< ကမ္ဘာ​ဦး 30 >

1 ရာခေလ သည် ယာကုပ် အား သား မ ဘွား ကြောင်း ကို မိမိသိမြင် သောအခါ ၊ အစ်မ ကို ငြူစူ သောစိတ် ရှိ၍ ၊ ငါ့ အား သား ကိုပေး ပါ။ သို့မဟုတ် ငါ သေ တော့ အံ့ဟု ယာကုပ် ကို ဆို လေ၏။
When Rachel realized she was unable to give Jacob any children she was jealous of her sister. She complained to Jacob, “I'll die if you don't give me children!”
2 ယာကုပ် ကလည်း ၊ ငါ သည် သင့် အား သား ဘွားသောအခွင့်ကိုပေး တော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု၊ ရာခေလ ကို အမျက် ထွက် ၍ ပြန်ဆို ၏။
Jacob became angry with Rachel and told her, “Am I God? Do you think I'm the one stopping you having children?”
3 ရာခေလကလည်း၊ အကျွန်ုပ် ၌ ကျွန် မဗိလဟာ ရှိ ပါ၏။ သူ့ ထံသို့ ဝင် ပါ။ သူသည် အကျွန်ုပ် ဒူး ပေါ် မှာ သားဘွား ၍ ၊ သူ့ အားဖြင့် အကျွန်ုပ် သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟု ဆို လျက်၊
“Here's my personal maid Bilhah,” Rachel replied. “Sleep with her and she can have children for me so I'll have a family too.”
4 ကျွန် မဗိလဟာ ကို ယာကုပ် ၏ မယား ဖြစ် စေခြင်းငှါအပ် ၍ ၊ သူ့ ထံ သို့ယာကုပ် ဝင် လေ၏။
She gave her personal maid Bilhah to him as a wife and Jacob slept with her.
5 ဗိလဟာ သည် ပဋိသန္ဓေ ယူ၍ ၊ ယာကုပ် အား သား ကို ဘွားမြင် သည်ရှိသော်၊
Bilhah became pregnant and had a son for Jacob.
6 ရာခေလ က၊ ဘုရားသခင် သည် ငါ့ ဘက်၌ တရားစီရင် တော်မူပြီ။ ငါ့ စကား ကို ကြား ၍ သား ကို ပေး သနားတော်မူပြီဟု ဆို သည်နှင့်အညီ ၊ ထို သားကို ဒန် အမည် ဖြင့် မှည့် လေ၏။
Rachel said, “God has judged in my favor! He listened to me and gave me a son.” So she named him Dan.
7 တဖန် ရာခေလ ၏ကျွန်မ ဗိလဟာ သည် ပဋိသန္ဓေ ယူပြန်၍ ၊ ယာကုပ် အား နှစ် ကြိမ်မြောက်သော သား ကိုဘွား မြင်သည်ရှိသော်၊
Rachel's personal maid Bilhah became pregnant again and had second son for Jacob.
8 ရာခေလ က၊ ငါသည် ငါ့ အစ်မ နှင့် ကျပ်ကျပ် လုံးထွေး၍ နိုင် ခဲ့ပြီဟု ဆို ၍ ၊ ထို သားကို နဿလိ အမည် ဖြင့် မှည့် လေ၏။
Rachel said, “I've had a hard struggle with my sister, but I've won.” So she named him Naphtali.
9 လေအာ သည် သား ပြတ်၍ မဘွားဘဲနေ ကြောင်းကို မိမိသိမြင် သောအခါ ၊ မိမိ ကျွန် မ ဇိလပ ကို ယူ ၍ ၊ ယာကုပ် ၏မယား ဖြစ် စေခြင်းငှါအပ် လေ၏။
Leah realized she wasn't having any more children, so she gave her personal maid Zilpah to Jacob as a wife.
10 ၁၀ လေအာ ၏ ကျွန် မဇိလပ သည်လည်း ယာကုပ် အား သား ကိုဘွား မြင်သည်ရှိသော်၊
Zilpah had a son for Jacob.
