇ ထိုအခါ ယာကုပ် သည်ထ ၍ ၊ မိမိ သား မယား တို့ကို ကုလားအုပ် ပေါ် မှာ စီး စေ၏။
Then Jacob rose up, and having set his children and wives upon camels, went his way.
18 ၁၈ မိမိ တိရစ္ဆာန် တည်းဟူသော၊ ပါဒနာရံ အရပ်၌ ရ သော တိရစ္ဆာန် ရှိသမျှ တို့နှင့်၊ ရ တတ်သမျှ သောဥစ္စာ တို့ကို ဆောင် ယူ၍ ၊ အဘ ဣဇာက် နေရာ ခါနာန် ပြည်သို့ ခရီးသွား လေ၏။
And he took all his substance, and flocks, and whatsoever he had gotten in Mesopotamia, and went forward to Isaac his father to the land of Chanaan.
19 ၁၉ လာဗန် သည် သိုးမွေး ကို ညှပ်ခြင်းငှါ ၊ အခြား တပါးသို့ သွား ခိုက် တွင်၊ ရာခေလ သည်၊ သူ ၏တေရပ် ရုပ်တု တို့ကို ခိုး ယူလေ၏။
At that time Laban was gone to shear his sheep, and Rachel stole away her father’s idols.
20 ၂၀ ယာကုပ် သည် မိမိ ပြေး မည်အကြောင်း ကို မ ကြား မပြောဘဲနေ၍ ၊ ရှုရိ လူဖြစ်သော လာဗန် ကို ပရိယာယ် အားဖြင့် နိုင် လေ၏။
And Jacob would not confess to his father in law that he was flying away.
21 ၂၁ ထိုသို့ မိမိ ဥစ္စာရှိသမျှ ပါ လျက် ပြေး သွား၍ ၊ မြစ် တစ်ဖက်သို့ အလျင်အမြန်ကူး ပြီးလျှင် ၊ ဂိလဒ် တောင် ကို ရှေ့ရှု ပြုလျက် ခရီး သွားလေ၏။
And when he was gone, together with all that belonged to him, and having passed the river, was going on towards mount Galaad,
22 ၂၂ ယာကုပ် ပြေး ကြောင်း ကို၊ သုံး ရက်မြောက် သောနေ့ ၌ လာဗန် ကြား သိလျှင်၊
It was told Laban on the third day that Jacob fled.
23 ၂၃ ညီအစ်ကို တို့ကိုခေါ် ၍ ၊ ခုနစ် ရက် ခရီး လိုက် သဖြင့် ၊ ဂိလဒ် တောင် ပေါ် မှာ မှီ လေ၏။
And he took his brethren with him, and pursued after him seven days; and overtook him in the mount of Galaad.
24 ၂၄ ဘုရားသခင် သည် ရှုရိ လူလာဗန် ဆီသို့ ညဉ့် အချိန်တွင် အိပ်မက် ၌ ကြွ တော်မူ၍ ၊ သင်သည် ယာကုပ် အား ကောင်း မကောင်း ကို မ ပြော နှင့်၊ သတိ ပြုလော့ဟု မိန့် တော်မူ၏။
And he saw in a dream God saying to him: Take heed thou speak not any thing harshly against Jacob.
25 ၂၅ ထိုအခါ ယာကုပ် သည် မိမိ တဲ ကို ဂိလဒ် တောင် ပေါ် မှာ ဆောက် နှင့်ပြီ။ လာဗန် သည် လိုက်၍မှီ သောအခါ ၊ မိမိ ညီအစ်ကို တို့နှင့်တကွ ၊ ထိုတောင် ပေါ် မှာတဲ ကို ဆောက်လေ၏။
Now Jacob had pitched his tent in the mountain: and when he with his brethren had overtaken him, he pitched his tent in the same mount of Galaad.
26 ၂၆ လာဗန် ကလည်း ၊ သင်သည် အဘယ်သို့ ပြု သနည်း။ စစ်တိုက် ရာ၌ ဘမ်းမိ သောသူတို့ကို သိမ်းသွား သကဲ့သို့ ၊ ငါ့ ကိုလှည့်စား၍၊ ငါ့ သမီး တို့ကို သိမ်း သွား လေပြီတကား။
And he said to Jacob: Why hast thou done thus, to carry away, without my knowledge, my daughters, as captives taken with the sword.
