< ကမ္ဘာဦး 30 >
1 ၁ ရာခေလ သည် ယာကုပ် အား သား မ ဘွား ကြောင်း ကို မိမိသိမြင် သောအခါ ၊ အစ်မ ကို ငြူစူ သောစိတ် ရှိ၍ ၊ ငါ့ အား သား ကိုပေး ပါ။ သို့မဟုတ် ငါ သေ တော့ အံ့ဟု ယာကုပ် ကို ဆို လေ၏။
When Rachel saw that she was not bearing any children for Jacob, she envied her sister. “Give me children, or I will die!” she said to Jacob.
2 ၂ ယာကုပ် ကလည်း ၊ ငါ သည် သင့် အား သား ဘွားသောအခွင့်ကိုပေး တော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု၊ ရာခေလ ကို အမျက် ထွက် ၍ ပြန်ဆို ၏။
Jacob became angry with Rachel and said, “Am I in the place of God, who has withheld children from you?”
3 ၃ ရာခေလကလည်း၊ အကျွန်ုပ် ၌ ကျွန် မဗိလဟာ ရှိ ပါ၏။ သူ့ ထံသို့ ဝင် ပါ။ သူသည် အကျွန်ုပ် ဒူး ပေါ် မှာ သားဘွား ၍ ၊ သူ့ အားဖြင့် အကျွန်ုပ် သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟု ဆို လျက်၊
Then she said, “Here is my maidservant Bilhah. Sleep with her, that she may bear children for me, so that through her I too can build a family.”
4 ၄ ကျွန် မဗိလဟာ ကို ယာကုပ် ၏ မယား ဖြစ် စေခြင်းငှါအပ် ၍ ၊ သူ့ ထံ သို့ယာကုပ် ဝင် လေ၏။
So Rachel gave Jacob her servant Bilhah as a wife, and he slept with her,
5 ၅ ဗိလဟာ သည် ပဋိသန္ဓေ ယူ၍ ၊ ယာကုပ် အား သား ကို ဘွားမြင် သည်ရှိသော်၊
and Bilhah conceived and bore him a son.
6 ၆ ရာခေလ က၊ ဘုရားသခင် သည် ငါ့ ဘက်၌ တရားစီရင် တော်မူပြီ။ ငါ့ စကား ကို ကြား ၍ သား ကို ပေး သနားတော်မူပြီဟု ဆို သည်နှင့်အညီ ၊ ထို သားကို ဒန် အမည် ဖြင့် မှည့် လေ၏။
Then Rachel said, “God has vindicated me; He has heard my plea and given me a son.” So she named him Dan.
7 ၇ တဖန် ရာခေလ ၏ကျွန်မ ဗိလဟာ သည် ပဋိသန္ဓေ ယူပြန်၍ ၊ ယာကုပ် အား နှစ် ကြိမ်မြောက်သော သား ကိုဘွား မြင်သည်ရှိသော်၊
And Rachel’s servant Bilhah conceived again and bore Jacob a second son.
8 ၈ ရာခေလ က၊ ငါသည် ငါ့ အစ်မ နှင့် ကျပ်ကျပ် လုံးထွေး၍ နိုင် ခဲ့ပြီဟု ဆို ၍ ၊ ထို သားကို နဿလိ အမည် ဖြင့် မှည့် လေ၏။
Then Rachel said, “In my great struggles, I have wrestled with my sister and won.” So she named him Naphtali.
9 ၉ လေအာ သည် သား ပြတ်၍ မဘွားဘဲနေ ကြောင်းကို မိမိသိမြင် သောအခါ ၊ မိမိ ကျွန် မ ဇိလပ ကို ယူ ၍ ၊ ယာကုပ် ၏မယား ဖြစ် စေခြင်းငှါအပ် လေ၏။
When Leah saw that she had stopped having children, she gave her servant Zilpah to Jacob as a wife.
10 ၁၀ လေအာ ၏ ကျွန် မဇိလပ သည်လည်း ယာကုပ် အား သား ကိုဘွား မြင်သည်ရှိသော်၊
And Leah’s servant Zilpah bore Jacob a son.