11 ၁၁ လေအာ က၊ ကောင်းကျိုး လာသည်ဟု ဆို ၍ ၊ ထို သားကို ဂဒ် အမည် ဖြင့် မှည့် လေ၏။
Leah said, “I'm really fortunate!” So she named him Gad.
12 ၁၂ တဖန် လေအာ ၏ ကျွန် မဇိလပ သည် ယာကုပ် အား နှစ် ကြိမ်မြောက်သောသား ကို ဘွားမြင် သည် ရှိသော်၊
Leah's personal maid Zilpah became pregnant again and had a second son for Jacob.
13 ၁၃ လေအာ က၊ ငါ ၌ မင်္ဂလာ ရှိ၏။ လူ သမီးတို့သည် ငါ့ ကိုမင်္ဂလာ ရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆို သဖြင့် ၊ ထို သားကို အာရှာ အမည် ဖြင့် မှည့် လေ၏။
Leah said, “I'm so happy, and the other women will say I'm happy too!” So she named him Asher.
14 ၁၄ ထိုနောက် ၊ ဂျုံ စပါးကို စုသိမ်း သော အချိန် ကာလ ၌ ၊ ရုဗင် သည် လယ်ပြင် သို့ ထွက်သွား ပြီးလျှင် ၊ အနုဆေးသီး ကိုတွေ့ ၍ ၊ မိမိ အမိ လေအာ ထံ သို့ ဆောင် ခဲ့လေ ၏။ ရာခေလ ကလည်း ၊ သင် ၏သား ရခဲ့သော အနုဆေးသီး အချို့ကိုပေး ပါလော့ဟု၊ လေအာ ကို တောင်း လျှင်၊
At the time of the wheat harvest Reuben found some mandrake plants when he was out in the fields. He took them back to his mother Leah. Rachel asked Leah, “Please give me some of the mandrakes your son found.”
15 ၁၅ လေအာက၊ သင်သည် ငါ့ လင် ကိုယူ ၍ အတွက် မရှိထင်သလော။ ငါ့ သား ၏ အနုဆေးသီး ကိုလည်း ယူ ချင် သေးသည်တကားဟု ဆို လေသော် ၊ ရာခေလ က၊ သို့ဖြစ်လျှင် ၊ သင့် သား ၏ အနုဆေးသီး အတွက် ၊ လင်သည် ယနေ့ညဉ့်တွင် သင် နှင့် အိပ်ရမည်ဟု ဆို၏။
“Aren't you satisfied with stealing my husband?” Leah replied. “Are you going to take my son's mandrakes too?” “Fine, he can sleep with you tonight if you give me some mandrakes in return,” Rachel responded.
16 ၁၆ ညဦး အချိန်၌ ၊ လယ်ပြင် မှ ယာကုပ် လာ သောအခါ ၊ လေအာ သည် ခရီးဦးကြိုပြု ခြင်းငှါ သွား ၍ ၊ သင် သည် အကျွန်ုပ် ထံသို့ ဝင် ရမည်။ အကျွန်ုပ် ၏သား ရခဲ့ သော အနုဆေးသီး နှင့် သင့် ကို အကျွန်ုပ်ငှါး သည် မှန်ပါ ၏ဟုဆို သဖြင့် ၊ ထို နေ့ညဉ့် တွင် သူ နှင့် အိပ် ရလေ၏။
When Jacob came in from the fields that evening, Leah went out to meet him. “You have to sleep with me because I've paid for you with my son's mandrakes,” she told him. So he slept with her that night.
17 ၁၇ လေအာ စကားကို ဘုရားသခင် နားထောင် တော်မူသဖြင့် ၊ သူသည် ပဋိသန္ဓေ ယူ၍ ၊ ယာကုပ် အား ပဉ္စမ သား ကို ဘွားမြင် လေသော်၊
God heard Leah's request, and she became pregnant and had a fifth son for Jacob.
18 ၁၈ ငါ့ ကျွန် မကို ငါ့ လင် အား ပေး သောကြောင့် ၊ ဘုရားသခင် သည် ငါ့ အား အခ ကို ပေး တော်မူပြီဟုဆို ၍ ၊ ထို သားကို ဣသခါ အမည် ဖြင့် မှည့် လေ၏။
Leah said, “The Lord has rewarded me for giving my personal maid to my husband.” So she named him Issachar.
