< ကမ္ဘာဦး 3 >
1 ၁ မြွေ သည် ထာဝရ အရှင်ဘုရား သခင် ဖန်ဆင်း တော်မူ သောမြေ တိရစ္ဆာန် တကာ တို့ထက် လိမ္မာ သည် ဖြစ် ၍ ၊ မိန်းမ အား သင်တို့သည် ဥယျာဉ် ၌ ရှိသမျှ သောအပင် တို့၏ အသီးကိုမ စား ရဟု ဧကန် စင်စစ် ဘုရား သခင် မိန့် တော်မူသလောဟု မေး ၏။
၁မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး၏။
2 ၂ မိန်းမ ကလည်း ၊ ငါတို့သည် ဥယျာဉ် ရှိ သောအပင် တို့၏ အသီး ကိုစား ရသောအခွင့်ရှိ၏။
၂မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်ရှိသော အပင်တို့၏ အသီးကိုစားရသော အခွင့်ရှိ၏။
3 ၃ ဥယျာဉ် အလယ် ၌ ရှိသောအပင် ၏အသီး ကိုကား၊ သင်တို့သည် မ ကိုင် မ စား ပဲ နေကြလော့၊ သို့မဟုတ် သေ မည်ဟု ဘုရား သခင်အမိန့် တော်ရှိသည်ဟု မြွေ အား ဆို ၏။
၃ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့၊ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
4 ၄ မြွေ ကလည်း သင်တို့သည် ဧကန်အမှန်သေ ရမည်မ ဟုတ်၊
၄မြွေကလည်း သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်၊
5 ၅ အကြောင်းမူကား ၊ ထို အသီးကိုစား သောနေ့ ၌ သင်တို့ သည် မျက်စိ ပွင့် လင်းလျက် ကောင်း မကောင်း ကို သိ ၍ ၊ ဘုရား သခင်ကဲ့သို့ ဖြစ် ကြ လတံ့သည်ကို၊ ဘုရား သခင်သိ တော်မူသည်ဟု မိန်းမ အားဆို ၏။
၅အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြ လတံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။
6 ၆ ထို အပင် သည် စားဘွယ် ကောင်း ခြင်း၊ အဆင်း လည်း လှခြင်း၊ ပညာ တိုးပွားစေလိုသောငှါ ၊ နှစ်သက် ဖွယ်သော အပင် ဖြစ်ခြင်းကို မိန်းမ သည် မြင်လျှင် ၊ အသီး ကို ယူ ၍ စား ၏။ မိမိ ခင်ပွန်း အား လည်း ပေး ၍ သူ သည်လည်း စား ၏။
၆ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်း စား၏။
7 ၇ ထိုသူနှစ် ယောက်တို့သည် မျက်စိ ပွင့် လင်း၍ မိမိ တို့၌ အဝတ် အချည်းစည်းရှိသည်ကို သိ မြင်လျှင် ၊ မိမိ တို့ ဝတ် ရန်ဖို့ သင်္ဘော သဖန်းပင်အရွက် တို့ကို ချုပ် စပ်၍ ခါးစည်းကိုလုပ် ကြ၏။
၇ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
8 ၈ နေဧသောအချိန် တွင် ၊ ထိုဥယျာဉ် ၌ ထာဝရ အရှင်ဘုရား သခင်ကြွ တော်မူသောအသံ ကို လုလင်မယားတို့သည် ကြား လျှင် ၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ် အပင် တို့တွင် ပုန်း ကွယ်လျက် နေကြ၏။
၈နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လုလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင် တို့တွင် ပုန်းကွယ်လျက် နေကြ၏။
9 ၉ ထာဝရ အရှင် ဘုရား သခင်ကလည်း ၊ သင် သည် အဘယ် မှာရှိသနည်းဟု၊ လူ ကိုခေါ် တော်မူ၏။
၉ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။
10 ၁၀ လူကလည်း ဥယျာဉ် ၌ ကိုယ်တော် ၏ အသံ ကို ကျွန်တော်ကြား လျှင်၊ အဝတ် အချည်းစည်းရှိသောကြောင့် ၊ ကြောက် ၍ ပုန်း လျက် နေပါသည်ဟု လျှောက် လေ၏။
၁၀လူကလည်း ဥယျာဉ်၌ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။
11 ၁၁ ဘုရားသခင်ကလည်း၊ သင် ၌ အဝတ် အချည်းစည်းရှိသည်ကို သင် အား အဘယ်သူ ပြော သနည်း။ မ စား ရဟု ငါပညတ် သော အပင် ၏အသီးကို စား ပြီလောဟု မေး တော်မူ၏။
၁၁ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကို စားပြီလောဟု မေးတော်မူ၏။
12 ၁၂ လူ ကလည်း ကျွန်တော် ၌ အပ်ပေး တော်မူသောမိန်းမ သည် ထိုအပင် ၏အသီးကိုပေး ၍ ကျွန်တော်စား မိပါသည်ဟု လျှောက် လေ၏။
၁၂လူကလည်း ကျွန်တော်၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။
13 ၁၃ ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်းဟု မိန်းမအားမေး တော်မူလျှင် ၊ မိန်းမ က မြွေ သည် ကျွန်တော်မ ကို လှည့်စား ၍ ၊ ကျွန်တော်မသည်စား မိပါပြီဟု လျှောက် လေ၏။
၁၃ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။