27 ၂၇ ငါ့ ကို လှည့်စား ၍ ၊ အဘယ်ကြောင့် တိတ်ဆိတ် စွာ ထွက် ပြေးသနည်း။ ငါသည် ပျော်မွေ့ ခြင်းကိုပြု၍ သီချင်း ဆိုလျက် ၊ ပတ်သာ နှင့် စောင်း တီးလျက်၊ သင့် ကို လွှတ် လိုက်စေခြင်းငှါ ၊ အဘယ်ကြောင့်ငါ့ ကို မ ကြား မပြောဘဲ နေသနည်း။
Why wouldst thou run away privately and not acquaint me, that I might have brought thee on the way with joy, and with songs, and with timbrels, and with harps?
28 ၂၈ ငါ့ သားသမီး တို့ကို ငါ နမ်း စေခြင်းငှါ ၊ အဘယ်ကြောင့် အခွင့် မ ပေးသနည်း။ သင်သည် မိုက် စွာ ပြု လေ ပြီတကား။
Thou hast not suffered me to kiss my sons and daughters: thou hast done foolishly: and now, indeed,
29 ၂၉ ယခုသင့် ကို ငါ ညှဉ်းဆဲ နိုင်၏။ သို့သော်လည်း၊ မနေ့ ညမှာ သင် ၏အဘ ကိုးကွယ်သော ဘုရားသခင် သည် ကြွလာ၍၊ ယာကုပ် အား ကောင်း မကောင်း ကို မ ပြော နှင့်။ သတိပြု လော့ဟု ငါ့ အား မိန့် တော်မူ၏။
It is in my power to return thee evil: but the God of your father said to me yesterday: Take heed thou speak not any thing harshly against Jacob.
30 ၃၀ ယခု မှာ၊ သင် သည် မိဘ အိမ် ကို အလွန် အောက်မေ့ သောကြောင့် ၊ သွား ရသည် ဟုတ်စေတော့။ ငါ ၏ ဘုရား တို့ကို အဘယ်ကြောင့် ခိုးယူ ခဲ့ရသနည်းဟု ယာကုပ် ကို ဆို၏။
Suppose thou didst desire to go to thy friends, and hadst a longing after thy father’s house: why hast thou stolen away my gods?
31 ၃၁ ယာကုပ် ကလည်း ၊ သင် သည်ကိုယ်သမီး တို့ကို အနိုင်သိမ်း ယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ် သောကြောင့် ထွက်ပြေးရ၏။
Jacob answered: That I departed unknown to thee, it was for fear lest thou wouldst take away thy daughters by force.
32 ၃၂ သင် ၏ဘုရား တို့ကိုမူကား၊ အကြင်သူ ၌ တွေ့ လျှင်၊ ထိုသူကို သေ စေလော့။ ကျွန်ုပ် တို့ ညီအစ်ကို များ ရှေ့ တွင်၊ သင်၏ဥစ္စာကိုပြညွှန်၍ ယူ ပါလော့ဟု၊ လာဗန် အား ပြန်ပြော ၏။ ရာခေလ ခိုး ကြောင်း ကို ယာကုပ် မ သိ။
But whereas thou chargest me with theft: with whomsoever thou shalt find thy gods, let him be slain before our brethren. Search, and if thou find any of thy things with me, take them away. Now when he said this, he knew not that Rachel had stolen the idols.