19 ၁၉ တဖန် လေအာ သည် ပဋိသန္ဓေ ယူပြန် ၍ ၊ ယာကုပ် အား ဆဌမ သား ကို ဘွားမြင် လေသော်၊
Then Leah became pregnant again and had a sixth son for Jacob.
20 ၂၀ ဘုရားသခင် သည် ကောင်း သောလက် ဖွဲ့ကိုပေး သနားတော်မူပြီ။ ငါ့ လင် အား သား ခြောက် ယောက်ကို ဘွားမြင် သောကြောင့် ၊ ယခု ငါ နှင့် အမြဲ နေလိမ့်မည်ဟု ဆို ၍ ၊ ထို သားကို ဇာဗုလုန် အမည် ဖြင့် မှည့် လေ၏။
Leah said, “God has given me a good gift. Now my husband will honor me because I've given him six sons.” So she named him Zebulun.
21 ၂၁ ထိုနောက်မှ သမီး ကိုဘွား ၍ ၊ ဒိန အမည် ဖြင့် မှည့် လေ၏။
Later she had a daughter she named Dinah.
22 ၂၂ ထိုအခါ ဘုရားသခင် သည် ရာခေလ ကို အောက်မေ့ တော်မူ၏။ သူ ၏စကားကို နားထောင် ၍ ၊ သား ဘွားသောအခွင့် ကိုပေး တော်မူသဖြင့်၊
Then God paid attention to Rachel and listened to her appeals, and helped her to have children.
23 ၂၃ သူသည် ပဋိသန္ဓေ ယူ၍ သား ကိုဘွားမြင် လျှင် ၊ ငါ ခံရသောကဲ့ရဲ့ ခြင်းအကြောင်းကို ဘုရားသခင် သည် ပယ် တော်မူပြီဟူ၍၎င်း၊
She became pregnant and had a son. “God has removed my disgrace,” she said.
24 ၂၄ ထာဝရဘုရား သည် အခြား သောသား ကို ထပ် ၍ပေးတော်မူပါစေသောဟူ၍၎င်း ဆိုလျက်၊ ထို သားကို ယောသပ် အမည် ဖြင့် မှည့် လေ၏။
She named him Joseph, saying, “May the Lord give me an additional son.”
25 ၂၅ ရာခေလ သည် ယောသပ် ကို ဘွားမြင် ပြီး သော နောက်၊ ယာကုပ် က၊ အကျွန်ုပ် သည် ကိုယ် နေရင်း ပြည် သို့ သွား မည်အကြောင်း အကျွန်ုပ် ကို လွှတ် ပါလော့။
Once Rachel had given birth to Joseph, Jacob said to Laban, “Let me leave so I can return to my home and my own country.
26 ၂၆ ကျွန်ုပ် သည် အစေခံ ၍ရသော မယား နှင့် သား တို့ကို ဆောင်ယူ၍၊ သွား ရသောအခွင့် ကိုပေး ပါလော့။ ကျွန်ုပ် အစေခံ သည်အကြောင်း ကို အဘ သိ ပါသည်ဟု လာဗန် အား ဆို လျှင်၊
Give me my wives and children because I worked for you to have them. Let me go now because you know very well how much work I've done for you.”
27 ၂၇ လာဗန် က၊ သင် ၏စိတ် နှင့် တွေ့ ပါစေ။ ထာဝရဘုရား သည် သင် ၏အကြောင်း ကြောင့် ငါ့ အား ကောင်းကြီး ပေးတော်မူသည်ကို ငါရိပ်မိ ပြီ။
“Please be so kind as to stay,” Laban replied, “because I have discovered that the Lord has blessed me because of you.”
28 ၂၈ ငါ ပေးရမည့်အခ ကို ပြော ပါ၊ ငါပေး မည်ဟု ဆို လေသော်၊
Then Laban continued, “Tell me how much to pay you and I'll give it to you.”