11 ၁၁ လေအာ က၊ ကောင်းကျိုး လာသည်ဟု ဆို ၍ ၊ ထို သားကို ဂဒ် အမည် ဖြင့် မှည့် လေ၏။
Then Leah said, “How fortunate!” So she named him Gad.
12 ၁၂ တဖန် လေအာ ၏ ကျွန် မဇိလပ သည် ယာကုပ် အား နှစ် ကြိမ်မြောက်သောသား ကို ဘွားမြင် သည် ရှိသော်၊
When Leah’s servant Zilpah bore Jacob a second son,
13 ၁၃ လေအာ က၊ ငါ ၌ မင်္ဂလာ ရှိ၏။ လူ သမီးတို့သည် ငါ့ ကိုမင်္ဂလာ ရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆို သဖြင့် ၊ ထို သားကို အာရှာ အမည် ဖြင့် မှည့် လေ၏။
Leah said, “How happy I am! For the women call me happy.” So she named him Asher.
14 ၁၄ ထိုနောက် ၊ ဂျုံ စပါးကို စုသိမ်း သော အချိန် ကာလ ၌ ၊ ရုဗင် သည် လယ်ပြင် သို့ ထွက်သွား ပြီးလျှင် ၊ အနုဆေးသီး ကိုတွေ့ ၍ ၊ မိမိ အမိ လေအာ ထံ သို့ ဆောင် ခဲ့လေ ၏။ ရာခေလ ကလည်း ၊ သင် ၏သား ရခဲ့သော အနုဆေးသီး အချို့ကိုပေး ပါလော့ဟု၊ လေအာ ကို တောင်း လျှင်၊
Now during the wheat harvest, Reuben went out and found some mandrakes in the field. When he brought them to his mother, Rachel begged Leah, “Please give me some of your son’s mandrakes.”
15 ၁၅ လေအာက၊ သင်သည် ငါ့ လင် ကိုယူ ၍ အတွက် မရှိထင်သလော။ ငါ့ သား ၏ အနုဆေးသီး ကိုလည်း ယူ ချင် သေးသည်တကားဟု ဆို လေသော် ၊ ရာခေလ က၊ သို့ဖြစ်လျှင် ၊ သင့် သား ၏ အနုဆေးသီး အတွက် ၊ လင်သည် ယနေ့ညဉ့်တွင် သင် နှင့် အိပ်ရမည်ဟု ဆို၏။
But Leah replied, “Is it not enough that you have taken away my husband? Now you want to take my son’s mandrakes as well?” “Very well,” said Rachel, “he may sleep with you tonight in exchange for your son’s mandrakes.”
16 ၁၆ ညဦး အချိန်၌ ၊ လယ်ပြင် မှ ယာကုပ် လာ သောအခါ ၊ လေအာ သည် ခရီးဦးကြိုပြု ခြင်းငှါ သွား ၍ ၊ သင် သည် အကျွန်ုပ် ထံသို့ ဝင် ရမည်။ အကျွန်ုပ် ၏သား ရခဲ့ သော အနုဆေးသီး နှင့် သင့် ကို အကျွန်ုပ်ငှါး သည် မှန်ပါ ၏ဟုဆို သဖြင့် ၊ ထို နေ့ညဉ့် တွင် သူ နှင့် အိပ် ရလေ၏။
When Jacob came in from the field that evening, Leah went out to meet him and said, “You must come with me, for I have hired you with my son’s mandrakes.” So he slept with her that night.
17 ၁၇ လေအာ စကားကို ဘုရားသခင် နားထောင် တော်မူသဖြင့် ၊ သူသည် ပဋိသန္ဓေ ယူ၍ ၊ ယာကုပ် အား ပဉ္စမ သား ကို ဘွားမြင် လေသော်၊
And God listened to Leah, and she conceived and bore a fifth son to Jacob.
18 ၁၈ ငါ့ ကျွန် မကို ငါ့ လင် အား ပေး သောကြောင့် ၊ ဘုရားသခင် သည် ငါ့ အား အခ ကို ပေး တော်မူပြီဟုဆို ၍ ၊ ထို သားကို ဣသခါ အမည် ဖြင့် မှည့် လေ၏။
Then Leah said, “God has rewarded me for giving my maidservant to my husband.” So she named him Issachar.