33 ၃၃ လာဗန် သည် ယာကုပ် တဲ ၊ လေအာ တဲ ၊ ကျွန် မနှစ် ယောက်တို့၏ တဲ သို့ ဝင် ၍ ရှာသော်လည်း မ တွေ့ လျှင် ၊ လေအာ တဲ ထဲမှ ထွက် ၍ ၊ ရာခေလ တဲ သို့ ဝင် လေ၏။
So Laban went into the tent of Jacob, and of Lia, and of both the handmaids, and found them not. And when he was entered into Rachel’s tent,
34 ၃၄ ရာခေလ သည်၊ ထိုရုပ်တု တို့ကိုယူ ၍ ကုလားအုပ် ကုန်းနှီး တန်ဆာထဲ သို့ သွင်း ထားပြီးလျှင် ၊ ထိုတန်ဆာ ပေါ် မှာ ထိုင် လျက်နေ၏။ လာဗန် သည် တတဲလုံး ကို ရှာဖွေ ၍ မ တွေ့ လျှင်၊
She in haste hid the idols under the camel’s furniture, and sat upon them: and when he had searched all the tent, and found nothing,
35 ၃၅ ရာခေလက၊ သခင် ရှေ့ မှာ ကျွန်မမ ထ နိုင် သည် ဖြစ်၍၊ စိတ် ရှိတော်မ မူပါနှင့်။ မိန်းမ တို့၌ ဖြစ်မြဲရှိသည် အတိုင်း၊ ကျွန်မ ၌ ဖြစ်ပါသည်ဟု အဘ အား ဆို လေ၏။ ထိုသို့ လာဗန်သည် ရှာဖွေ ၍ ရုပ်တု တို့ကိုမ တွေ့ ရ။
She said: Let not my lord be angry that I cannot rise up before thee, because it has now happened to me, according to the custom of women, So his careful search was in vain.
36 ၃၆ ထိုအခါ ယာကုပ် သည် စိတ်ဆိုး ၍ လာဗန် ကို ဆုံးမ သည်ကား၊ ကျွန်ုပ် သည် အဘယ်သို့ ပြစ်မှား ၍၊ အဘယ် အပြစ် ရှိသောကြောင့်၊ ကျွန်ုပ် ကို ဤမျှလောက်ပြင်းထန်စွာ လိုက် ရသနည်း။
And Jacob being angry, said in a chiding manner: For what fault of mine, and for what offence on my part hast thou so hotly pursued me,
37 ၃၇ ကျွန်ုပ် ဥစ္စာ ရှိသမျှ ကို ရှာဖွေ သည်ဖြစ်၍၊ သင် ၏ ဥစ္စာ ပရိကံ တစုံ တခုကို တွေ့ မိလျှင်၊ သင် ၏ညီအစ်ကို ၊ ကျွန်ုပ် ညီအစ်ကို တို့ ရှေ့ တွင်၊ ဤ အရပ်၌ထား ပါ။ သူတို့ သည်၊ ငါ တို့နှစ် ယောက်စပ်ကြား မှာ စီရင် ပါစေ။
And searched all my household stuff? What hast thou found of all the substance of thy house? lay it here before my brethren, and thy brethren, and let them judge between me and thee.
38 ၃၈ ကျွန်ုပ် သည် သင့် ထံ၌ အနှစ် နှစ်ဆယ် ပတ်လုံးနေရာတွင်၊ သင် ၏သိုးမ ၊ ဆိတ်မ တို့သည် ဝမ်း ပိုးမ ပျက်။ ဆိတ် ထီး၊ သိုး ထီးတို့ကို ကျွန်ုပ်မ စား။
Have I therefore been with thee twenty years? thy ewes and goats were not barren, the rams of thy flocks I did not eat:
39 ၃၉ သားရဲ ကိုက်သတ်သော အကောင်ကိုသင့် ထံ သို့ကျွန်ုပ်မ ဆောင် ခဲ့၊ ကိုယ် အရှုံး ခံရ၏။ နေ့ မှာ ခိုး သည် ဖြစ်စေ ၊ ည မှာခိုး သည်ဖြစ်စေ၊ သင်သည် ကျွန်ုပ် တွင် အစားတောင်း လေ့ရှိ၏။
Neither did I show thee that which the beast had torn, I made good all the damage: whatsoever was lost by theft, thou didst exact it of me:
40 ၄၀ နေ့ အချိန်၌ လည်း နေပူ ကို၎င်း၊ ညဉ့် အချိန်၌ လည်း နှင်းခဲ ကို၎င်း ခံရပြီ။ အအိပ် ပျက်ခြင်းကိုလည်း ခံရပြီ။
Day and night was I parched with heat, and with frost, and sleep departed from my eyes.