29 ၂၉ ကျွန်ုပ်သည် အဘ၌ အဘယ်သို့ အစေခံ သည် ကို၎င်း အဘ၏တိရစ္ဆာန် တို့သည် ကျွန်ုပ် ၌ အဘယ်သို့ ရှိ နေသည်ကို၎င်းအဘ သိ ပါ၏။
“You certainly know how much work I've done for you, and how well your flocks have done under my care.
30 ၃၀ အထက် က အဘ ၏ ဥစ္စာနည်း လှ၏။ ယခု တိုးပွါး ၍ များပြား လျက်ရှိ၏။ ကျွန်ုပ် သွား လာလုပ် ကိုင်သောအားဖြင့်၊ ထာဝရဘုရား သည် အဘ အား ကောင်းကြီး ပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ် သည် ကိုယ် အိမ်သူအိမ်သား တို့ကို အဘယ် သောအခါ ကျွန်ုပ်ပြု စု ရပါအံ့နည်းဟု ဆိုလေ၏။
You hardly had anything before I arrived, but now you have so much! The Lord has blessed you through what I've done. When am I going to be able to provide for my own family?”
31 ၃၁ လာဗန်ကလည်း၊ အဘယ် အခကို ပေး ရ မည်နည်းဟုမေး ပြန်လျှင် ၊ ယာကုပ် က၊ ဘာကိုမျှ မ ပေး ပါနှင့်၊ ကျွန်ုပ် ၌ ကျေးဇူးတခု ပြု လိုလျှင် ၊ အဘ၏သိုး စု၊ ဆိတ်စုကို တဖန် ကျွေးမွေးစောင့်ထိန်း ပါဦးမည်။
“Well, what do you propose I give you?” Laban asked again. “You don't have to give me anything,” Jacob replied. “If you want to do something for me, then how about this: I'll go on looking after your flocks, making sure they're fed.
32 ၃၂ ယနေ့ သိုးစု၊ ဆိတ်စုတရှောက်လုံး ကို ကျွန်ုပ် သွား ၍ ၊ ပြောက် ကျား သောဆိတ် များ ညို သော သိုး များ၊ ရှိသမျှ တို့ကိုရွေးနှုတ် ခွဲထားပါမည်။ နောက်မှပြောက်ကျားသောဆိတ်၊ ညိုသောသိုး တို့သည် ကျွန်ုပ် ၏ အခ ဖြစ် စေလော့။
Let me go through your flocks today and take all the sheep that are speckled or spotted, and all the dark ones, as well as all the speckled and spotted goats. They'll be my wages.
33 ၃၃ သို့ဖြစ်၍ ၊ နောင် ကာလ ၌ ကျွန်ုပ် ၏အခ သည်၊ အဘရှေ့ သို့ ရောက် သောအခါ ၊ ကျွန်ုပ် ၏ဖြောင့်မတ် ခြင်း သည် ကျွန်ုပ် ကို စောင့်ရှောက် ပါလိမ့်မည်။ မ ပြောက် မကျားသော ဆိတ် ၊ မညို သောသိုး ရှိသမျှ တို့ကို ၊ ကျွန်ုပ် ခိုး သော အကောင်ဟူ၍မှတ်စေလော့ဟု ဆိုလေ၏။
In the future you'll be able to prove that I've been honest. When you check my flock, any goats that don't have speckles or spots, or any sheep that aren't dark will be considered stolen from you.”
34 ၃၄ လာဗန် ကလည်း၊ သင် ပြော တိုင်း ဖြစ် လော့ဟု ဝန်ခံ ၍ ၊ ထိုနေ့ ၌ ပင်၊ ပြောက် ကျားသော ဆိတ် ထီး၊ ပြောက် ကျားသောဆိတ် မ၊
“Very good,” Laban agreed. “We'll do as you say.”