19 ၁၉ တဖန် လေအာ သည် ပဋိသန္ဓေ ယူပြန် ၍ ၊ ယာကုပ် အား ဆဌမ သား ကို ဘွားမြင် လေသော်၊
Again Leah conceived and bore a sixth son to Jacob.
20 ၂၀ ဘုရားသခင် သည် ကောင်း သောလက် ဖွဲ့ကိုပေး သနားတော်မူပြီ။ ငါ့ လင် အား သား ခြောက် ယောက်ကို ဘွားမြင် သောကြောင့် ၊ ယခု ငါ နှင့် အမြဲ နေလိမ့်မည်ဟု ဆို ၍ ၊ ထို သားကို ဇာဗုလုန် အမည် ဖြင့် မှည့် လေ၏။
“God has given me a good gift,” she said. “This time my husband will honor me, because I have borne him six sons.” And she named him Zebulun.
21 ၂၁ ထိုနောက်မှ သမီး ကိုဘွား ၍ ၊ ဒိန အမည် ဖြင့် မှည့် လေ၏။
After that, Leah gave birth to a daughter and named her Dinah.
22 ၂၂ ထိုအခါ ဘုရားသခင် သည် ရာခေလ ကို အောက်မေ့ တော်မူ၏။ သူ ၏စကားကို နားထောင် ၍ ၊ သား ဘွားသောအခွင့် ကိုပေး တော်မူသဖြင့်၊
Then God remembered Rachel. He listened to her and opened her womb,
23 ၂၃ သူသည် ပဋိသန္ဓေ ယူ၍ သား ကိုဘွားမြင် လျှင် ၊ ငါ ခံရသောကဲ့ရဲ့ ခြင်းအကြောင်းကို ဘုရားသခင် သည် ပယ် တော်မူပြီဟူ၍၎င်း၊
and she conceived and gave birth to a son. “God has taken away my shame,” she said.
24 ၂၄ ထာဝရဘုရား သည် အခြား သောသား ကို ထပ် ၍ပေးတော်မူပါစေသောဟူ၍၎င်း ဆိုလျက်၊ ထို သားကို ယောသပ် အမည် ဖြင့် မှည့် လေ၏။
She named him Joseph, and said, “May the LORD add to me another son.”
25 ၂၅ ရာခေလ သည် ယောသပ် ကို ဘွားမြင် ပြီး သော နောက်၊ ယာကုပ် က၊ အကျွန်ုပ် သည် ကိုယ် နေရင်း ပြည် သို့ သွား မည်အကြောင်း အကျွန်ုပ် ကို လွှတ် ပါလော့။
Now after Rachel had given birth to Joseph, Jacob said to Laban, “Send me on my way so I can return to my homeland.
26 ၂၆ ကျွန်ုပ် သည် အစေခံ ၍ရသော မယား နှင့် သား တို့ကို ဆောင်ယူ၍၊ သွား ရသောအခွင့် ကိုပေး ပါလော့။ ကျွန်ုပ် အစေခံ သည်အကြောင်း ကို အဘ သိ ပါသည်ဟု လာဗန် အား ဆို လျှင်၊
Give me my wives and children for whom I have served you, that I may go on my way. You know how hard I have worked for you.”
27 ၂၇ လာဗန် က၊ သင် ၏စိတ် နှင့် တွေ့ ပါစေ။ ထာဝရဘုရား သည် သင် ၏အကြောင်း ကြောင့် ငါ့ အား ကောင်းကြီး ပေးတော်မူသည်ကို ငါရိပ်မိ ပြီ။
But Laban replied, “If I have found favor in your eyes, please stay. I have learned by divination that the LORD has blessed me because of you.”
28 ၂၈ ငါ ပေးရမည့်အခ ကို ပြော ပါ၊ ငါပေး မည်ဟု ဆို လေသော်၊
And he added, “Name your wages, and I will pay them.”