41 ၄၁ ထိုသို့ ၊ ကျွန်ုပ် သည် အနှစ် နှစ်ဆယ် ပတ်လုံးသင် ၏အိမ် ၌ နေ၍၊ သင် ၏သားသမီး နှစ် ယောက် အတွက် ကြောင့် ဆယ် လေး နှစ် ၊ သိုး ဆိတ်တို့အတွက် ကြောင့် ခြောက် နှစ် အစေ ခံရပြီ။ သို့ရာတွင် သင်သည်၊ ကျွန်ုပ် အခ ကို ဆယ် ကြိမ် လဲ ပြီတကား။
And in this manner have I served thee in thy house twenty years, fourteen for thy daughters, and six for thy flocks: thou hast changed also my wages ten times.
42 ၄၂ ယခုလည်း ကျွန်ုပ် အဘ ၏ ဘုရားသခင် ၊ အာဗြဟံ ၏ဘုရားသခင် ၊ ဣဇာက် ၏ကြောက်ရွံ့ ရာ ဘုရား သည် ကျွန်ုပ် ဘက် ၌မ ရှိ လျှင်၊ သင်သည် ကျွန်ုပ် ကို ဧကန် အမှန်လက်ချည်း လွှတ် လိုက်လိမ့်မည်တကား။ အကယ်စင်စစ်ကျွန်ုပ် ဆင်းရဲ ခံရခြင်း၊ ပင်ပန်းစွာ လုပ်ကိုင် ရခြင်းကို ဘုရားသခင် မြင် ၍ ၊ မနေ့ ညမှာ သင့်ကို ဆုံးမ တော်မူပြီဟု ဆိုလေ၏။
Unless the God of my father Abraham, and the fear of Isaac had stood by me, peradventure now thou hadst sent me away naked: God beheld my affliction and the labour of my hands, and rebuked thee yesterday.
43 ၄၃ လာဗန် ကလည်း ၊ ဤသမီး တို့သည် ငါ့ သမီး ဖြစ်ကြ၏။ ဤသူငယ် တို့သည်၊ ငါ့ သား ဖြစ်ကြ၏။ ဤတိရစ္ဆာန် တို့လည်း၊ ငါ့ တိရစ္ဆာန် ဖြစ်ကြ၏။ မြင် သမျှ သော ဥစ္စာသည် ငါ့ ဥစ္စာဖြစ်၏။ ငါ့ သမီး တို့၌၎င်း၊ သူတို့ ဘွားမြင် သော ငါ့သူငယ် တို့၌၎င်း ၊ အဘယ်သို့ ငါပြု နိုင် သနည်း။
Laban answered him: The daughters are mine and the children, and thy flocks, and all things that thou seest are mine: what can I do to my children, and grandchildren?
44 ၄၄ သို့ဖြစ်၍ ၊ ယခုသင် နှင့် ငါ စပ်ကြား ၌ သက်သေ ဖြစ်စေ ၍ ၊ ငါ တို့နှစ်ယောက်သည် ပဋိညာဉ် ပြု ကြစို့ဟု ယာကုပ် အား ပြန်ပြော ၏။
Come therefore, let us enter into a league: that it may be for a testimony between me and thee.
45 ၄၅ ယာကုပ် သည်လည်း ကျောက် ကိုယူ ၍ ၊ မှတ်တိုင် ဘို့ စိုက် ထူပြီးလျှင်၊
And Jacob took a stone, and set it up for a title:
46 ၄၆ ကျောက် များကို စု ထားကြပါဟု ညီအစ်ကို တို့ အား ဆိုသည်အတိုင်း၊ သူတို့သည် ကျောက်များကိုယူ ၍ ၊ ကျောက် ပုံ ကို တည် လုပ်ပြီးမှ ၊ ထို ကျောက် ပုံအပေါ် ၌ စားသောက် ခြင်းကို ပြုကြ၏။
And he said to his brethren: Bring hither stones. And they gathering stones together, made a heap, and they ate upon it.
47 ၄၇ ထို ကျောက်ပုံကို လာဗန် သည် ယေဂါသဟာဒုသ ဟူ၍၎င်း၊ ယာကုပ် သည် ဂိလဒ် ဟူ၍၎င်း၊ သမုတ် လေ၏။
And Laban called it The witness heap: and Jacob, The hillock of testimony: each of them according to the propriety of his language.