14 ၁၄ ထာဝရ အရှင်ဘုရား သခင်သည် မြွေ ကိုခေါ် ၍ သင်သည် ဤ အမှုကို ပြု သောကြောင့် သားယဉ် သားရဲ အပေါင်း တို့ထက် ကျိန် ခြင်းကို ခံရ၏။ သင် သည် ဝမ်း ဖြင့် သွား ၍ မြေမှုန့် ကို တသက်လုံး စား ရမည်။
၁၄ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်သည် ဝမ်းဖြင့် သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။
15 ၁၅ သင် နှင့် မိန်းမ ကို၎င်း ၊ သင် ၏အမျိုးအနွယ် နှင့် မိန်းမ ၏ အမျိုးအနွယ် ကို၎င်း ၊ ငါသည်ရန်ငြိုး ဖွဲ့ စေမည်။ သူသည် သင် ၏ခေါင်း ကို ကြိတ် လိမ့်မည်၊ သင်သည် သူ ၏ဖနောင့် ကို ကြိတ် လိမ့်မည်ဟု မိန့်တော်မူ၏။
၁၅သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
16 ၁၆ မိန်းမ ကို လည်း၊ သင် ၌ ကိုယ်ဝန်ဆောင် ခြင်း ဝေဒနာ ကို ငါအလွန် များပြား စေရမည်။ ပင်ပန်းစွာ ဝေဒနာ ကို ခံ ၍ သား ဘွား ရမည်။ ကိုယ် ခင်ပွန်း ၏ အလို သို့ လိုက်၍ သူ ၏အုပ်စိုး ခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။
၁၆မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။
17 ၁၇ ယောက်ျား ကို လည်း ၊ ထို အပင်၏အသီးကို မ စား ရဟု ငါပညတ် သော်လည်း၊ သင်သည်မယား ၏ စကား ကို နားထောင် ၍ စား မိသောကြောင့် ၊ မြေ သည် သင် ၏အတွက် ကျိန် ခြင်းကိုခံ လျက်ရှိ၏။ မြေ၏အသီးကို တသက် ပတ်လုံးပင်ပန်း စွာ စား ရမည်။
၁၇ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။
18 ၁၈ ဆူး ပင်အမျိုးမျိုးတို့ကိုလည်း သင် အဖို့ မြေပေါက် စေမည်။ လယ် ၌ ဖြစ်သော ဟင်းသီးဟင်းရွက် တို့ကို သင် စား ရမည်။
၁၈ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။
19 ၁၉ သင် ထွက် ရာမြေ သို့ မပြန် မှီတိုင်အောင် ၊ သင် ၏ မျက်နှာ မှချွေး ထွက်လျက် အစာ ကိုစား ရမည်။ အကြောင်းမူကား ၊ သင် သည် မြေမှုန့် ဖြစ်၍မြေမှုန့် သို့ ပြန် ရမည်ဟု မိန့် တော်မူ၏။
၁၉သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
20 ၂၀ ထိုအခါ လူ သည် မိမိ မယား ကို ဧဝ အမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ၊ သူ သည် အသက်ရှင် သော သူအပေါင်း တို့၏ အမိ ဖြစ် သတည်း။
၂၀ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည် အသက်ရှင် သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။
21 ၂၁ ထာဝရ အရှင် ဘုရား သခင်သည်လည်း လူ လင်မယား တို့ သားရေ ဖြင့် ဝတ်လုံ ကိုလုပ် ၍ ဝတ် ခြုံစေတော်မူ ၏။
၂၁ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင် မယားတို့ သားရေဖြင့် ပတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။
22 ၂၂ ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ လူ သည် ငါ တို့တွင် တပါးပါး ကဲ့သို့ ဖြစ် ၍၊ ကောင်း မကောင်း သိ တတ်၏။ ယခု မှာ သူသည် ထာဝရ အသက် ကို ရခြင်းငှါ၊ လက် ကိုဆန့် လျက် အသက် ပင် ၏အသီးကို ယူ ၍ မ စား သင့်ဟု မိန့်တော်မူ၏။
၂၂ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်း သိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကို ရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကို ယူ၍ မစားသင့်ဟု မိန့်တော်မူ၏။
23 ၂၃ လူ သည် မိမိထွက် သော မြေ ၌ လုပ် ရမည်အကြောင်း ၊ ထာဝရ အရှင်ဘုရား သခင်သည် ဧဒင် ဥယျာဉ် ထဲက လွှတ် လိုက်တော်မူ၏။
၂၃လူသည် မိမိထွက်သော မြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည် ဧဒင် ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။
24 ၂၄ ထိုသို့ လူ ကို နှင်ထုတ် ပြီးလျှင်၊ အသက် ပင် လမ်း ကို စောင့်ရှောက် စေခြင်းငှါ ၊ မီး စင်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကို ဥယျာဉ် အရှေ့ ဘက်၌ ထား တော်မူ၏။
၂၄ထိုသို့လူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစင်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။