29 ၂၉ ကျွန်ုပ်သည် အဘ၌ အဘယ်သို့ အစေခံ သည် ကို၎င်း အဘ၏တိရစ္ဆာန် တို့သည် ကျွန်ုပ် ၌ အဘယ်သို့ ရှိ နေသည်ကို၎င်းအဘ သိ ပါ၏။
Then Jacob answered, “You know how I have served you and how your livestock have thrived under my care.
30 ၃၀ အထက် က အဘ ၏ ဥစ္စာနည်း လှ၏။ ယခု တိုးပွါး ၍ များပြား လျက်ရှိ၏။ ကျွန်ုပ် သွား လာလုပ် ကိုင်သောအားဖြင့်၊ ထာဝရဘုရား သည် အဘ အား ကောင်းကြီး ပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ် သည် ကိုယ် အိမ်သူအိမ်သား တို့ကို အဘယ် သောအခါ ကျွန်ုပ်ပြု စု ရပါအံ့နည်းဟု ဆိုလေ၏။
Indeed, you had very little before my arrival, but now your wealth has increased many times over. The LORD has blessed you wherever I set foot. But now, when may I also provide for my own household?”
31 ၃၁ လာဗန်ကလည်း၊ အဘယ် အခကို ပေး ရ မည်နည်းဟုမေး ပြန်လျှင် ၊ ယာကုပ် က၊ ဘာကိုမျှ မ ပေး ပါနှင့်၊ ကျွန်ုပ် ၌ ကျေးဇူးတခု ပြု လိုလျှင် ၊ အဘ၏သိုး စု၊ ဆိတ်စုကို တဖန် ကျွေးမွေးစောင့်ထိန်း ပါဦးမည်။
“What can I give you?” Laban asked. “You do not need to give me anything,” Jacob replied. “If you do this one thing for me, I will keep on shepherding and keeping your flocks.
32 ၃၂ ယနေ့ သိုးစု၊ ဆိတ်စုတရှောက်လုံး ကို ကျွန်ုပ် သွား ၍ ၊ ပြောက် ကျား သောဆိတ် များ ညို သော သိုး များ၊ ရှိသမျှ တို့ကိုရွေးနှုတ် ခွဲထားပါမည်။ နောက်မှပြောက်ကျားသောဆိတ်၊ ညိုသောသိုး တို့သည် ကျွန်ုပ် ၏ အခ ဖြစ် စေလော့။
Let me go through all your flocks today and remove from them every speckled or spotted sheep, every dark-colored lamb, and every spotted or speckled goat. These will be my wages.
33 ၃၃ သို့ဖြစ်၍ ၊ နောင် ကာလ ၌ ကျွန်ုပ် ၏အခ သည်၊ အဘရှေ့ သို့ ရောက် သောအခါ ၊ ကျွန်ုပ် ၏ဖြောင့်မတ် ခြင်း သည် ကျွန်ုပ် ကို စောင့်ရှောက် ပါလိမ့်မည်။ မ ပြောက် မကျားသော ဆိတ် ၊ မညို သောသိုး ရှိသမျှ တို့ကို ၊ ကျွန်ုပ် ခိုး သော အကောင်ဟူ၍မှတ်စေလော့ဟု ဆိုလေ၏။
So my honesty will testify for me when you come to check on my wages in the future. If I have any goats that are not speckled or spotted, or any lambs that are not dark-colored, they will be considered stolen.”
34 ၃၄ လာဗန် ကလည်း၊ သင် ပြော တိုင်း ဖြစ် လော့ဟု ဝန်ခံ ၍ ၊ ထိုနေ့ ၌ ပင်၊ ပြောက် ကျားသော ဆိတ် ထီး၊ ပြောက် ကျားသောဆိတ် မ၊
“Agreed,” said Laban. “Let it be as you have said.”
35 ၃၅ အဖြူ ပါသော ဆိတ်ရှိသမျှ တို့နှင့် ၊ အဆင်းညို သော သိုးရှိသမျှ တို့ကိုရွေး ၍ ၊ မိမိ သား တို့လက် သို့ အပ် ပေးလေ၏။
That very day Laban removed all the streaked or spotted male goats and every speckled or spotted female goat—every one that had any white on it—and every dark-colored lamb, and he placed them under the care of his sons.