48 ၄၈ လာဗန် ကလည်း ၊ ယနေ့ ဤ ကျောက် ပုံသည် ငါ နှင့် သင် ၏စပ်ကြား ၌ သက်သေ ဖြစ်သည်ဟုဆို ၏။ ထိုကြောင့် ဂိလဒ် ဟူ၍သမုတ် ကြ၏။
And Laban said: This heap shall be a witness between me and thee this day, and therefore the name thereof was called Galaad, that is, The witness heap.
49 ၄၉ မိဇပါ ဟူ၍သမုတ်ကြသေး၏။ အကြောင်း မူကား၊ လာဗန်က၊ ငါတို့သည် တ ယောက်နှင့်တယောက် ခွါ သွားကြသော နောက်၊ ထာဝရဘုရား သည် ငါ နှင့် သင် ၏ စပ်ကြား ၌စောင့် တော်မူစေသတည်း။
The Lord behold and judge between us when we shall be gone one from the other.
50 ၅၀ သင်သည် ငါ့ သမီး တို့ကို ညှဉ်းဆဲ သည်ဖြစ်စေ ၊ ငါ့ သမီး တို့မှတပါး အခြားသော မိန်းမ နှင့် စုံဘက် သည် ဖြစ်စေ ၊ ငါ တို့၌ လူ သက်သေမရှိ၊ ဘုရားသခင် သည် ငါ နှင့် သင် ၏ စပ်ကြား ၌သက်သေ မ ရှိ၊ ဘုရားသခင် သည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်စေတော်မူသတည်း ဟူ၍၎င်း၊
If thou afflict my daughters, and if thou bring in other wives over them: none is witness of our speech but God, who is present and beholdeth.
51 ၅၁ တဖန် လည်း၊ ငါ နှင့် သင် ၏စပ်ကြား ၌ သင်သည် တည်လုပ် ခဲ့ပြီးသော ဤ ကျောက် ပုံနှင့် ဤ မှတ်တိုင် ကို ကြည့် ပါလော့။
And he said again to Jacob: Behold, this heap, and the stone which I have set up between me and thee,
52 ၅၂ ငါ သည် သင့် ကိုခိုက် ရန်ပြုခြင်းငှါ ၊ ဤ ကျောက် ပုံ၊ ဤမှတ်တိုင်ကို မ ကျော် ရ၊ သင် သည် ငါ့ ကိုခိုက်ရန်ပြု ခြင်းငှါ၊ ဤ ကျောက် ပုံ၊ ဤ မှတ် တိုင်ကို မ ကျော် ရဟု ဤ ကျောက် ပုံနှင့် ဤ မှတ်တိုင် သည် သက်သေဖြစ်စေသတည်း ။
Shall be a witness: this heap, I say, and the stone, be they for a testimony, if either I shall pass beyond it going towards thee, or thou shalt pass beyond it, thinking harm to me.
53 ၅၃ အာဗြဟံ ၏ ဘုရားသခင် ၊ နာခေါ် ၏ ဘုရားသခင် ၊ သင့်အဘ ၏ဘုရားသခင် သည် ငါ တို့စပ်ကြား ၌ စီရင် တော်မူစေသတည်းဟူ၍၎င်း၊ ယာကုပ် အား ဆို ၏။ ယာကုပ် သည်လည်း၊ မိမိ အဘ ကြောက်ရွံ့ ရာ ဘုရားကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ၏။
The God of Abraham, and the God of Nachor, the God of their father, judge between us. And Jacob swore by the fear of his father Isaac.
54 ၅၄ ထိုအခါ ယာကုပ် သည် တောင် ပေါ် မှာ ယဇ် ပူဇော်၍၊ ညီအစ်ကို များကို အစာ စား စေခြင်းငှါ ခေါ်ဘိတ် သဖြင့် ၊ သူတို့သည် စားသောက် ၍ ၊ တောင် ပေါ် မှာ ညဉ့် ကို လွန်စေကြ၏။
And after he had offered sacrifices in the mountain, he called his brethren to eat bread. And when they had eaten, they lodged there:
55 ၅၅ နံနက် စောစောလာဗန် ထ ၍ မိမိ သားသမီး များ ကို နမ်း လျက် ကောင်းကြီး ပေးပြီးမှ ၊ မိမိ နေရာ ပြည်သို့ ပြန် သွားလေ၏။
But Laban arose in the night, and kissed his sons, and daughters, and blessed them: and returned to his place.