35 ၃၅ အဖြူ ပါသော ဆိတ်ရှိသမျှ တို့နှင့် ၊ အဆင်းညို သော သိုးရှိသမျှ တို့ကိုရွေး ၍ ၊ မိမိ သား တို့လက် သို့ အပ် ပေးလေ၏။
However, the same day Laban went and removed all the striped and spotted male goats, all the speckled and spotted female goats, and all the dark sheep. He had his sons look after them and sent them away—
36 ၃၆ ကိုယ် နေရာ အရပ်နှင့် ၊ ယာကုပ် နေရာအရပ်ကို သုံး ရက် ခရီး ကွာ စေခြင်းငှါ စီရင် သေး၏။ ယာကုပ် သည် ကြွင်း သော လာဗန် ၏သိုး ဆိတ်များကို ထိန်း လျက် နေရ လေ၏။
a three day journey between them and Jacob, while Jacob was looking after the rest of Laban's flocks.
37 ၃၇ ထိုအခါ ယာကုပ် သည်၊ စိမ်း သောလိဗနာ ပင်၊ လုဇ ပင်၊ အာရမုန် ပင်တို့၏ အခက် တံဖျားများကိုယူ ၍၊ အဖြူ ၊ အစိမ်း၊ အတန့်တန့်ပေါ် အောင်အခွံ ကို လှီး ခွာ ပြီးလျှင်၊
Then Jacob cut some sticks from poplar, almond, and plane trees that had white wood under the bark. He peeled off some of the bark, making the sticks look streaked with white.
38 ၃၈ ရေသောက် လာ သောသိုး ၊ ဆိတ်အထီးအမ ရှက်တင် စေမည်အကြံရှိ၍၊ ရေသောက် လာ သောအခါ ၊ အခွံ ခွာပြီးသော တံဖျား တို့ကို ရေ သောက်ကျင်း၊ သောက် ခွက်တို့၌ သိုး ဆိတ်တို့ ရှေ့ မှာစိုက်ထား လေ၏။
He put the sticks he'd peeled in the water troughs where the flocks came to drink because that's where they mated.
39 ၃၉ သိုး ဆိတ်တို့သည် တံဖျာ များရှေ့ မှာ ရှက်တင် ၍ ၊ အပြောက် အကျား စသည်တို့ကို ဘွား ကြ၏။
The flocks mated in front of the sticks and gave birth to young that were streaked, speckled, and spotted.
40 ၄၀ ယာကုပ် သည် သိုး ၊ ဆိတ်သငယ်တို့ကိုလည်း ခွဲ ထား၍ ၊ လာဗန် ၏သိုး စု၊ ဆိတ်စုတွင် အဆင်း ပြောက် ကျားသော အကောင်၊ အဆင်း ညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုး ဆိတ်များကိုမျက်နှာ ပြု စေ၏။ မိမိတိရစ္ဆာန် များနှင့်လာဗန် ၏ တိရစ္ဆာန် များကိုလည်း မ ရော မနှော စေဘဲ၊ တစုစီခွဲထားလေ၏။
Jacob separated all these ones out. Then he made his flock face towards those in Laban's flock that were streaked and dark. This is the way he kept his flocks apart from Laban's flock.
41 ၄၁ အားကြီး သောအကောင်တို့သည် ရှက်တင် သောအခါ ၊ တံဖျာ တို့တွင် ရှက်တင် စေခြင်းငှါ ၊ ယာကုပ် သည် တံဖျာများကို ရေကျင်း၌၊ သူတို့ မျက်မှောက် တွင် ထား တတ်၏။
When the strong females were ready to breed, Jacob put the sticks in the troughs where the flocks could see them when they mated.
42 ၄၂ အားနည်း သောအကောင် တို့ရှေ့ မှာ တံဖျာ တို့ကို မ ပြ မထား။ ထိုကြောင့် အားနည်း သောအကောင်တို့သည် လာဗန် ၏ ဥစ္စာဖြစ်လေ၏။ အားကြီး သော အကောင်တို့မူကား၊ ယာကုပ် ၏ ဥစ္စာဖြစ်လေ၏။
He didn't do this for the weaker females. The weaker ones went to Laban, and the strong ones went to Jacob.
43 ၄၃ ထိုသို့ ယာကုပ် ၌ စည်းစိမ်တိုးပွား ၍ ၊ သိုး ၊ ဆိတ်၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် ၊ မြည်း အများ ရှိ ကြ၏။
In this way Jacob became an extremely rich man with large flocks, and many male and female slaves, camels, and donkeys.

< ကမ္ဘာ​ဦး 30 >