36 ၃၆ ကိုယ် နေရာ အရပ်နှင့် ၊ ယာကုပ် နေရာအရပ်ကို သုံး ရက် ခရီး ကွာ စေခြင်းငှါ စီရင် သေး၏။ ယာကုပ် သည် ကြွင်း သော လာဗန် ၏သိုး ဆိတ်များကို ထိန်း လျက် နေရ လေ၏။
Then he put a three-day journey between himself and Jacob, while Jacob was shepherding the rest of Laban’s flocks.
37 ၃၇ ထိုအခါ ယာကုပ် သည်၊ စိမ်း သောလိဗနာ ပင်၊ လုဇ ပင်၊ အာရမုန် ပင်တို့၏ အခက် တံဖျားများကိုယူ ၍၊ အဖြူ ၊ အစိမ်း၊ အတန့်တန့်ပေါ် အောင်အခွံ ကို လှီး ခွာ ပြီးလျှင်၊
Jacob, however, took fresh branches of poplar, almond, and plane trees, and peeled the bark, exposing the white inner wood of the branches.
38 ၃၈ ရေသောက် လာ သောသိုး ၊ ဆိတ်အထီးအမ ရှက်တင် စေမည်အကြံရှိ၍၊ ရေသောက် လာ သောအခါ ၊ အခွံ ခွာပြီးသော တံဖျား တို့ကို ရေ သောက်ကျင်း၊ သောက် ခွက်တို့၌ သိုး ဆိတ်တို့ ရှေ့ မှာစိုက်ထား လေ၏။
Then he set the peeled branches in the watering troughs in front of the flocks coming in to drink. So when the flocks were in heat and came to drink,
39 ၃၉ သိုး ဆိတ်တို့သည် တံဖျာ များရှေ့ မှာ ရှက်တင် ၍ ၊ အပြောက် အကျား စသည်တို့ကို ဘွား ကြ၏။
they mated in front of the branches. And they bore young that were streaked or speckled or spotted.
40 ၄၀ ယာကုပ် သည် သိုး ၊ ဆိတ်သငယ်တို့ကိုလည်း ခွဲ ထား၍ ၊ လာဗန် ၏သိုး စု၊ ဆိတ်စုတွင် အဆင်း ပြောက် ကျားသော အကောင်၊ အဆင်း ညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုး ဆိတ်များကိုမျက်နှာ ပြု စေ၏။ မိမိတိရစ္ဆာန် များနှင့်လာဗန် ၏ တိရစ္ဆာန် များကိုလည်း မ ရော မနှော စေဘဲ၊ တစုစီခွဲထားလေ၏။
Jacob set apart the young, but made the rest face the streaked dark-colored sheep in Laban’s flocks. Then he set his own stock apart and did not put them with Laban’s animals.
41 ၄၁ အားကြီး သောအကောင်တို့သည် ရှက်တင် သောအခါ ၊ တံဖျာ တို့တွင် ရှက်တင် စေခြင်းငှါ ၊ ယာကုပ် သည် တံဖျာများကို ရေကျင်း၌၊ သူတို့ မျက်မှောက် တွင် ထား တတ်၏။
Whenever the stronger females of the flock were in heat, Jacob would place the branches in the troughs, in full view of the animals, so that they would breed in front of the branches.
42 ၄၂ အားနည်း သောအကောင် တို့ရှေ့ မှာ တံဖျာ တို့ကို မ ပြ မထား။ ထိုကြောင့် အားနည်း သောအကောင်တို့သည် လာဗန် ၏ ဥစ္စာဖြစ်လေ၏။ အားကြီး သော အကောင်တို့မူကား၊ ယာကုပ် ၏ ဥစ္စာဖြစ်လေ၏။
But if the animals were weak, he did not set out the branches. So the weaker animals went to Laban and the stronger ones to Jacob.
43 ၄၃ ထိုသို့ ယာကုပ် ၌ စည်းစိမ်တိုးပွား ၍ ၊ သိုး ၊ ဆိတ်၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် ၊ မြည်း အများ ရှိ ကြ၏။
Thus Jacob became exceedingly prosperous. He owned large flocks, maidservants and menservants, and camels and donkeys.